ဘုန်းကြီးတပါး မောင်းလာသည့်ကားအတွင်း ကျပ်သိန်း ၂ သောင်းကျော် မူးယစ်ဆေးများဖမ်းမိ


ဇူလိုင်လ ၁၆ ရက် ၂၀၂၀

သျှမ်းပြည် တောင်ပိုင်း ပင်လောင်းမြို့နယ် အတွင်း ဘုန်းကြီး တပါး မောင်းနှင်လာသည့် မော်တော်ယာဉ်အတွင်း မူးယစ်ဆေဝါးများ တန်ဖိုး ကျပ်သိန်း ၂၅၀၀၀  ကျော်  ကို သိမ်းဆည်းရမိကြောင်း စုံစမ်းသိရသည်။

ဇူလိုင် ၁၅ ရက် မနက်ပိုင်း ပင်လောင်းမြို့နယ် လိန်းလီကြိုးတံတားတွင် ဘုန်းကြီး ဦးဓမ္မဝံသ (လူနာမည်) နိုင်အေး မောင်းနှင်လာသည့် ကားကို စစ်ဆေးရန်တားဆီးစဉ် ရပ်မပေးဘဲ မောင်းနှင်ထွက်ပြေးသဖြင့် အာဏာပိုင်များက လိုက်လံဖမ်းဆီးခဲ့သည်ဟု မူးယစ်ဆေးဝါး တားဆီး နှိမ်နင်းရေး ရဲတပ်ဖွဲ့ ထုတ်ပြန်ချက်အရသိရသည်။

အဆိုပါကားအား ပေါင်းလောင်းမြို့ ဖိုးကုန်းနယ်မြေတွင် ဖမ်းဆီးနိုင်ခဲ့ကြောင်း ၊ ကားအတွင်း  နောက်ခန်းပိုင်းတွင် စိတ်ကြွဆေးအပြားပေါင်း  ၁၀ သိန်းကျော် (ကာလပေါက်ဈေး ၂၅၀၀၀ သိန်း ) ခန့်အားဖမ်းဆီးနိုင်ခဲ့ကြောင်း  မူးယစ်ရဲ ၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
ထို့ကြောင့် မူးယစ်ဆေးနှင့်အတူ ဖမ်းဆီးရမိသည့် ဘုန်းကြီးကို သိက္ခာချ လူဝတ်လဲပြီး ဖမ်းဆီးလိုက်ကြောင်း သိရသည်။

SHAN News (Burmese Version)
https://www.facebook.com/shannewsburmese
ဘုန်းကြီးတပါး မောင်းလာသည့်ကားအတွင်း ကျပ်သိန်း ၂ သောင်းကျော် မူးယစ်ဆေးများဖမ်းမိ ဘုန်းကြီးတပါး မောင်းလာသည့်ကားအတွင်း ကျပ်သိန်း ၂ သောင်းကျော် မူးယစ်ဆေးများဖမ်းမိ Reviewed by THITHTOOLWIN on 16:09 Rating: 5
Powered by Blogger.