ဖားကန့် ကျောက်စိမ်းတွင်း မြေပြိုမှုကြောင့် လူ ၁၀၀ ကျော်သေဆုံး


(Unicode)⤵⤵⤵
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု ဝှေခါကျေးရွာမှာ မြေစာပုံပြိုကျတာကြောင့် ရေမဆေးကျောက်တူးသမား ၂၀၀ လောက် မြေစာပုံပိပြီး ရုပ်အလောင်း ၁၂၀ ကျော် ဒီနေ့ ဇူလိုင် ၂ ရက်နေ့ ညနေပိုင်းအထိ ပြန်လည်ရှာဖွေတွေ့ရှိထားတယ်လို့ ကူညီကယ်ဆယ်ရေးလုပ်နေသူတွေက ပြောပါတယ်။ ထိခိုက်ဒဏ်ရာရသူလည်း ၂၅ ယောက်လောက်ရှိတယ်လို့ ပြောကြပါတယ်။

ဒီနေ့မနက်ပိုင်း ၆ နာရီခွဲဝန်းကျင်လောက်က တစ်သုံးလုံး၊ ရတနာကြယ်၊ ကျောက်မျက်ရွှေကြည်၊ ရတနာဆန်းရွှင်၊ ဧရာရတနာ စုပေါင်းကျောက်စိမ်းတူးဖော်ရေးလုပ်ကွက်ဟောင်းက မြေစာပုံပြိုကျတာဖြစ်ပါတယ်။

မြေပြိုကျတာနဲ့အတူ နွံလှိုင်းရိုက်ခတ်မှုဖြစ်ပြီး ရေမဆေးကျောက်ရှာဖွေသူတွေ နွံနစ်တာကြောင့် ကူညီကယ်ဆယ်ရေးတွေလုပ်နေတယ်လို့လည်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

အခုချိန်မှာ မိုးတွေက အဆက်မပြတ်ရွာနေတာကြောင့် နောက်ထပ်ပြိုကျလာမှာကို စိုးရိမ်တဲ့အတွက် ရှာဖွေရေးခဏနားပြီး ပြန်ရှာနေရတယ်လို့ ကူညီကယ်ဆယ်ရေးလုပ်နေတဲ့ ဖားကန့်မြို့နယ်မီးသတ် ဒုတိယဦးစီးမှူး ဦးလဂျွန်က ပြောပါတယ်။

ရေမဆေးသမားတွေဟာ ကျောက်စိမ်းကုမ္ပဏီတွေကနေ တူးဖော်ပြီးနောက် စွန့်ပစ်ထားတဲ့မြေစာပုံတွေထဲက ပြန်ရောင်းလို့ရနိုင်တဲ့ကျောက်ကို  ရှာဖွေကြသူတွေပါ။  သူတို့တွေဟာ မြန်မာနိုင်ငံ အနယ်နယ်အရပ်ရပ်က လာကြတာဖြစ်ပါတယ်။

ဒီတပတ်အတွင်းမှာ ဖားကန့်ဒေသမှာ မိုးဆက်တိုက်ရွာခဲ့တာကြောင့် မြေသားကျောက်သက်တမ်းနုတဲ့ အဲဒီနေရာက ပြိုကျတာဖြစ်တယ်လို့ ဖားကန့်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးရွှေသိန်းက ပြောပါတယ်။

အရင်က ဒီလိုမတော်တဆမှုတွေမှာ မြေစာပုံအောက်က ရုပ်အလောင်းတွေကို မြေတူးစက်နဲ့ ဖော်ကြရပြီး အခုအခါမှာတော့ နွံအိုင်ထဲကျသွားတဲ့အတွက် ပြန်ပေါ်လာတာတွေကို လိုက်ဆယ်နေကြရတာဖြစ်တယ်လို့ ကူညီကယ်ဆယ်ရေးလုပ်နေသူတွေက ပြောပါတယ်။

ပြန်ပေါ်လာတဲ့ ရုပ်အလောင်းတွေကို သက်ကယ်ရာဘာကွင်းတွေ၊ လှေတွေနဲ့ သယ်ယူနေရတယ်လို့ ကယ်ဆယ်ရေးလုပ်နေတဲ့ သင်္ခါလူမှုကူညီရေးအသင်းက ဦးစောလင်းက ပြောပါတယ်။

ကယ်ဆယ်ရေးလုပ်နေတဲ့အချိန်မှာ ရာသီဥတုမကောင်းတာ၊ လမ်းတွေကြမ်းတမ်းတာကြောင့် ကူညီကယ်ဆယ်ရေးလုပ်နေတဲ့ အဖွဲ့အစည်းတွေရဲ့ကားတွေဟာ မြေပြိုတဲ့နေရာအထိ ရောက်မလာနိုင်ကြပါဘူး။ အဲဒါကြောင့် လူတွေက ရုပ်အလောင်းတွေကို ပုခက်တွေနဲ့သယ်ပိုးပြီး စုထားရတယ်လို့ အဲဒီနေရာကို ရောက်နေတဲ့ ဖားကန့်မြို့ ဒေသခံ သတင်းသမားတစ်ဦးဖြစ်တဲ့ ဦးဇော်မိုးထက် က ပြောပါတယ်။

မိုးတွင်းကာလမှာ နွံကန်ကျိုးပေါက်တာ၊ မြေစာပုံပြိုတာတွေ ရှိနိုင်တဲ့အတွက် ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းတွေကို ဇူလိုင် ၁ ကစပြီး သုံးလရပ်နားခိုင်းထားတဲ့ အချိန်ဖြစ်တဲ့အကြောင်း အခုလို ဝမ်းစာရေးအတွက် ရှာဖွေကြတဲ့ ရေမဆေးသမားတွေကိုလည်း တားဆီးလို့မရတဲ့အကြောင်း၊ အခု မြေပြိုတာကလည်း ကျောက်တူးဖော်တဲ့အခါမှာသုံးတဲ့ ပေါက်ကွဲစေတဲ့ပစ္စည်းတွေကြောင့် မြေသားတွေ မခိုင်မာတော့လို့ ဖြစ်တဲ့အကြောင်း ကချင်ပြည်နယ် သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးဒါရှီလဆိုင်း က ပြောပါတယ်။

ဒီကျောက်စိမ်းလုပ်ကွက်တွေကလည်း ပြည်ထောင်စုက တိုက်ရိုက်ကိုင်တွယ်တာဖြစ်ပြီး ပြည်ထောင်စုကပဲ စီမံခန့်ခွဲတာဖြစ်တယ်လို့လည်း ဝန်ကြီးဦးဒါရှီလဆိုင်းက ပြောပါတယ်။

အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်မြင့်ကတော့ ကျောက်စိမ်းတူးဖော်ရေးလုပ်ကွက်တွေကို ဥပဒေနဲ့ စီမံခန့်ခွဲနိုင်ဖို့အတွက် ကျောက်မျက်ဥပဒေကို ၂၀၁၉ ခုနှစ်မှာ ထုတ်ပြန်ထားပေမဲ့ နည်းဥပဒေ မထွက်သေးတာကြောင့် လုပ်ကိုင်ရခက်ခဲနေတယ်လို့ ပြောပါတယ်။

နာရေးတင်တဲ့ကားတွေ၊ လူနာတင်တဲ့ကားတွေကလည်း လမ်းမကောင်းတဲ့အတွက် လူတွေက ပြန်တွန်းတင်ရတာတွေလည်းရှိကြပါတယ်။ ဒီလိုအခက်ခဲတွေကြောင့် မြေစာပုံတွေနဲ့အတူပါသွားတဲ့ လူတွေရဲ့ ရုပ်အလောင်းအကုန်လုံးကိုတော့ ရှာဖွေနိုင်မယ့်အခြေအနေမရှိဘူးလို့လည်း ပြောကြပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၂၃ ရက်မှာလည်း မြန်မာသူရကုမ္ပဏီက စွန့်ပစ်မြေစာပုံပြိုကျတာကြောင့် လူ နှစ်ယောက်သေပြီး ခြောက်ယောက် ဒဏ်ရာရရှိခဲ့ပါတယ်။

၂၀၁၉ ခုနှစ်အတွင်း ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာ မြေပြိုမှု ခုနှစ်ခုမှာ  သေဆုံးသူ ၁၃၇ ယောက်ရှိတယ်လို့ ဖားကန့်မြို့   NLD ပါတီရုံးက ကောက်ယူထားတဲ့ စာရင်းတွေအရ သိရပါတယ်။

ဇာဏီထွဏ်း / RFA Burmese
------------------------------------------
(Zawgyi)⤵⤵⤵
ဖားကန႔္ ေက်ာက္စိမ္းတြင္း ေျမၿပိဳမႈေၾကာင့္ လူ ၁၀၀ ေက်ာ္ေသဆုံး

ကခ်င္ျပည္နယ္၊ ဖားကန႔္ၿမိဳ႕နယ္ ဆိပ္မူေက်း႐ြာအုပ္စု ေဝွခါေက်း႐ြာမွာ ေျမစာပုံၿပိဳက်တာေၾကာင့္ ေရမေဆးေက်ာက္တူးသမား ၂၀၀ ေလာက္ ေျမစာပုံပိၿပီး ႐ုပ္အေလာင္း ၁၂၀ ေက်ာ္ ဒီေန႔ ဇူလိုင္ ၂ ရက္ေန႔ ညေနပိုင္းအထိ ျပန္လည္ရွာေဖြေတြ႕ရွိထားတယ္လို႔ ကူညီကယ္ဆယ္ေရးလုပ္ေနသူေတြက ေျပာပါတယ္။ ထိခိုက္ဒဏ္ရာရသူလည္း ၂၅ ေယာက္ေလာက္ရွိတယ္လို႔ ေျပာၾကပါတယ္။

ဒီေန႔မနက္ပိုင္း ၆ နာရီခြဲဝန္းက်င္ေလာက္က တစ္သုံးလုံး၊ ရတနာၾကယ္၊ ေက်ာက္မ်က္ေ႐ႊၾကည္၊ ရတနာဆန္း႐ႊင္၊ ဧရာရတနာ စုေပါင္းေက်ာက္စိမ္းတူးေဖာ္ေရးလုပ္ကြက္ေဟာင္းက ေျမစာပုံၿပိဳက်တာျဖစ္ပါတယ္။

ေျမၿပိဳက်တာနဲ႔အတူ ႏြံလႈိင္း႐ိုက္ခတ္မႈျဖစ္ၿပီး ေရမေဆးေက်ာက္ရွာေဖြသူေတြ ႏြံနစ္တာေၾကာင့္ ကူညီကယ္ဆယ္ေရးေတြလုပ္ေနတယ္လို႔လည္း ျမန္မာႏိုင္ငံ မီးသတ္တပ္ဖြဲ႕က သတင္းထုတ္ျပန္ပါတယ္။

အခုခ်ိန္မွာ မိုးေတြက အဆက္မျပတ္႐ြာေနတာေၾကာင့္ ေနာက္ထပ္ၿပိဳက်လာမွာကို စိုးရိမ္တဲ့အတြက္ ရွာေဖြေရးခဏနားၿပီး ျပန္ရွာေနရတယ္လို႔ ကူညီကယ္ဆယ္ေရးလုပ္ေနတဲ့ ဖားကန႔္ၿမိဳ႕နယ္မီးသတ္ ဒုတိယဦးစီးမႉး ဦးလဂြၽန္က ေျပာပါတယ္။

ေရမေဆးသမားေတြဟာ ေက်ာက္စိမ္းကုမၸဏီေတြကေန တူးေဖာ္ၿပီးေနာက္ စြန႔္ပစ္ထားတဲ့ေျမစာပုံေတြထဲက ျပန္ေရာင္းလို႔ရႏိုင္တဲ့ေက်ာက္ကို  ရွာေဖြၾကသူေတြပါ။  သူတို႔ေတြဟာ ျမန္မာႏိုင္ငံ အနယ္နယ္အရပ္ရပ္က လာၾကတာျဖစ္ပါတယ္။

ဒီတပတ္အတြင္းမွာ ဖားကန႔္ေဒသမွာ မိုးဆက္တိုက္႐ြာခဲ့တာေၾကာင့္ ေျမသားေက်ာက္သက္တမ္းႏုတဲ့ အဲဒီေနရာက ၿပိဳက်တာျဖစ္တယ္လို႔ ဖားကန႔္ၿမိဳ႕နယ္ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ ဥကၠ႒ ဦးေ႐ႊသိန္းက ေျပာပါတယ္။

အရင္က ဒီလိုမေတာ္တဆမႈေတြမွာ ေျမစာပုံေအာက္က ႐ုပ္အေလာင္းေတြကို ေျမတူးစက္နဲ႔ ေဖာ္ၾကရၿပီး အခုအခါမွာေတာ့ ႏြံအိုင္ထဲက်သြားတဲ့အတြက္ ျပန္ေပၚလာတာေတြကို လိုက္ဆယ္ေနၾကရတာျဖစ္တယ္လို႔ ကူညီကယ္ဆယ္ေရးလုပ္ေနသူေတြက ေျပာပါတယ္။

ျပန္ေပၚလာတဲ့ ႐ုပ္အေလာင္းေတြကို သက္ကယ္ရာဘာကြင္းေတြ၊ ေလွေတြနဲ႔ သယ္ယူေနရတယ္လို႔ ကယ္ဆယ္ေရးလုပ္ေနတဲ့ သခၤါလူမႈကူညီေရးအသင္းက ဦးေစာလင္းက ေျပာပါတယ္။

ကယ္ဆယ္ေရးလုပ္ေနတဲ့အခ်ိန္မွာ ရာသီဥတုမေကာင္းတာ၊ လမ္းေတြၾကမ္းတမ္းတာေၾကာင့္ ကူညီကယ္ဆယ္ေရးလုပ္ေနတဲ့ အဖြဲ႕အစည္းေတြရဲ႕ကားေတြဟာ ေျမၿပိဳတဲ့ေနရာအထိ ေရာက္မလာႏိုင္ၾကပါဘူး။ အဲဒါေၾကာင့္ လူေတြက ႐ုပ္အေလာင္းေတြကို ပုခက္ေတြနဲ႔သယ္ပိုးၿပီး စုထားရတယ္လို႔ အဲဒီေနရာကို ေရာက္ေနတဲ့ ဖားကန႔္ၿမိဳ႕ ေဒသခံ သတင္းသမားတစ္ဦးျဖစ္တဲ့ ဦးေဇာ္မိုးထက္ က ေျပာပါတယ္။

မိုးတြင္းကာလမွာ ႏြံကန္က်ိဳးေပါက္တာ၊ ေျမစာပုံၿပိဳတာေတြ ရွိႏိုင္တဲ့အတြက္ ေက်ာက္စိမ္းတူးေဖာ္ေရးလုပ္ငန္းေတြကို ဇူလိုင္ ၁ ကစၿပီး သုံးလရပ္နားခိုင္းထားတဲ့ အခ်ိန္ျဖစ္တဲ့အေၾကာင္း အခုလို ဝမ္းစာေရးအတြက္ ရွာေဖြၾကတဲ့ ေရမေဆးသမားေတြကိုလည္း တားဆီးလို႔မရတဲ့အေၾကာင္း၊ အခု ေျမၿပိဳတာကလည္း ေက်ာက္တူးေဖာ္တဲ့အခါမွာသုံးတဲ့ ေပါက္ကြဲေစတဲ့ပစၥည္းေတြေၾကာင့္ ေျမသားေတြ မခိုင္မာေတာ့လို႔ ျဖစ္တဲ့အေၾကာင္း ကခ်င္ျပည္နယ္ သယံဇာတနဲ႔ သဘာဝပတ္ဝန္းက်င္ ထိန္းသိမ္းေရးဝန္ႀကီး ဦးဒါရွီလဆိုင္း က ေျပာပါတယ္။

ဒီေက်ာက္စိမ္းလုပ္ကြက္ေတြကလည္း ျပည္ေထာင္စုက တိုက္႐ိုက္ကိုင္တြယ္တာျဖစ္ၿပီး ျပည္ေထာင္စုကပဲ စီမံခန႔္ခြဲတာျဖစ္တယ္လို႔လည္း ဝန္ႀကီးဦးဒါရွီလဆိုင္းက ေျပာပါတယ္။

အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ ဦးခင္ေမာင္ျမင့္ကေတာ့ ေက်ာက္စိမ္းတူးေဖာ္ေရးလုပ္ကြက္ေတြကို ဥပေဒနဲ႔ စီမံခန႔္ခြဲႏိုင္ဖို႔အတြက္ ေက်ာက္မ်က္ဥပေဒကို ၂၀၁၉ ခုႏွစ္မွာ ထုတ္ျပန္ထားေပမဲ့ နည္းဥပေဒ မထြက္ေသးတာေၾကာင့္ လုပ္ကိုင္ရခက္ခဲေနတယ္လို႔ ေျပာပါတယ္။

နာေရးတင္တဲ့ကားေတြ၊ လူနာတင္တဲ့ကားေတြကလည္း လမ္းမေကာင္းတဲ့အတြက္ လူေတြက ျပန္တြန္းတင္ရတာေတြလည္းရွိၾကပါတယ္။ ဒီလိုအခက္ခဲေတြေၾကာင့္ ေျမစာပုံေတြနဲ႔အတူပါသြားတဲ့ လူေတြရဲ႕ ႐ုပ္အေလာင္းအကုန္လုံးကိုေတာ့ ရွာေဖြႏိုင္မယ့္အေျခအေနမရွိဘူးလို႔လည္း ေျပာၾကပါတယ္။

ၿပီးခဲ့တဲ့ ဇြန္ ၂၃ ရက္မွာလည္း ျမန္မာသူရကုမၸဏီက စြန႔္ပစ္ေျမစာပုံၿပိဳက်တာေၾကာင့္ လူ ႏွစ္ေယာက္ေသၿပီး ေျခာက္ေယာက္ ဒဏ္ရာရရွိခဲ့ပါတယ္။

၂၀၁၉ ခုႏွစ္အတြင္း ဖားကန႔္ၿမိဳ႕နယ္ ဆိပ္မူေက်း႐ြာ ေျမၿပိဳမႈ ခုႏွစ္ခုမွာ  ေသဆုံးသူ ၁၃၇ ေယာက္ရွိတယ္လို႔ ဖားကန႔္ၿမိဳ႕   NLD ပါတီ႐ုံးက ေကာက္ယူထားတဲ့ စာရင္းေတြအရ သိရပါတယ္။

ဇာဏီထြဏ္း / RFA Burmese
https://www.facebook.com/rfaburmese
ဖားကန့် ကျောက်စိမ်းတွင်း မြေပြိုမှုကြောင့် လူ ၁၀၀ ကျော်သေဆုံး ဖားကန့် ကျောက်စိမ်းတွင်း မြေပြိုမှုကြောင့် လူ ၁၀၀ ကျော်သေဆုံး Reviewed by THITHTOOLWIN on 19:40 Rating: 5
Powered by Blogger.