ရှဒူးဇွတ်ကျေးရွာရှိ ရေဘေးသင့်ပြည်သူ ၁၅၀၀ ကျော်အား ယာယီစခန်း ဖွင့်လှစ်နေရာချထား


ဖားကန့်    ဇူလိုင်   ၂၁

 ကချင်ပြည်နယ် ဖားကန့်မြို့နယ် မြစ်ကြီးနား-တနိုင်း လီဒိုကားလမ်းမ ပေါ်ရှိ ရှဒူးဇွတ်ကျေးရွာ၌ ဇူလိုင် ၂၀ ရက်မှစ၍ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေခြင်းကြောင့် ရေဘေးသင့်ပြည်သူ ၁၅၀၀ ကျော်အား ဘုန်းတော်ကြီးကျောင်းနှင့် ခရစ်ယာန်ဘုရားကျောင်း၌ ယာယီစခန်း ဖွင့်လှစ်၍ ရွှေ့ပြောင်းနေရာချထားကြောင်း သိရသည်။


 ရှဒူးဇွတ်ကျေးရွာတွင် အိမ်ခြေတစ်ထောင်ကျော်နှင့် လူဦးရေ တစ်သောင်းခန့်နေထိုင်လျက်ရှိကာ ရေကြီးရေလျှံမှုကြောင့် အိမ်ခြေ ၈၀၀ ခန့် ရေနစ်မြုပ်ကာ လူဦးရေ ၁၅၅၄ ဦး ရေဘေးသင့်ဒဏ်ခံခဲ့ရပြီး KBC နှစ်ချင်းခရစ်ယာန်ဘုရားကျောင်း၊ အလိုတော်ပြည့် ဘုန်းကြီးကျောင်း၊ သာသနာ့အောင်စံ ဘုန်းတော်ကြီးကျောင်းတို့တွင် ယာယီရွှေ့ပြောင်းနေရာချထားပေးထားကြောင်း သိရသည်။

 အဆိုပါရေကြီးနစ်မြုပ်နေသည့် ရှဒူးဇွတ်ကျေးရွာသို့ ယနေ့ နံနက်ပိုင်းက ကချင်ပြည်နယ် မီးသတ်ဦးစီးဌာနမှ ပြည်နယ်ညွှန်ကြာရေးမှူး ဦးဇော်ဝင်ထွန်း ဦးဆောင်သည့် မီးသတ်တပ်ဖွဲ့ဝင်များ၊ ဖားကန့်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဉာဏ်လင်းအောင်နှင့် အုပ်ချုပ်ရေးအဖွဲ့ဝင်များမှ သွားရောက်ကာ ကျေးရွာရှိ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ နယ်မြေပြည်သူ့ စစ်အဖွဲ့ဝင်များနှင့်ပူးပေါင်း၍ ရှာဖွေကယ်ဆယ်ရေးများနှင့် နေရာချထား ပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဝင်းနိုင်(ကချင်မြေ) / Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
ရှဒူးဇွတ်ကျေးရွာရှိ ရေဘေးသင့်ပြည်သူ ၁၅၀၀ ကျော်အား ယာယီစခန်း ဖွင့်လှစ်နေရာချထား ရှဒူးဇွတ်ကျေးရွာရှိ ရေဘေးသင့်ပြည်သူ ၁၅၀၀ ကျော်အား ယာယီစခန်း ဖွင့်လှစ်နေရာချထား Reviewed by THITHTOOLWIN on 22:00 Rating: 5
Powered by Blogger.