COVID-19 အရေး ဆက်ပြီးသတိရှိကြဖို့ ကင်မ်ဂျူံအွန်း တိုက်တွန်း

မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျူံအွန်း။ (ဖေဖော်ဝါရီ ၂၉၊ ၂၀၂၀)
(Unicode)⤵⤵⤵
ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး ဆက်ပြီးတော့ သတိရှိရှိနေကြဖို့ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျူံအွန်းက တာဝန်ရှိသူတွေကို တိုက်တွန်းလိုက်တယ်လို့ မြောက်ကိုရီးယားအစိုးရပိုင်သတင်းက ပြောပါတယ်။

ကိုယ့်ဘာသာကိုယ် အားရကျေနပ်မှုက ကြီးမားတဲ့ ဆုံးရှုံးမှု ပြဿနာတွေ ဖြစ်လာနိုင်တယ်လို့ သူက သတိပေးလိုက်ပါတယ်။ အဲဒီလို သတိပေးဆိုပေမဲ့လည်း မြောက်ကိုရီးယားနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်သူ တစ်ယောက်မှ မရှိဘူးလို့ ကြာသပတေးနေ့က လုပ်တဲ့ အာဏာရပါတီရဲ့ အစည်းအဝေးမှာ ကင်မ်ဂျူံအွန်းက ထပ်ပြောသွားပါတယ်။

ဒါပေမဲ့ မြောက်ကိုရီးယားနိုင်ငံရဲ့ ကျန်းမာရေးစောင့်ရှောက်မှု စနစ်မကောင်းတာ၊ တရုတ်နိုင်ငံနဲ့ နီးစပ်တဲ့ ကုန်သွယ်ရေးနဲ့ ခရီးသွားလာမှုတွေ ရှိနေတာတွေကြောင့် မြောက်ကိုရီးယားနိုင်ငံမှာ COVID-19 ရောဂါကူးစက်သူ လုံးဝမရှိဘူးဆိုတဲ့အပေါ်မှာ ပြင်ပကလူတွေက သံသယရှိနေကြပါတယ်။

တောင်ကိုရီးယားနိုင်ငံမှာတော့ COVID-19 ရောဂါပိုးကူးစက်ခံရသူ နောက်ထပ် ၆၃ ယောက် တွေရှိ့ခဲ့ပါတယ်။ အဲဒီထဲက ၃၁ ယောက်က ဆိုးလ်းမြို့ကဖြစ်ပြီး၊ ၁၃ ယောက်ကတော့ အရှေ့တောင်ပိုင်း ဒေဂူးမြို့ကဖြစ်ပါတယ်။ နောက်ထပ် ၆ ယောက်ကတော့ အနောက်တောင်ပိုင်း Gwangju မြို့ကဖြစ်ပါတယ်။ အဲဒီမြို့မှာ ဗိုင်းရပ်စ် ကူးစက်မှုတွေ များလာနေတဲ့အတွက် ဗိုင်းရပ်စ် ကူးစက်မှုတွေကို ထိန်းချုပ်နိုင်ဖို့အတွက် ကျန်းမာရေးအာဏာပိုင်တွေဘက်က အပူတပြင်းလုပ်ဆောင်နေကြပါတယ်။

သြစတြေးလျနိုင်ငံ Melbourne မြို့ ဆင်ခြေဖုံးဒေသတွေမှာ ဗိုင်းရပ်စ်ကူးစက်သူ ၆၆ ယောက်ထပ်တွေ့တာကြောင့် နောက်ထပ်ဆင်ခြေဖုံးဒေသတွေမှာ အပြင်မထွက်ရအမိန့်ထုတ်ဖို့ အာဏာပိုင်တွေဘက်က စဉ်းစားနေပါတယ်။

ဗိုင်းရပ်စ် ကူးစက်ခံရသူ ငါး ယောက်ထက်မနည်းရှိတဲ့အရပ်တွေနဲ့ ကူးစက်မှုများတဲ့နေရာတွေကို အပြင်မထွက်ရအမိန့် ထုတ်သွားမှာဖြစ်တယ်လို့ ပြည်နယ်ဝန်ကြီးချုပ် Daniel Andrews က ပြောကြားလိုက်ပါတယ်။ ဆစ်ဒနီမြို့မှာ Balmain စတိုးဆိုင်ဝန်ထမ်းတဦး ဗိုင်းရပ်စ် ကူးစက်ခံရတာကြောင့် အဲဒီက တခြားဝန်ထမ်း ၅၀ လောက်ကို သီးသန့်ခွဲထားလိုက်ပြီး စတိုးဆိုင်ကိုသွားခဲ့ပြီး ရောဂါလက္ခဏာပြတဲ့သူတွေကို ဆေးစစ်ဖို့ ပြောလိုက်ပါတယ်။

ဗွီအိုအေ ( မြန်မာပိုင်း)
---------------------------------------
(Zawgyi)⤵⤵⤵
COVID-19 အေရး ဆက္ၿပီးသတိရွိၾကဖို႔ ကင္မ္ဂ်ဴံအြန္း တိုက္တြန္း

ကို႐ိုနာဗိုင္းရပ္စ္နဲ႔ ပတ္သက္ၿပီး ဆက္ၿပီးေတာ့ သတိရွိရွိေနၾကဖို႔ ေျမာက္ကိုရီးယားေခါင္းေဆာင္ ကင္မ္ဂ်ဴံအြန္းက တာဝန္ရွိသူေတြကို တိုက္တြန္းလိုက္တယ္လို႔ ေျမာက္ကိုရီးယားအစိုးရပိုင္သတင္းက ေျပာပါတယ္။

ကိုယ့္ဘာသာကိုယ္ အားရေက်နပ္မႈက ႀကီးမားတဲ့ ဆုံးရႈံးမႈ ျပႆနာေတြ ျဖစ္လာႏိုင္တယ္လို႔ သူက သတိေပးလိုက္ပါတယ္။ အဲဒီလို သတိေပးဆိုေပမဲ့လည္း ေျမာက္ကိုရီးယားႏိုင္ငံမွာ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္သူ တစ္ေယာက္မွ မရွိဘူးလို႔ ၾကာသပေတးေန႔က လုပ္တဲ့ အာဏာရပါတီရဲ႕ အစည္းအေဝးမွာ ကင္မ္ဂ်ဴံအြန္းက ထပ္ေျပာသြားပါတယ္။

ဒါေပမဲ့ ေျမာက္ကိုရီးယားႏိုင္ငံရဲ႕ က်န္းမာေရးေစာင့္ေရွာက္မႈ စနစ္မေကာင္းတာ၊ တ႐ုတ္ႏိုင္ငံနဲ႔ နီးစပ္တဲ့ ကုန္သြယ္ေရးနဲ႔ ခရီးသြားလာမႈေတြ ရွိေနတာေတြေၾကာင့္ ေျမာက္ကိုရီးယားႏိုင္ငံမွာ COVID-19 ေရာဂါကူးစက္သူ လုံးဝမရွိဘူးဆိုတဲ့အေပၚမွာ ျပင္ပကလူေတြက သံသယရွိေနၾကပါတယ္။

ေတာင္ကိုရီးယားႏိုင္ငံမွာေတာ့ COVID-19 ေရာဂါပိုးကူးစက္ခံရသူ ေနာက္ထပ္ ၆၃ ေယာက္ ေတြရွိ႕ခဲ့ပါတယ္။ အဲဒီထဲက ၃၁ ေယာက္က ဆိုးလ္းၿမိဳ႕ကျဖစ္ၿပီး၊ ၁၃ ေယာက္ကေတာ့ အေရွ႕ေတာင္ပိုင္း ေဒဂူးၿမိဳ႕ကျဖစ္ပါတယ္။ ေနာက္ထပ္ ၆ ေယာက္ကေတာ့ အေနာက္ေတာင္ပိုင္း Gwangju ၿမိဳ႕ကျဖစ္ပါတယ္။ အဲဒီၿမိဳ႕မွာ ဗိုင္းရပ္စ္ ကူးစက္မႈေတြ မ်ားလာေနတဲ့အတြက္ ဗိုင္းရပ္စ္ ကူးစက္မႈေတြကို ထိန္းခ်ဳပ္ႏိုင္ဖို႔အတြက္ က်န္းမာေရးအာဏာပိုင္ေတြဘက္က အပူတျပင္းလုပ္ေဆာင္ေနၾကပါတယ္။

ၾသစေၾတးလ်ႏိုင္ငံ Melbourne ၿမိဳ႕ ဆင္ေျခဖုံးေဒသေတြမွာ ဗိုင္းရပ္စ္ကူးစက္သူ ၆၆ ေယာက္ထပ္ေတြ႕တာေၾကာင့္ ေနာက္ထပ္ဆင္ေျခဖုံးေဒသေတြမွာ အျပင္မထြက္ရအမိန႔္ထုတ္ဖို႔ အာဏာပိုင္ေတြဘက္က စဥ္းစားေနပါတယ္။

ဗိုင္းရပ္စ္ ကူးစက္ခံရသူ ငါး ေယာက္ထက္မနည္းရွိတဲ့အရပ္ေတြနဲ႔ ကူးစက္မႈမ်ားတဲ့ေနရာေတြကို အျပင္မထြက္ရအမိန႔္ ထုတ္သြားမွာျဖစ္တယ္လို႔ ျပည္နယ္ဝန္ႀကီးခ်ဳပ္ Daniel Andrews က ေျပာၾကားလိုက္ပါတယ္။ ဆစ္ဒနီၿမိဳ႕မွာ Balmain စတိုးဆိုင္ဝန္ထမ္းတဦး ဗိုင္းရပ္စ္ ကူးစက္ခံရတာေၾကာင့္ အဲဒီက တျခားဝန္ထမ္း ၅၀ ေလာက္ကို သီးသန႔္ခြဲထားလိုက္ၿပီး စတိုးဆိုင္ကိုသြားခဲ့ၿပီး ေရာဂါလကၡဏာျပတဲ့သူေတြကို ေဆးစစ္ဖို႔ ေျပာလိုက္ပါတယ္။

ဗြီအိုေအ ( ျမန္မာပိုင္း)
https://burmese.voanews.com/a/nkorea-covid/5487527.html
COVID-19 အရေး ဆက်ပြီးသတိရှိကြဖို့ ကင်မ်ဂျူံအွန်း တိုက်တွန်း COVID-19 အရေး ဆက်ပြီးသတိရှိကြဖို့ ကင်မ်ဂျူံအွန်း တိုက်တွန်း Reviewed by THITHTOOLWIN on 21:53 Rating: 5
Powered by Blogger.