ငြိမ်းချမ်းရေးအတွက် အဖွဲ့အစည်းတွေအကြား ယုံကြည်မှုပိုလိုအပ်

(Unicode)⤵⤵⤵
တပ်မတော်နဲ့ အပစ်ရပ်တိုင်းရင်းသားလက်နက်ကိုင်တွေအကြား နေပြည်တော်မှာ ၂ ရက်ကြာ ကျင်းပတဲ့ ပစ်ခတ်တိုက်ခိုက်မှု ပူးတွဲစောင့်ကြည့်ရေးကော်မတီအစည်းအဝေးဟာ ထူးခြားတဲ့ သဘောတူညီချက် တစုံတရာ ပေါ်ထွက်ခြင်း မရှိဘဲ မနေ့က ပြီးဆုံးသွားပါတယ်။

နေပြည်တော်က အစည်းအဝေး အပြီးမှာ JMC-U အပစ်အခတ်ရပ်စဲမှုပူးတွဲစောင့်ကြည့်ရေးကော်မတီ အတွင်းရေးမှူးဗိုလ်မှူးကြီး ဝဏ္ဏအောင် က နောက်တချိန်အစည်းအဝေးကို စက်တင်ဘာလမှာ ထပ်မံကျင်းပဖို့ သဘောတူညီနိုင်ခဲ့တာဟာ အောင်မြင်မှုတခုပဲလို့ ပြောပါတယ်။ နှစ်နှစ်နီးပါးရပ်ဆိုင်းထားခဲ့ရတဲ့ ဒီ JMC-U အစည်းအဝေးတွေကို ပြန်လည်ကျင်းပနိုင်မှုနဲ့ နောက်ထပ်ကျင်းပဖို့ သဘောတူညီမှု ရရှိခဲ့တာတွေကို တိုးတက်မှုလို့ ဆိုနိုင်ပေမယ့် ပြည်တွင်းငြိမ်းချမ်းရေးအခြေအနေတခုလုံးကို ခြုံကြည့်ရင် ဒီနှစ်ပိုင်းတွေအတွင်း သိသာထင်ရှားတဲ့ တိုးတက်မှုတွေ မရှိပါဘူး။

CPR ငြိမ်းချမ်းရေးနဲ့ ပြန်လည်သင့်မြတ်ရေးဗဟိုဌာန ညွန်ကြားရေးမှူး ဦးညိုအုန်းမြင့် က သက်ဆိုင်ရာအဖွဲ့အစည်းတွေအကြား ယုံကြည်မှုပိုမိုရရှိမှသာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ တိုးတက်နိုင်မယ်လို့ RFA ကိုပြောပါတယ်။

" ဒီတိုင်းရင်းသား လက်နက်ကိုင်အင်အားစုတွေဘက်မှာရော အစိုးရနဲ့တပ်မတော်ဘက်မှာပါ တဖက်နဲ့တဖက် ယုံကြည်မှု ပြန်လည်တည်ဆောက်ဖို့ အလွန်အရေးကြီးတယ်လို့ထင်ပါတယ်။ JMCလို  အင်မတန်အရေးကြီးတဲ့ ဆွေးနွေးနိုင်တဲ့ ဆုံမှတ်တခုမှာ တိုင်းရင်းသားရော တပ်မတော်ရော စိတ်ရှည်လက်ရှည် တွေ့ဆုံပြီး ဖြေရှင်းနိုင်ရင် ဒီပြဿနာဟာ အေးချမ်းနိုင်မယ်လို့ ကျနော် ထင်တယ်။ တိုင်းရင်းသားတွေနဲ့ မတွေ့ဆုံခင်မှာ တပ်မတော်ရဲ့သဘောထားက ဘယ်လိုရှိတယ်၊ တပ်မတော်ရဲ့ စိုးရိမ်ချက်က ဘယ်လိုရှိတယ်။  ဒီအစိုးရဘက်က ဘယ်လိုဆောင်ရွက်ချင်တယ်ဆိုတဲ့ ပြတ်သားတဲ့ vision ရှိဖို့လိုမယ်လို့ ထင်ပါတယ်။ အဲဒီတော့ တပ်မတော်နဲ့ အစိုးရကြားမှာ ကျနော်တို့တိုင်းပြည် အနာဂတ်ကို ဘယ်လိုဆက်သွားမလဲဆိုတဲ့ သဘောတူညီချက် ရပြီးမှသာ တိုင်းရင်းသားတွေကို ကိုယ့်အနေနဲ့ ဘယ်လောက်အထိ လိုက်လျောနိုင်မယ်။ ဒီအချက်တွေက ဘယ်လို ဆက်ပြီး ဆောင်ရွက်နိုင်တယ်ဆိုပြီး ပြဿနာကို ဖြေရှင်းနိုင်မယ်လို့ ထင်ပါတယ်။ ”

BAYDA Institute ညွန်ကြားရေးမှူး နိုင်ငံရေးလေ့လာသူ ဦးမျိုးရန်နောင်သိန်းကတော့ တပ်မတော်အနေနဲ့ နိုင်ငံရေးမှာ ပါဝင်လိုတဲ့ ဆန္ဒထက် ငြိမ်းချမ်းရေးကို အဓိကထား ဆောင်ရွက်သင့်တယ်လို့ ပြောပါတယ်။

“ တကယ်တမ်း တပ်မတော်ရဲ့ အခန်းကဏ္ဍသည် နိုင်ငံတော်ကို စစ်ရေးအားဖြင့် ကာကွယ်ရမဲ့အစား တပ်မတော်ရဲ့ political will သည် နိုင်ငံရေးမှာ ဆက်လက်ပါဝင်နေဖို့ ၊ ဒါဘယ်မှာ သိသာလဲဆိုရင် အခုဖားကန့်မှာ မြေပြိုတဲ့ကိစ္စကို ကြည့်ရင် တပ်မတော်က အခု လုံနယ်ဝန်ကြီးကို အရေးယူတာမျိုးတွေ့ရတယ်။ ဘာကြောင့်မို့ တပ်မတော်က ချက်ချင်းကြီး ထ အရေးယူလဲဆိုတော့ နိုင်ငံရေးအရ အမြတ်ထုတ်တာ။ တပ်မတော်ခေါင်းဆောင်တွေက စဉ်းစားမှုတွေမှာ နိုင်ငံရေးအရ အကျိုးအမြတ် ဘယ်လောက်ရှိမလဲ။ ငါတို့အာဏာတည်မြဲဖို့အတွက် ဘယ်လောက်အထိလုပ်နိုင်မလဲဆိုတာ အမြဲတွေးနေတာကိုတွေ့ရတယ်။ ဒါဟာ ငြိမ်းချမ်းရေးဖြစ်စဉ်ကို အဓိက တားဆီးနေတဲ့အချက်ပဲ။ နိုင်ငံရေးကိစ္စမှာ ထင်တိုင်းမပေါက် မအောင်မြင်ဘူးဆိုတာကတော့ NLD အစိုးရက တပ်မတော်ကို အမိန့်ပေးခွင့် မရှိလို့ပါ။ တပ်မတော်ကို အမိန့်ပေးပိုင်ခွင့်ရှိတဲ့ အစိုးရဆိုရင် ငြိမ်းချမ်းရေးက အလုံးစုံ ချောမွေ့အောင်မြင်သွားလိမ့်မယ်”

တဆက်တည်းမှာပဲ သူက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး မျှော်မှန်းချက်တွေကို သူလေးစားလိုလားပါတယ်။ ဒါပေမယ့် လက်တွေ့ကျကျ တဆင့်ပြီးတဆင့် တည်ဆောက်ဖို့လိုတယ်လို့ အကြံပေးပါတယ်။

“တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေမှာ တခြားသော အကျိုးစီးပွားကိစွတွေ ရှိနေတယ်ဆိုတာလဲ ကျနော်တို့ အမြဲတွေ့နေရတယ်။ အဲဒီတော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေက လက်တွေ့ကျတဲ့ ချည်းကပ်မှုမျိုးကို သွားဖို့လိုတယ်။ စံနှုန်းအမြင့်ကြီးတွေနဲ့ သွားနေရင်တော့ အဆင်ပြေမှာ မဟုတ်ဘူးလို့ ကျနော်မြင်တယ် ”

ဒီနှစ်အတွင်း ဆက်လက်ကျင်းပမယ့် ပြည်တွင်းငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေကနေ ဟန်ပြမဟုတ်ဘဲ စစ်မှန်တဲ့ တိုးတက်မှုတွေ ဘယ်လောက်ရနိုင်မလဲဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။ ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်   တွေအပေါ် ပြည်သူလူထုရဲ့ ယုံကြည်ကိုးစားမှု ရရှိရေးဟာ ပါဝင်ပတ်သက်နေတဲ့ အဖွဲ့အစည်းအားလုံးရဲ့  ကြိုးပမ်းမှုအပေါ် မူတည်နေပါတယ်။

RFA Burmese
--------------------------------------

(Zawgyi)⤵⤵⤵
ၿငိမ္းခ်မ္းေရးအတြက္ အဖြဲ႕အစည္းေတြအၾကား ယုံၾကည္မႈပိုလိုအပ္

တပ္မေတာ္နဲ႔ အပစ္ရပ္တိုင္းရင္းသားလက္နက္ကိုင္ေတြအၾကား ေနျပည္ေတာ္မွာ ၂ ရက္ၾကာ က်င္းပတဲ့ ပစ္ခတ္တိုက္ခိုက္မႈ ပူးတြဲေစာင့္ၾကည့္ေရးေကာ္မတီအစည္းအေဝးဟာ ထူးျခားတဲ့ သေဘာတူညီခ်က္ တစုံတရာ ေပၚထြက္ျခင္း မရွိဘဲ မေန႔က ၿပီးဆုံးသြားပါတယ္။

ေနျပည္ေတာ္က အစည္းအေဝး အၿပီးမွာ JMC-U အပစ္အခတ္ရပ္စဲမႈပူးတြဲေစာင့္ၾကည့္ေရးေကာ္မတီ အတြင္းေရးမႉးဗိုလ္မႉးႀကီး ဝဏၰေအာင္ က ေနာက္တခ်ိန္အစည္းအေဝးကို စက္တင္ဘာလမွာ ထပ္မံက်င္းပဖို႔ သေဘာတူညီႏိုင္ခဲ့တာဟာ ေအာင္ျမင္မႈတခုပဲလို႔ ေျပာပါတယ္။ ႏွစ္ႏွစ္နီးပါးရပ္ဆိုင္းထားခဲ့ရတဲ့ ဒီ JMC-U အစည္းအေဝးေတြကို ျပန္လည္က်င္းပႏိုင္မႈနဲ႔ ေနာက္ထပ္က်င္းပဖို႔ သေဘာတူညီမႈ ရရွိခဲ့တာေတြကို တိုးတက္မႈလို႔ ဆိုႏိုင္ေပမယ့္ ျပည္တြင္းၿငိမ္းခ်မ္းေရးအေျခအေနတခုလုံးကို ၿခဳံၾကည့္ရင္ ဒီႏွစ္ပိုင္းေတြအတြင္း သိသာထင္ရွားတဲ့ တိုးတက္မႈေတြ မရွိပါဘူး။

CPR ၿငိမ္းခ်မ္းေရးနဲ႔ ျပန္လည္သင့္ျမတ္ေရးဗဟိုဌာန ၫြန္ၾကားေရးမႉး ဦးညိဳအုန္းျမင့္ က သက္ဆိုင္ရာအဖြဲ႕အစည္းေတြအၾကား ယုံၾကည္မႈပိုမိုရရွိမွသာ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ေတြ တိုးတက္ႏိုင္မယ္လို႔ RFA ကိုေျပာပါတယ္။

" ဒီတိုင္းရင္းသား လက္နက္ကိုင္အင္အားစုေတြဘက္မွာေရာ အစိုးရနဲ႔တပ္မေတာ္ဘက္မွာပါ တဖက္နဲ႔တဖက္ ယုံၾကည္မႈ ျပန္လည္တည္ေဆာက္ဖို႔ အလြန္အေရးႀကီးတယ္လို႔ထင္ပါတယ္။ JMCလို  အင္မတန္အေရးႀကီးတဲ့ ေဆြးေႏြးႏိုင္တဲ့ ဆုံမွတ္တခုမွာ တိုင္းရင္းသားေရာ တပ္မေတာ္ေရာ စိတ္ရွည္လက္ရွည္ ေတြ႕ဆုံၿပီး ေျဖရွင္းႏိုင္ရင္ ဒီျပႆနာဟာ ေအးခ်မ္းႏိုင္မယ္လို႔ က်ေနာ္ ထင္တယ္။ တိုင္းရင္းသားေတြနဲ႔ မေတြ႕ဆုံခင္မွာ တပ္မေတာ္ရဲ႕သေဘာထားက ဘယ္လိုရွိတယ္၊ တပ္မေတာ္ရဲ႕ စိုးရိမ္ခ်က္က ဘယ္လိုရွိတယ္။  ဒီအစိုးရဘက္က ဘယ္လိုေဆာင္႐ြက္ခ်င္တယ္ဆိုတဲ့ ျပတ္သားတဲ့ vision ရွိဖို႔လိုမယ္လို႔ ထင္ပါတယ္။ အဲဒီေတာ့ တပ္မေတာ္နဲ႔ အစိုးရၾကားမွာ က်ေနာ္တို႔တိုင္းျပည္ အနာဂတ္ကို ဘယ္လိုဆက္သြားမလဲဆိုတဲ့ သေဘာတူညီခ်က္ ရၿပီးမွသာ တိုင္းရင္းသားေတြကို ကိုယ့္အေနနဲ႔ ဘယ္ေလာက္အထိ လိုက္ေလ်ာႏိုင္မယ္။ ဒီအခ်က္ေတြက ဘယ္လို ဆက္ၿပီး ေဆာင္႐ြက္ႏိုင္တယ္ဆိုၿပီး ျပႆနာကို ေျဖရွင္းႏိုင္မယ္လို႔ ထင္ပါတယ္။ ”

BAYDA Institute ၫြန္ၾကားေရးမႉး ႏိုင္ငံေရးေလ့လာသူ ဦးမ်ိဳးရန္ေနာင္သိန္းကေတာ့ တပ္မေတာ္အေနနဲ႔ ႏိုင္ငံေရးမွာ ပါဝင္လိုတဲ့ ဆႏၵထက္ ၿငိမ္းခ်မ္းေရးကို အဓိကထား ေဆာင္႐ြက္သင့္တယ္လို႔ ေျပာပါတယ္။

“ တကယ္တမ္း တပ္မေတာ္ရဲ႕ အခန္းက႑သည္ ႏိုင္ငံေတာ္ကို စစ္ေရးအားျဖင့္ ကာကြယ္ရမဲ့အစား တပ္မေတာ္ရဲ႕ political will သည္ ႏိုင္ငံေရးမွာ ဆက္လက္ပါဝင္ေနဖို႔ ၊ ဒါဘယ္မွာ သိသာလဲဆိုရင္ အခုဖားကန႔္မွာ ေျမၿပိဳတဲ့ကိစၥကို ၾကည့္ရင္ တပ္မေတာ္က အခု လုံနယ္ဝန္ႀကီးကို အေရးယူတာမ်ိဳးေတြ႕ရတယ္။ ဘာေၾကာင့္မို႔ တပ္မေတာ္က ခ်က္ခ်င္းႀကီး ထ အေရးယူလဲဆိုေတာ့ ႏိုင္ငံေရးအရ အျမတ္ထုတ္တာ။ တပ္မေတာ္ေခါင္းေဆာင္ေတြက စဥ္းစားမႈေတြမွာ ႏိုင္ငံေရးအရ အက်ိဳးအျမတ္ ဘယ္ေလာက္ရွိမလဲ။ ငါတို႔အာဏာတည္ၿမဲဖို႔အတြက္ ဘယ္ေလာက္အထိလုပ္ႏိုင္မလဲဆိုတာ အၿမဲေတြးေနတာကိုေတြ႕ရတယ္။ ဒါဟာ ၿငိမ္းခ်မ္းေရးျဖစ္စဥ္ကို အဓိက တားဆီးေနတဲ့အခ်က္ပဲ။ ႏိုင္ငံေရးကိစၥမွာ ထင္တိုင္းမေပါက္ မေအာင္ျမင္ဘူးဆိုတာကေတာ့ NLD အစိုးရက တပ္မေတာ္ကို အမိန႔္ေပးခြင့္ မရွိလို႔ပါ။ တပ္မေတာ္ကို အမိန႔္ေပးပိုင္ခြင့္ရွိတဲ့ အစိုးရဆိုရင္ ၿငိမ္းခ်မ္းေရးက အလုံးစုံ ေခ်ာေမြ႕ေအာင္ျမင္သြားလိမ့္မယ္”

တဆက္တည္းမွာပဲ သူက တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕ေတြရဲ႕ ဖက္ဒရယ္ျပည္ေထာင္စု တည္ေဆာက္ေရး ေမွ်ာ္မွန္းခ်က္ေတြကို သူေလးစားလိုလားပါတယ္။ ဒါေပမယ့္ လက္ေတြ႕က်က် တဆင့္ၿပီးတဆင့္ တည္ေဆာက္ဖို႔လိုတယ္လို႔ အႀကံေပးပါတယ္။

“တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕အစည္းေတြမွာ တျခားေသာ အက်ိဳးစီးပြားကိစြေတြ ရွိေနတယ္ဆိုတာလဲ က်ေနာ္တို႔ အၿမဲေတြ႕ေနရတယ္။ အဲဒီေတာ့ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕အစည္းေတြက လက္ေတြ႕က်တဲ့ ခ်ည္းကပ္မႈမ်ိဳးကို သြားဖို႔လိုတယ္။ စံႏႈန္းအျမင့္ႀကီးေတြနဲ႔ သြားေနရင္ေတာ့ အဆင္ေျပမွာ မဟုတ္ဘူးလို႔ က်ေနာ္ျမင္တယ္ ”

ဒီႏွစ္အတြင္း ဆက္လက္က်င္းပမယ့္ ျပည္တြင္းၿငိမ္းခ်မ္းေရး ေဆြးေႏြးပြဲေတြကေန ဟန္ျပမဟုတ္ဘဲ စစ္မွန္တဲ့ တိုးတက္မႈေတြ ဘယ္ေလာက္ရႏိုင္မလဲဆိုတာ ေစာင့္ၾကည့္ရမွာျဖစ္ပါတယ္။ ျပည္တြင္းၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္   ေတြအေပၚ ျပည္သူလူထုရဲ႕ ယုံၾကည္ကိုးစားမႈ ရရွိေရးဟာ ပါဝင္ပတ္သက္ေနတဲ့ အဖြဲ႕အစည္းအားလုံးရဲ႕  ႀကိဳးပမ္းမႈအေပၚ မူတည္ေနပါတယ္။

RFA Burmese
https://www.rfa.org/burmese/program_2/comments-on-jmcu-meeting-07082020195727.html
ငြိမ်းချမ်းရေးအတွက် အဖွဲ့အစည်းတွေအကြား ယုံကြည်မှုပိုလိုအပ် ငြိမ်းချမ်းရေးအတွက် အဖွဲ့အစည်းတွေအကြား ယုံကြည်မှုပိုလိုအပ် Reviewed by THITHTOOLWIN on 08:22 Rating: 5
Powered by Blogger.