မန္တလေးစက်မှုဇုန်အတွင်းက သံရည်ကြိုစက်ရုံတွင် ပေါက်ကွဲမှု ဖြစ်ပွားပြီး လူငါးဦးဒဏ်ရာရ


မန္တလေး  ၂၉  ဇူလိုင်

မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် စက်မှုဇုန်(၂)ရှိ ရွှေနန်းတော် သံရည်ကြိုစက်ရုံတွင် ယနေ့နံနက်ပိုင်းက သံရည်ကြိုနေစဉ် ပေါက်ကွဲမှုဖြစ်ပွားရာ လုပ်သားငါးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

သံရည်ကြိုနေစဉ် လျှပ်စစ်မီးပြတ်တောက်သွားရာ ကြိုလက်စ သံရည်ပူများ ခဲသွားပြီး လျှပ်စစ်မီး ပြန်လည်ရရှိချိန်၌  လုံထဲတွင် ဖိအားများကာ ခဲနေသည့် သံတုံးကို တွန်းထုတ်ရာ သံရည်များ လွင့်စင်သွားခဲ့ရာမှ ပေါက်ကွဲမှုဖြစ်သွားကြောင်း သိရသည်။

“ဝန်ထမ်း အလုပ်သမား လေးယောက်ကတော့ ဆေးဝါးကုသမှုခံယူနေပါတယ်။ အားလုံးသတိရတယ်၊ အားလုံး အခြေအနေကောင်းပါတယ်။ အလုပ်သမားတစ်ယောက်ကတော့ မီးလောင်တဲ့ ဒဏ်ရာကြောင့် မို့လို့ အနည်းငယ် အော်ပရေးရှင်းလေး နည်းနည်းလုပ်ရမယ်လို့ သတင်းကြားပါတယ်” ဟု  စက်မှုဇုန် စီမံခန့်ခွဲရေးကော်မတီ ဒုတိယဥက္ကဋ္ဌ  ဦးနေဝင်းက ပြောသည်။

ထိခိုက်ဒဏ်ရာရသည့် အလုပ်သမား ၅ ယောက်ကို မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးသို့ ပို့ဆောင်ထားပြီး မီးလောင်ဒဏ်ရရှိထားသူတစ်ဦးအား ခွဲစိတ်ရန်ပြင်ဆင်နေကြောင်း သိရသည်။

ဖြိုးအိ/ Myanmar Digital News
https://www.facebook.com/MyanmarDigitalNews/
မန္တလေးစက်မှုဇုန်အတွင်းက သံရည်ကြိုစက်ရုံတွင် ပေါက်ကွဲမှု ဖြစ်ပွားပြီး လူငါးဦးဒဏ်ရာရ မန္တလေးစက်မှုဇုန်အတွင်းက သံရည်ကြိုစက်ရုံတွင် ပေါက်ကွဲမှု ဖြစ်ပွားပြီး လူငါးဦးဒဏ်ရာရ Reviewed by THITHTOOLWIN on 20:46 Rating: 5
Powered by Blogger.