COVID 19 ကာကွယ်ဆေးစမ်းသပ်မှု အလားအလာကောင်း

COVID -19 ကာကွယ်ဆေးလို့ တံဆိပ်တပ်ထားတဲ့ ပုလင်းတခု။ (ဧပြီ ၁၀၊ ၂၀၂၀)
တကမ္ဘာလုံး ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူ ၁၄.၇ သန်းနဲ့ သေဆုံးသူ ၆၁၀,၀၀၀ နီးပါးရှိလာချိန်မှာပဲ COVID - 19 ကာကွယ်ဆေး စမ်းသပ်မှုတွေနဲ့ ပတ်သက်လို့ တိုးတက်မှု အလားအလာတွေရှိနေကြောင်း သုတေသနပညာရှင်တွေက ပြောပါတယ်။

ဗြိတိန်နိုင်ငံ Oxford တက္ကသိုလ် နဲ့ ဗြိတိန်-ဆွီဒင် AstraZeneca ဆေးကုမ္ပဏီပူးပေါင်းစမ်းသပ်နေတဲ့ COVID - 19 ကာကွယ်ဆေးနဲ့ တရုတ်နိုင်ငံ CanSino Biologics ဆေးကုမ္ပဏီက စမ်းသပ်နေတဲ့ဆေး ဒီ အလားအလာရှိတဲ့ ကာကွယ်ဆေး နှစ် မျိုးကို လူတွေနဲ့ စမ်းသပ်နေတာ နောက်ဆုံး အဆင့်ကို ရောက်နေပြီဖြစ်ပါတယ်။ ဒီ ဆေးတွေက လူခန္ဒာကိုယ်ထဲ ရောဂါတိုက်ဖျက်တဲ့ ခုခံစွမ်းအားကို သိသိသာသာ မြှင့်တင်ပေးနိုင်တာကို လေ့လာတွေ့ရှိရကြောင်း တနင်္လာနေ့ထုတ် ဗြိတိန် ဆေးပညာဂျာနယ် The Lancet မှာ ဖော်ပြပါတယ်။
ဥရောပကောင်မရှင်ဥက္ကဋ္ဌ Ursula von der Leyen (ဘယ်) နဲ့ ဥရောပကောင်စီဥက္ကဋ္ဌ Charles Michel (ညာ)။ (ဇူလိုင် ၂၁၊ ၂၀၂၀)
SEE ALSO:
ကပ်ရောဂါထိခိုက်မှု ကုစားရေးအစီအစဉ် EU သဘောတူညီချက်ရရှိ

တချိန်ထဲမှာပဲ အမေရိကန် ဆေးကုမ္ပဏီ Pfizer နဲ့ တွဲဘက် ဂျာမဏီ BioNTech ကစမ်းသပ်နေတဲ့ COVID - 19 ကာကွယ်ဆေးကလည်း တိုးတက်မှု အလားအလာကောင်းတွေ ရှိကြောင်း မနေ့က ပြောပါတယ်။

ဗြိတိန် Oxford တက္ကသိုလ်နဲ့ ဗြိတိန်-ဆွီဒင် Oxford - AstraZeneca ဆေးကုမ္ပဏီ နှစ် ခုပူးပေါင်း စမ်းသပ်နေတဲ့ ကာကွယ်ဆေးကို အများက အာရုံစိုက်နေကြတာပါ။ ဒီဆေးက ထိရောက်မှုရှိကြောင်း ပြသနိုင်ပြီးနောက် ခွင့်ပြုချက်ရရင် ကုမ္ပဏီအနေနဲ့ ဆေးကို ဖြန့်ဖြူးဖို့ နိုင်ငံအတော်များများနဲ့လည်း သဘောတူ စာချုပ်ချုပ်ဆိုထားပြီးဖြစ်ပါတယ်။

အခုထိ ကုမ္ပဏီအနေနဲ့ ကာကွယ်ဆေး ၂၀၀၀,၀၀၀ ထုတ်လုပ်ပေးသွားဖို့ သဘောတူထားပြီးဖြစ်ပါတယ်။ ဒီဆေးကို ဗြိတိန်၊ ဘရာဇီးနဲ့ တောင်အာဖရိကနိုင်ငံတွေမှာ လူ ၁၀,၀၀၀ ကျော်နဲ့ စမ်းသပ်ခဲ့တာဖြစ်ပြီး နောက်သီတင်းပတ်အတွင်း အမေရိကန်နိုင်ငံမှာ လူ ၃၀,၀၀၀ လောက်နဲ့ စမ်းသပ်သွားဖို့ စီစဉ်ထားတယ်လို့ The New York Times သတင်းစာက ဖော်ပြထားပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com/a/covid-vaccine/5511372.html
COVID 19 ကာကွယ်ဆေးစမ်းသပ်မှု အလားအလာကောင်း COVID 19 ကာကွယ်ဆေးစမ်းသပ်မှု အလားအလာကောင်း Reviewed by THITHTOOLWIN on 21:22 Rating: 5
Powered by Blogger.