ထိုင်းရောက် မြန်မာ တသောင်းတထောင်နီးပါး နယ်စပ်တွေက ပြန်ဝင်လာ


ဇူလိုင်လ ၁ ရက်နေ့ကနေ ၁၆ ရက်နေ့အထိ ထိုင်းနိုင်ငံကနေ နယ်စပ်ဂိတ်တွေကတဆင့် ပြန်လည်ဝင်ရောက်လာခဲ့တဲ့ မြန်မာနိုင်ငံသား တသောင်းကိုးရာရှစ်ဆယ့်ငါးဦးရှိခဲ့ရာမှာ အမျိုးသမီး ၄၅၃၆ ဦး၊ အမျိုးသား ၆၄၄၉ ဦး ပါဝင်ပါတယ်။

မတ်လ ၂၂ ရက်နေ့ကနေ  ဇူလိုင်လ ၁၆ ရက်နေ့အထိ ပြန်လည်ဝင်ရောက်လာခဲ့သူပေါင်း ရှစ်သောင်းခြောက်ထောင်လေးရာ လေးဆယ့်ကိုးဦး ဖြစ်ပါတယ်။ အများစုဟာ မြဝတီ-မဲဆောက် ကနေ ပဲခူးတိုင်း၊ မွန်ပြည်နယ် နဲ့ ကရင်ပြည်နယ်တွေကို ပြန်လာခဲ့ကြတာဖြစ်ပါတယ်။ ဇူလိုင်လ ပထမလဝက်အတွင်း တရုတ်ပြည်ကနေ ပြန်လာခဲ့ကြသူ ၂၈၈၇ ဦး ရှိပါတယ်။

ထိုင်း၊တရုတ်၊ လာအို နိုင်ငံတွေကနေ ပြန်လာသူ စုစုပေါင်း တသိန်းသုံးသောင်းကျော်ရှိပြီး အဲဒီထဲမှာ အစိုးရအစီအစဉ်နဲ့ နိုင်ငံတကာကနေ ပြန်လာသူပေါင်း ၈၅၄၃ ဦးရှိတယ်လို့ သိရပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese
ထိုင်းရောက် မြန်မာ တသောင်းတထောင်နီးပါး နယ်စပ်တွေက ပြန်ဝင်လာ ထိုင်းရောက် မြန်မာ တသောင်းတထောင်နီးပါး နယ်စပ်တွေက ပြန်ဝင်လာ Reviewed by THITHTOOLWIN on 07:42 Rating: 5
Powered by Blogger.