နိုင်ငံခြားသားကျောင်းသားတွေအပေါ် ဗီဇာကန့်သတ်တဲ့ဥပဒေ ကန် အစိုးရ ပြန်ရုပ်သိမ်း



Share/Bookmark

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် အမေရိကန်ကောလိပ်တွေက ဒီနှစ်ဆောင်းရာသီစာသင်နှစ်အတွက် အတန်းတွေကို အွန်လိုင်းကနေပဲ သင်ကြားမယ် ဆိုရင် နိုင်ငံခြားကျောင်းသားတွေ အနေနဲ့ ကျောင်းပြောင်းတာ ဒါမှမဟုတ် အမေရိကန်နိုင်ငံကနေ ထွက်သွားရမယ့် ဥပဒေကို သမ္မတထရမ့် အစိုးရအဖွဲ့က အင်္ဂါနေ့မှာ ပြန်ရုပ်သိမ်းလိုက်ပါပြီ။ ဒီဥပဒေအတွက် ဗဟိုအစိုးရအဆင့် တရားစွဲဆိုမှုပေါင်း ၈ ခု နဲ့ ရင်ဆိုင်ခဲ့ရသလို ရာနဲ့ချီတဲ့ တက္ကသိုလ်တွေရဲ့ ကန့်ကွက်မှုကိုလည်း ကြုံခဲ့ရတာပါ။

ဒီဥပဒေနဲ့ပတ်သက်ပြီး ဟားဗတ်တက္ကသိုလ်နဲ့ MIT နည်းပညာတက္ကသိုလ် တို့က Boston မှာ ဗဟိုအစိုးရ အပေါ်တရားစွဲဆိုမှုအတွက် ကြားနာမှု စတင်ချိန်မှာပဲအခုလို ပြန်ရုပ်သိမ်းကြောင်း ကြေညာခဲ့တာဖြစ်ပါတယ်။ ခရိုင်တရားသူကြီး Allison Burroughs က ဇူလိုင်လ ၆ ရက်နေ့ ညွှန်ကြားချက်ကို ပြန်ရုပ်သိမ်းပြီး နဂိုအတိုင်းပြန်ချထားဖို့ ဗဟိုအစိုးရ လူဝင်မှုကြီးကြပ်ရေး အာဏာပိုင်တွေက သဘောတူကြကြောင်း ပြောပါတယ်။

ဒီကြေညာချက်ကြောင့် ဌာနေပြန်အပို့ခံရမယ့် အန္တရာယ်ရှိနေတဲ့ ထောင်နဲ့ချီတဲ့ နိုင်ငံခြားကျောင်းသား တွေစိတ်သက်သာရာ ရခဲ့သလို၊ ဒီဆောင်းရာသီ စာသင်နှစ်အတွက် သူတို့ရဲ့ အစီအစဉ်တွေကို ပြန်သုံးသပ်ဖို့ လုပ်ကြရမယ့် ရာနဲ့ချီတဲ့ အမေရိကန်တက္ကသိုလ်တွေ အတွက်လည်း အဆင်ပြေ သွားပါတယ်။

ထုတ်ပြန်ခဲ့တဲ့ မူဝါဒအရ အမေရိကန်နိုင်ငံထဲက နိုင်ငံခြားကျောင်းသားတွေ အနေနဲ့ ဒီဆောင်းရာသီ စာသင်နှစ်အတွက် သင်တန်းတွေကို အွန်လိုင်းကနေ ယူခွင့် တားမြစ်လိုက်တာ ဖြစ်ပါတယ်။ ဟားဗတ် တက္ကသိုလ် အပါအဝင် ကျောင်းတွေမှာ အွန်လိုင်းက သင်တဲ့ အတန်းတွေ တက်မယ့် ကျောင်းသားတွေကို ဗီဇာသစ် ထုတ်ပေးမှာ မဟုတ်သလို အမေရိကန် နိုင်ငံထဲမှာ ရှိနေတဲ့ ကျောင်းသားတွေ အတွက်လည်း ကျောင်းမပြောင်းရင် ဖြစ်စေ အမေရိကန်နိုင်ငံကနေ ကိုယ့်ဆန္ဒအလျှောက် ထွက်မသွားရင်ဖြစ်စေ ဌာနေပြန်ပို့တာနဲ့ ရင်ဆိုင်ရဖို့ ရှိနေတာပါ။

ဒီဥပဒေဟာ အခုဆောင်းရာသီ စာသင်နှစ်ကို ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုတိုးနေတဲ့ ကြားက ပြန်ဖွင့်ရေး အတွက် ကျောင်းတွေနဲ့ ကောလိပ်တွေကို ဖိအားပေးဖို့ သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ကြိုစားမှု အစိတ်အပိုင်းတခုဖြစ်မယ်လို့ တက္ကသိုလ် တာဝန်ခံတွေက ယုံကြည်ကြပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com/a/trump-administration-rescinds-rule-on-foreign-students-/5503412.html

Share/Bookmark

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့ facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့နိုင်ပါသည်။
 

Advertisement

 

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့ ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ