မြန်မာနဲ့ တခြားနိုင်ငံခြားသား တရားမဝင်အလုပ်သမားတွေ ပြည်တော်ပြန်ပို့ဖို့ မလေးရှား စီစဉ်နေ

မလေးရှားနိုင်ငံအတွင်းရှိ တရားမဝင်အလုပ်သမားများ (ဓါတ်ပုံ- Malaysia immigration )
(Unicode)⤵⤵⤵
ကိုဗစ်-၁၉ ကပ်ရောဂါ ကြုံနေရတဲ့ မလေးရှားနိုင်ငံမှာ မြန်မာနိုင်ငံသားတွေ အပါအဝင် တရားမဝင် နေထိုင်သူ နိုင်ငံခြားသား၂ သောင်းလောက်ကို လာရင်းနိုင်ငံတွေကို ပြန်ပို့ဖို့ စီစဉ်နေတဲ့အကြောင်း ပြောပြပေးချင်ပါတယ်။ မအေးအေးမာ တင်ဆက်ထားပါတယ်။

မလေးရှားကာကွယ်ရေးဝန်ကြီး Datuk Seri Ismail Sabri Yaakob ကတော့ ပြီးခဲ့တဲ့ ဇူလိုင်လ (၇) ရက်နေ့ကစ တရားမဝင် နေထိုင်သူ နိုင်ငံခြားသား ၂ သောင်းလောက်ကို ကိုဗစ်-၁၉ ရောဂါးပိုး ရှိ-မရှိ စစ်ဆေးပြီး လာရင်းနိုင်ငံတွေကို ပြန်လည်ပို့ဆောင်တော့မှာဖြစ်ကြောင်း ပြောဆိုထားပါတယ်။ တရားမဝင် နိုင်ငံခြားသား ၁၉၁၁၁ ယောက်အနက်၊ မြန်မာနိုင်ငံက ၁၈၉၀၊ အင်ဒိုနီးရှားက ၈၅၀၀ ကျော်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ၂၅၀၀ ကျော်ပါဝင်တယ်လို့လည်း ဆိုပါတယ်။

တရားမဝင် နေထိုင်သူတွေကို ထိန်းသိမ်းထားတဲ့ စခန်းတွေမှာ ကိုဗစ် -၁၉ ရောဂါပိုးကူးသူတွေ ရှိနေတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေတာပါ။ ဒါပေမဲ့လည်း ဒီအထဲမှာ မြန်မာနိုင်ငံသားတွေ ပါဝင်မှု ရှိမရှိဆိုတာကတော့ တိတိကျကျ မသိရဘူးလို့လည်း မလေးရှားနိုင်ငံ မြန်မာသံရုံးကို ကိုယ်စားပြုပြီး ထိန်းသိမ်းရေးစခန်းက မြန်မာတွေကို အကူညီပေးနေတဲ့ ကိုသီဟမောင်မောင် ကပြောပါတယ်။

“ဆာလရမ်းဖမ်းတဲ့အထဲမှာတော့ မြန်မာနိုင်ငံသားတွေလိုသာ ပြောတာ အဲဒီအထဲမှာ ဘယ်လူမျိုးလို့တော့ မပြောထားတော့ ဘယ်သူဘယ်ဝါအတိအကျပြောလို့မရဘူး။ပြီးခဲ့တဲ့ လတွေတုန်းက စခန်းကို ရောက်သွားတဲ့အခါ ကူးစက်သူတွေပါသွားတော့ အဆောင်တွေတောင်သပ်သပ်ခွဲထားတာ စခန်း ၃ခုမှာ ။ ရောဂါကူးစက်တာက ဘူဂစ်ဂျာလေးစခန်းပါတယ်၊ ALIA ပါတယ် ၊ စမုံညှင်းစခန်းပါတယ်။ မြန်မာနိုင်ငံသားတွေကော ဘင်္ဂလီတွေလည်းပါတယ်၊ ဘင်္ဂလားဒေ့ရှ်ပါတယ် ။

ကျနော်တို့အနေနဲ့ မြန်မာနိုင်ငံသားမှန်ကန်မူကို မြန်မာနိုင်ငံထိပြန်စီစစ်ရတာရှိတယ်။ အထောက်အထားမပြည့်စုံတဲ့သူတွေ ပြောတာပေါ့နော် ။ အထောက်အထားတွေကို ပြန်စီစစ်ပြီးသားကို မလေးရှား လဝကကိုပို့ရတယ် ။ အထောက်အထားရှိသူတွေ အတွက် ရုံးပိုင်ဆိုင်ရာကိစ္စတွေကို အမြန်ဆုံးပြန်နိုင်ရေး အတွက် မလေးရှားလဝကနဲ့ သက်ဆိုင်ရာဝန်ကြီးဌာနတွေနဲ့ သူတို့တွေလုပ်နေကြပါတယ် ။ ကျနော်ထင်ပါတယ် ဒီလထဲမှာတောင် ရှိမလားမသိဘူး မလေးရှားအစိုးရနဲ့ ညှိနှိုင်းပြီးလုပ်ရတာမို့ သူတို့ အပေါ်မှာလည်း မူတည်ပါတယ်။”

မလေးရှား လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်း ၁၂ ခုက မြန်မာနိုင်ငံသား ၄၀၀နီးပါးကိုတော့ ပြီးခဲ့တဲ့လတွေမှာပဲ မြန်မာနိုင်ငံကို ပြန်ပို့ပေးခဲ့တာပါ။ ထိန်းသိမ်းခံမြန်မာနိုင်ငံသားတွေ အခြေအနေနဲ့ပတ်သက်လို့ မလေးရှားနိုင်ငံ အခြေစိုက် မြန်မာသံရုံးကို ဆက်သွယ်မေးမြန်းရာမှာ ဖြေဆိုဖို့ ငြင်းဆန်ခဲ့ပါတယ်။

မလေးရှားကျန်းမာရေးဝန်ကြီးကတော့ လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်းမှာ ဖမ်းဆီးထားသူတွေကို ကျန်းမာရေးစစ်ဆေးမှုတွေ အပြည့်အဝပေးနေကြောင်းနဲ့ လာရင်းနိုင်ငံတွေကို ပြန်ပို့တဲ့သူတွေဟာလည်း ရောဂါပိုးကင်းစင်သူတွေဖြစ်ကြောင်း ပြောဆိုထားပါတယ်။

မလေးရှားနိုင်ငံမှာ တရားဝင်ရော တရားမဝင်ပါ မြန်မာအလုပ်သမား ခန့်မှန်းချေ ၅ သိန်းထက်မနည်း အလုပ်လုပ်ကိုင်နေကြပြီး၊ ကိုဗစ် ၁၉ အရေးပေါ်ကာလမှာ တရားမဝင်နေထိုင်သူတွေကို အာဏာပိုင်တွေ ဖမ်းဆီးနေရာမှာ မြန်မာနိုင်ငံသား အများအပြားလည်း ဖမ်းဆီးခံနေရတာ ဖြစ်ပါတယ်။

မအေးအေးမာ  / ဗွီအိုအေ ( မြန်မာပိုင်း)
-----------------------------------
(Zawgyi)⤵⤵⤵
ျမန္မာနဲ႔ တျခားႏိုင္ငံျခားသား တရားမဝင္အလုပ္သမားေတြ ျပည္ေတာ္ျပန္ပို႔ဖို႔ မေလးရွား စီစဥ္ေန

ကိုဗစ္-၁၉ ကပ္ေရာဂါ ႀကဳံေနရတဲ့ မေလးရွားႏိုင္ငံမွာ ျမန္မာႏိုင္ငံသားေတြ အပါအဝင္ တရားမဝင္ ေနထိုင္သူ ႏိုင္ငံျခားသား၂ ေသာင္းေလာက္ကို လာရင္းႏိုင္ငံေတြကို ျပန္ပို႔ဖို႔ စီစဥ္ေနတဲ့အေၾကာင္း ေျပာျပေပးခ်င္ပါတယ္။ မေအးေအးမာ တင္ဆက္ထားပါတယ္။

မေလးရွားကာကြယ္ေရးဝန္ႀကီး Datuk Seri Ismail Sabri Yaakob ကေတာ့ ၿပီးခဲ့တဲ့ ဇူလိုင္လ (၇) ရက္ေန႔ကစ တရားမဝင္ ေနထိုင္သူ ႏိုင္ငံျခားသား ၂ ေသာင္းေလာက္ကို ကိုဗစ္-၁၉ ေရာဂါးပိုး ရွိ-မရွိ စစ္ေဆးၿပီး လာရင္းႏိုင္ငံေတြကို ျပန္လည္ပို႔ေဆာင္ေတာ့မွာျဖစ္ေၾကာင္း ေျပာဆိုထားပါတယ္။ တရားမဝင္ ႏိုင္ငံျခားသား ၁၉၁၁၁ ေယာက္အနက္၊ ျမန္မာႏိုင္ငံက ၁၈၉၀၊ အင္ဒိုနီးရွားက ၈၅၀၀ ေက်ာ္၊ ဘဂၤလားေဒ့ရွ္ႏိုင္ငံက ၂၅၀၀ ေက်ာ္ပါဝင္တယ္လို႔လည္း ဆိုပါတယ္။

တရားမဝင္ ေနထိုင္သူေတြကို ထိန္းသိမ္းထားတဲ့ စခန္းေတြမွာ ကိုဗစ္ -၁၉ ေရာဂါပိုးကူးသူေတြ ရွိေနတယ္ဆိုတဲ့ သတင္းေတြလည္း ထြက္ေပၚေနတာပါ။ ဒါေပမဲ့လည္း ဒီအထဲမွာ ျမန္မာႏိုင္ငံသားေတြ ပါဝင္မႈ ရွိမရွိဆိုတာကေတာ့ တိတိက်က် မသိရဘူးလို႔လည္း မေလးရွားႏိုင္ငံ ျမန္မာသံ႐ုံးကို ကိုယ္စားျပဳၿပီး ထိန္းသိမ္းေရးစခန္းက ျမန္မာေတြကို အကူညီေပးေနတဲ့ ကိုသီဟေမာင္ေမာင္ ကေျပာပါတယ္။

“ဆာလရမ္းဖမ္းတဲ့အထဲမွာေတာ့ ျမန္မာႏိုင္ငံသားေတြလိုသာ ေျပာတာ အဲဒီအထဲမွာ ဘယ္လူမ်ိဳးလို႔ေတာ့ မေျပာထားေတာ့ ဘယ္သူဘယ္ဝါအတိအက်ေျပာလို႔မရဘူး။ၿပီးခဲ့တဲ့ လေတြတုန္းက စခန္းကို ေရာက္သြားတဲ့အခါ ကူးစက္သူေတြပါသြားေတာ့ အေဆာင္ေတြေတာင္သပ္သပ္ခြဲထားတာ စခန္း ၃ခုမွာ ။ ေရာဂါကူးစက္တာက ဘူဂစ္ဂ်ာေလးစခန္းပါတယ္၊ ALIA ပါတယ္ ၊ စမုံညႇင္းစခန္းပါတယ္။ ျမန္မာႏိုင္ငံသားေတြေကာ ဘဂၤလီေတြလည္းပါတယ္၊ ဘဂၤလားေဒ့ရွ္ပါတယ္ ။

က်ေနာ္တို႔အေနနဲ႔ ျမန္မာႏိုင္ငံသားမွန္ကန္မူကို ျမန္မာႏိုင္ငံထိျပန္စီစစ္ရတာရွိတယ္။ အေထာက္အထားမျပည့္စုံတဲ့သူေတြ ေျပာတာေပါ့ေနာ္ ။ အေထာက္အထားေတြကို ျပန္စီစစ္ၿပီးသားကို မေလးရွား လဝကကိုပို႔ရတယ္ ။ အေထာက္အထားရွိသူေတြ အတြက္ ႐ုံးပိုင္ဆိုင္ရာကိစၥေတြကို အျမန္ဆုံးျပန္ႏိုင္ေရး အတြက္ မေလးရွားလဝကနဲ႔ သက္ဆိုင္ရာဝန္ႀကီးဌာနေတြနဲ႔ သူတို႔ေတြလုပ္ေနၾကပါတယ္ ။ က်ေနာ္ထင္ပါတယ္ ဒီလထဲမွာေတာင္ ရွိမလားမသိဘူး မေလးရွားအစိုးရနဲ႔ ညႇိႏႈိင္းၿပီးလုပ္ရတာမို႔ သူတို႔ အေပၚမွာလည္း မူတည္ပါတယ္။”

မေလးရွား လူဝင္မႈႀကီးၾကပ္ေရး ထိန္းသိမ္းေရးစခန္း ၁၂ ခုက ျမန္မာႏိုင္ငံသား ၄၀၀နီးပါးကိုေတာ့ ၿပီးခဲ့တဲ့လေတြမွာပဲ ျမန္မာႏိုင္ငံကို ျပန္ပို႔ေပးခဲ့တာပါ။ ထိန္းသိမ္းခံျမန္မာႏိုင္ငံသားေတြ အေျခအေနနဲ႔ပတ္သက္လို႔ မေလးရွားႏိုင္ငံ အေျခစိုက္ ျမန္မာသံ႐ုံးကို ဆက္သြယ္ေမးျမန္းရာမွာ ေျဖဆိုဖို႔ ျငင္းဆန္ခဲ့ပါတယ္။

မေလးရွားက်န္းမာေရးဝန္ႀကီးကေတာ့ လူဝင္မႈႀကီးၾကပ္ေရး ထိန္းသိမ္းေရးစခန္းမွာ ဖမ္းဆီးထားသူေတြကို က်န္းမာေရးစစ္ေဆးမႈေတြ အျပည့္အဝေပးေနေၾကာင္းနဲ႔ လာရင္းႏိုင္ငံေတြကို ျပန္ပို႔တဲ့သူေတြဟာလည္း ေရာဂါပိုးကင္းစင္သူေတြျဖစ္ေၾကာင္း ေျပာဆိုထားပါတယ္။

မေလးရွားႏိုင္ငံမွာ တရားဝင္ေရာ တရားမဝင္ပါ ျမန္မာအလုပ္သမား ခန႔္မွန္းေခ် ၅ သိန္းထက္မနည္း အလုပ္လုပ္ကိုင္ေနၾကၿပီး၊ ကိုဗစ္ ၁၉ အေရးေပၚကာလမွာ တရားမဝင္ေနထိုင္သူေတြကို အာဏာပိုင္ေတြ ဖမ္းဆီးေနရာမွာ ျမန္မာႏိုင္ငံသား အမ်ားအျပားလည္း ဖမ္းဆီးခံေနရတာ ျဖစ္ပါတယ္။

မေအးေအးမာ  / ဗြီအိုေအ ( ျမန္မာပိုင္း)
https://burmese.voanews.com/a/malaysia-immigration-to-return-illegal-workers-/5501445.html
မြန်မာနဲ့ တခြားနိုင်ငံခြားသား တရားမဝင်အလုပ်သမားတွေ ပြည်တော်ပြန်ပို့ဖို့ မလေးရှား စီစဉ်နေ မြန်မာနဲ့ တခြားနိုင်ငံခြားသား တရားမဝင်အလုပ်သမားတွေ ပြည်တော်ပြန်ပို့ဖို့ မလေးရှား စီစဉ်နေ Reviewed by THITHTOOLWIN on 07:26 Rating: 5
Powered by Blogger.