ကာချုပ်နဲ့ ဒုကာချုပ်ကို ဗြိတိန်က အရေးယူပိတ်ဆို့/အမေရိကန်က ထောက်ခံ


(Unicode)⤵⤵⤵
 မြန်မာကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ဒု- ကာကွယ်ရေးဦးစီးချုပ် ဒု-ဗိုလ်ချုပ်မှူးကြီး  စိုးဝင်းတို့ကို ဗြိတိန်အစိုးရက စီးပွားရေးအရေးယူပိတ်ဆို့လိုက်တယ်လို့ မနေ့က ဇူလိုင်လ ၆ ရက်နေ့မှာ ကြေညာလိုက်ပါတယ်။

ပြီးခဲ့တဲ့နှစ်ပိုင်းတွေအတွင်းက ရိုဟင်ဂျာတွေကို စနစ်တကျ အကြမ်းဖက်နှိမ်နင်းတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အရေးယူလိုက်တာဖြစ်ပါတယ်။ 
ဗြိတိန်နိုင်ငံကို ဝင်ရောက်ခွင့်ဗီဇာပိတ်တာ၊ ဗြိတိန်နဲ့ ဆက်စပ်တဲ့ဘဏ်တွေမှာသိမ်းထားတဲ့ပိုင်ဆိုင်မှုတွေရှိရင် ထုတ်ယူသုံးစွဲခွင့်မပြုတာ၊ ဘဏ်တွေကတဆင့် ငွေအလွှဲအပြောင်းလုပ်ခွင့်မရအောင် ထိန်းချုပ်လိုက်တဲ့ သတ်မှတ်ချက်တွေဖြစ်ပါတယ်။

ဒီလို ဗြိတိန်နိုင်ငံက  ၂၀၁၈ ခုနှစ်  ပိတ်ဆို့အရေးယူရေးနဲ့ ငွေကြေးခဝါချမှုတိုက်ဖျက်ရေး အက်ဥပဒေအရ အရေးယူ ပိတ်ဆို့လိုက်တာကို အမေရိကန်ပြည်ထောင်စုက ကြိုဆိုတဲ့အကြောင်း နိုင်ငံခြားရေးဝန်ကြီး Mike Pompeo က မရှေးမနှောင်းမှာပဲ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

ရုရှား၊ ဆော်ဒီအာရေးဗျ၊ မြန်မာနဲ့ မြောက်ကိုရီးယားနိုင်ငံတွေက ပုဂ္ဂိုလ်တဦးချင်းနဲ့ အဖွဲ့အစည်းတွေကို ဗြိတိန်က စီးပွားရေးပိတ်ဆို့တဲ့ စာရင်း ထုတ်ပြန်လိုက်တာပါ။ အဲဒီ စာရင်းထဲမှာ ပုဂ္ဂိုလ်တဦးချင်းနဲ့အဖွဲ့အစည်း နာမည် ၄၉ ခု ဖော်ပြထားပါတယ်။

RFA Burmese
---------------------------------
(Zawgyi)⤵⤵⤵
ကာခ်ဳပ္နဲ႔ ဒုကာခ်ဳပ္ကို ၿဗိတိန္က အေရးယူပိတ္ဆို႔/အေမရိကန္က ေထာက္ခံ

 ျမန္မာကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္နဲ႔ ဒု- ကာကြယ္ေရးဦးစီးခ်ဳပ္ ဒု-ဗိုလ္ခ်ဳပ္မႉးႀကီး  စိုးဝင္းတို႔ကို ၿဗိတိန္အစိုးရက စီးပြားေရးအေရးယူပိတ္ဆို႔လိုက္တယ္လို႔ မေန႔က ဇူလိုင္လ ၆ ရက္ေန႔မွာ ေၾကညာလိုက္ပါတယ္။

ၿပီးခဲ့တဲ့ႏွစ္ပိုင္းေတြအတြင္းက ႐ိုဟင္ဂ်ာေတြကို စနစ္တက် အၾကမ္းဖက္ႏွိမ္နင္းတယ္ဆိုတဲ့ စြပ္စြဲခ်က္နဲ႔ အေရးယူလိုက္တာျဖစ္ပါတယ္။ 
ၿဗိတိန္ႏိုင္ငံကို ဝင္ေရာက္ခြင့္ဗီဇာပိတ္တာ၊ ၿဗိတိန္နဲ႔ ဆက္စပ္တဲ့ဘဏ္ေတြမွာသိမ္းထားတဲ့ပိုင္ဆိုင္မႈေတြရွိရင္ ထုတ္ယူသုံးစြဲခြင့္မျပဳတာ၊ ဘဏ္ေတြကတဆင့္ ေငြအလႊဲအေျပာင္းလုပ္ခြင့္မရေအာင္ ထိန္းခ်ဳပ္လိုက္တဲ့ သတ္မွတ္ခ်က္ေတြျဖစ္ပါတယ္။

ဒီလို ၿဗိတိန္ႏိုင္ငံက  ၂၀၁၈ ခုႏွစ္  ပိတ္ဆို႔အေရးယူေရးနဲ႔ ေငြေၾကးခဝါခ်မႈတိုက္ဖ်က္ေရး အက္ဥပေဒအရ အေရးယူ ပိတ္ဆို႔လိုက္တာကို အေမရိကန္ျပည္ေထာင္စုက ႀကိဳဆိုတဲ့အေၾကာင္း ႏိုင္ငံျခားေရးဝန္ႀကီး Mike Pompeo က မေရွးမေႏွာင္းမွာပဲ ေၾကညာခ်က္ ထုတ္ျပန္လိုက္ပါတယ္။

႐ုရွား၊ ေဆာ္ဒီအာေရးဗ်၊ ျမန္မာနဲ႔ ေျမာက္ကိုရီးယားႏိုင္ငံေတြက ပုဂၢိဳလ္တဦးခ်င္းနဲ႔ အဖြဲ႕အစည္းေတြကို ၿဗိတိန္က စီးပြားေရးပိတ္ဆို႔တဲ့ စာရင္း ထုတ္ျပန္လိုက္တာပါ။ အဲဒီ စာရင္းထဲမွာ ပုဂၢိဳလ္တဦးခ်င္းနဲ႔အဖြဲ႕အစည္း နာမည္ ၄၉ ခု ေဖာ္ျပထားပါတယ္။

RFA Burmese
https://burmese.voanews.com/a/myanmar-us-dollar-exchange-rate-can-affect-on-the-export-porduct-/5492156.html
ကာချုပ်နဲ့ ဒုကာချုပ်ကို ဗြိတိန်က အရေးယူပိတ်ဆို့/အမေရိကန်က ထောက်ခံ ကာချုပ်နဲ့ ဒုကာချုပ်ကို ဗြိတိန်က အရေးယူပိတ်ဆို့/အမေရိကန်က ထောက်ခံ Reviewed by THITHTOOLWIN on 07:51 Rating: 5
Powered by Blogger.