ရွေးကောက်ပွဲဝင်မယ့် အန်အယ်ဒီ ကိုယ်စားလှယ်လောင်းစာရင်း ထုတ်ပြန်မယ့်ရက်ရွှေ့

ဒေါ်အောင်ဆန်း စုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်
နေပြည်တော်မှာ အန်အယ်ဒီ ကိုယ်စားလှယ်လောင်းစိစစ်ရွေးချယ်မှုနဲ့ပတ်သက်လို့ ဆွေးနွေးခဲ့တဲ့ ပါတီထိပ်ပိုင်း ခေါင်းဆောင်တွေ အစည်းအဝေးဟာ ဆွေးနွေးမှု မပြီးပြတ်တဲ့အတွက် ကိုယ်စားလှယ်လောင်း အပြီးသတ်စာရင်း တွေကို ဇူလိုင် ၂၃ ရက်နေ့မှ စတင်ကြေညာမယ်လို့ ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က ဇူလိုင်၂၁ အစည်းအဝေးမှာ ပြီးခဲ့တဲ့ ၂၀၁၅ နဲ့ အခု ၂၀၂၀ ရွေးကောက်ပွဲတွေမှာ ကိုယ်စားလှယ်လောင်း ရွေးချယ်မှု မူဝါဒအပြောင်းအလဲကို အဓိထား ပြောကြားခဲ့ပြီး ပါတီ အောင်နိုင်ရေး လုပ်ရာမှာ ကိုယ်စားလှယ်လောင်းတွေအနေနဲ့ အဓိကထား လိုက်နာရမယ့် အချက်တွေကိုလည်း မှာကြားခဲ့တယ်လို့ ဒေါက်တာမျိုးညွန့်က ပြောပါတယ်။

ညွှန်ကြားချက် အသေးစိတ်ကိုတော့ ပြောကြားနိုင်ခြင်းမရှိသလို ရွေးကောက်ပွဲဝင်မယ့် ကိုယ်စားလှယ် လောင်း အရေအတွက်ကိုလည်း ပြောကြားလို့မရသေးဘူးလို့ သူက ဆက်ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ နေပြည်တော်ကနေ ရွေးကောက်ပွဲဝင်ပြိုင်မယ်လို့ ပြီးခဲ့တဲ့ရက်ပိုင်းတည်းက သတင်းတွေထွက်နေတာပါ။ဒေါက်တာမျိုးညွန့်ကတော့ ကိုယ်စားလှယ်လောင်းစာရင်း တရားဝင်ထွက်လာမှသာ ပြောနိုင်မှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

ဇူလိုင် ၂၁ ရက် အစည်းအဝေးမပြီးပြတ်တဲ့အတွက် လက်ကျန် စိစစ်ရမယ့်စာရင်းတွေကို မနက်ဖြန် ဇူလိုင် ၂၂ ရက်မှာ အပြီးသတ်စိစစ်မှာဖြစ်ပြီး ဇူလိုင် ၂၃ ရက်နောက်ပိုင်းမှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ တင်သွင်း တော့မှာဖြစ်တယ်လို့ ဒေါက်တာမျိုးညွန့်က ပြောပါတယ်။

ကိုယ်စားလှယ်လောင်းစာရင်းတွေကို အွန်လိုင်းကနေ ထုတ်ပြန်ဖို့ရှိပေမယ့် အဲဒီမတိုင်ခင်မှာ ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ကိုယ်စားလှယ်လောင်းတွေကို ဇူလိုင် ၂၃ ရက်မှာ အမှာစကားပြောကြား ဖို့ရှိတယ်လို့ သူက အခုလို ဆက် ပြောပါတယ်။

ညနေငါးနာရီကျော်မှ ပြီးဆုံးခဲ့တဲ့ ဒီကနေ့ ပါတီထိပ်ပိုင်းခေါင်းဆောင်အစည်းအဝေးကို ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်တို့က ညနေအစည်းအဝေးပြီးဆုံးတဲ့အထိ တက်ရောက်ခဲ့ကြတာဖြစ်ပြီး ရန်ကုန်၊ မန္တလေး ၊ စစ်ကိုင်း၊ မကွေး နဲ့ ကရင်ပြည်နယ်ဝန်ကြီးချုပ်အပါအဝင် ပါတီဗဟိုအလုပ်အမှု ဆောင်အဖွဲ့ တွေလည်း တက်ရောက်ခဲ့ကြပါတယ် ။

BBC Burmese
https://www.bbc.com/burmese/world-53485334
ရွေးကောက်ပွဲဝင်မယ့် အန်အယ်ဒီ ကိုယ်စားလှယ်လောင်းစာရင်း ထုတ်ပြန်မယ့်ရက်ရွှေ့ ရွေးကောက်ပွဲဝင်မယ့် အန်အယ်ဒီ ကိုယ်စားလှယ်လောင်းစာရင်း ထုတ်ပြန်မယ့်ရက်ရွှေ့ Reviewed by THITHTOOLWIN on 21:14 Rating: 5
Powered by Blogger.