ဖားကန့် မြေပြိုလူသေဆုံးမှု တပ်မတော်အဆင့်မြင့်အရာရှိ နှစ်ဦး အရေးယူခံရ

ကချင်ပြည်နယ် ဖားကန့်မြို့က မြေစာပုံပြိုကျမှုမှာ သေဆုံးသူများကို ကူညီသယ်ဆောင်ပေးနေတဲ့ မြင်ကွင်း။ (ဇူလိုင် ၀၂၊ ၂၀၂၀)
(Unicode)⤵⤵⤵
ကချင်ပြည်နယ် ဖားကန့်ကျောက်စိမ်းတွင်းမှာ လူပေါင်း ၁၇၀ ကျော် သေဆုံးခဲ့ရတဲ့ မတော်တဆမှုနဲ့ ဆက်နွယ်ပြီး တပ်မတော်က အဆင့်မြင့် အရာရှိ နှစ် ယောက်ကို အရေးယူလိုက်တဲ့အကြောင်း ပြောပြပေးချင်ပါတယ်။ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မမေခက သတင်းပေးပို့ထားပါတယ်။

ဖားကန့်မြို့နယ် ဝှေခါကျေးရွာအနီး ကျောက်စိမ်းလုပ်ကွက်မှာ လူပေါင်း ၁၇၂ ယောက်ထက်မနည်း သေဆုံးပြီး၊ ၅၄ ယောက် ဒဏ်ရာရခဲ့တဲ့ မြေပြိုကျမှုအတွက် လုံခြုံရေးတာဝန်ရှိသူတွေအဖြစ် တပ်မှူး တဦးနဲ့ ကချင်ပြည်နယ် လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီးတို့ကို အရေးယူလိုက်ကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ပြောခွင့်ရသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

"လုံခြုံရေးအရ တာဝန်ရှိသူနေရာမှာ အဲနေရာမှာ ကန့်သတ်ထားတာ၊ တားမြစ်ထားတာ၊ စည်းမျဉ်းစည်းကမ်းဒေသန္တရ အမိန့်တွေ ရှိမယ်။ ဒါတွေနဲ့ပတ်သတ်လို့ ချိုးဖောက်ခဲ့တာတွေ၊ လိုက်နာဖို့ အားနည်းခဲ့တာတွေ၊ မလိုက်နာတာတွေ၊ လုံခြုံရေးအရ တာဝန်ယူနေရသူတွေအနေနဲ့ ဒါတွေကို တားဆီးဖို့၊ ကန့်သတ်ဖို့ ဒါတွေနဲ့ပတ်သတ်လို့ အဆင့်ဆင့်တင်ပြရမှာတွေရှိပါလိမ့်မယ်။ ဒါတွေကို လိုက်နာဖို့ အားနည်းခဲ့တယ်။ လိုက်နာဖို့ ပျက်ကွက်ခဲ့တယ်။ ချိုးဖောက်ခဲ့တယ်ဆိုရင် အရေးယူခံရမှာဖြစ်ပါတယ်။ တပ်မတော်ရဲ့ စစ်ဘက် လုပ်ထုံးလုပ်နည်းအတိုင်း ဆောင်ရွက်သွားပါလိမ့်မယ်။ စစ်တရား ရုံးဖွဲ့စစ်ဆေးတာတွေ ရှိပါလိမ့်မယ်။"

မတော်တဆမှုမှာ တာဝန်ရှိသူတွေအဖြစ် တပ်မတော်က အရေးယူလိုက်တဲ့ လုပ်ရပ်ကိုတော့ ဖားကန့်မြို့နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်မြင့်ကတော့ ကြိုဆိုလိုက်ပါတယ်။ အလားတူ အစိုးရအနေနဲ့လည်း တာဝန်ရှိတဲ့သူတွေကို အရေးယူဖို့လည်း တိုက်တွန်းခဲ့တာပါ။

"အဲလိုဖြစ်ရတာက ပူးပေါင်းဆောင်ရွက်မှု မရှိလို့ အဲတော့နောက်နောင်စံပြအနေနဲ့ ပူးပေါင်းဆောင်ရွက်အောင် ပူးပေါင်းဆောင်ရွက်မယ်ဆိုတဲ့သဘောနဲ့ လုပ်ပေးတယ်လို့ ကျနော်မြင်ပါတယ်။ ရဲဘက်ကလည်း လာမယ်ထင်တယ်။ တပ်ကတော့ ပြတ်ပြတ်သားသားလုပ်ပြသလိုကျနော်တို့ ရဲဘက်ကလည်း ပြတ်ပြတ်သားသား လုပ်ပြရမယ်လေ။ ပြည်တဲရေးဘက်က လာစစ်တယ်၊ တပ်ဘက်ကို တိတိကျကျ အရေးယူပေးတယ်။ ကျနော်တို့ အစိုးရဘက်ပိုင်းကလည်း သက်ဆိုင်ရာဝန်ကြီး၊ သက်ဆိုင်ရာဌာနဆိုင်ရာတွေကို အရေးယူပြဖို့လိုတယ်။ လုပ်ပြမှလည်း ပူးပေါင်းလို့ရမှာလေ။"

မြန်မာအစိုးရရဲ့ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးအုန်းဝင်း ဥက္ကဋ္ဌအဖြစ် ဦးဆောင်တဲ့ စုံစမ်းစစ်ဆေးရေး အဖွဲ့ကတော့ မတော်တဆမှုနဲ့ ပတ်သက်လို့ ကချင်ပြည်နယ် ဖားကန့်ဒေသမှာ သွားရောက် စစ်ဆေးခဲ့တာပါ။ စုံစမ်းရေးအဖွဲ့ဟာ ဖားကန့်ဒေသက ကျောက်စိမ်းတူးဖော်ရေး လုပ်ငန်းရှင်တွေနဲ့ ကုမ္ပဏီတာဝန်ရှိသူတွေကို မေးမြန်းစစ်ဆေးတာတွေ၊ ကွင်းဆင်းလေ့လာတာတွေ လုပ်ခဲ့ကြပါတယ်။

တပ်မတော်ကတော့ အရေးယူလိုက်တဲ့ စစ်ဘက်ဆိုင်ရာ အရာရှိတွေကို လတ်တလောမူလတာဝန်တွေမှာ ပြန်လည်တာဝန်ထမ်းဆောင်ဖို့ ညွှန်ကြားထားပြီး ဆက်လက်အရေးယူသွားမှာဖြစ်ကြောင်း ပြောဆိုထားပါတယ်။

ကချင်ငြိမ်းချမ်းရေးကွန်ရက် ညှိနှိုင်းရေးမှူး ဒေါ်ခွန်ဂျာကတော့ လက်တွေ့အရေးယူတဲ့ လုပ်ရပ်တွေနဲ့ ထိရောက်တဲ့ ပြုပြင်ပြောင်းလဲမှုတွေ ရှိမှသာ အခုလို အဖြစ်ဆိုးမျိုးကို ရှောင်ရှားနိုင်မယ်လို့ မြင်ပါတယ်။

"အက်ရှင်ယူတာကောင်းပါတယ်။ ဒီဥစ္စာက နိုင်ငံရေးအရ အမည်ကောင်းပဲ ရဖို့လား၊ ဘယ်လောက်အတိုင်းအတာထိ သက်ရောက်မှာလဲဆိုတာ ကျမတို့ မသိဘူးရှင့်။ ကျမတို့ အနေနဲ့ ဖြစ်စေချင်တာကတော့ မှားတဲ့ဟာ မှားပြီးပြီ။ ရှိနေတဲ့ နိုင်ငံတော်ဘက်က ဘတ်ဂျက် စိုက်ထုတ်မှု၊ CSR ဖန်တွေလည်း ရှိတယ်။ ဒါတွေအကုန်လုံးနဲ့ ပြုပြင်မွမ်းမံလို့ရသမျှအ ကုန်ပြုပြင်မွမ်းမံပြီးတော့ လက်ရှိမှာ ထပ်မဖြစ်ဖို့ လုပ်သလို အနာဂတ်မှာ မဖြစ်အောင် လုပ်ဆောင်ဖို့ ကာကွယ်မှုတွေ လုပ်ဖို့နဲ့ တရားဥပဒေတွေ စိုးမိုးအောင်လုပ်ဖို့ လိုပါတယ်ရှင့်။ မလုပ်ဘဲ ဒီ နှစ်ယောက်ပဲ အရေးယူရင်တော့ ထိရောက်မှု မရှိဘူး ယူဆတယ်။ သက်ရောက်မှု မသိတဲ့အခါ အရေးယူမှုကို ကြိုဆိုတယ်လို့ ပြောဖို့လည်းနည်းနည်းခက်ပါတယ်ရှင့်။"

ဖားကန့်ဒေသမှာ ၂၀၁၅ ခုနှစ်တုန်းကလည်း မြေစာပုံပြိုကျရာမှ လူ ၁၀၀ လောက် သေဆုံးခဲ့ဖူးပါတယ်။ အခုလို မတော်တဆမှုတွေ ဖြစ်ရတဲ့ အကြောင်းရင်းတွေထဲမှာတော့ မြန်မာနိုင်ငံမှာ ကျောက်မျက်ဥပဒေကို အတည်ပြုထားပေမဲ့ လက်တွေ့ ကျင့်သုံးနိုင်မှု မရှိတာဟာလည်း အကြောင်းရင်းတခုအဖြစ်နဲ့ အကဲခတ်တချို့က ထောက်ပြနေကြတာပါ။

နိုင်ငံတကာ သဘာဝသယံဇာတ စောင့်ကြည့်ရေးအဖွဲ့တခုဖြစ်တဲ့ Global Witness ကတော့ ကချင်ပြည်နယ်မှာ ကျောက်စိမ်းတူးဖော်မှုတွေကို အစိုးရက ထိန်းချုပ်ဖို့ ပျက်ကွက်နေတာကြောင့် ဖားကန့်ဒေသမှာ အခုလို ထိခိုက်သေဆုံးမှုတွေ ကြုံနေရတာလို့ ပြောပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ထဲ ကြုံခဲ့ရတဲ့ ဖြစ်ရပ်အတွက် စိတ်မကောင်းဖြစ်ရကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၊ အရှေ့တောင်အာရှ နိုင်ငံများအသင်း အာဆီယံနဲ့ မြန်မာနိုင်ငံ အခြေစိုက် အမေရိကန်သံရုံးတို့ကလည်း ကြေညာချက်တွေ အသီးသီး ထုတ်ပြန်ပြောဆိုထားကြပါတယ်။

 မေခ  / ဗွီအိုအေ ( မြန်မာပိုင်း)
-------------------------------------------------
(Zawgyi)⤵⤵⤵
ဖားကန႔္ ေျမၿပိဳလူေသဆုံးမႈ တပ္မေတာ္အဆင့္ျမင့္အရာရွိ ႏွစ္ဦး အေရးယူခံရ

ကခ်င္ျပည္နယ္ ဖားကန႔္ေက်ာက္စိမ္းတြင္းမွာ လူေပါင္း ၁၇၀ ေက်ာ္ ေသဆုံးခဲ့ရတဲ့ မေတာ္တဆမႈနဲ႔ ဆက္ႏြယ္ၿပီး တပ္မေတာ္က အဆင့္ျမင့္ အရာရွိ ႏွစ္ ေယာက္ကို အေရးယူလိုက္တဲ့အေၾကာင္း ေျပာျပေပးခ်င္ပါတယ္။ ဗြီအိုေအျမန္မာပိုင္း သတင္းေထာက္ မေမခက သတင္းေပးပို႔ထားပါတယ္။

ဖားကန႔္ၿမိဳ႕နယ္ ေဝွခါေက်း႐ြာအနီး ေက်ာက္စိမ္းလုပ္ကြက္မွာ လူေပါင္း ၁၇၂ ေယာက္ထက္မနည္း ေသဆုံးၿပီး၊ ၅၄ ေယာက္ ဒဏ္ရာရခဲ့တဲ့ ေျမၿပိဳက်မႈအတြက္ လုံၿခဳံေရးတာဝန္ရွိသူေတြအျဖစ္ တပ္မႉး တဦးနဲ႔ ကခ်င္ျပည္နယ္ လုံၿခဳံေရးနဲ႔ နယ္စပ္ေရးရာဝန္ႀကီးတို႔ကို အေရးယူလိုက္ေၾကာင္း တပ္မေတာ္ သတင္းမွန္ျပန္ၾကားေရးအဖြဲ႕ ေျပာခြင့္ရသူ ဗိုလ္မႉးခ်ဳပ္ ေဇာ္မင္းထြန္းက ေျပာပါတယ္။

"လုံၿခဳံေရးအရ တာဝန္ရွိသူေနရာမွာ အဲေနရာမွာ ကန႔္သတ္ထားတာ၊ တားျမစ္ထားတာ၊ စည္းမ်ဥ္းစည္းကမ္းေဒသႏၲရ အမိန႔္ေတြ ရွိမယ္။ ဒါေတြနဲ႔ပတ္သတ္လို႔ ခ်ိဳးေဖာက္ခဲ့တာေတြ၊ လိုက္နာဖို႔ အားနည္းခဲ့တာေတြ၊ မလိုက္နာတာေတြ၊ လုံၿခဳံေရးအရ တာဝန္ယူေနရသူေတြအေနနဲ႔ ဒါေတြကို တားဆီးဖို႔၊ ကန႔္သတ္ဖို႔ ဒါေတြနဲ႔ပတ္သတ္လို႔ အဆင့္ဆင့္တင္ျပရမွာေတြရွိပါလိမ့္မယ္။ ဒါေတြကို လိုက္နာဖို႔ အားနည္းခဲ့တယ္။ လိုက္နာဖို႔ ပ်က္ကြက္ခဲ့တယ္။ ခ်ိဳးေဖာက္ခဲ့တယ္ဆိုရင္ အေရးယူခံရမွာျဖစ္ပါတယ္။ တပ္မေတာ္ရဲ႕ စစ္ဘက္ လုပ္ထုံးလုပ္နည္းအတိုင္း ေဆာင္႐ြက္သြားပါလိမ့္မယ္။ စစ္တရား ႐ုံးဖြဲ႕စစ္ေဆးတာေတြ ရွိပါလိမ့္မယ္။"

မေတာ္တဆမႈမွာ တာဝန္ရွိသူေတြအျဖစ္ တပ္မေတာ္က အေရးယူလိုက္တဲ့ လုပ္ရပ္ကိုေတာ့ ဖားကန႔္ၿမိဳ႕နယ္ အမ်ိဳးသားလႊတ္ေတာ္ ကိုယ္စားလွယ္ ဦးခင္ေမာင္ျမင့္ကေတာ့ ႀကိဳဆိုလိုက္ပါတယ္။ အလားတူ အစိုးရအေနနဲ႔လည္း တာဝန္ရွိတဲ့သူေတြကို အေရးယူဖို႔လည္း တိုက္တြန္းခဲ့တာပါ။

"အဲလိုျဖစ္ရတာက ပူးေပါင္းေဆာင္႐ြက္မႈ မရွိလို႔ အဲေတာ့ေနာက္ေနာင္စံျပအေနနဲ႔ ပူးေပါင္းေဆာင္႐ြက္ေအာင္ ပူးေပါင္းေဆာင္႐ြက္မယ္ဆိုတဲ့သေဘာနဲ႔ လုပ္ေပးတယ္လို႔ က်ေနာ္ျမင္ပါတယ္။ ရဲဘက္ကလည္း လာမယ္ထင္တယ္။ တပ္ကေတာ့ ျပတ္ျပတ္သားသားလုပ္ျပသလိုက်ေနာ္တို႔ ရဲဘက္ကလည္း ျပတ္ျပတ္သားသား လုပ္ျပရမယ္ေလ။ ျပည္တဲေရးဘက္က လာစစ္တယ္၊ တပ္ဘက္ကို တိတိက်က် အေရးယူေပးတယ္။ က်ေနာ္တို႔ အစိုးရဘက္ပိုင္းကလည္း သက္ဆိုင္ရာဝန္ႀကီး၊ သက္ဆိုင္ရာဌာနဆိုင္ရာေတြကို အေရးယူျပဖို႔လိုတယ္။ လုပ္ျပမွလည္း ပူးေပါင္းလို႔ရမွာေလ။"

ျမန္မာအစိုးရရဲ႕ သယံဇာတနဲ႔ သဘာဝပတ္ဝန္းက်င္ ထိန္းသိမ္းေရးဝန္ႀကီး ဦးအုန္းဝင္း ဥကၠ႒အျဖစ္ ဦးေဆာင္တဲ့ စုံစမ္းစစ္ေဆးေရး အဖြဲ႕ကေတာ့ မေတာ္တဆမႈနဲ႔ ပတ္သက္လို႔ ကခ်င္ျပည္နယ္ ဖားကန႔္ေဒသမွာ သြားေရာက္ စစ္ေဆးခဲ့တာပါ။ စုံစမ္းေရးအဖြဲ႕ဟာ ဖားကန႔္ေဒသက ေက်ာက္စိမ္းတူးေဖာ္ေရး လုပ္ငန္းရွင္ေတြနဲ႔ ကုမၸဏီတာဝန္ရွိသူေတြကို ေမးျမန္းစစ္ေဆးတာေတြ၊ ကြင္းဆင္းေလ့လာတာေတြ လုပ္ခဲ့ၾကပါတယ္။

တပ္မေတာ္ကေတာ့ အေရးယူလိုက္တဲ့ စစ္ဘက္ဆိုင္ရာ အရာရွိေတြကို လတ္တေလာမူလတာဝန္ေတြမွာ ျပန္လည္တာဝန္ထမ္းေဆာင္ဖို႔ ၫႊန္ၾကားထားၿပီး ဆက္လက္အေရးယူသြားမွာျဖစ္ေၾကာင္း ေျပာဆိုထားပါတယ္။

ကခ်င္ၿငိမ္းခ်မ္းေရးကြန္ရက္ ညႇိႏႈိင္းေရးမႉး ေဒၚခြန္ဂ်ာကေတာ့ လက္ေတြ႕အေရးယူတဲ့ လုပ္ရပ္ေတြနဲ႔ ထိေရာက္တဲ့ ျပဳျပင္ေျပာင္းလဲမႈေတြ ရွိမွသာ အခုလို အျဖစ္ဆိုးမ်ိဳးကို ေရွာင္ရွားႏိုင္မယ္လို႔ ျမင္ပါတယ္။

"အက္ရွင္ယူတာေကာင္းပါတယ္။ ဒီဥစၥာက ႏိုင္ငံေရးအရ အမည္ေကာင္းပဲ ရဖို႔လား၊ ဘယ္ေလာက္အတိုင္းအတာထိ သက္ေရာက္မွာလဲဆိုတာ က်မတို႔ မသိဘူးရွင့္။ က်မတို႔ အေနနဲ႔ ျဖစ္ေစခ်င္တာကေတာ့ မွားတဲ့ဟာ မွားၿပီးၿပီ။ ရွိေနတဲ့ ႏိုင္ငံေတာ္ဘက္က ဘတ္ဂ်က္ စိုက္ထုတ္မႈ၊ CSR ဖန္ေတြလည္း ရွိတယ္။ ဒါေတြအကုန္လုံးနဲ႔ ျပဳျပင္မြမ္းမံလို႔ရသမွ်အ ကုန္ျပဳျပင္မြမ္းမံၿပီးေတာ့ လက္ရွိမွာ ထပ္မျဖစ္ဖို႔ လုပ္သလို အနာဂတ္မွာ မျဖစ္ေအာင္ လုပ္ေဆာင္ဖို႔ ကာကြယ္မႈေတြ လုပ္ဖို႔နဲ႔ တရားဥပေဒေတြ စိုးမိုးေအာင္လုပ္ဖို႔ လိုပါတယ္ရွင့္။ မလုပ္ဘဲ ဒီ ႏွစ္ေယာက္ပဲ အေရးယူရင္ေတာ့ ထိေရာက္မႈ မရွိဘူး ယူဆတယ္။ သက္ေရာက္မႈ မသိတဲ့အခါ အေရးယူမႈကို ႀကိဳဆိုတယ္လို႔ ေျပာဖို႔လည္းနည္းနည္းခက္ပါတယ္ရွင့္။"

ဖားကန႔္ေဒသမွာ ၂၀၁၅ ခုႏွစ္တုန္းကလည္း ေျမစာပုံၿပိဳက်ရာမွ လူ ၁၀၀ ေလာက္ ေသဆုံးခဲ့ဖူးပါတယ္။ အခုလို မေတာ္တဆမႈေတြ ျဖစ္ရတဲ့ အေၾကာင္းရင္းေတြထဲမွာေတာ့ ျမန္မာႏိုင္ငံမွာ ေက်ာက္မ်က္ဥပေဒကို အတည္ျပဳထားေပမဲ့ လက္ေတြ႕ က်င့္သုံးႏိုင္မႈ မရွိတာဟာလည္း အေၾကာင္းရင္းတခုအျဖစ္နဲ႔ အကဲခတ္တခ်ိဳ႕က ေထာက္ျပေနၾကတာပါ။

ႏိုင္ငံတကာ သဘာဝသယံဇာတ ေစာင့္ၾကည့္ေရးအဖြဲ႕တခုျဖစ္တဲ့ Global Witness ကေတာ့ ကခ်င္ျပည္နယ္မွာ ေက်ာက္စိမ္းတူးေဖာ္မႈေတြကို အစိုးရက ထိန္းခ်ဳပ္ဖို႔ ပ်က္ကြက္ေနတာေၾကာင့္ ဖားကန႔္ေဒသမွာ အခုလို ထိခိုက္ေသဆုံးမႈေတြ ႀကဳံေနရတာလို႔ ေျပာပါတယ္။

ၿပီးခဲ့တဲ့ သီတင္းပတ္ထဲ ႀကဳံခဲ့ရတဲ့ ျဖစ္ရပ္အတြက္ စိတ္မေကာင္းျဖစ္ရေၾကာင္း ကုလသမဂၢ အတြင္းေရးမႉးခ်ဳပ္၊ အေရွ႕ေတာင္အာရွ ႏိုင္ငံမ်ားအသင္း အာဆီယံနဲ႔ ျမန္မာႏိုင္ငံ အေျခစိုက္ အေမရိကန္သံ႐ုံးတို႔ကလည္း ေၾကညာခ်က္ေတြ အသီးသီး ထုတ္ျပန္ေျပာဆိုထားၾကပါတယ္။

 ေမခ  / ဗြီအိုေအ ( ျမန္မာပိုင္း)
https://burmese.voanews.com/a/phar-kant-landslide/5491471.html
ဖားကန့် မြေပြိုလူသေဆုံးမှု တပ်မတော်အဆင့်မြင့်အရာရှိ နှစ်ဦး အရေးယူခံရ ဖားကန့် မြေပြိုလူသေဆုံးမှု တပ်မတော်အဆင့်မြင့်အရာရှိ နှစ်ဦး အရေးယူခံရ Reviewed by THITHTOOLWIN on 20:57 Rating: 5
Powered by Blogger.