Chengdu ကန်ကောင်စစ်ဝန်ရုံးဟောင်း တရုတ်ထိန်းချုပ်

တရုတ်နိုင်ငံ Chengdu မြို့က ကန် ကောင်စစ်ဝန်ချုပ်ရုံးရှေ့ မြင်ကွင်း။ (ဇူလိုင် ၂၇၊ ၂၀၂၀)
တရုတ်နိုင်ငံ အနောက်တောင်ပိုင်း Chengdu မြို့က အမေရိကန်ကောင်စစ်ဝန်ချုပ်ရုံးကို တရုတ်က ထိန်းချုပ်လိုက်ပြီလို့ တရုတ်ကပြောပါတယ်။ တရုတ်အစိုးရက ပြောထားတဲ့အတိုင်း ဒေသစံတော်ချိန် မနက် ၁၀ နာရီမှာ ကောင်စစ်ဝန်ချုပ်ရုံးပိတ်ခဲ့ကြောင်း တရုတ်နိုင်ငံခြားရေးဌာနက ကြေညာပါတယ်။ လွှင့်ထူထားတဲ့ အမေရိကန်အလံချပြီး မိနစ်ပိုင်းအကြာမှာပဲ တရုတ်တာဝန်ရှိသူတဖွဲ့ အဆောက်အဦးထဲကို ဝင်ရောက်ထိန်းချုပ်ခဲ့ပါတယ်။

အမေရိကန်ပြည်ထောင်စု Texas ပြည်နယ် Houston မြို့မှာရှိတဲ့ တရုတ်ကောင်စစ်ဝန်ချုပ်ရုံးကို အမေရိကန်အစိုးရက ပိတ်ခိုင်းခဲ့တဲ့အပေါ် တရုတ်က လက်တုံ့ပြန်တဲ့အနေနဲ့ Chengdu မြို့မှာရှိတဲ့ အမေရိကန်ကောင်စစ်ဝန်ချုပ်ရုံးကို ပိတ်ဖို့သောကြာနေ့က အမိန့်ပေးခဲ့တာပါ။
အမေရိကန်ပြည်ထောင်စု Texas ပြည်နယ် Houston မြို့မှာရှိတဲ့ တရုတ်ကောင်စစ်ဝန်ချုပ်ရုံး။
ကောင်စစ်ဝန်ချုပ်ရုံးတဝိုက် လုံခြုံရေးတွေ ချထားတဲ့ကြားကပဲ တရုတ်လိုလားသူ တချို့က ဒီမနက် ဆန္ဒပြခဲ့ပါတယ်။

တရုတ်ပြည်သူတွေနဲ့ တရုတ်ကွန်မြူနစ်ပါတီ အဓွန့်ရှည်ပါစေလို့ အော်ဟစ်ဆန္ဒပြခဲ့တာပါ။ သူတို့ကို လုံခြုံရေးတွေက အဝေးကို ဆွဲခေါ်နှင်ထုတ်ခဲ့ပါတယ်။

၁၉၈၅ ခုနှစ်ထဲက ဖွင့်လှစ်ခဲ့တဲ့ အမေရိကန်ကောင်စစ်ဝန်ချုပ်ရုံး ပိတ်ခဲ့ပြီးနောက် အဆောက်အဦး အဝင်ကို တရုတ်လုံခြုံရေးတွေက အတားအဆီးတွေနဲ့ ကာရံခဲ့ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com/a/us-china/5518904.html
Chengdu ကန်ကောင်စစ်ဝန်ရုံးဟောင်း တရုတ်ထိန်းချုပ် Chengdu ကန်ကောင်စစ်ဝန်ရုံးဟောင်း တရုတ်ထိန်းချုပ် Reviewed by THITHTOOLWIN on 21:08 Rating: 5
Powered by Blogger.