တရုတ်-မြန်မာ ဒေသန္တရအစိုးရတွေ ပိုးလမ်းမကိစ္စ ဆွေးနွေး



Share/Bookmark

ဇူလိုင်လ ၉ ရက်နေ့က တရုတ် ခါးပတ်လမ်း BRI စီမံကိန်းအတွက် မြန်မာနဲ့တရုတ်နိုင်ငံ အကြား ပိုမို ပူးပေါင်းဆောင်ရွက်ရေးကိစ္စ ရုပ်သံကတဆင့် ဆွေးနွေးခဲ့တယ်လို့ တရုတ် သတင်းဌာနတစ်ခုက ဇူလိုင် ၁၆ ရက်နေ့မှာ ဖော်ပြထားပါတယ်။ အဲဒီ အစည်းအဝေးကို ဒေါ်အောင်ဆန်းစုကြည်က နှုတ်ခွန်းဆက် သဝဏ်လွှာ ပေးပို့ခဲ့ပြီး နှစ်နိုင်ငံက ပြည်နယ်တိုင်းအဆင့် ဒေသဆိုင်ရာနယ်မြေတွေအကြား ပူးပေါင်း ဆောင်ရွက်ရေးကို မဟာဗျူဟာမြောက် လက်တွဲဖော်အဆင့်အထိ ရောက်အောင် ဆောင်ရွက်ဖို့ မြန်မာနဲ့တရုတ် နှစ်နိုင်ငံ စလုံးက အားပေးနေကြတယ်လို့ သဝဏ်လွှာမှာ ရေးသားထားပါတယ်။

တရုတ်နိုင်ငံ ယူနန်ပြည်နယ်နဲ့ မြန်မာနိုင်ငံ မန္တလေးတိုင်းတို့အကြား တရုတ် ခါးပတ်လမ်း BRI စီမံကိန်း တိုးမြှင့် ဆောင်ရွက် ဖို့အတွက် အဲဒီအစည်းအဝေးကိုတရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၊ နိုင်ငံတကာရေးရာဌာန IDCPC က ဦးဆောင်ကျင်းပခဲ့တာ ဖြစ်ပါတယ်။ IDCPC ရဲ့ ဝန်ကြီး Song Tao၊ယူနန် ကွန်မြူနစ်ပါတီ အထွေထွေ အတွင်းရေးမှူး Chen Hao နဲ့ မြန်မာနိုင်ငံဆိုင်ရာ တရုတ် သံအမတ်ကြီးနဲ့အတူမြန်မာနိုင်ငံဘက်က NLD ပါတီ ဒုဥက္ကဌလည်းဖြစ် မန္တလေးတိုင်း ဝန်ကြီးချုပ်လည်း ဖြစ်သူ ဒေါက်တာ ဇော်မြင့်မောင် နဲ့ ကူးသန်းရောင်းဝယ်ရေး ပြည်ထောင်စု ဝန်ကြီး ဦးသန်းမြင့်တို့ အတူ ပါဝင် တက်ရောက်ကြပါတယ်။

အစည်းအဝေးမှာ ဆွေးနွေးတဲ့ အကြောင်းအရာတွေကို အသေးစိတ် မဖော်ပြထားပေမဲ့ မြန်မာနဲ့တရုတ် အာဏာရ ပါတီတွေ အချင်းချင်းကြား ပူးပေါင်းဆောင်ရွက်ရေး လမ်းကြောင်းတစ်ခုကို ချမှတ်ဖို့၊ တရုတ်ခါးပတ်လမ်း BRI စီမံကိန်း ပူးပေါင်းဆောင် ရွက်ရေး တိုးမြင့်လုပ်ကိုင်ဖို့နဲ့ နှစ်ဘက်အကျိုးစီးပွား ဖြစ်ထွန်းရေး လုပ်ငန်းတွေ အရှိန်မြှင့် လုပ်ဆောင်ဖို့ ဒီ အစည်းအဝေးကို ကျင်းပတာလို့ တရုတ်တို့ဘက်က ပြောပါတယ်။

VOA (မြန်မာပိုင်း)
https://burmese.voanews.com/a/china-myanmar-bri-plan-/5506445.html

Share/Bookmark

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့ facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့နိုင်ပါသည်။
 

Advertisement

 

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့ ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ