တရုတ်ပြည်က အကျိတ်ပလိပ်၊ အတွင်းမွန်ဂိုးလီးယားမှာ ပလိပ်ဖြစ်လို့ ကာကွယ်ရေးတွေလုပ်

အကျိတ်ပလိပ်လူနာရဲ့ ရောင်ရမ်းနေတဲ့ သားငန်ရည်အကျိတ်က ယူထားတဲ့ ပလိပ်ပိုးနမူနာ
(Unicode)⤵⤵⤵
တရုတ်နိုင်ငံမြောက်ပိုင်း အတွင်းမွန်ဂိုးလီးယား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနယ်မြေက မြို့တစ်မြို့မှာ အကျိတ်ပလိပ် လူနာတစ်ယောက် တွေ့လို့ တရုတ် အာဏာပိုင်တွေက တားဆီးဖို့ ကြိုးစားနေကြပါတယ်။

ကူးစက်ခံရသူက မြင်း၊ ကုလားအုပ်စတဲ့ တိရစ္ဆာန်တွေ မွေးပြီး လှည့်လည်နေထိုင်တဲ့သူ ဖြစ်ပါတယ်။ ဒီလူနာကို သီးသန့်ခွဲထားပြီး အခြေအနေ မစိုးရိမ်ရဘူးလို့ တရုတ်အစိုးရ သတင်းအရ သိရပါတယ်။

နောက်သံသယလူနာတစ်ယောက်ကိုလည်း စစ်ဆေးနေကြောင်း အာဏာပိုင်တွေက ပြောကြားတယ်လို့ တရုတ် ဂလိုဘယ်တိုင်းသတင်းစာက ရေးသားပါတယ်။

အကျိတ်ပလိပ်ရောဂါဟာ ကမ္ဘာပေါ်မှာ ကြောက်စရာအကောင်းဆုံးရောဂါတွေထဲမှာ တခါက ပါခဲ့ဖူးပေမယ့် ခုတော့ အလွယ်တကူ ကုသနိုင်ပြီ ဖြစ်ပါတယ်။

ပထမဆုံး ပလိပ်လူနာကို စနေနေ့က ဘယန်နာမြို့ ဆေးရုံမှာ တွေ့ခဲ့တာ ဖြစ်ပါတယ်။

လူနာ ဒီရောဂါ ဘယ်လိုကူးလာသလဲ ဆိုတာ မသိရသေးဘဲ ရှိနေပါတယ်။

ဒုတိယ သံသယလူနာကတော့ ၁၅ နှစ်အရွယ်ရှိပြီး ခွေးတွေ အမဲလိုက်ထားတဲ့ မားမတ်ခေါ် ရှဉ့်တစ်မျိုးကို ကိုင်တွယ်ခဲ့ပုံရတယ်လို့ ဂလိုဘယ်တိုင်းသတင်းစာက ရေးပါတယ်။

အခု အဲဒီဒေသမှာ ပလိပ်ကို အဆင့်သုံးအနေနဲ့ တပ်လှန့်ထားပြီး ဒီနှစ်ကုန်အထိ ပလိပ်ပိုးသယ်နိုင်တဲ့ရှဉ့် တွေကို အမဲလိုက် စားသောက်တာကို တားမြစ်ထားသလို ပလိပ်လို့ မသင်္ကာတဲ့လူနာတွေ တွေ့ရင် အကြောင်းကြားဖို့လည်း ပြည်သူတွေကြားမှာ နှိုးဆော်ထားပါတယ်။

အကျိတ်ပလိပ်ဆိုတာဘာလဲ

ဘက်တီးရီးယားပိုးတစ်မျိုးက သယ်ဆောင်လာတဲ့ အကျိတ်ပလိပ်ရောဂါဟာ လူ့သမိုင်းမှာ အဆိုးဆုံး အနက်ရောင်သေမင်းဆိုတဲ့ ကပ်ဘေးကြီးကို ဖြစ်ပွားစေခဲ့ပါတယ်။ (၁၄) ရာစု အာဖရိက၊ အာရှနဲ့ ဥရောပက လူသန်း ၅ဝ လောက် ဒီကပ်ဘေးနဲ့ သေဆုံးခဲ့တာပါ။

အဲဒီနောက်မှာလည်း ပလိပ်ရောဂါတွေ ဆက်ဖြစ်ခဲ့ပါတယ်။ ၁၆၆၅ မှာဖြစ်တဲ့ လန်ဒန်က ပလိပ်ဘေးကြီး အတွင်း လူဦးရေ ငါးပုံတစ်ပုံ သေခဲ့ပြီး (၁၉) ရာစု တရုတ်ပြည်နဲ့ အိန္ဒိယမှာ ဖြစ်တဲ့ ပလိပ်ကပ်တွေအတွင်း လူ (၁၂) သန်းကျော် သေကြေခဲ့ပါတယ်။

အခုခေတ်မှာတော့ ဒီရောဂါကို ပဋိဇီဝဆေးတွေနဲ့ ကုသနိုင်ပါပြီ။ မကုဘဲ နေရင်တော့ သေနှုန်းက ၃ဝ ကနေ ၆ဝ ရာခိုင်နှုန်းထိ ရှိပါတယ်။ လူတွေကို အလှေးတွေကတစ်ဆင့် တိရစ္ဆာန်တွေကနေ ကူးစက်တတ်ပါတယ်။

ပလိပ်ရောဂါ လက္ခဏာတွေထဲမှာ အဖျားကြီးတာ၊ ချမ်းတုန်တာ၊ အော့အန်တာ၊ အားနည်းတာနဲ့ လည်ပင်း၊ ချိုင်းနဲ့ ပေါင်ခြံက အကျိတ်တွေ ရောင်တာတွေ ပါပါတယ်။

နောက်ထပ် ကပ်ရောဂါ ဖြစ်လာနိုင်သလား

အကျိတ်ပလိပ်ရောဂါ ဖြစ်တာနည်းသွားပေမဲ့ တစ်ခါတလေမှာ ပြန်ပေါ်လာတာတွေ ရှိပါတယ်။

အာဖရိကတိုက်နားက မက်ဒါဂါစကာကျွန်းမှာ ၂ဝ၁၇ က ပလိပ်ရောဂါဖြစ်ပြီး လူ သုံးရာကျော် ကူးစက်ခဲ့ပါတယ်။ ဒါပေမဲ့ သေသူက လူ (၃ဝ) မရှိဘူးလို့ လန်းဆတ် ဆေးပညာဂျာနယ်က ရေးပါတယ်။

မနှစ် မေလကလည်း မွန်ဂိုလီးယားနိုင်ငံမှာ မာမတ်ရှဉ့်အသားစိမ်းကို စားမိတဲ့ လူနှစ်ယောက် ပလိပ်နဲ့ သေပါတယ်။ အခု ဒုတိယပလိပ် သံသယလူနာလည်း ဒီရှဉ့်တစ်ကောင်ကိုပဲ ကိုင်ခဲ့မိတာပါ။

ဒါပေမဲ့လည်း ဒီလူနာတွေကနေ ကပ်ဘေးထိ ဖြစ်သွားဖို့က ဖြစ်နိုင်ခြေမရှိပါဘူး။

" (၁၄) ရာစုနဲ့ မတူတော့ဘူး၊ ဒီရောဂါ ဘယ်လိုကူးတယ်ဆိုတာ အခု သိနေပါပြီ"

လို့ စတန်းဖို့ဒ် တက္ကသိုလ် က ကူးစက်ရောဂါ ပညာရှင် ဒေါက်တာ ရှန်တီ ကပ်ပါဂိုဒါက ပြောပါတယ်။

" အခု ဘယ်လို ကာကွယ်ရမယ်ဆိုတာ သိနေပြီ၊ လူနာတွေကိုလည်း အစွမ်းထက်တဲ့ ပဋိဇီဝဆေးတွေနဲ့ ကုနိုင်နေပြီ" လို့ သူက ဆိုပါတယ်။

BBC Burmese
------------------------------------
(Zawgyi)⤵⤵⤵
တ႐ုတ္ျပည္က အက်ိတ္ပလိပ္၊ အတြင္းမြန္ဂိုးလီးယားမွာ ပလိပ္ျဖစ္လို႔ ကာကြယ္ေရးေတြလုပ္

တ႐ုတ္ႏိုင္ငံေျမာက္ပိုင္း အတြင္းမြန္ဂိုးလီးယား ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရနယ္ေျမက ၿမိဳ႕တစ္ၿမိဳ႕မွာ အက်ိတ္ပလိပ္ လူနာတစ္ေယာက္ ေတြ႕လို႔ တ႐ုတ္ အာဏာပိုင္ေတြက တားဆီးဖို႔ ႀကိဳးစားေနၾကပါတယ္။

ကူးစက္ခံရသူက ျမင္း၊ ကုလားအုပ္စတဲ့ တိရစာၦန္ေတြ ေမြးၿပီး လွည့္လည္ေနထိုင္တဲ့သူ ျဖစ္ပါတယ္။ ဒီလူနာကို သီးသန္႔ခြဲထားၿပီး အေျခအေန မစိုးရိမ္ရဘူးလို႔ တ႐ုတ္အစိုးရ သတင္းအရ သိရပါတယ္။

ေနာက္သံသယလူနာတစ္ေယာက္ကိုလည္း စစ္ေဆးေနေၾကာင္း အာဏာပိုင္ေတြက ေျပာၾကားတယ္လို႔ တ႐ုတ္ ဂလိုဘယ္တိုင္းသတင္းစာက ေရးသားပါတယ္။

အက်ိတ္ပလိပ္ေရာဂါဟာ ကမာၻေပၚမွာ ေၾကာက္စရာအေကာင္းဆုံးေရာဂါေတြထဲမွာ တခါက ပါခဲ့ဖူးေပမယ့္ ခုေတာ့ အလြယ္တကူ ကုသႏိုင္ၿပီ ျဖစ္ပါတယ္။

ပထမဆုံး ပလိပ္လူနာကို စေနေန႔က ဘယန္နာၿမိဳ႕ ေဆး႐ုံမွာ ေတြ႕ခဲ့တာ ျဖစ္ပါတယ္။

လူနာ ဒီေရာဂါ ဘယ္လိုကူးလာသလဲ ဆိုတာ မသိရေသးဘဲ ရွိေနပါတယ္။

ဒုတိယ သံသယလူနာကေတာ့ ၁၅ ႏွစ္အ႐ြယ္ရွိၿပီး ေခြးေတြ အမဲလိုက္ထားတဲ့ မားမတ္ေခၚ ရွဥ့္တစ္မ်ိဳးကို ကိုင္တြယ္ခဲ့ပုံရတယ္လို႔ ဂလိုဘယ္တိုင္းသတင္းစာက ေရးပါတယ္။

အခု အဲဒီေဒသမွာ ပလိပ္ကို အဆင့္သုံးအေနနဲ႔ တပ္လွန္႔ထားၿပီး ဒီႏွစ္ကုန္အထိ ပလိပ္ပိုးသယ္ႏိုင္တဲ့ရွဥ့္ ေတြကို အမဲလိုက္ စားေသာက္တာကို တားျမစ္ထားသလို ပလိပ္လို႔ မသကၤာတဲ့လူနာေတြ ေတြ႕ရင္ အေၾကာင္းၾကားဖို႔လည္း ျပည္သူေတြၾကားမွာ ႏႈိးေဆာ္ထားပါတယ္။

အက်ိတ္ပလိပ္ဆိုတာဘာလဲ

ဘက္တီးရီးယားပိုးတစ္မ်ိဳးက သယ္ေဆာင္လာတဲ့ အက်ိတ္ပလိပ္ေရာဂါဟာ လူ႔သမိုင္းမွာ အဆိုးဆုံး အနက္ေရာင္ေသမင္းဆိုတဲ့ ကပ္ေဘးႀကီးကို ျဖစ္ပြားေစခဲ့ပါတယ္။ (၁၄) ရာစု အာဖရိက၊ အာရွနဲ႔ ဥေရာပက လူသန္း ၅ဝ ေလာက္ ဒီကပ္ေဘးနဲ႔ ေသဆုံးခဲ့တာပါ။

အဲဒီေနာက္မွာလည္း ပလိပ္ေရာဂါေတြ ဆက္ျဖစ္ခဲ့ပါတယ္။ ၁၆၆၅ မွာျဖစ္တဲ့ လန္ဒန္က ပလိပ္ေဘးႀကီး အတြင္း လူဦးေရ ငါးပုံတစ္ပုံ ေသခဲ့ၿပီး (၁၉) ရာစု တ႐ုတ္ျပည္နဲ႔ အိႏၵိယမွာ ျဖစ္တဲ့ ပလိပ္ကပ္ေတြအတြင္း လူ (၁၂) သန္းေက်ာ္ ေသေၾကခဲ့ပါတယ္။

အခုေခတ္မွာေတာ့ ဒီေရာဂါကို ပဋိဇီဝေဆးေတြနဲ႔ ကုသႏိုင္ပါၿပီ။ မကုဘဲ ေနရင္ေတာ့ ေသႏႈန္းက ၃ဝ ကေန ၆ဝ ရာခိုင္ႏႈန္းထိ ရွိပါတယ္။ လူေတြကို အေလွးေတြကတစ္ဆင့္ တိရစာၦန္ေတြကေန ကူးစက္တတ္ပါတယ္။

ပလိပ္ေရာဂါ လကၡဏာေတြထဲမွာ အဖ်ားႀကီးတာ၊ ခ်မ္းတုန္တာ၊ ေအာ့အန္တာ၊ အားနည္းတာနဲ႔ လည္ပင္း၊ ခ်ိဳင္းနဲ႔ ေပါင္ၿခံက အက်ိတ္ေတြ ေရာင္တာေတြ ပါပါတယ္။

ေနာက္ထပ္ ကပ္ေရာဂါ ျဖစ္လာႏိုင္သလား

အက်ိတ္ပလိပ္ေရာဂါ ျဖစ္တာနည္းသြားေပမဲ့ တစ္ခါတေလမွာ ျပန္ေပၚလာတာေတြ ရွိပါတယ္။

အာဖရိကတိုက္နားက မက္ဒါဂါစကာကြၽန္းမွာ ၂ဝ၁၇ က ပလိပ္ေရာဂါျဖစ္ၿပီး လူ သုံးရာေက်ာ္ ကူးစက္ခဲ့ပါတယ္။ ဒါေပမဲ့ ေသသူက လူ (၃ဝ) မရွိဘူးလို႔ လန္းဆတ္ ေဆးပညာဂ်ာနယ္က ေရးပါတယ္။

မႏွစ္ ေမလကလည္း မြန္ဂိုလီးယားႏိုင္ငံမွာ မာမတ္ရွဥ့္အသားစိမ္းကို စားမိတဲ့ လူႏွစ္ေယာက္ ပလိပ္နဲ႔ ေသပါတယ္။ အခု ဒုတိယပလိပ္ သံသယလူနာလည္း ဒီရွဥ့္တစ္ေကာင္ကိုပဲ ကိုင္ခဲ့မိတာပါ။

ဒါေပမဲ့လည္း ဒီလူနာေတြကေန ကပ္ေဘးထိ ျဖစ္သြားဖို႔က ျဖစ္ႏိုင္ေျခမရွိပါဘူး။

" (၁၄) ရာစုနဲ႔ မတူေတာ့ဘူး၊ ဒီေရာဂါ ဘယ္လိုကူးတယ္ဆိုတာ အခု သိေနပါၿပီ"

လို႔ စတန္းဖို႔ဒ္ တကၠသိုလ္ က ကူးစက္ေရာဂါ ပညာရွင္ ေဒါက္တာ ရွန္တီ ကပ္ပါဂိုဒါက ေျပာပါတယ္။

" အခု ဘယ္လို ကာကြယ္ရမယ္ဆိုတာ သိေနၿပီ၊ လူနာေတြကိုလည္း အစြမ္းထက္တဲ့ ပဋိဇီဝေဆးေတြနဲ႔ ကုႏိုင္ေနၿပီ" လို႔ သူက ဆိုပါတယ္။

BBC Burmese
https://www.bbc.com/burmese/53308371
တရုတ်ပြည်က အကျိတ်ပလိပ်၊ အတွင်းမွန်ဂိုးလီးယားမှာ ပလိပ်ဖြစ်လို့ ကာကွယ်ရေးတွေလုပ် တရုတ်ပြည်က အကျိတ်ပလိပ်၊ အတွင်းမွန်ဂိုးလီးယားမှာ ပလိပ်ဖြစ်လို့ ကာကွယ်ရေးတွေလုပ် Reviewed by THITHTOOLWIN on 07:22 Rating: 5
Powered by Blogger.