ကိုဗစ်ကြောင့် ထိခိုက်နေတဲ့ နိုင်ငံ ၆၀ ကျော် အကူအညီပေးဖို့ ကုလပန်ကြား


COVID-19 ကပ်ရောဂါကြောင့် လူသားချင်းစာနာမှု အကူအညီ လိုအပ်နေတဲ့ နိုင်ငံပေါင်း ၆၀ ကျော်အတွက် ကုလသမဂ္ဂက ဒေါ်လာ ၁၀.၃ ဘီလီယံ လိုအပ်နေတယ်လို့ ပန်ကြားလိုက်ပါတယ်။ ကပ်ရောဂါကြောင့် ကျန်းမာရေး၊ စီးပွားရေးထိခိုက်နေကြတဲ့ နိုင်ငံတွေကို အကူအညီပေးဖို့ ကုလသမဂ္ဂက ဒီနေ့ သောကြာနေ့မှာ အလှူငွေ တောင်းခံလိုက်တာပါ။

ကုလသမဂ္ဂ လူသားချင်းစာနာမှု အကူအညီပေးရေးဆိုင်ရာ အကြီးအကဲ Mark Lowcock
အဲဒီနိုင်ငံတွေကို အခု မကူညီရင် နောင်မှာ မရေတွက်နိုင်တဲ့ အသက်ဆုံးရှုံးမှုနဲ့ ဒေါ်လာ ထရီလီယံနဲ့ချီ ဆုံးရှုံးမှု ကြုံရမယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှု အကူအညီပေးရေးဆိုင်ရာ အကြီးအကဲ Mark Lowcock ကပြောပါတယ်။

နိုင်ငံပေါင်း ၄၀ မှာ COVID-19 ကပ်ရောဂါ တုန့်ပြန်နိုင်ရေးအတွက် ကုလသမဂ္ဂက မတ်လမှာ ဒေါ်လာ ၂ ဘီလီယံ စတင်အလှူခံခဲ့ပြီး နိုင်ငံတော်တော်များများမှာ ရောဂါပျံ့နှံ့ခဲ့တဲ့ မေလရောက်ချိန်မှာ ၆.၇ ဘီလီယံအထိ တိုးပြီးအလှူခံခဲ့ပါတယ်။ ဒါပေမဲ့ အလှူငွေ ၁.၆၄ ဘီလီယံပဲ ရရှိပါသေးတယ်။

ဒီကနေ့ တိုးမြှင့်ပန်ကြားတဲ့ အလှူငွေ ဒေါ်လာ ၁၀ ဘီလီယံကျော်ဟာ နိုင်ငံပေါင်း ၆၃ နိုင်ငံက လူပေါင်း သန်း ၂၅၀ ကို ကူညီဖို့ဖြစ်ပြီး အဓိကအားဖြင့်တော့ အာဖရိက၊ အရှေ့အလယ်ပိုင်းနဲ့ လက်တင်အမေရိကဒေသ နိုင်ငံတွေကို ကူညီဖို့ဖြစ်ပါတယ်။

VOA (Burmese)
https://burmese.voanews.com/a/un-covid-appeal/5506678.html
ကိုဗစ်ကြောင့် ထိခိုက်နေတဲ့ နိုင်ငံ ၆၀ ကျော် အကူအညီပေးဖို့ ကုလပန်ကြား ကိုဗစ်ကြောင့် ထိခိုက်နေတဲ့ နိုင်ငံ ၆၀ ကျော် အကူအညီပေးဖို့ ကုလပန်ကြား Reviewed by THITHTOOLWIN on 01:01 Rating: 5
Powered by Blogger.