မူဆယ်တွင် အမျိုးသားတဦး သေနတ်ပစ်သတ်ခံရ

ယမန်နေ့ညတွင် သေနတ်ပစ်ခံရပြီး သေဆုံးသွားသည့် အမျိုးသားပုံ
(Unicode)⤵⤵⤵
သျှမ်းပြည် မြောက်ပိုင်း မူဆယ်မြို့ ကောင်းမူးတုံရပ်ကွက် တွင် ယမန်နေ့ ညပိုင်း၌ အမျိုးသားတဦး သေနတ်ပစ်ခံရကြောင်းစုံစမ်းသိရသည်။

ဖြစ်စဉ်မှာ ယမန်နေ့ (ဇူလိုင် ၂)ရက် ည ၉ နာရီ ဝန်းကျင်တွင် ကောင်းမူးတုံရပ်ကွက် ဟိုနားဘုန်းကြီးကျောင်း ဘေးလမ်းတွင် အသက် ၂၅နှစ် အရွယ် ရှိ အမျိုးသားတဦးမောင်းလာသည့် ဆိုင်ကယ်နောက်ကို အမည်မသိ သူ ၂ဦး က လိုက်လံ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ကြောင်း မူဆယ်ဒေသခံများပြောပြချက် အရသိရသည်။

“ အသက် ၂၅နှစ် ကောင်လေးမောင်းလာတဲ့ဆိုင်ကယ်နောက်ကို ဆိုင်ကယ်တစီး နဲ့ လူ ၂ယောက်က လိုက်ပြီး သေနတ်နဲ့ ပစ်ပြီး ထွက်ပြေးသွားတယ်။ ကောင်လေးကတော့ အဲ့မှာပဲ သေသွားတယ်” ဟု မျက်မြင်တွေ့ရှိသည့် ကိုလွင် ကသျှမ်းသံတော်ဆင့်ကို ပြောသည်။

သေနတ်ပစ်ခံရပြီး သေဆုံးသွားသည့် အမျိုးသားသည် ယာဘက် လည်ပင်း၊ ယာဘက် နံကြား နှင့် ယာဘက် ဆီးခုံ တို့တွင်ကျည် ၃ ချက် ဒဏ်ရာရရှိကြောင်း၊ သေဆုံးသူအနီးတွင်လည်း ၉မမ ကျည်ခွံ ၂ ခုတွေ့ရှိကြောင်း မူဆယ်မြို့ ရဲစခန်းမှ စုံစမ်းသိရသည်။

“ တရားခံကိုတော့ မနေ့ကတည်းက ကျနော်တို့ ရှာဖွေနေပါတယ်။ အခုထိ ကျနော်တို့ စုံစမ်းနေဆဲပါ” ဟု မူဆယ်မြို့မ ရဲစခန်းတွင် တာဝန်ကျ ရဲအရာရှိ တဦးက ပြောသည်။

သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့သည် တရုတ်နယ်စပ် မြို့ဖြစ်ပြီး မကြာခဏ လုယက်မှု၊ သေနတ်ပစ်ခတ်မှု နှင့် ဗုံးပေါက်ကွဲမှုများဖြစ်ပွားသည့် နေရာဒေသတဦးဖြစ်သည်။

Nang Seng Nom - သျှမ်းသံတော်ဆင့်
------------------------------------------------
(Zawgyi)⤵⤵⤵
မူဆယ္တြင္ အမ်ိဳးသားတဦး ေသနတ္ပစ္သတ္ခံရ

သွ်မ္းျပည္ ေျမာက္ပိုင္း မူဆယ္ၿမိဳ႕ ေကာင္းမူးတုံရပ္ကြက္ တြင္ ယမန္ေန႔ ညပိုင္း၌ အမ်ိဳးသားတဦး ေသနတ္ပစ္ခံရေၾကာင္းစုံစမ္းသိရသည္။

ျဖစ္စဥ္မွာ ယမန္ေန႔ (ဇူလိုင္ ၂)ရက္ ည ၉ နာရီ ဝန္းက်င္တြင္ ေကာင္းမူးတုံရပ္ကြက္ ဟိုနားဘုန္းႀကီးေက်ာင္း ေဘးလမ္းတြင္ အသက္ ၂၅ႏွစ္ အ႐ြယ္ ရွိ အမ်ိဳးသားတဦးေမာင္းလာသည့္ ဆိုင္ကယ္ေနာက္ကို အမည္မသိ သူ ၂ဦး က လိုက္လံ ပစ္ခတ္မႈေၾကာင့္ ေသဆုံးခဲ့ေၾကာင္း မူဆယ္ေဒသခံမ်ားေျပာျပခ်က္ အရသိရသည္။

“ အသက္ ၂၅ႏွစ္ ေကာင္ေလးေမာင္းလာတဲ့ဆိုင္ကယ္ေနာက္ကို ဆိုင္ကယ္တစီး နဲ႔ လူ ၂ေယာက္က လိုက္ၿပီး ေသနတ္နဲ႔ ပစ္ၿပီး ထြက္ေျပးသြားတယ္။ ေကာင္ေလးကေတာ့ အဲ့မွာပဲ ေသသြားတယ္” ဟု မ်က္ျမင္ေတြ႕ရွိသည့္ ကိုလြင္ ကသွ်မ္းသံေတာ္ဆင့္ကို ေျပာသည္။

ေသနတ္ပစ္ခံရၿပီး ေသဆုံးသြားသည့္ အမ်ိဳးသားသည္ ယာဘက္ လည္ပင္း၊ ယာဘက္ နံၾကား ႏွင့္ ယာဘက္ ဆီးခုံ တို႔တြင္က်ည္ ၃ ခ်က္ ဒဏ္ရာရရွိေၾကာင္း၊ ေသဆုံးသူအနီးတြင္လည္း ၉မမ က်ည္ခြံ ၂ ခုေတြ႕ရွိေၾကာင္း မူဆယ္ၿမိဳ႕ ရဲစခန္းမွ စုံစမ္းသိရသည္။

“ တရားခံကိုေတာ့ မေန႔ကတည္းက က်ေနာ္တို႔ ရွာေဖြေနပါတယ္။ အခုထိ က်ေနာ္တို႔ စုံစမ္းေနဆဲပါ” ဟု မူဆယ္ၿမိဳ႕မ ရဲစခန္းတြင္ တာဝန္က် ရဲအရာရွိ တဦးက ေျပာသည္။

သွ်မ္းျပည္ေျမာက္ပိုင္း မူဆယ္ၿမိဳ႕သည္ တ႐ုတ္နယ္စပ္ ၿမိဳ႕ျဖစ္ၿပီး မၾကာခဏ လုယက္မႈ၊ ေသနတ္ပစ္ခတ္မႈ ႏွင့္ ဗုံးေပါက္ကြဲမႈမ်ားျဖစ္ပြားသည့္ ေနရာေဒသတဦးျဖစ္သည္။

Nang Seng Nom - သွ်မ္းသံေတာ္ဆင့္
https://burmese.shannews.org/archives/17351
မူဆယ်တွင် အမျိုးသားတဦး သေနတ်ပစ်သတ်ခံရ မူဆယ်တွင် အမျိုးသားတဦး သေနတ်ပစ်သတ်ခံရ Reviewed by THITHTOOLWIN on 23:03 Rating: 5
Powered by Blogger.