နှာခေါင်းစည်း ဝတ်ခြင်းအားဖြင့် လူတွေရဲ့ ဆက်ဆံပြောဆိုမှုတွေမှာ ထိခိုက်မှုတွေ ရှိလာနိုင်သလား။



Share/Bookmark
မျက်လုံးနဲ့ ပါးစပ်ဟာ ခံစားမှုကို အဖော်ပြဆုံးနေရာတွေ ဖြစ်တဲ့အတွက် သတင်းအချက်အလက် အရနိုင်ဆုံးနေရာတွေဖြစ်
(Unicode)⤵⤵⤵
အခုခါ နိုင်ငံပေါင်း ၅၀ ကျော်မှာ လူအများအကြား နှာခေါင်းစည်း မဝတ်မနေရ စည်းမျဉ်း ထုတ်ပြန်ထားပြီ ဖြစ်ပါတယ်။

စည်းမျဉ်း မထုတ်ပြန်ထားတဲ့နိုင်ငံတွေက လူအတော်များများကလည်း ကိုရိုနာဗိုင်းရပ်စ်ကနေ သူတို့ကိုယ်သူတို့ကာကွယ်ဖို့နဲ့ တခြားသူတွေကို ကာကွယ်ဖို့ နှာခေါင်းစည်းတွေ ဝတ်ကြပါတယ်။

နိုင်ငံအတော်များများ အထူးသဖြင့် အာရှနိုင်ငံတွေမှာ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြီး မဖြစ်ခင်ကတည်းက လေထုညစ်ညမ်းမှုကနေ ဒါမှမဟုတ် အအေးဒဏ်ကနေ ကာကွယ်ဖို့ နှာခေါင်းစည်းတွေ ဝတ်လေ့ ရှိကြတာပါ။

ဒါပေမဲ့ ဒီလို ဝတ်လေ့ဝတ်ထ မရှိခဲ့တဲ့ နိုင်ငံတွေက လူတချို့ကတော့ သူတို့မျက်နှာမှာ တစ်ခုခု ဖုံးထားရတာကို အတော်လေး မနေတတ် ဖြစ်နေကြပါတယ်။

"နှာခေါင်းစည်း ဝတ်ထားရတာ အသက်ရှူလို့မရဘူး" " စကားပြောရင် အသံက လုံးထွေးနေလို့ ကောင်းကောင်း ပြောလို့မရဘူး" ဆိုတဲ့ စကားတွေ သူတို့ဆီက ကြားရတတ်ပါတယ်။

ခေါင်းမြီးခြုံပုဝါက ပေးတဲ့သင်ခန်းစာ

တကယ်လို့ နှာခေါင်းစည်းကို ကျယ်ကျယ်ပြန့်ပြန့် ဝတ်လာကြရင် နားမကြားတဲ့သူတွေနဲ့ အကြားအာရုံ ပြဿနာရှိတဲ့ တခြားသူတွေအတွက် အခက်အခဲ တွေ့စရာ ဖြစ်လာနိုင်တယ်လို့ ပရဟိတအဖွဲ့တွေကလည်း သတိပေးထားပါတယ်။

ဒါပေမဲ့ ခေါင်မြီးခြုံပုဝါ နေ့စဉ်ဝတ်နေတဲ့ ကမ္ဘာတဝန်းက အမျိုးသမီး သန်းပေါင်းများစွာအတွက်တော့ စကားပြောဆို ဆက်ဆံရာမှာ အခက်အခဲပြဿနာ သိပ်မရှိကြပါဘူး။

နီဂျက်ဘ်၊ ဒါမှမဟုတ် ဘာရ်ကာတို့လို ခေါင်းမြီးခြုံပုဝါမျိုးနဲ့ နှာခေါင်းစည်းက သိသိသာသာ ကွာခြားပါတယ်။ နှာခေါင်းစည်းကို ကျန်းမာရေးအတွက် ဝတ်ကြပြီး နီဂျက်ဘ်၊ ဒါမှမဟုတ် ဘာရ်ကာတို့လို ခေါင်းမြီးခြုံပုဝါကိုတော့ ဘာသာရေး ဒါမှမဟုတ် ရိုးရာထုံးစံအရ ဝတ်လေ့ရှိတာပါ။

နှာခေါင်းစည်းနဲ့ ခေါင်းမြီးခြုံပုဝါအကြား အမျိုးအစား ကွဲပြားသလို ဝတ်ဆင်တဲ့ အဓိပ္ပာယ်ချင်းလည်း မတူကြပါဘူး။ ဒါပေမဲ့ နှစ်ခုစလုံးကတော့ မျက်နှာ အစိတ်အပိုင်းကို အကာအကွယ် ပေးပါတယ်။

ခေါင်းမြီးခြုံပုဝါ ဝတ်တဲ့ အမျိုးသမီးတွေဆီကနေ သူတို့ ဘယ်လို ကောင်းကောင်း ဆက်သွယ်စကားပြောနိုင်ကြသလဲ ဆိုတာနဲ့ ပတ်သက်လို့ ဘာသင်ခန်းစာ ယူနိုင်ပါလဲ။

နှာခေါင်းစည်းတွေဟာ တခြားသူတွေနဲ့ အပြန်အလှန် စကားပြောရာမှာ ထင်ထားသလို တကယ်ပဲ အတားအဆီး ဖြစ်စေပါလား။

."ယေဘုယျအားဖြင့် လူတွေဟာ မျက်နှာပေါ်က အစိတ်အပိုင်း တစ်ခုခုထက်စာရင် မျက်နှာတစ်ခုလုံးကို ပိုအာရုံစိုက်တတ်ကြတယ်" လို့ လူတွေအချင်းချင်း ဆက်သွယ် စကားပြောတဲ့အခါ ဘယ်လို မျက်နှာအမူအရာ ဖော်ပြလေ့ ရှိသလဲ ဆိုတဲ့အကြောင်း လေ့လာနေသူ လန်ဒန်မြို့ Royal Holloway တက္ကသိုလ်က စိတ်ပညာရှင် ရက်ဘက္ကာ ဘရူရာ က ပြောပါတယ်။

"မျက်နှာတစ်ခုလုံးကို မမြင်ရတဲ့အခါ တစ်ခုလုံး ခြုံငုံအာရုံစိုက်တဲ့ ဖြစ်စဉ်ကို ထိခိုက်စေပါတယ်"လို့ သူက ပြောပါတယ်။

ဒါဟာ ခေါင်းမြီးခြုံပုဝါ ဝတ်ဆင်လေ့ ရှိတဲ့ ဆော်ဒီအာရေဗျလူမျိုးတွေရဲ့ ရိုးရာထုံးစံမျိုးမှာတောင် မှန်နေပါတယ်။

အဲဒီမှာ အမျိုးသားတွေ၊ ကလေးတွေက ခေါင်းမြီးခြုံပုဝါ မဝတ်ကြတာကြောင့် မျက်နှာမမြင်ရဘဲ ကျွမ်းကျွမ်းကျင်ကျင် ဆက်ဆံတတ်ဖို့က လူတိုင်းအတွက် မလွယ်ပါဘူး။ ခေါင်းမြီးခြုံပုဝါ ဝတ်တဲ့ အမျိုးသမီးတွေကလည်း အမြဲဝတ်ထားတာမျိုး မဟုတ်ဘဲ အိမ်ထဲမှာ ဒါမှမဟုတ် အမျိုးသမီးတွေချည်း ရှိတဲ့အခါမျိုးတွေမှာဆို ချွတ်ထားလေ့ ရှိတာပါ။
မျက်နှာတွေကို လေ့လာရာမှာ မျက်လုံးနဲ့ ပါးစပ်ဟာ ခံစားမှုကို အဖော်ပြဆုံးနေရာတွေ ဖြစ်
ဟိုးကမ္ဘာဦးကာလအစကတည်းက လူသားတွေဟာ တခြားလူတွေရဲ့ မျက်နှာအမူအရာကို လေ့လာ အကဲခတ်ရာမှာ အံ့မခန်းလောက်အောင် ကျွမ်းကျင်ကြပါတယ်။ ဒီအရည်အချင်းက ဆင့်ကဲပြောင်းလဲလာတဲ့ ဖြစ်စဉ်မှာ လူတွေအတွက် အကျိုးဖြစ်စေပါတယ်။

ဒီအကြောင်းကို ချားလ်စ် ဒါဝင်က သူ့ရဲ့ ၁၈၇၂ ခုနှစ်ထုတ် "လူတွေနဲ့ တိရစ္ဆာန်တွေရဲ့ စိတ်ခံစားမှု အမူအရာအကြောင်း" "The Expression of the Emotions in Man and Animals" ဆိုတဲ့ စာအုပ်ထဲမှာ ရေးသားဖော်ပြထားပါတယ်။

မျက်နှာပေါ်က စိတ်ခံစားမှုကို ဘယ်လို အဓိပ္ပာယ်ဖော်မလဲဆိုတာကို လေ့လာခြင်းအားဖြင့် လူမှုဆက်ဆံရေးမှာ အထောက်အကူ ပြုနိုင်သလို နားလည်မှုလွဲတာကိုလည်း လျော့ပါးစေပြီး အုပ်စုဖွဲ့လုပ်ရတဲ့ လုပ်ငန်းတွေကို ကျွမ်းကျွမ်းကျင်ကျင်နဲ့ သဟဇာတ ဖြစ်စွာ လုပ်နိုင်အောင် အထောက်အကူ ပြုနိုင်မှာ ဖြစ်ပါတယ်။

နှုတ်နဲ့ မပြောဆိုတဲ့ ဆက်ဆံမှုမှာ မျက်နှာနဲ့ ပါးစပ် အရေးပါပုံ

မျက်နှာတွေကို လေ့လာရာမှာ မျက်လုံးနဲ့ ပါးစပ်ဟာ ခံစားမှုကို အဖော်ပြဆုံးနေရာတွေ ဖြစ်တဲ့အတွက် သတင်းအချက်အလက် အရနိုင်ဆုံးနေရာတွေဖြစ်ပါတယ်။

ဘာပြောချင်တာလဲ ဆိုတာကို သိရဖို့အတွက် မျက်လုံးနဲ့ ပါးစပ် လှုပ်ရှားမှုကို မသိစိတ်ကနေ သုံးသပ်လေ့ ရှိကြပါတယ်။

ဒါတောင်မှ ဒီအစိတ်အပိုင်း တစ်ခုချင်းစီနဲ့တင် ခံစားချက်တစ်ချို့ကို ဖော်ပြနိုင်ကြပါတယ်။ အထူးသဖြင့် ပါးစပ်နေရာက ပျော်ရွှင်မှုကို ဖော်ပြရာမှာ သိပ်ကောင်းပါတယ်။
ပါးစပ်နေရာကို ဖုံးအုပ်ထားတာဟာ ရင်းနှီးဖိတ်ခေါ်မှုကို ပြလိုတဲ့အခါမျိုးမှာ ပြဿနာ ပေါ်လာနိုင်ပါတယ်။
ပါးစပ်နေရာကို ဖုံးအုပ်ထားတာဟာ ရင်းနှီးဖိတ်ခေါ်မှုကို ပြလိုတဲ့အခါမျိုးမှာ ပြဿနာ ပေါ်လာနိုင်ပါတယ်။ ဒါကြောင့်လည်း လူနာတွေကို အနီးကပ် ကုသစောင့်ရှောက်တဲ့ ကျန်းမာရေးဝန်ထမ်း အတော်များများဟာ လူနာတွေ စိုးရိမ်စိတ် လျော့ပါးအောင် လုပ်တဲ့အနေနဲ့ အပြုံးမျက်နှာနဲ့ သူတို့ရဲ့ပုံတွေကို ဆေးရုံ ယူနီဖောင်းဝတ်စုံတွေပေါ်မှာ ချိတ်ထားလေ့ ရှိတာပါ။

ဒါပေမဲ့ မျက်နှာတစ်ခုလုံးကိုပဲဖြစ်ဖြစ် တစ်စိတ်တစ်ပိုင်းကိုပဲဖြစ်ဖြစ် အားထားတာဟာ အထင်မှားစရာ ဖြစ်စေနိုင်တယ်လို့ အိုဟိုင်ယိုပြည်နယ်တက္ကသိုလ်က လျှပ်စစ်နဲ့ ကွန်ပြူတာ အင်ဂျင်နီယာ ပါမောက္ခ အဲလက်စ် မာတီနက်ဇ်က သတိပေးပါတယ်။

ဘယ်အချိန်မှာ အပြုံးက အထင်မှားစရာ ဖြစ်စေသလဲ

မာတီနက်ဇ်ဟာ မျက်နှာဖော်ပြမှုကို လူတွေ ဘယ်လို အဓိပ္ပါယ်ဖော်သလဲဆိုတာကို ကွန်ပျူတာစက်တွေကို သင်ပေးဖို့အတွက် လေ့လာနေတာပါ။

ပြုံးပြဖို့အတွက် ပျော်နေစရာ မလိုပါဘူး။ ပျော်နေတိုင်းလည်း အမြဲပြုံးမနေပါဘူး လို့ သူက ထောက်ပြပါတယ်။

တကယ်တန်းမှာ အပြုံးအမျိုးအစား ၁၉ မျိုး ရှိပြီး အဲဒီထဲမှာ ၆ မျိုးကပဲ ပျော်ရွှင်မှု၊ ကျေနပ်အားရမှု ခံစားချက်တွေနဲ့ ဆက်နွှယ်နေတယ်လို့ လေ့လာချက်တွေက ဆိုပါတယ်။

ကျန်တာတွေကတော့ ထိတ်လန့်တဲ့အခါ၊ ရှက်ကြောက်တဲ့အခါ၊ နာကျင်တဲ့အခါနဲ့ တခြားအချိန်မျိုးတွေမှာ ပြုံးလေ့ ရှိတာပါ။

မျက်နှာပိုင်း ဖော်ပြမှုကို မှန်ကန်စွာ အနက်ဖော်နိုင်တဲ့ အဓိက သော့ချက်ကတော့ ကိုယ်ခန္ဓာ အနေအထား၊ ကိုယ်ခန္ဓာ လှုပ်ရှားမှုနဲ့ အခြေအနေကို လေ့လာသုံးသပ်ဖို့ ဖြစ်တယ်လို့ သူက ပြောပါတယ်။
တချို့ အခြေအနေတွေမှာ မျက်နှာတွေဟာ နောက်ခံ စိတ်လှုပ်ရှားမှုကို ဖော်ပြနိုင်စွမ်း နည်း
သူဆိုလိုချင်တဲ့ အချက်ကို သရုပ်ပြဖို့အတွက် မစ္စတာ မာတီနက်ဇ် က ဖြတ်တောက်ထားတဲ့ ပုံ နှစ်ပုံကို ဥပမာ ပြပါတယ်။ ပထမပုံက အမျိုးသမီးငယ်တစ်ဦး မျက်မှောင်ကြုတ်ထားပြီး သူ့မျက်လုံးထဲ ကနေ မျက်ရည်တွေ စီးကျနေတဲ့ ပုံပါ။ ဒုတိယပုံကတော့ နဖူးရေတွန့်၊ မျက်နှာကြီးရဲနေတဲ့ အမျိုးသားတစ်ဦး ပါးစပ်ကြီးဟပြီး အော်ဟစ်တော့မယ့် ပုံပါ။

အမျိုးသမီးက အရမ်း ဝမ်းနည်းနေပုံ ရပြီး အမျိုးသားကတော့ တစ်ယောက်ယောက်ကို သတ်တော့မယ့်ပုံနဲ့ တူတယ်လို့ မစ္စတာ မာတီနက်ဇ် က ပြောပါတယ်။ ဒါပေမဲ့ ပုံတွေကို ပုံကြီးချဲ့ကြည့်လိုက်တဲ့အခါမှာတော့ အဲဒီပုံတွေဟာ ဘောလုံး ဂိုးသွင်းသွားလို့ ဝမ်းသာအားရ ကျေနပ်နေတဲ့ ဘောလုံးပရိသတ် အမျိုးသမီးနဲ့ ဘောလုံးဂိုးသွင်းလိုက်နိုင်လို့ ပျော်ရွှင်မြူးတူးနေတဲ့ ဘောလုံးသမားရဲ့ ပုံတွေ ဖြစ်နေတာ တွေ့ရမှာပါ။

ဒါပေမဲ့လည်း ဒီပုံတွေဟာ ခံစားချက် တရားလွန် ပြင်းထန်တဲ့ အခြေအနေ မြင်ကွင်းတွေ ဖြစ်ပါတယ်။ ဒီလို အခြေအနေမျိုးတွေမှာ မျက်နှာတွေဟာ နောက်ခံ စိတ်လှုပ်ရှားမှုကို ဖော်ပြနိုင်စွမ်း နည်းပါးတဲ့ ခန့်မှန်းချက်စံ ဖြစ်နေတတ်ပါတယ်။

သာမန် အခြေအနေမျိုးမှာတော့ မျက်နှာ အမူအရာ ဖော်ပြချက်တွေဟာ သတင်းစကားနဲ့ ရည်ရွယ်ချက်ကို သိအောင် လုပ်ပြတဲ့ လက်ဟန်ခြေဟန်၊ ကိုယ်အမူအရာ၊ စကားလုံး၊ အသံအတိုးအကျယ်၊ အသံအနေအထား နဲ့ မျက်နှာ အရောင် အပါအဝင် သဲလွန်စတွေ စုပေါင်းထားတဲ့ အထဲက တစ်ခု ဖြစ်ပါတယ်။

"တခြားသဲလွန်စတွေကို သိရင် ရပါပြီ၊ နှာခေါင်းစည်း တပ်ထားတာပဲဖြစ်ဖြစ်၊ မျက်နှာပဲဖုံးထားထား၊ ပါးစပ်က ဖွင့်မပြောလည်း ကိုယ်ဘာပြောချင်တာလဲဆိုတာ တခြားသူတွေက နားလည်နိုင်ပါတယ်"

ဒီအချက်က မှန်တယ်လို့ နယ်သာလန်နိုင်ငံအခြေစိုက် စိတ်ပညာရှင် ဆမား အယ်လ် ဇယာ က ဆော်ဒီအာရေဗျမှာ သူနေခဲ့ဖူးတဲ့ အတွေ့အကြုံတွေအရ ပြောပြပါတယ်။

သူကိုယ်တိုင်က ခေါင်းမြီးမခြုံပေမဲ့ သူ့အဒေါ် အတော်များများနဲ့ လုပ်ဖော်ကိုင်ဖက်တွေက ခေါင်းမြီးခြုံကြပါတယ်။

"သိပ်မခက်လှပါဘူး။ လုပ်နေကျတော့ မဟုတ်ဘူးပေါ့။ သူတို့နဲ့ မျက်စိကို ပိုအကဲခတ်တယ်။ သူတို့ရဲ့ အသံအနေအထားနဲ့လက်ဟန်ခြေဟန်ကို ပိုအာရုံစိုက် လေ့လာတယ်" လို့ အယ်လ် ဇယာ က ပြန်ပြောပြပါတယ်။
မျက်နှာဖုံးထားသူတွေမှာတင် သူတို့ပြောချင်တာကို တစ်ဖက်က သိအောင် လုပ်ပေးဖို့ တာဝန်ရှိတာ မဟုတ်ပါဘူး။ နားထောင်တဲ့သူဘက်ကလည်း လိုတာကို လိုက်ညှိလို့ရပါတယ်။
ပါကစ္စတန်နိုင်ငံ ရာဝါပင်ဒီမြို့က အသက် ၃၄ နှစ်အရွယ် ခေါင်းမြီးခြုံ အိမ်ရှင်မ မာရီယာ အလီ ကလည်း ဒီအချက်ကို သဘောတူပါတယ်။

တခြား ခေါင်းမြီးခြုံအမျိုးသမီးတွေနဲ့ ဆက်ဆံတဲ့အခါမှာ တစ်ခါမှ မတွေ့ဖူးတဲ့ သူစိမ်း အမျိုးသမီးဆိုရင်တောင် သူတစ်ခါမှ အခက်အခဲ မတွေ့ခဲ့ဖူးဘူးလို့ ပြောပြပါတယ်။ လက်ဟန်ခြေဟန်၊ အသံနဲ့တင် သူတို့ ပြောချင်တာကို နားလည်နိုင်တယ်လို့ ဆိုပါတယ်။

အလီနဲ့ အယ်လ် ဇယာ တို့ရဲ့ အတွေ့အကြုံတွေအရ နှာခေါင်းစည်း ဝတ်ထားသူ ဒါမှမဟုတ် မျက်နှာဖုံးထားသူတွေမှာတင် သူတို့ပြောချင်တာကို တစ်ဖက်က သိအောင် လုပ်ပေးဖို့ တာဝန်ရှိတာ မဟုတ်ပါဘူး။ နားထောင်တဲ့သူဘက်ကလည်း လိုတာကို လိုက်ညှိလို့ရပါတယ်။

"ကျွန်မဆိုရင် ခေါင်းမြီးခြုံပုဝါ ဆောင်းထားရင် အသံကို မြှင့်ပြီး ပြောတတ်လာတယ်" လို့ ဂျော်ဂျီယာပြည်နယ် အက်တလန်တာမြို့နားမှာ နေတဲ့ ကောလိပ်ကျောင်းသူ မာရီယမ် ဇဖာက ပြောပြပါတယ်။

ဆော်ဒီအာရေဗျနိုင်ငံ သူဝါလ်မြို့မှာနေတဲ့ အသက် ၂၃နှစ်အရွယ် မာဂျန်း အလီကတော့ ခေါင်းမြီးခြုံပုဝါ ဆောင်းထားတဲ့အခါမျိုးမှာ သူ့ရဲ့ မျက်နှာ အမူအရာက တစ်မျိုးဖြစ်သွားတတ်တယ်လို့ ဆိုပါတယ်။ အဲဒီအခါမျိုးမှာ သူ့မျက်ခုံးကို ပင့်ပြီး ပြောတတ်လာတာကို သတိထားမိတယ် လို့ သူက ပြောပြပါတယ်။

နှာခေါင်းစည်း ဒါမှမဟုတ် ခေါင်းမြီးခြုံပုဝါ ဝတ်ထားရင်တောင် မျက်နှာရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ မျက်စိကနေလည်း စိတ်ခံစားချက်ကို သိသိသာသာ ဖော်ပြနိုင်ပါတယ်။

"မျက်စိဟာ စိတ်ဝိညာဉ်ရဲ့ ပြတင်းပေါက် ဖြစ်တယ်"လို့ နာမည်ကျော် စာရေးဆရာကြီး ရှိတ်စပီးယားကတောင် ဖွဲ့ဆိုခဲ့ဖူးပါတယ်။
မျက်စိဟာ စိတ်ဝိညာဉ်ရဲ့ ပြတင်းပေါက် ဖြစ်တယ်"လို့ နာမည်ကျော် စာရေးဆရာကြီး ရှိတ်စပီးယားကတောင် ဖွဲ့ဆိုခဲ့ဖူးပါတယ်။
စိတ်ပညာရှင်တွေကတော့ လူတွေဟာ စိတ်ရဲ့သီအိုရီလို့ ဆိုကြတဲ့ မျက်စိနေရာကို ကြည့်ပြီး ခံစားချက်၊ ယုံကြည်မှု၊ လိုအင်ဆန္ဒ၊ ရည်ရွယ်ချက် စသဖြင့် စိတ်အခြေအနေကို အကဲခတ် ကောက်ချက်ချတတ်ကြတယ်လို့ ဆိုပါတယ်။

လူတစ်ယောက်မှာ အော်တစ်ဇင်၊ အက်စ်စ်ပါဂျာ ဆင်ဒရုန်း၊ စိတ်တက်လွယ်ကျလွယ်ရောဂါ ဒါမှမဟုတ် တခြား အာရုံကြောတိုးတက်မှု ချို့ယွင်းတဲ့ ရောဂါတွေ ရှိမရှိ ဆိုတာ မျက်စိကနေပဲ အကဲခတ်လေ့ ရှိကြတာပါ။

အားလုံးသုံးနိုင်တဲ့ နှာခေါင်းစည်း ဖန်တီး

အကြားအာရုံ ချို့ယွင်းနေသူတွေအတွက်တော့ ပါးစပ်ဖုံးထားတာဟာ အဓိက အတားအဆီးကြီး ဖြစ်နေဆဲပါ။ ကမ္ဘာ့လူဦးရေရဲ့ အနည်းဆုံး ၅ ရာခိုင်နှုန်းဟာ အကြားအာရုံ ချို့ယွင်းနေသူတွေ ဖြစ်ပြီး ပါးစပ်နဲ့ မျက်နှာ အရိပ်အကဲကနေ အဓိပ္ပာယ်ဖော်မှုဟာ ဆွံ့အနားမကြား သင်္ကေတ သုံးသူတွေအတွက်တောင် အရေးပါတဲ့ ဆက်သွယ်ရေး အစိတ်အပိုင်း တစ်ခု ဖြစ်နေနိုင်ပါတယ်။

အကြားအာရုံ ချို့ယွင်းသူတွေ နှာခေါင်းစည်းကြောင့် ကြုံရတဲ့ ဒီလိုပြဿနာတွေကို ကျော်လွှားနိုင်ဖို့အတွက် နိုင်ငံတချို့မှာ ပရဟိတအဖွဲ့တွေက ပါးစပ်ကို ဖောက်ထွင်း မြင်နိုင်တဲ့ နှာခေါင်းစည်းတွေ ချုပ်ပေးခဲ့ကြပါတယ်။

လူထုသယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေ၊ ဆေးရုံတွေ၊ ဆိုင်ကောင်တာတွေမှာ အလုပ်လုပ်တဲ့ အကြားအာရုံ ချို့ယွင်းသူ ဝန်ထမ်းတွေကို ဒီလို နှာခေါင်းစည်းတွေ ပေးခြင်းအားဖြင့် သူတို့ ဖယ်ကျဉ်မခံရအောင် ကာကွယ်နိုင်မယ်လို့ ပဟိတအဖွဲ့တွေက ယူဆနေကြပါတယ်။
နိုင်ငံတစ်ချို့မှာ ပရဟိတအဖွဲ့တွေက ပါးစပ်ကို ဖောက်ထွင်း မြင်နိုင်တဲ့ နှာခေါင်းစည်းတွေ ချုပ်ပေးခဲ့ကြပါတယ်
နှာခေါင်းစည်း ဝတ်ထားတဲ့အတွက် တစ်ခါတလေ ကိုယ်စကားပြော ဆက်ဆံနေသူနဲ့ ကိုယ့်အကြား ခန္ဓာကိုယ် အတားအဆီးတစ်ခု ခြားထားသလို ခံစားမိတတ်ပါတယ်။

အထူးသဖြင့် ဆိုင်မှာ တွေ့လို့ လှမ်းစကားပြောတာမျိုးထက် အလေးအနက် ဆွေးနွေး ပြောဆိုတဲ့အခါမျိုးမှာ အဲဒီလို ပို ခံစားရတတ်တယ်လို့ ယော့ခ် တက္ကသိုလ်က လူမှုဗေဒပညာရှင် ဟယ်ရစ်စ် အလီက ပြောပါတယ်။

"အဲဒီလိုအခါမျိုးမှာ မစဉ်းစားမိဘဲ နှာခေါင်းစည်း ချွတ်ပြီး စကားပြောလိုက်မိမလို ဖြစ်တတ်လေ့ ရှိပါတယ်"

"ကိုရိုနာဗိုင်းရပ်စ်ကြောင့် နှာခေါင်းစည်းမချွတ်သင့်တဲ့အခါမျိုးမှာ ပိုဆိုးတတ်ပါတယ်"

သာမန်အချိန် ခေါင်းမြီးခြုံပုဝါ ဝတ်သူအမျိုးသမီးတွေကတော့ ပိုသက်တောင့်သက်သာ ရှိတဲ့အတွက် ဒီလို မဖြစ်ကြပါဘူး။

နှာခေါင်းစည်း ဝတ်တာနဲ့ ခေါင်းမြီးခြုံပုဝါ ဆောင်းတာကို နှိုင်းယှဉ်ကြည့်ရင် ၁၀၀ ရာခိုင်နှုန်း ကွာခြားတာ တွေ့ရမယ်လို့ မာဂျန်း အလီ က ပြောပါတယ်။
ခေါင်းမြီးခြုံပုဝါကတော့ နှာခေါင်းပေါ်မှာ အဝတ်ပါးနဲ့ စည်းထားပေမဲ့ မေးစေ့နဲ့ မေးရိုးနေရာမှာ ခပ်ချောင်ချောင် လွှားထားလေ့ရှိတာပါ။
နှာခေါင်းစည်းတွေကို အဝတ်စတွေ၊ polypropylene ပလတ်စတစ်စလွှာတွေနဲ့ အထပ်ထပ် ချုပ်လေ့ ရှိပြီး နှာခေါင်းနဲ့ ပါးစပ်ပေါ်မှာ အလုံ ပိတ်ကာထားတာပါ။ ခေါင်းမြီးခြုံပုဝါကတော့ နှာခေါင်းပေါ်မှာ အဝတ်ပါးနဲ့ စည်းထားပေမဲ့ မေးစေ့နဲ့ မေးရိုးနေရာမှာ ခပ်ချောင်ချောင် လွှားထားလေ့ရှိတာပါ။

နှာခေါင်းစည်းဝတ်တာနဲ့ ခေါင်းမြီးခြုံတာက အတော့်ကို ကွာတယ်လို့ အလီက ပြောပါတယ်။

"နှာခေါင်းစည်း ဝတ်ထားရင် မျက်နှာက အရမ်းပူအိုက်လာတယ်။ ခေါင်းမြီးခြုံရင်တော့ အဲဒီလို မဖြစ်ဘူး"

အသုံးဝင်တဲ့ အကြံပေးချက်

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြီးက ဆက်ဖြစ်နေဆဲမို့ လတ်တလော အခြေအနေမှာ နှာခေါင်းစည်းတွေ ဖြုတ်ရမယ့်ပုံ သိပ်မတွေ့ရသေးပါဘူး။ ဒီတော့ လက်တွေ့ကျကျ စဉ်းစားပြီး လိုက်လျောညီထွေ ဖြစ်အောင် လေ့လာသင်ယူကြဖို့ လိုပါတယ်။

အခက်အခဲတွေ့တဲ့အခါမျိုးမှာ လုပ်သင့်တဲ့ အချက်တချို့ကို စိတ်ပညာရှင် အယ်လ် ဇယာ အကြံပြုထားတာက "စကားပြောဆို ဆက်ဆံမှု အများကြီး ပိုလုပ်ပေးပါ။ ခါတိုင်းထက် ပိုစကားပြောပါ။ မေးခွန်းတွေ ပိုမေးပါ။ တခြားသူရဲ့ စိတ်ခံစားချက်ကို မှန်မှန်ကန်ကန် အဓိပ္ပာယ် ကောက်နိုင်အောင် လုပ်ပါ"

"ကိုယ့်ရဲ့ တခြားစိတ်အာရုံနဲ့ ကိုယ်ခန္ဓာအမူအယာကို ဘယ်လို အသုံးချရမလဲဆိုတာကို လေ့လာ သင်ယူပါ"

BBC Burmese
----------------------------------
(Zawgyi)⤵⤵⤵
ႏွာေခါင္းစည္း ဝတ္ျခင္းအားျဖင့္ လူေတြရဲ႕ ဆက္ဆံေျပာဆိုမႈေတြမွာ ထိခိုက္မႈေတြ ရွိလာႏိုင္သလား။

အခုခါ ႏိုင္ငံေပါင္း ၅၀ ေက်ာ္မွာ လူအမ်ားအၾကား ႏွာေခါင္းစည္း မဝတ္မေနရ စည္းမ်ဥ္း ထုတ္ျပန္ထားၿပီ ျဖစ္ပါတယ္။

စည္းမ်ဥ္း မထုတ္ျပန္ထားတဲ့ႏိုင္ငံေတြက လူအေတာ္မ်ားမ်ားကလည္း ကို႐ိုနာဗိုင္းရပ္စ္ကေန သူတို႔ကိုယ္သူတို႔ကာကြယ္ဖို႔နဲ႔ တျခားသူေတြကို ကာကြယ္ဖို႔ ႏွာေခါင္းစည္းေတြ ဝတ္ၾကပါတယ္။

ႏိုင္ငံအေတာ္မ်ားမ်ား အထူးသျဖင့္ အာရွႏိုင္ငံေတြမွာ ကို႐ိုနာဗိုင္းရပ္စ္ ကပ္ေရာဂါႀကီး မျဖစ္ခင္ကတည္းက ေလထုညစ္ညမ္းမႈကေန ဒါမွမဟုတ္ အေအးဒဏ္ကေန ကာကြယ္ဖို႔ ႏွာေခါင္းစည္းေတြ ဝတ္ေလ့ ရွိၾကတာပါ။

ဒါေပမဲ့ ဒီလို ဝတ္ေလ့ဝတ္ထ မရွိခဲ့တဲ့ ႏိုင္ငံေတြက လူတခ်ိဳ႕ကေတာ့ သူတို႔မ်က္ႏွာမွာ တစ္ခုခု ဖုံးထားရတာကို အေတာ္ေလး မေနတတ္ ျဖစ္ေနၾကပါတယ္။

"ႏွာေခါင္းစည္း ဝတ္ထားရတာ အသက္ရႉလို႔မရဘူး" " စကားေျပာရင္ အသံက လုံးေထြးေနလို႔ ေကာင္းေကာင္း ေျပာလို႔မရဘူး" ဆိုတဲ့ စကားေတြ သူတို႔ဆီက ၾကားရတတ္ပါတယ္။

ေခါင္းၿမီးၿခဳံပုဝါက ေပးတဲ့သင္ခန္းစာ

တကယ္လို႔ ႏွာေခါင္းစည္းကို က်ယ္က်ယ္ျပန႔္ျပန႔္ ဝတ္လာၾကရင္ နားမၾကားတဲ့သူေတြနဲ႔ အၾကားအာ႐ုံ ျပႆနာရွိတဲ့ တျခားသူေတြအတြက္ အခက္အခဲ ေတြ႕စရာ ျဖစ္လာႏိုင္တယ္လို႔ ပရဟိတအဖြဲ႕ေတြကလည္း သတိေပးထားပါတယ္။

ဒါေပမဲ့ ေခါင္ၿမီးၿခဳံပုဝါ ေန႔စဥ္ဝတ္ေနတဲ့ ကမာၻတဝန္းက အမ်ိဳးသမီး သန္းေပါင္းမ်ားစြာအတြက္ေတာ့ စကားေျပာဆို ဆက္ဆံရာမွာ အခက္အခဲျပႆနာ သိပ္မရွိၾကပါဘူး။

နီဂ်က္ဘ္၊ ဒါမွမဟုတ္ ဘာရ္ကာတို႔လို ေခါင္းၿမီးၿခဳံပုဝါမ်ိဳးနဲ႔ ႏွာေခါင္းစည္းက သိသိသာသာ ကြာျခားပါတယ္။ ႏွာေခါင္းစည္းကို က်န္းမာေရးအတြက္ ဝတ္ၾကၿပီး နီဂ်က္ဘ္၊ ဒါမွမဟုတ္ ဘာရ္ကာတို႔လို ေခါင္းၿမီးၿခဳံပုဝါကိုေတာ့ ဘာသာေရး ဒါမွမဟုတ္ ႐ိုးရာထုံးစံအရ ဝတ္ေလ့ရွိတာပါ။

ႏွာေခါင္းစည္းနဲ႔ ေခါင္းၿမီးၿခဳံပုဝါအၾကား အမ်ိဳးအစား ကြဲျပားသလို ဝတ္ဆင္တဲ့ အဓိပၸာယ္ခ်င္းလည္း မတူၾကပါဘူး။ ဒါေပမဲ့ ႏွစ္ခုစလုံးကေတာ့ မ်က္ႏွာ အစိတ္အပိုင္းကို အကာအကြယ္ ေပးပါတယ္။

ေခါင္းၿမီးၿခဳံပုဝါ ဝတ္တဲ့ အမ်ိဳးသမီးေတြဆီကေန သူတို႔ ဘယ္လို ေကာင္းေကာင္း ဆက္သြယ္စကားေျပာႏိုင္ၾကသလဲ ဆိုတာနဲ႔ ပတ္သက္လို႔ ဘာသင္ခန္းစာ ယူႏိုင္ပါလဲ။

ႏွာေခါင္းစည္းေတြဟာ တျခားသူေတြနဲ႔ အျပန္အလွန္ စကားေျပာရာမွာ ထင္ထားသလို တကယ္ပဲ အတားအဆီး ျဖစ္ေစပါလား။

."ေယဘုယ်အားျဖင့္ လူေတြဟာ မ်က္ႏွာေပၚက အစိတ္အပိုင္း တစ္ခုခုထက္စာရင္ မ်က္ႏွာတစ္ခုလုံးကို ပိုအာ႐ုံစိုက္တတ္ၾကတယ္" လို႔ လူေတြအခ်င္းခ်င္း ဆက္သြယ္ စကားေျပာတဲ့အခါ ဘယ္လို မ်က္ႏွာအမူအရာ ေဖာ္ျပေလ့ ရွိသလဲ ဆိုတဲ့အေၾကာင္း ေလ့လာေနသူ လန္ဒန္ၿမိဳ႕ Royal Holloway တကၠသိုလ္က စိတ္ပညာရွင္ ရက္ဘကၠာ ဘ႐ူရာ က ေျပာပါတယ္။

"မ်က္ႏွာတစ္ခုလုံးကို မျမင္ရတဲ့အခါ တစ္ခုလုံး ၿခဳံငုံအာ႐ုံစိုက္တဲ့ ျဖစ္စဥ္ကို ထိခိုက္ေစပါတယ္"လို႔ သူက ေျပာပါတယ္။

ဒါဟာ ေခါင္းၿမီးၿခဳံပုဝါ ဝတ္ဆင္ေလ့ ရွိတဲ့ ေဆာ္ဒီအာေရဗ်လူမ်ိဳးေတြရဲ႕ ႐ိုးရာထုံးစံမ်ိဳးမွာေတာင္ မွန္ေနပါတယ္။

အဲဒီမွာ အမ်ိဳးသားေတြ၊ ကေလးေတြက ေခါင္းၿမီးၿခဳံပုဝါ မဝတ္ၾကတာေၾကာင့္ မ်က္ႏွာမျမင္ရဘဲ ကြၽမ္းကြၽမ္းက်င္က်င္ ဆက္ဆံတတ္ဖို႔က လူတိုင္းအတြက္ မလြယ္ပါဘူး။ ေခါင္းၿမီးၿခဳံပုဝါ ဝတ္တဲ့ အမ်ိဳးသမီးေတြကလည္း အၿမဲဝတ္ထားတာမ်ိဳး မဟုတ္ဘဲ အိမ္ထဲမွာ ဒါမွမဟုတ္ အမ်ိဳးသမီးေတြခ်ည္း ရွိတဲ့အခါမ်ိဳးေတြမွာဆို ခြၽတ္ထားေလ့ ရွိတာပါ။

ဟိုးကမာၻဦးကာလအစကတည္းက လူသားေတြဟာ တျခားလူေတြရဲ႕ မ်က္ႏွာအမူအရာကို ေလ့လာ အကဲခတ္ရာမွာ အံ့မခန္းေလာက္ေအာင္ ကြၽမ္းက်င္ၾကပါတယ္။ ဒီအရည္အခ်င္းက ဆင့္ကဲေျပာင္းလဲလာတဲ့ ျဖစ္စဥ္မွာ လူေတြအတြက္ အက်ိဳးျဖစ္ေစပါတယ္။

ဒီအေၾကာင္းကို ခ်ားလ္စ္ ဒါဝင္က သူ႔ရဲ႕ ၁၈၇၂ ခုႏွစ္ထုတ္ "လူေတြနဲ႔ တိရစာၦန္ေတြရဲ႕ စိတ္ခံစားမႈ အမူအရာအေၾကာင္း" "The Expression of the Emotions in Man and Animals" ဆိုတဲ့ စာအုပ္ထဲမွာ ေရးသားေဖာ္ျပထားပါတယ္။

မ်က္ႏွာေပၚက စိတ္ခံစားမႈကို ဘယ္လို အဓိပၸာယ္ေဖာ္မလဲဆိုတာကို ေလ့လာျခင္းအားျဖင့္ လူမႈဆက္ဆံေရးမွာ အေထာက္အကူ ျပဳႏိုင္သလို နားလည္မႈလြဲတာကိုလည္း ေလ်ာ့ပါးေစၿပီး အုပ္စုဖြဲ႕လုပ္ရတဲ့ လုပ္ငန္းေတြကို ကြၽမ္းကြၽမ္းက်င္က်င္နဲ႔ သဟဇာတ ျဖစ္စြာ လုပ္ႏိုင္ေအာင္ အေထာက္အကူ ျပဳႏိုင္မွာ ျဖစ္ပါတယ္။

ႏႈတ္နဲ႔ မေျပာဆိုတဲ့ ဆက္ဆံမႈမွာ မ်က္ႏွာနဲ႔ ပါးစပ္ အေရးပါပုံ

မ်က္ႏွာေတြကို ေလ့လာရာမွာ မ်က္လုံးနဲ႔ ပါးစပ္ဟာ ခံစားမႈကို အေဖာ္ျပဆုံးေနရာေတြ ျဖစ္တဲ့အတြက္ သတင္းအခ်က္အလက္ အရႏိုင္ဆုံးေနရာေတြျဖစ္ပါတယ္။

ဘာေျပာခ်င္တာလဲ ဆိုတာကို သိရဖို႔အတြက္ မ်က္လုံးနဲ႔ ပါးစပ္ လႈပ္ရွားမႈကို မသိစိတ္ကေန သုံးသပ္ေလ့ ရွိၾကပါတယ္။

ဒါေတာင္မွ ဒီအစိတ္အပိုင္း တစ္ခုခ်င္းစီနဲ႔တင္ ခံစားခ်က္တစ္ခ်ိဳ႕ကို ေဖာ္ျပႏိုင္ၾကပါတယ္။ အထူးသျဖင့္ ပါးစပ္ေနရာက ေပ်ာ္႐ႊင္မႈကို ေဖာ္ျပရာမွာ သိပ္ေကာင္းပါတယ္။

ပါးစပ္ေနရာကို ဖုံးအုပ္ထားတာဟာ ရင္းႏွီးဖိတ္ေခၚမႈကို ျပလိုတဲ့အခါမ်ိဳးမွာ ျပႆနာ ေပၚလာႏိုင္ပါတယ္။

ပါးစပ္ေနရာကို ဖုံးအုပ္ထားတာဟာ ရင္းႏွီးဖိတ္ေခၚမႈကို ျပလိုတဲ့အခါမ်ိဳးမွာ ျပႆနာ ေပၚလာႏိုင္ပါတယ္။ ဒါေၾကာင့္လည္း လူနာေတြကို အနီးကပ္ ကုသေစာင့္ေရွာက္တဲ့ က်န္းမာေရးဝန္ထမ္း အေတာ္မ်ားမ်ားဟာ လူနာေတြ စိုးရိမ္စိတ္ ေလ်ာ့ပါးေအာင္ လုပ္တဲ့အေနနဲ႔ အၿပဳံးမ်က္ႏွာနဲ႔ သူတို႔ရဲ႕ပုံေတြကို ေဆး႐ုံ ယူနီေဖာင္းဝတ္စုံေတြေပၚမွာ ခ်ိတ္ထားေလ့ ရွိတာပါ။

ဒါေပမဲ့ မ်က္ႏွာတစ္ခုလုံးကိုပဲျဖစ္ျဖစ္ တစ္စိတ္တစ္ပိုင္းကိုပဲျဖစ္ျဖစ္ အားထားတာဟာ အထင္မွားစရာ ျဖစ္ေစႏိုင္တယ္လို႔ အိုဟိုင္ယိုျပည္နယ္တကၠသိုလ္က လွ်ပ္စစ္နဲ႔ ကြန္ျပဴတာ အင္ဂ်င္နီယာ ပါေမာကၡ အဲလက္စ္ မာတီနက္ဇ္က သတိေပးပါတယ္။

ဘယ္အခ်ိန္မွာ အၿပဳံးက အထင္မွားစရာ ျဖစ္ေစသလဲ

မာတီနက္ဇ္ဟာ မ်က္ႏွာေဖာ္ျပမႈကို လူေတြ ဘယ္လို အဓိပၸါယ္ေဖာ္သလဲဆိုတာကို ကြန္ပ်ဴတာစက္ေတြကို သင္ေပးဖို႔အတြက္ ေလ့လာေနတာပါ။

ၿပဳံးျပဖို႔အတြက္ ေပ်ာ္ေနစရာ မလိုပါဘူး။ ေပ်ာ္ေနတိုင္းလည္း အၿမဲၿပဳံးမေနပါဘူး လို႔ သူက ေထာက္ျပပါတယ္။

တကယ္တန္းမွာ အၿပဳံးအမ်ိဳးအစား ၁၉ မ်ိဳး ရွိၿပီး အဲဒီထဲမွာ ၆ မ်ိဳးကပဲ ေပ်ာ္႐ႊင္မႈ၊ ေက်နပ္အားရမႈ ခံစားခ်က္ေတြနဲ႔ ဆက္ႏႊယ္ေနတယ္လို႔ ေလ့လာခ်က္ေတြက ဆိုပါတယ္။

က်န္တာေတြကေတာ့ ထိတ္လန႔္တဲ့အခါ၊ ရွက္ေၾကာက္တဲ့အခါ၊ နာက်င္တဲ့အခါနဲ႔ တျခားအခ်ိန္မ်ိဳးေတြမွာ ၿပဳံးေလ့ ရွိတာပါ။

မ်က္ႏွာပိုင္း ေဖာ္ျပမႈကို မွန္ကန္စြာ အနက္ေဖာ္ႏိုင္တဲ့ အဓိက ေသာ့ခ်က္ကေတာ့ ကိုယ္ခႏၶာ အေနအထား၊ ကိုယ္ခႏၶာ လႈပ္ရွားမႈနဲ႔ အေျခအေနကို ေလ့လာသုံးသပ္ဖို႔ ျဖစ္တယ္လို႔ သူက ေျပာပါတယ္။

သူဆိုလိုခ်င္တဲ့ အခ်က္ကို သ႐ုပ္ျပဖို႔အတြက္ မစၥတာ မာတီနက္ဇ္ က ျဖတ္ေတာက္ထားတဲ့ ပုံ ႏွစ္ပုံကို ဥပမာ ျပပါတယ္။ ပထမပုံက အမ်ိဳးသမီးငယ္တစ္ဦး မ်က္ေမွာင္ၾကဳတ္ထားၿပီး သူ႔မ်က္လုံးထဲ ကေန မ်က္ရည္ေတြ စီးက်ေနတဲ့ ပုံပါ။ ဒုတိယပုံကေတာ့ နဖူးေရတြန႔္၊ မ်က္ႏွာႀကီးရဲေနတဲ့ အမ်ိဳးသားတစ္ဦး ပါးစပ္ႀကီးဟၿပီး ေအာ္ဟစ္ေတာ့မယ့္ ပုံပါ။

အမ်ိဳးသမီးက အရမ္း ဝမ္းနည္းေနပုံ ရၿပီး အမ်ိဳးသားကေတာ့ တစ္ေယာက္ေယာက္ကို သတ္ေတာ့မယ့္ပုံနဲ႔ တူတယ္လို႔ မစၥတာ မာတီနက္ဇ္ က ေျပာပါတယ္။ ဒါေပမဲ့ ပုံေတြကို ပုံႀကီးခ်ဲ႕ၾကည့္လိုက္တဲ့အခါမွာေတာ့ အဲဒီပုံေတြဟာ ေဘာလုံး ဂိုးသြင္းသြားလို႔ ဝမ္းသာအားရ ေက်နပ္ေနတဲ့ ေဘာလုံးပရိသတ္ အမ်ိဳးသမီးနဲ႔ ေဘာလုံးဂိုးသြင္းလိုက္ႏိုင္လို႔ ေပ်ာ္႐ႊင္ျမဴးတူးေနတဲ့ ေဘာလုံးသမားရဲ႕ ပုံေတြ ျဖစ္ေနတာ ေတြ႕ရမွာပါ။

ဒါေပမဲ့လည္း ဒီပုံေတြဟာ ခံစားခ်က္ တရားလြန္ ျပင္းထန္တဲ့ အေျခအေန ျမင္ကြင္းေတြ ျဖစ္ပါတယ္။ ဒီလို အေျခအေနမ်ိဳးေတြမွာ မ်က္ႏွာေတြဟာ ေနာက္ခံ စိတ္လႈပ္ရွားမႈကို ေဖာ္ျပႏိုင္စြမ္း နည္းပါးတဲ့ ခန႔္မွန္းခ်က္စံ ျဖစ္ေနတတ္ပါတယ္။

သာမန္ အေျခအေနမ်ိဳးမွာေတာ့ မ်က္ႏွာ အမူအရာ ေဖာ္ျပခ်က္ေတြဟာ သတင္းစကားနဲ႔ ရည္႐ြယ္ခ်က္ကို သိေအာင္ လုပ္ျပတဲ့ လက္ဟန္ေျခဟန္၊ ကိုယ္အမူအရာ၊ စကားလုံး၊ အသံအတိုးအက်ယ္၊ အသံအေနအထား နဲ႔ မ်က္ႏွာ အေရာင္ အပါအဝင္ သဲလြန္စေတြ စုေပါင္းထားတဲ့ အထဲက တစ္ခု ျဖစ္ပါတယ္။

"တျခားသဲလြန္စေတြကို သိရင္ ရပါၿပီ၊ ႏွာေခါင္းစည္း တပ္ထားတာပဲျဖစ္ျဖစ္၊ မ်က္ႏွာပဲဖုံးထားထား၊ ပါးစပ္က ဖြင့္မေျပာလည္း ကိုယ္ဘာေျပာခ်င္တာလဲဆိုတာ တျခားသူေတြက နားလည္ႏိုင္ပါတယ္"

ဒီအခ်က္က မွန္တယ္လို႔ နယ္သာလန္ႏိုင္ငံအေျခစိုက္ စိတ္ပညာရွင္ ဆမား အယ္လ္ ဇယာ က ေဆာ္ဒီအာေရဗ်မွာ သူေနခဲ့ဖူးတဲ့ အေတြ႕အႀကဳံေတြအရ ေျပာျပပါတယ္။

သူကိုယ္တိုင္က ေခါင္းၿမီးမၿခဳံေပမဲ့ သူ႔အေဒၚ အေတာ္မ်ားမ်ားနဲ႔ လုပ္ေဖာ္ကိုင္ဖက္ေတြက ေခါင္းၿမီးၿခဳံၾကပါတယ္။

"သိပ္မခက္လွပါဘူး။ လုပ္ေနက်ေတာ့ မဟုတ္ဘူးေပါ့။ သူတို႔နဲ႔ မ်က္စိကို ပိုအကဲခတ္တယ္။ သူတို႔ရဲ႕ အသံအေနအထားနဲ႔လက္ဟန္ေျခဟန္ကို ပိုအာ႐ုံစိုက္ ေလ့လာတယ္" လို႔ အယ္လ္ ဇယာ က ျပန္ေျပာျပပါတယ္။

ပါကစၥတန္ႏိုင္ငံ ရာဝါပင္ဒီၿမိဳ႕က အသက္ ၃၄ ႏွစ္အ႐ြယ္ ေခါင္းၿမီးၿခဳံ အိမ္ရွင္မ မာရီယာ အလီ ကလည္း ဒီအခ်က္ကို သေဘာတူပါတယ္။

တျခား ေခါင္းၿမီးၿခဳံအမ်ိဳးသမီးေတြနဲ႔ ဆက္ဆံတဲ့အခါမွာ တစ္ခါမွ မေတြ႕ဖူးတဲ့ သူစိမ္း အမ်ိဳးသမီးဆိုရင္ေတာင္ သူတစ္ခါမွ အခက္အခဲ မေတြ႕ခဲ့ဖူးဘူးလို႔ ေျပာျပပါတယ္။ လက္ဟန္ေျခဟန္၊ အသံနဲ႔တင္ သူတို႔ ေျပာခ်င္တာကို နားလည္ႏိုင္တယ္လို႔ ဆိုပါတယ္။

အလီနဲ႔ အယ္လ္ ဇယာ တို႔ရဲ႕ အေတြ႕အႀကဳံေတြအရ ႏွာေခါင္းစည္း ဝတ္ထားသူ ဒါမွမဟုတ္ မ်က္ႏွာဖုံးထားသူေတြမွာတင္ သူတို႔ေျပာခ်င္တာကို တစ္ဖက္က သိေအာင္ လုပ္ေပးဖို႔ တာဝန္ရွိတာ မဟုတ္ပါဘူး။ နားေထာင္တဲ့သူဘက္ကလည္း လိုတာကို လိုက္ညႇိလို႔ရပါတယ္။

"ကြၽန္မဆိုရင္ ေခါင္းၿမီးၿခဳံပုဝါ ေဆာင္းထားရင္ အသံကို ျမႇင့္ၿပီး ေျပာတတ္လာတယ္" လို႔ ေဂ်ာ္ဂ်ီယာျပည္နယ္ အက္တလန္တာၿမိဳ႕နားမွာ ေနတဲ့ ေကာလိပ္ေက်ာင္းသူ မာရီယမ္ ဇဖာက ေျပာျပပါတယ္။

ေဆာ္ဒီအာေရဗ်ႏိုင္ငံ သူဝါလ္ၿမိဳ႕မွာေနတဲ့ အသက္ ၂၃ႏွစ္အ႐ြယ္ မာဂ်န္း အလီကေတာ့ ေခါင္းၿမီးၿခဳံပုဝါ ေဆာင္းထားတဲ့အခါမ်ိဳးမွာ သူ႔ရဲ႕ မ်က္ႏွာ အမူအရာက တစ္မ်ိဳးျဖစ္သြားတတ္တယ္လို႔ ဆိုပါတယ္။ အဲဒီအခါမ်ိဳးမွာ သူ႔မ်က္ခုံးကို ပင့္ၿပီး ေျပာတတ္လာတာကို သတိထားမိတယ္ လို႔ သူက ေျပာျပပါတယ္။

ႏွာေခါင္းစည္း ဒါမွမဟုတ္ ေခါင္းၿမီးၿခဳံပုဝါ ဝတ္ထားရင္ေတာင္ မ်က္ႏွာရဲ႕ အစိတ္အပိုင္းတစ္ခုျဖစ္တဲ့ မ်က္စိကေနလည္း စိတ္ခံစားခ်က္ကို သိသိသာသာ ေဖာ္ျပႏိုင္ပါတယ္။

"မ်က္စိဟာ စိတ္ဝိညာဥ္ရဲ႕ ျပတင္းေပါက္ ျဖစ္တယ္"လို႔ နာမည္ေက်ာ္ စာေရးဆရာႀကီး ရွိတ္စပီးယားကေတာင္ ဖြဲ႕ဆိုခဲ့ဖူးပါတယ္။

မ်က္စိဟာ စိတ္ဝိညာဥ္ရဲ႕ ျပတင္းေပါက္ ျဖစ္တယ္"လို႔ နာမည္ေက်ာ္ စာေရးဆရာႀကီး ရွိတ္စပီးယားကေတာင္ ဖြဲ႕ဆိုခဲ့ဖူးပါတယ္။

စိတ္ပညာရွင္ေတြကေတာ့ လူေတြဟာ စိတ္ရဲ႕သီအိုရီလို႔ ဆိုၾကတဲ့ မ်က္စိေနရာကို ၾကည့္ၿပီး ခံစားခ်က္၊ ယုံၾကည္မႈ၊ လိုအင္ဆႏၵ၊ ရည္႐ြယ္ခ်က္ စသျဖင့္ စိတ္အေျခအေနကို အကဲခတ္ ေကာက္ခ်က္ခ်တတ္ၾကတယ္လို႔ ဆိုပါတယ္။

လူတစ္ေယာက္မွာ ေအာ္တစ္ဇင္၊ အက္စ္စ္ပါဂ်ာ ဆင္ဒ႐ုန္း၊ စိတ္တက္လြယ္က်လြယ္ေရာဂါ ဒါမွမဟုတ္ တျခား အာ႐ုံေၾကာတိုးတက္မႈ ခ်ိဳ႕ယြင္းတဲ့ ေရာဂါေတြ ရွိမရွိ ဆိုတာ မ်က္စိကေနပဲ အကဲခတ္ေလ့ ရွိၾကတာပါ။

အားလုံးသုံးႏိုင္တဲ့ ႏွာေခါင္းစည္း ဖန္တီး

အၾကားအာ႐ုံ ခ်ိဳ႕ယြင္းေနသူေတြအတြက္ေတာ့ ပါးစပ္ဖုံးထားတာဟာ အဓိက အတားအဆီးႀကီး ျဖစ္ေနဆဲပါ။ ကမာၻ႔လူဦးေရရဲ႕ အနည္းဆုံး ၅ ရာခိုင္ႏႈန္းဟာ အၾကားအာ႐ုံ ခ်ိဳ႕ယြင္းေနသူေတြ ျဖစ္ၿပီး ပါးစပ္နဲ႔ မ်က္ႏွာ အရိပ္အကဲကေန အဓိပၸာယ္ေဖာ္မႈဟာ ဆြံ႕အနားမၾကား သေကၤတ သုံးသူေတြအတြက္ေတာင္ အေရးပါတဲ့ ဆက္သြယ္ေရး အစိတ္အပိုင္း တစ္ခု ျဖစ္ေနႏိုင္ပါတယ္။

အၾကားအာ႐ုံ ခ်ိဳ႕ယြင္းသူေတြ ႏွာေခါင္းစည္းေၾကာင့္ ႀကဳံရတဲ့ ဒီလိုျပႆနာေတြကို ေက်ာ္လႊားႏိုင္ဖို႔အတြက္ ႏိုင္ငံတခ်ိဳ႕မွာ ပရဟိတအဖြဲ႕ေတြက ပါးစပ္ကို ေဖာက္ထြင္း ျမင္ႏိုင္တဲ့ ႏွာေခါင္းစည္းေတြ ခ်ဳပ္ေပးခဲ့ၾကပါတယ္။

လူထုသယ္ယူပို႔ေဆာင္ေရးလုပ္ငန္းေတြ၊ ေဆး႐ုံေတြ၊ ဆိုင္ေကာင္တာေတြမွာ အလုပ္လုပ္တဲ့ အၾကားအာ႐ုံ ခ်ိဳ႕ယြင္းသူ ဝန္ထမ္းေတြကို ဒီလို ႏွာေခါင္းစည္းေတြ ေပးျခင္းအားျဖင့္ သူတို႔ ဖယ္က်ဥ္မခံရေအာင္ ကာကြယ္ႏိုင္မယ္လို႔ ပဟိတအဖြဲ႕ေတြက ယူဆေနၾကပါတယ္။

ႏိုင္ငံတစ္ခ်ိဳ႕မွာ ပရဟိတအဖြဲ႕ေတြက ပါးစပ္ကို ေဖာက္ထြင္း ျမင္ႏိုင္တဲ့ ႏွာေခါင္းစည္းေတြ ခ်ဳပ္ေပးခဲ့ၾကပါတယ္

ႏွာေခါင္းစည္း ဝတ္ထားတဲ့အတြက္ တစ္ခါတေလ ကိုယ္စကားေျပာ ဆက္ဆံေနသူနဲ႔ ကိုယ့္အၾကား ခႏၶာကိုယ္ အတားအဆီးတစ္ခု ျခားထားသလို ခံစားမိတတ္ပါတယ္။

အထူးသျဖင့္ ဆိုင္မွာ ေတြ႕လို႔ လွမ္းစကားေျပာတာမ်ိဳးထက္ အေလးအနက္ ေဆြးေႏြး ေျပာဆိုတဲ့အခါမ်ိဳးမွာ အဲဒီလို ပို ခံစားရတတ္တယ္လို႔ ေယာ့ခ္ တကၠသိုလ္က လူမႈေဗဒပညာရွင္ ဟယ္ရစ္စ္ အလီက ေျပာပါတယ္။

"အဲဒီလိုအခါမ်ိဳးမွာ မစဥ္းစားမိဘဲ ႏွာေခါင္းစည္း ခြၽတ္ၿပီး စကားေျပာလိုက္မိမလို ျဖစ္တတ္ေလ့ ရွိပါတယ္"

"ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ ႏွာေခါင္းစည္းမခြၽတ္သင့္တဲ့အခါမ်ိဳးမွာ ပိုဆိုးတတ္ပါတယ္"

သာမန္အခ်ိန္ ေခါင္းၿမီးၿခဳံပုဝါ ဝတ္သူအမ်ိဳးသမီးေတြကေတာ့ ပိုသက္ေတာင့္သက္သာ ရွိတဲ့အတြက္ ဒီလို မျဖစ္ၾကပါဘူး။

ႏွာေခါင္းစည္း ဝတ္တာနဲ႔ ေခါင္းၿမီးၿခဳံပုဝါ ေဆာင္းတာကို ႏႈိင္းယွဥ္ၾကည့္ရင္ ၁၀၀ ရာခိုင္ႏႈန္း ကြာျခားတာ ေတြ႕ရမယ္လို႔ မာဂ်န္း အလီ က ေျပာပါတယ္။

ႏွာေခါင္းစည္းေတြကို အဝတ္စေတြ၊ polypropylene ပလတ္စတစ္စလႊာေတြနဲ႔ အထပ္ထပ္ ခ်ဳပ္ေလ့ ရွိၿပီး ႏွာေခါင္းနဲ႔ ပါးစပ္ေပၚမွာ အလုံ ပိတ္ကာထားတာပါ။ ေခါင္းၿမီးၿခဳံပုဝါကေတာ့ ႏွာေခါင္းေပၚမွာ အဝတ္ပါးနဲ႔ စည္းထားေပမဲ့ ေမးေစ့နဲ႔ ေမး႐ိုးေနရာမွာ ခပ္ေခ်ာင္ေခ်ာင္ လႊားထားေလ့ရွိတာပါ။

ႏွာေခါင္းစည္းဝတ္တာနဲ႔ ေခါင္းၿမီးၿခဳံတာက အေတာ့္ကို ကြာတယ္လို႔ အလီက ေျပာပါတယ္။

"ႏွာေခါင္းစည္း ဝတ္ထားရင္ မ်က္ႏွာက အရမ္းပူအိုက္လာတယ္။ ေခါင္းၿမီးၿခဳံရင္ေတာ့ အဲဒီလို မျဖစ္ဘူး"

အသုံးဝင္တဲ့ အႀကံေပးခ်က္

ကို႐ိုနာဗိုင္းရပ္စ္ ကပ္ေရာဂါႀကီးက ဆက္ျဖစ္ေနဆဲမို႔ လတ္တေလာ အေျခအေနမွာ ႏွာေခါင္းစည္းေတြ ျဖဳတ္ရမယ့္ပုံ သိပ္မေတြ႕ရေသးပါဘူး။ ဒီေတာ့ လက္ေတြ႕က်က် စဥ္းစားၿပီး လိုက္ေလ်ာညီေထြ ျဖစ္ေအာင္ ေလ့လာသင္ယူၾကဖို႔ လိုပါတယ္။

အခက္အခဲေတြ႕တဲ့အခါမ်ိဳးမွာ လုပ္သင့္တဲ့ အခ်က္တခ်ိဳ႕ကို စိတ္ပညာရွင္ အယ္လ္ ဇယာ အႀကံျပဳထားတာက "စကားေျပာဆို ဆက္ဆံမႈ အမ်ားႀကီး ပိုလုပ္ေပးပါ။ ခါတိုင္းထက္ ပိုစကားေျပာပါ။ ေမးခြန္းေတြ ပိုေမးပါ။ တျခားသူရဲ႕ စိတ္ခံစားခ်က္ကို မွန္မွန္ကန္ကန္ အဓိပၸာယ္ ေကာက္ႏိုင္ေအာင္ လုပ္ပါ"

"ကိုယ့္ရဲ႕ တျခားစိတ္အာ႐ုံနဲ႔ ကိုယ္ခႏၶာအမူအယာကို ဘယ္လို အသုံးခ်ရမလဲဆိုတာကို ေလ့လာ သင္ယူပါ"

BBC Burmese
https://www.bbc.com/burmese/world-53385523

Share/Bookmark

မွတ္ခ်က္ေရးသားလုိတဲ့ စာဖတ္ပရိတ္မ်ား ေတာင္းဆုိခ်က္အရ ဖြင့္ေပးလုိက္ပါျပီ။ မွတ္ခ်က္မ်ား ေရးသားႏုိင္ပါျပီ။

အချိန်နဲ့တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့ facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့နိုင်ပါသည်။
 

Advertisement

 

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့ ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ