တက္ကသိုလ်တွေ အွန်လိုင်းကသင်ရင် အမေရိကန် ကျောင်းသားဗီဇာတွေ ပြန်ရုပ်မယ်

စည်းကမ်းမလိုက်နာရင် ကျောင်းသားတွေ နေရပ်ပြန်ပို့ခံရနိုင်
(Unicode)⤵⤵⤵
အမေရိကန်နိုင်ငံက တက္ကသိုလ်တွေမှာ လာမယ့် ဆောင်းဦးပေါက်ကျရင် ဘာသာရပ် အတော်များများကို အွန်လိုင်းကနေပဲ လုံးဝ ပြောင်းလဲ ပို့ချပေးတော့မှာ ဖြစ်တဲ့အတွက် ဒီဘာသာရပ်တွေကို လာရောက် သင်ယူနေတဲ့ နိုင်ငံခြားသား ကျောင်းသားတွေအနေနဲ့ လူကိုယ်တိုင် သွားတက်ရတဲ့ ဘာသာရပ်ကို ပြောင်းမသင်ရင်တော့ အမေရိကန်နိုင်ငံမှာ နေခွင့် ရှိမှာ မဟုတ်တော့ပါဘူး။

စည်းမျဉ်းတွေ မလိုက်နာဘူး ဆိုရင် နေရပ်ပြန်ပို့ခံရမယ်လို့ ICE အမေရိကန် လူဝင်မှုကြီးကြပ်ရေးနဲ့ အကောက်ခွန် ဦးစီးဌာနက ပြောပါတယ်။

အမေရိကန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် တက္ကသိုလ်အတော်များများက အွန်လိုင်းကနေပဲ စာသင်ကြားပို့ချဖို့ လုပ်နေကြပါပြီ။

ကျောင်းသားဘယ်နှယောက်အပေါ် ရိုက်ခတ်မှုတွေ ရှိလာမလဲ ဆိုတာ အသေအချာ မသိရသေးပါဘူး။

နှစ်စဉ် နိုင်ငံခြားသား ကျောင်းသား အများအပြား အမေရိကန်နိုင်ငံမှာ လာရောက် စာသင်ကြားကြလေ့ ရှိပါတယ်။ အတော်များများက တစ်နှစ်လုံးစာ ကျောင်းလခ ပေးပြီး သင်ကြတဲ့အတွက် နိုင်ငံအတွက် ကြီးမားတဲ့ ဝင်ငွေ ရနေတာပါ။

ဟားဗတ်တက္ကသိုလ်က လာမယ့် စာသင်နှစ်သစ်အတွက် ကျောင်းသားတွေ ကျောင်းပြန်တက်ကြရင် တက္ကသိုလ်ထဲမှာ နေနေတဲ့ ကျောင်းသားတွေ အပါအဝင် ကျောင်းသားအားလုံးအတွက် ညွှန်ကြားချက်တွေကို အွန်လိုင်းကနေပဲ ပို့ပေးမယ်လို့ ထုတ်ဖော် ကြေညာထားပါတယ်။

ICE ဌာနက ဖွင့်ထားတဲ့ "ကျောင်းသား ဖလှယ်သင်ကြားရေး စီမံကိန်းရုံး"ကတော့ နိုင်ငံခြားသား ကျောင်းသားတွေကို အမေရိကန်နိုင်ငံထဲမှာ ဆက်နေရင်း သူတို့ရဲ့ ၂၀၂၀ ခုနှစ် နွေဦးပေါက်နဲ့ နွေရာသီ စာသင်နှစ်အတွက် အွန်လိုင်းကနေ ပညာ ဆက်သင်ခွင့် ပြုထားတယ်လိ့ ဆိုပါတယ်။

ဒါပေမဲ့ အခု ဇူလိုင်လ ၆ ရက် တနင်္လာနေ့က ထုတ်ပြန်လိုက်တဲ့ အမေရိကန်အစိုးရရဲ့ ကြေညာချက်ထဲမှာတော့ လူကိုယ်တိုင် တက်ရောက် သင်ယူရတဲ့ ဘာသာရပ်ကို မပြောင်းဘဲ အမေရိကန်နိုင်ငံထဲမှာပဲ ဆက်နေရင်း အွန်လိုင်းကနေ ပညာသင်ကြားတဲ့ နိုင်ငံခြားသား ကျောင်းသားတွေအနေနဲ့ နိုင်ငံထဲကနေ နှင်ထုတ်ခံရမှု အပါအဝင် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ အရေးယူမှုတွေနဲ့ ရင်ဆိုင်ရနိုင်တယ်လို့ ဖော်ပြထားပါတယ်။

အဲဒီ စည်းမျဉ်းဟာ အတတ်ပညာနဲ့ သက်မွေးဝမ်းကျောင်း ပညာသင် ကျောင်းသားတွေအတွက် ထုတ်ပေးတဲ့ F-1 နဲ့ M-1 ပြည်ဝင်ခွင့်ဗီဇာတွေနဲ့ သက်ဆိုင်ပါတယ်။

အမေရိကန် နိုင်ငံခြားရေးဌာနက ၂၀၁၉ ခုနှစ်က F-1 ဗီဇာ ၃၈၈၈၃၉ ခု နဲ့ M-1 ဗီဇာ ၉၅၁၈ ခု ထုတ်ပေးခဲ့တယ်လို့ စာရင်းဇယားတွေအရ သိရပါတယ်။

အမေရိကန် စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဌာနရဲ့ ဖော်ပြချက်တွေအရ ၂၀၁၈ ခုနှစ်မှာ နိုင်ငံခြားသားကျောင်းသားတွေဆီကနေ နိုင်ငံ့စီးပွားရေးအတွက် ဒေါ်လာ ၄၅ ဘီလျံ ဝင်ငွေ ရခဲ့တယ်လို့ သိရပါတယ်။

BBC Burmese
------------------------------
(Zawgyi)⤵⤵⤵
တကၠသိုလ္ေတြ အြန္လိုင္းကသင္ရင္ အေမရိကန္ ေက်ာင္းသားဗီဇာေတြ ျပန္႐ုပ္မယ္

အေမရိကန္ႏိုင္ငံက တကၠသိုလ္ေတြမွာ လာမယ့္ ေဆာင္းဦးေပါက္က်ရင္ ဘာသာရပ္ အေတာ္မ်ားမ်ားကို အြန္လိုင္းကေနပဲ လုံးဝ ေျပာင္းလဲ ပို႔ခ်ေပးေတာ့မွာ ျဖစ္တဲ့အတြက္ ဒီဘာသာရပ္ေတြကို လာေရာက္ သင္ယူေနတဲ့ ႏိုင္ငံျခားသား ေက်ာင္းသားေတြအေနနဲ႔ လူကိုယ္တိုင္ သြားတက္ရတဲ့ ဘာသာရပ္ကို ေျပာင္းမသင္ရင္ေတာ့ အေမရိကန္ႏိုင္ငံမွာ ေနခြင့္ ရွိမွာ မဟုတ္ေတာ့ပါဘူး။

စည္းမ်ဥ္းေတြ မလိုက္နာဘူး ဆိုရင္ ေနရပ္ျပန္ပို႔ခံရမယ္လို႔ ICE အေမရိကန္ လူဝင္မႈႀကီးၾကပ္ေရးနဲ႔ အေကာက္ခြန္ ဦးစီးဌာနက ေျပာပါတယ္။

အေမရိကန္ႏိုင္ငံမွာ ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ တကၠသိုလ္အေတာ္မ်ားမ်ားက အြန္လိုင္းကေနပဲ စာသင္ၾကားပို႔ခ်ဖို႔ လုပ္ေနၾကပါၿပီ။

ေက်ာင္းသားဘယ္ႏွေယာက္အေပၚ ႐ိုက္ခတ္မႈေတြ ရွိလာမလဲ ဆိုတာ အေသအခ်ာ မသိရေသးပါဘူး။

ႏွစ္စဥ္ ႏိုင္ငံျခားသား ေက်ာင္းသား အမ်ားအျပား အေမရိကန္ႏိုင္ငံမွာ လာေရာက္ စာသင္ၾကားၾကေလ့ ရွိပါတယ္။ အေတာ္မ်ားမ်ားက တစ္ႏွစ္လုံးစာ ေက်ာင္းလခ ေပးၿပီး သင္ၾကတဲ့အတြက္ ႏိုင္ငံအတြက္ ႀကီးမားတဲ့ ဝင္ေငြ ရေနတာပါ။

ဟားဗတ္တကၠသိုလ္က လာမယ့္ စာသင္ႏွစ္သစ္အတြက္ ေက်ာင္းသားေတြ ေက်ာင္းျပန္တက္ၾကရင္ တကၠသိုလ္ထဲမွာ ေနေနတဲ့ ေက်ာင္းသားေတြ အပါအဝင္ ေက်ာင္းသားအားလုံးအတြက္ ၫႊန္ၾကားခ်က္ေတြကို အြန္လိုင္းကေနပဲ ပို႔ေပးမယ္လို႔ ထုတ္ေဖာ္ ေၾကညာထားပါတယ္။

ICE ဌာနက ဖြင့္ထားတဲ့ "ေက်ာင္းသား ဖလွယ္သင္ၾကားေရး စီမံကိန္း႐ုံး"ကေတာ့ ႏိုင္ငံျခားသား ေက်ာင္းသားေတြကို အေမရိကန္ႏိုင္ငံထဲမွာ ဆက္ေနရင္း သူတို႔ရဲ႕ ၂၀၂၀ ခုႏွစ္ ေႏြဦးေပါက္နဲ႔ ေႏြရာသီ စာသင္ႏွစ္အတြက္ အြန္လိုင္းကေန ပညာ ဆက္သင္ခြင့္ ျပဳထားတယ္လိ့ ဆိုပါတယ္။

ဒါေပမဲ့ အခု ဇူလိုင္လ ၆ ရက္ တနလၤာေန႔က ထုတ္ျပန္လိုက္တဲ့ အေမရိကန္အစိုးရရဲ႕ ေၾကညာခ်က္ထဲမွာေတာ့ လူကိုယ္တိုင္ တက္ေရာက္ သင္ယူရတဲ့ ဘာသာရပ္ကို မေျပာင္းဘဲ အေမရိကန္ႏိုင္ငံထဲမွာပဲ ဆက္ေနရင္း အြန္လိုင္းကေန ပညာသင္ၾကားတဲ့ ႏိုင္ငံျခားသား ေက်ာင္းသားေတြအေနနဲ႔ ႏိုင္ငံထဲကေန ႏွင္ထုတ္ခံရမႈ အပါအဝင္ လူဝင္မႈႀကီးၾကပ္ေရးဆိုင္ရာ အေရးယူမႈေတြနဲ႔ ရင္ဆိုင္ရႏိုင္တယ္လို႔ ေဖာ္ျပထားပါတယ္။

အဲဒီ စည္းမ်ဥ္းဟာ အတတ္ပညာနဲ႔ သက္ေမြးဝမ္းေက်ာင္း ပညာသင္ ေက်ာင္းသားေတြအတြက္ ထုတ္ေပးတဲ့ F-1 နဲ႔ M-1 ျပည္ဝင္ခြင့္ဗီဇာေတြနဲ႔ သက္ဆိုင္ပါတယ္။

အေမရိကန္ ႏိုင္ငံျခားေရးဌာနက ၂၀၁၉ ခုႏွစ္က F-1 ဗီဇာ ၃၈၈၈၃၉ ခု နဲ႔ M-1 ဗီဇာ ၉၅၁၈ ခု ထုတ္ေပးခဲ့တယ္လို႔ စာရင္းဇယားေတြအရ သိရပါတယ္။

အေမရိကန္ စီးပြားေရးနဲ႔ ကူးသန္းေရာင္းဝယ္ေရးဌာနရဲ႕ ေဖာ္ျပခ်က္ေတြအရ ၂၀၁၈ ခုႏွစ္မွာ ႏိုင္ငံျခားသားေက်ာင္းသားေတြဆီကေန ႏိုင္ငံ့စီးပြားေရးအတြက္ ေဒၚလာ ၄၅ ဘီလ်ံ ဝင္ေငြ ရခဲ့တယ္လို႔ သိရပါတယ္။

BBC Burmese
https://www.bbc.com/burmese/world-53326349
တက္ကသိုလ်တွေ အွန်လိုင်းကသင်ရင် အမေရိကန် ကျောင်းသားဗီဇာတွေ ပြန်ရုပ်မယ် တက္ကသိုလ်တွေ အွန်လိုင်းကသင်ရင် အမေရိကန် ကျောင်းသားဗီဇာတွေ ပြန်ရုပ်မယ် Reviewed by THITHTOOLWIN on 07:27 Rating: 5
Powered by Blogger.