ရသေ့တောင် တိုက်ပွဲကြောင့် နှစ်ဦးသေ၊ သုံးဦးဒဏ်ရာရ

ရသေ့တောင်မြို့နယ် ထွက်ပြေးလာတဲ့ စစ်ဘေးဒုက္ခသည်တွေကို စစ်တွေမြို့ သောဘိတာရာမ ဘုန်းတော်ကြီးကျောင်းမှာ ၂ဝ၂ဝ ဇူလိုင် ၁ ရက်နေ့က တွေ့ရစဉ် / Photo: Min Thein Aung/RFA
(Unicode)⤵⤵⤵
ရခိုင်ပြည်နယ်မြောက်ပိုင်း ရသေ့တောင်မြို့နယ် အငူမော်-မော်တော်ကားလမ်းပေါ်မှာရှိတဲ့ ချိန်ခါလီရွာနဲ့ ကိုးတန် ကောက်ရွာကြားမှာ ဇူလိုင် ၁၂ ရက်နဲ့ ၁၃ ရက်နေ့မှာဖြစ်ပွားခဲ့တဲ့ တပ်မတော်နဲ့ ရခိုင့်တပ်တော် AA တို့ရဲ့ တိုက်ပွဲ ကြောင့် ချိန်ခါလီရွာသားနှစ်ယောက် လက်နက်ကြီးထိမှန် သေဆုံးခဲ့ပြီး သုံးဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက RFA ကိုပြောပါတယ်။

ဇူလိုင်လ ၁၂ ရက်နေ့ညနေပိုင်း တပ်မတော်စစ်ကြောင်းက ချိန်ခါလီရွာထဲကို ဝင်လာတဲ့အတွက် ရွာသားတွေဟာ ရွာလယ်မှာပဲ စုပြီးညအိပ်ခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဇူလိုင်လ ၁၃ ရက်နေ့ မနက်ပိုင်းမှတော့ ရွာထဲအထိ လက်နက်ကြီးကျည်တွေ ကျရောက်ပေါက်ကွဲခဲ့တာလို့ ချိန်ခါလီရွာသား ကိုမောင်ပြားက RFA ကို ဒီကနေ့ ပြောပါတယ်။

"စစ်တပ်က ညပိုင်းဝင်လာပါတယ်၊ ဝင်လာတော့ သေနတ်ကြီးတွေပစ်ပြီး ဝင်လာပါတယ်၊ ရွာသားတွေက ကြောက်ပီးတော့ ရွာလယ်ကို မိသားစု စုကြတာပေါ့၊ အဲမှာအိပ်ကြတယ်၊ မနက်မိုးလင်းတာနဲ့ ပထမပိုင်း လက်နက်ကြီးသံတစ်လုံးကြားတယ်၊ ဒုတိယပိုင်းမှာတော့ လက်နက်ကြီးအသံ နှစ်လုံးကြားတယ်၊ နောက်ပိုင်း မှာတော့ လက်နက်ကြီးသံရော လက်နက်ငယ်သံရော ဆူညံသွားတာပဲ၊ ဘယ်လိုဘယ်လိုမှန်းကို ကျွန်တော်တို့ မသိတော့ဘူး၊ အကုန်လုံးရွာသားတွေထွက်ပြီးတော့ ပြေးကြတာပေါ့၊ ပြေးကြတော့ ရွာမှာ အသက်ကြီးတွေ အဘိုးကြီးတွေ ကျန်နေတာပေါ့၊ အဲတာကိုဘယ်သူမှသွားမကြည့်ရဲဘူး၊ သေတဲ့သူတွေလည်းရှိတယ်လို့ ကျွန်တော်တို့ပြောသံကြားတယ်။"

အသက် ၆၀ ကျော်ခန့် ဦးထွန်းမောင်စိန်နဲ့ အသက် ၅၀ ကျော်အရွယ် အမျိုးသမီးသေဆုံးပြီး ချိန်ခါလီရွာသား ဦးမောင်လုံးရဲ့ဇနီးဖြစ်သူ အသက် ၃၅ နှစ်ခန့် အမျိုးသမီးနဲ့ အသက် ၅ နှစ်အရွယ် သားနဲ့သမီး ကလေးနှစ်ယောက် ဒဏ်ရာရခဲ့တယ်လို့ ကိုမောင်ပြားက ဆိုပါတယ်။

ရွာနှစ်ရွာစလုံးမှာ အသက် ၆၀ အထက် သက်ကြီးရွယ်အို အနည်းဆုံး ဆယ်ယောက်စီလောက် ကျန်ခဲ့တယ်လို့ လည်း ဆိုပါတယ်။

ကိုးတန်းကောက်ရွာသားတွေလည်း ရွာလုံးကျွတ် ထွက်ပြေးနေရတယ်လို့ ဒေသခံရွာသား ကိုချစ်ကိုကိုက RFA ကိုပြောပါတယ်။

"တိုက်ပွဲဖြစ်ဖြစ်ချင်း ကျွန်တော်တို့ တောင်ပေါ်ကို တက်ပြေးလာတာခင်ဗျ၊ ရွာသားတွေတော့ ချိန်ခါလီမှာ အသက်ခြောက်ဆယ်နဲ့ ခုနှစ်နှစ်လောက်ရှိတဲ့ အဘိုးအရွယ်တစ်ဦး နောက်ပြီး မိန်းမကြီးတစ်ဦး သေဆုံး တယ်တဲ့၊ ကျွန်တော်တို့ ကိုးတန်ကောက်ကနေ တောင်ကျော်လာရင် နော်ဝေတို့ ဇီးကုန်းတန်းတို့ရှိတယ်၊ ကျွန်တော်တို့ရွာကသူတွေဆို အကုန်နော်ဝေတို့ ဇီကုန်းတန်းတို့ ရောက်နေပြီ အကုန်တောင်ကျော်လာ ပြီးလာတာ၊ ရွာလုံးကျွတ်ပဲ ရွာမှာတစ်ယောက်မှမရှိတော့ဘူး စစ်သားတွေပဲရှိတယ်၊ အေး အသက်ကြီးတဲ့ အဖိုးကြီးတွေတော့ ရှိသေးတယ်။"

ချိန်ခါလီရွာမှာ ဒေသခံ ၇၀၀ ခန့်၊ ကိုးတန်ကောက်ရွာမှာတော့ ဒေသခံ ၄၀၀ ခန့်လောက်ရှိပြီး နှစ်ရွာလုံးမှာရှိတဲ့ ဒေသခံရွာသားတွေဟာ စစ်တွေမြို့ပေါ် အပါအဝင် စေတီပြင်ကျေးရွာ၊ ဆင်ပိုက်၊ ဇီးကုန်းတန်း ၊ နော်ဝေရွာ၊ လောင်းချော စတဲ့နီးစပ်ရာရွာတွေကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ကိုချစ်ကိုကိုကဆိုပါတယ်။

ဘူးသီးတောင်မြို့နယ်ထဲမှာလည်း ဇူလိုင်လ ၁၂ ရက်နေ့မှာပဲ တိုက်ပွဲဖြစ်ပွားမှုတွေရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဘူးသီးတောင်နဲ့ ရသေ့တောင်မြို့နယ်ထဲက ချိန်ခါလီနဲ့ ကိုးတန်ကောက်ရွာဘက်က စစ်ဘေးရှောင်ပြည်သူတွေ စစ်တွေအပါအဝင် နီးစပ်ရာကျေးရွာတွေကို ရောက်နေတယ်လို့ ဘူးသီးတောင်မြို့နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးမောင်ကျော်ဇံ ကပြောပါတယ်။

"အဲဒီကိုးတန်ကောက်၊ ချိန်ခါလီဘက်မှာ တိုက်ပွဲဖြစ်နေတာ နှစ်ရက်သုံးရက်ရှိပြီ၊ နှစ်ရက်သုံးရက်ဖြစ်ပြီးတော့ ဒဏ်ရာရတဲ့လူနာတွေလည်း စစ်တွေမြို့ကို ရောက်နေတယ်ဆိုတာကိုတော့ သတင်းရတယ်၊ သူတို့ထွက်ပြေး ကြတာ စစ်တွေဘက်ကို ထွက်ပြေးကြတာဟုတ်တယ် ပြောတယ်၊ အဲတာ ထွက်ပြေးလာတဲ့သူတွေနဲ့တော့ ကျွန်တော်နဲ့ မတွေ့ရသေးဘူး၊ အတိအကျတော့မသိရဘူး၊ အခုထိ ရွာသားတွေနဲ့ တိုက်ရိုက်အဆက်သွယ် မရဘူး။"

သေဆုံး၊ ဒဏ်ရာရသူတွေရဲ့  အခြေအနေကိုတော့ သူ့အနေနဲ့ သေချာမသိသေးဘူးလို့လည်း ဦးမောင်ကျော်ဇံ ကဆိုပါတယ်။

ရခိုင့်တပ်တော် AA ပြောခွင်ံရသူ ခိုင်သုခ ကတော့ ရသေ့တောင်မြို့နယ် အငူမော်-မော်တော်ကားလမ်းနား ချိန်ခါလီရွာနဲ့ ကိုးတန်ကောက်ရွာအနီးမှာ တပ်မတော်ရဲ့ ခလက ၂၃၃ နဲ့ နှစ်ရက်ကြာ တိုက်ပွဲဖြစ်ပွားတာ မှန်ကန်ကြောင်းနဲ့ နှစ်ဖက်အကျအဆုံးတွေရှိခဲ့သလို လက်နက်ခဲယမ်းပစ္စည်းတွေလည်း သိမ်းဆည်းရမိတယ်လို့ ပြောပါတယ်။ မြန်မာစစ်တပ်ရဲ့ပစ်ခတ်မှုကြောင့် အရပ်သား သုံးဦး သေဆုံးပြီး သုံးဦး ဒဏ်ရာရခဲ့သလို နောက်ထပ် လူငယ် လေးဦးကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ RFA ကို ပြောပါတယ်။

ရခိုင့်တပ်တော် AA ကတော့ ရသေ့တောင်မြို့နယ် အငူမော်-မော်တော်ကားလမ်းနား ချိန်ခါလီရွာနဲ့ ကိုးတန် ကောက်ရွာအနီးမှာ တပ်မတော်ရဲ့ ခလက ၂၃၃ နဲ့ နှစ်ရက်ကြာတိုက်ပွဲဖြစ်ပွားတာ မှန်ကန်ကြောင်းနဲ့ နှစ်ဖက် အကျအဆုံးတွေရှိခဲ့သလို လက်နက်ခဲယမ်းပစ္စည်းတွေလည်း သိမ်းဆည်းရမိတယ်လို့ သတင်းထုတ်ပြန် ထားပါတယ်။

ဒီအခြေအနေကိုသိရဖို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကို မေးမြန်းဖို့ကြိုးစားခဲ့ပေမယ့် RFA က ညနေပိုင်းအထိ ဆက်သွယ်လို့ မရခဲ့ပါဘူး။

တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ပြောခွင့်ရသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကတော့ တပ်မတော်အနေနဲ့ ရွာထဲကို အကြောင်းမဲ့ ပစ်ခတ်တာမျိုး မရှိကြောင်းနဲ့ AA တပ်ဖွဲ့ဝင်တွေက တပ်မတော်စစ်ကြောင်းကို တိုက်ခိုက် ပြီး ရွာထဲပြေးဝင်တာတွေရှိရင်တော့ လှမ်းပစ်တာမျိုးတွေ ရှိနိုင်ကြောင်း အရင်က ဖြေထားဖူးပါတယ်။

RFA က စုဆောင်းရရှိထားတဲ့ အချက်အလက်တွေအရ ရခိုင်မြောက်ပိုင်းနဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွေမှာ ပြီးခဲ့တဲ့ ၂ဝ၁၈ ဒီဇင်ဘာလကနေ ဒီနေ့အထိ သေဆုံးတဲ့ အရပ်သား ၂၇၁ ယောက်နဲ့ ထိခိုက်ဒဏ်ရာရသူပေါင်း ၅၈၃ ယောက်အထိ ရှိပါတယ်။

RFA Burmese
-------------------------------
(Zawgyi)⤵⤵⤵
ရေသ့ေတာင္ တိုက္ပြဲေၾကာင့္ ႏွစ္ဦးေသ၊ သုံးဦးဒဏ္ရာရ

ရခိုင္ျပည္နယ္ေျမာက္ပိုင္း ရေသ့ေတာင္ၿမိဳ႕နယ္ အငူေမာ္-ေမာ္ေတာ္ကားလမ္းေပၚမွာရွိတဲ့ ခ်ိန္ခါလီ႐ြာနဲ႔ ကိုးတန္ ေကာက္႐ြာၾကားမွာ ဇူလိုင္ ၁၂ ရက္နဲ႔ ၁၃ ရက္ေန႔မွာျဖစ္ပြားခဲ့တဲ့ တပ္မေတာ္နဲ႔ ရခိုင့္တပ္ေတာ္ AA တို႔ရဲ႕ တိုက္ပြဲ ေၾကာင့္ ခ်ိန္ခါလီ႐ြာသားႏွစ္ေယာက္ လက္နက္ႀကီးထိမွန္ ေသဆုံးခဲ့ၿပီး သုံးဦး ဒဏ္ရာရခဲ့တယ္လို႔ ေဒသခံေတြက RFA ကိုေျပာပါတယ္။

ဇူလိုင္လ ၁၂ ရက္ေန႔ညေနပိုင္း တပ္မေတာ္စစ္ေၾကာင္းက ခ်ိန္ခါလီ႐ြာထဲကို ဝင္လာတဲ့အတြက္ ႐ြာသားေတြဟာ ႐ြာလယ္မွာပဲ စုၿပီးညအိပ္ခဲ့ရတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။

ဇူလိုင္လ ၁၃ ရက္ေန႔ မနက္ပိုင္းမွေတာ့ ႐ြာထဲအထိ လက္နက္ႀကီးက်ည္ေတြ က်ေရာက္ေပါက္ကြဲခဲ့တာလို႔ ခ်ိန္ခါလီ႐ြာသား ကိုေမာင္ျပားက RFA ကို ဒီကေန႔ ေျပာပါတယ္။

"စစ္တပ္က ညပိုင္းဝင္လာပါတယ္၊ ဝင္လာေတာ့ ေသနတ္ႀကီးေတြပစ္ၿပီး ဝင္လာပါတယ္၊ ႐ြာသားေတြက ေၾကာက္ပီးေတာ့ ႐ြာလယ္ကို မိသားစု စုၾကတာေပါ့၊ အဲမွာအိပ္ၾကတယ္၊ မနက္မိုးလင္းတာနဲ႔ ပထမပိုင္း လက္နက္ႀကီးသံတစ္လုံးၾကားတယ္၊ ဒုတိယပိုင္းမွာေတာ့ လက္နက္ႀကီးအသံ ႏွစ္လုံးၾကားတယ္၊ ေနာက္ပိုင္း မွာေတာ့ လက္နက္ႀကီးသံေရာ လက္နက္ငယ္သံေရာ ဆူညံသြားတာပဲ၊ ဘယ္လိုဘယ္လိုမွန္းကို ကြၽန္ေတာ္တို႔ မသိေတာ့ဘူး၊ အကုန္လုံး႐ြာသားေတြထြက္ၿပီးေတာ့ ေျပးၾကတာေပါ့၊ ေျပးၾကေတာ့ ႐ြာမွာ အသက္ႀကီးေတြ အဘိုးႀကီးေတြ က်န္ေနတာေပါ့၊ အဲတာကိုဘယ္သူမွသြားမၾကည့္ရဲဘူး၊ ေသတဲ့သူေတြလည္းရွိတယ္လို႔ ကြၽန္ေတာ္တို႔ေျပာသံၾကားတယ္။"

အသက္ ၆၀ ေက်ာ္ခန႔္ ဦးထြန္းေမာင္စိန္နဲ႔ အသက္ ၅၀ ေက်ာ္အ႐ြယ္ အမ်ိဳးသမီးေသဆုံးၿပီး ခ်ိန္ခါလီ႐ြာသား ဦးေမာင္လုံးရဲ႕ဇနီးျဖစ္သူ အသက္ ၃၅ ႏွစ္ခန႔္ အမ်ိဳးသမီးနဲ႔ အသက္ ၅ ႏွစ္အ႐ြယ္ သားနဲ႔သမီး ကေလးႏွစ္ေယာက္ ဒဏ္ရာရခဲ့တယ္လို႔ ကိုေမာင္ျပားက ဆိုပါတယ္။

႐ြာႏွစ္႐ြာစလုံးမွာ အသက္ ၆၀ အထက္ သက္ႀကီး႐ြယ္အို အနည္းဆုံး ဆယ္ေယာက္စီေလာက္ က်န္ခဲ့တယ္လို႔ လည္း ဆိုပါတယ္။

ကိုးတန္းေကာက္႐ြာသားေတြလည္း ႐ြာလုံးကြၽတ္ ထြက္ေျပးေနရတယ္လို႔ ေဒသခံ႐ြာသား ကိုခ်စ္ကိုကိုက RFA ကိုေျပာပါတယ္။

"တိုက္ပြဲျဖစ္ျဖစ္ခ်င္း ကြၽန္ေတာ္တို႔ ေတာင္ေပၚကို တက္ေျပးလာတာခင္ဗ်၊ ႐ြာသားေတြေတာ့ ခ်ိန္ခါလီမွာ အသက္ေျခာက္ဆယ္နဲ႔ ခုႏွစ္ႏွစ္ေလာက္ရွိတဲ့ အဘိုးအ႐ြယ္တစ္ဦး ေနာက္ၿပီး မိန္းမႀကီးတစ္ဦး ေသဆုံး တယ္တဲ့၊ ကြၽန္ေတာ္တို႔ ကိုးတန္ေကာက္ကေန ေတာင္ေက်ာ္လာရင္ ေနာ္ေဝတို႔ ဇီးကုန္းတန္းတို႔ရွိတယ္၊ ကြၽန္ေတာ္တို႔႐ြာကသူေတြဆို အကုန္ေနာ္ေဝတို႔ ဇီကုန္းတန္းတို႔ ေရာက္ေနၿပီ အကုန္ေတာင္ေက်ာ္လာ ၿပီးလာတာ၊ ႐ြာလုံးကြၽတ္ပဲ ႐ြာမွာတစ္ေယာက္မွမရွိေတာ့ဘူး စစ္သားေတြပဲရွိတယ္၊ ေအး အသက္ႀကီးတဲ့ အဖိုးႀကီးေတြေတာ့ ရွိေသးတယ္။"

ခ်ိန္ခါလီ႐ြာမွာ ေဒသခံ ၇၀၀ ခန႔္၊ ကိုးတန္ေကာက္႐ြာမွာေတာ့ ေဒသခံ ၄၀၀ ခန႔္ေလာက္ရွိၿပီး ႏွစ္႐ြာလုံးမွာရွိတဲ့ ေဒသခံ႐ြာသားေတြဟာ စစ္ေတြၿမိဳ႕ေပၚ အပါအဝင္ ေစတီျပင္ေက်း႐ြာ၊ ဆင္ပိုက္၊ ဇီးကုန္းတန္း ၊ ေနာ္ေဝ႐ြာ၊ ေလာင္းေခ်ာ စတဲ့နီးစပ္ရာ႐ြာေတြကို ထြက္ေျပးတိမ္းေရွာင္ေနရတယ္လို႔ ကိုခ်စ္ကိုကိုကဆိုပါတယ္။

ဘူးသီးေတာင္ၿမိဳ႕နယ္ထဲမွာလည္း ဇူလိုင္လ ၁၂ ရက္ေန႔မွာပဲ တိုက္ပြဲျဖစ္ပြားမႈေတြရွိခဲ့တယ္လို႔ ေဒသခံေတြက ေျပာပါတယ္။

ဘူးသီးေတာင္နဲ႔ ရေသ့ေတာင္ၿမိဳ႕နယ္ထဲက ခ်ိန္ခါလီနဲ႔ ကိုးတန္ေကာက္႐ြာဘက္က စစ္ေဘးေရွာင္ျပည္သူေတြ စစ္ေတြအပါအဝင္ နီးစပ္ရာေက်း႐ြာေတြကို ေရာက္ေနတယ္လို႔ ဘူးသီးေတာင္ၿမိဳ႕နယ္ အမ်ိဳးသားလႊတ္ေတာ္ ကိုယ္စားလွယ္ ဦးေမာင္ေက်ာ္ဇံ ကေျပာပါတယ္။

"အဲဒီကိုးတန္ေကာက္၊ ခ်ိန္ခါလီဘက္မွာ တိုက္ပြဲျဖစ္ေနတာ ႏွစ္ရက္သုံးရက္ရွိၿပီ၊ ႏွစ္ရက္သုံးရက္ျဖစ္ၿပီးေတာ့ ဒဏ္ရာရတဲ့လူနာေတြလည္း စစ္ေတြၿမိဳ႕ကို ေရာက္ေနတယ္ဆိုတာကိုေတာ့ သတင္းရတယ္၊ သူတို႔ထြက္ေျပး ၾကတာ စစ္ေတြဘက္ကို ထြက္ေျပးၾကတာဟုတ္တယ္ ေျပာတယ္၊ အဲတာ ထြက္ေျပးလာတဲ့သူေတြနဲ႔ေတာ့ ကြၽန္ေတာ္နဲ႔ မေတြ႕ရေသးဘူး၊ အတိအက်ေတာ့မသိရဘူး၊ အခုထိ ႐ြာသားေတြနဲ႔ တိုက္႐ိုက္အဆက္သြယ္ မရဘူး။"

ေသဆုံး၊ ဒဏ္ရာရသူေတြရဲ႕  အေျခအေနကိုေတာ့ သူ႔အေနနဲ႔ ေသခ်ာမသိေသးဘူးလို႔လည္း ဦးေမာင္ေက်ာ္ဇံ ကဆိုပါတယ္။

ရခိုင့္တပ္ေတာ္ AA ေျပာခြင္ံရသူ ခိုင္သုခ ကေတာ့ ရေသ့ေတာင္ၿမိဳ႕နယ္ အငူေမာ္-ေမာ္ေတာ္ကားလမ္းနား ခ်ိန္ခါလီ႐ြာနဲ႔ ကိုးတန္ေကာက္႐ြာအနီးမွာ တပ္မေတာ္ရဲ႕ ခလက ၂၃၃ နဲ႔ ႏွစ္ရက္ၾကာ တိုက္ပြဲျဖစ္ပြားတာ မွန္ကန္ေၾကာင္းနဲ႔ ႏွစ္ဖက္အက်အဆုံးေတြရွိခဲ့သလို လက္နက္ခဲယမ္းပစၥည္းေတြလည္း သိမ္းဆည္းရမိတယ္လို႔ ေျပာပါတယ္။ ျမန္မာစစ္တပ္ရဲ႕ပစ္ခတ္မႈေၾကာင့္ အရပ္သား သုံးဦး ေသဆုံးၿပီး သုံးဦး ဒဏ္ရာရခဲ့သလို ေနာက္ထပ္ လူငယ္ ေလးဦးကိုလည္း ဖမ္းဆီးေခၚေဆာင္သြားတယ္လို႔ RFA ကို ေျပာပါတယ္။

ရခိုင့္တပ္ေတာ္ AA ကေတာ့ ရေသ့ေတာင္ၿမိဳ႕နယ္ အငူေမာ္-ေမာ္ေတာ္ကားလမ္းနား ခ်ိန္ခါလီ႐ြာနဲ႔ ကိုးတန္ ေကာက္႐ြာအနီးမွာ တပ္မေတာ္ရဲ႕ ခလက ၂၃၃ နဲ႔ ႏွစ္ရက္ၾကာတိုက္ပြဲျဖစ္ပြားတာ မွန္ကန္ေၾကာင္းနဲ႔ ႏွစ္ဖက္ အက်အဆုံးေတြရွိခဲ့သလို လက္နက္ခဲယမ္းပစၥည္းေတြလည္း သိမ္းဆည္းရမိတယ္လို႔ သတင္းထုတ္ျပန္ ထားပါတယ္။

ဒီအေျခအေနကိုသိရဖို႔ တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႕ အတြင္းေရးမႉး ဗိုလ္မႉးခ်ဳပ္ ေဇာ္မင္းထြန္းကို ေမးျမန္းဖို႔ႀကိဳးစားခဲ့ေပမယ့္ RFA က ညေနပိုင္းအထိ ဆက္သြယ္လို႔ မရခဲ့ပါဘူး။

တပ္မေတာ္ သတင္းမွန္ျပန္ၾကားေရးအဖြဲ႕ ေျပာခြင့္ရသူ ဗိုလ္မႉးခ်ဳပ္ ေဇာ္မင္းထြန္းကေတာ့ တပ္မေတာ္အေနနဲ႔ ႐ြာထဲကို အေၾကာင္းမဲ့ ပစ္ခတ္တာမ်ိဳး မရွိေၾကာင္းနဲ႔ AA တပ္ဖြဲ႕ဝင္ေတြက တပ္မေတာ္စစ္ေၾကာင္းကို တိုက္ခိုက္ ၿပီး ႐ြာထဲေျပးဝင္တာေတြရွိရင္ေတာ့ လွမ္းပစ္တာမ်ိဳးေတြ ရွိႏိုင္ေၾကာင္း အရင္က ေျဖထားဖူးပါတယ္။

RFA က စုေဆာင္းရရွိထားတဲ့ အခ်က္အလက္ေတြအရ ရခိုင္ေျမာက္ပိုင္းနဲ႔ ခ်င္းျပည္နယ္ ပလက္ဝၿမိဳ႕နယ္ေတြမွာ ၿပီးခဲ့တဲ့ ၂ဝ၁၈ ဒီဇင္ဘာလကေန ဒီေန႔အထိ ေသဆုံးတဲ့ အရပ္သား ၂၇၁ ေယာက္နဲ႔ ထိခိုက္ဒဏ္ရာရသူေပါင္း ၅၈၃ ေယာက္အထိ ရွိပါတယ္။

RFA Burmese
https://www.rfa.org/burmese/news/yathaetaung-battle-two-civilians-dead-three-injure-07142020055138.html
ရသေ့တောင် တိုက်ပွဲကြောင့် နှစ်ဦးသေ၊ သုံးဦးဒဏ်ရာရ ရသေ့တောင် တိုက်ပွဲကြောင့် နှစ်ဦးသေ၊ သုံးဦးဒဏ်ရာရ Reviewed by THITHTOOLWIN on 20:03 Rating: 5
Powered by Blogger.