အိန္ဒိယသမုဒ္ဒရာမှာ ကန် နဲ့ အိန္ဒိယရေတပ် ပူးတွဲစစ်ရေးလေ့ကျင့်



Share/Bookmark
USS Ronald Reagan နှင့် USS Nimitz လေယာဉ်တင်သင်္ဘောကြီး တို့ စစ်ရေလေ့ကျင့်နေစဉ် (မှတ်တမ်းဓါတ်ပုံ-၂၀၂၀ ဇူလိုင်လ ၇ ရက်နေ့)
အိန္ဒိယ သမုဒ္ဒရာအတွင်း တနင်္လာနေ့က ဒုတိယအကြိမ်မြောက် အမေရိကန်နဲ့ အိန္ဒိယ ရေတပ် သင်္ဘောတွေ ပူးတွဲ စစ်ရေးလေ့ကျင့်မှု ပြုလုပ်ခဲ့တယ်လို့ နှစ်နိုင်ငံသတင်း ထုတ်ပြန်ထားပါတယ်။

တရုတ်နဲ့ တင်းမာမှု မြင့်တက်လာချိန် အခုလို ရေကြောင်းစစ်ရေးလေ့ကျင့်မှုဟာ အမေရိကန်နဲ့ အိန္ဒိယ အစိုးကြား မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု ကြီးထွားလာတာကို ပြသနေတာပါ။

ဇူလိုင် ၂၀ရက်နေ့က စတင်ခဲ့တဲ့နှစ်နိုင်ငံ ရေတပ်ပူးတွဲစစ်ရေးလေ့ကျင့်မှုကို အိန္ဒိယနိုင်ငံပိုင် ကပ္ပလီနဲ့ နီကိုဘာကျွန်းတွေအနီးမှာ ပြုလုပ်ခဲ့တာပါ။ အဲဒီနေရာဟာ နိုင်ငံတကာရေကြောင်းသွားလာမှု အများဆုံးနေရာတခုဖြစ်ပြီး မလက္ကာရေလက်ကြား အနီးတဝိုက်မှာဖြစ်ပါတယ်။

အိန္ဒိယရေတပ်ကတော့ ဒီစစ်ရေးလေ့ကျင့်မှုကို “passage”ဆက်ဆံရေးပေါင်းကူး လေ့ကျင့်မှုလို့ အမည်ပေးထားပါတယ်။

USS Nimitz လေယာဉ်တင်သင်္ဘောကြီး နဲ့အတူ အခုလို အိန္ဒိယရေတပ်နဲ့စစ်ရေးပူးတွဲလေ့ကျင့်မှု ဟာ နှစ်နိုင်ငံ ရေတပ်ကြား ပိုမိုခိုင်မာတဲ့ ပူးပေါင်းဆောင်ရွက်မှုနဲ့ လွတ်လပ်ပြီး ပွင့်လင်းတဲ့ အင်ဒို ပစိဖိတ် ဒေသ အထောက်အပံ့တွေကို ပူးတွဲလုပ်ဆောင်မယ်ဆိုတဲ့ သန္နိဋ္ဌာန်ကို ပြသခဲ့တာဖြစ်တယ်လို့ အမေရိကန်ကာကွယ်ရေးဝန်ကြီး Mark Esper က အင်္ဂါနေ့ကပြောကြားခဲ့ပါတယ်။

အခုလို အမေရိကန်နဲ့ အိန္ဒိယ နှစ်နိုင်ငံရေတပ် ပူးတွဲလေ့ကျင့်မှုကို ပြီးခဲ့တဲ့ နိုဝင်ဘာလက ပထမဆုံးအကြိမ် စတင်ခဲ့တာဖြစ်တယ်လို့ အမေရိကန် ကာကွယ်ရေးဝန်ကြီး Mark Esper က ဆိုပါတယ်။ ဒါအပြင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး ဝန်ကြီးအဆင့် ဆွေးနွေးပွဲတွေကို ဒီနှစ်အကုန်မှာ ပြုလုပ်ဖို့ စီစဉ်ထားတယ်လို့လည်း Esper ကပြောပါတယ်။

ဒီအတောအတွင်း အိန္ဒိယနဲ့ တရုတ်နှစ်နိုင်ငံဆက်ဆံရေးဟာ ဟိမဝန္တာ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ နေရာမှာ အိန္ဒိယ စစ်သား အယောက် ၂၀ သတ်ဖြတ်ခံရမှုနဲ့ပတ်သက်လို့ ဆယ်စုနှစ်များစွာအတွင်း အဆိုးဆုံးအခြေအနေဖြစ်နေတာပါ။ အမေရိကန် ကာကွယ်ရေးဝန်ကြီး Esper က အင်္ဂါနေ့က ပြောကြားချက်ထဲမှာ အိန္ဒိယနဲ့ တရုတ် ဆက်ဆံရေးကို အမေရိကန်က အနီးကပ်စောင့်ကြည့်နေပြီး နှစ်ဖက်လုံးက အခြေအနေတွေ ကောင်းမွန်လာဖို့ အရှိန်မြှင့် ကြိုးစားနေတာကို သိရတဲ့အတွက် ဝမ်းသာကြောင်း ပြောကြားခဲ့ပါတယ်။

ဗွီအိုအေ ( မြန်မာပိုင်း)
https://burmese.voanews.com/a/india-us-military-exercise-/5512488.html

Share/Bookmark

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့ facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့နိုင်ပါသည်။
 

Advertisement

 

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့ ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ