ကွန်တိန်နာတွဲယာဉ်နှင့် အိမ်စီးကား မျက်နှာချင်းဆိုင်တိုက်တစ်ဦး သေဆုံး နှစ်ဦးစိုးရိမ်ရ


(Unicode)⤵⤵⤵
ရန်ကုန်   ဇူလိုင်  ၂

ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် အမှတ်(၉၁)ရပ်ကွက်၊ကနောင်မင်းသားကြီးလမ်းမကြီးပေါ်တွင် ဇွန် ၃၀ ရက် ည ၉ နာရီ ၄၅ မိနစ်ခန့်က ကွန်တိန်နာနောက်တွဲယာဉ်နှင့် အိမ်စီး ပါဂျဲရိုးယာဉ်တို့ မျက်နှာချင်းဆိုင်တိုက်မိခဲ့ပြီး အိမ်စီးယာဉ်မောင်း သူနှင့်လိုက်ပါသူ(၂)ဦးဒဏ်ရာအသီးသီးရရှိခဲ့ပြီး သင်္ဃန်ကျွန်းစံပြ ဆေးရုံကြီးသို့တင်ပို့စဉ် တစ်ဦးသေဆုံးသွားခဲ့ပြီး ယာဉ်မောင်းနှင်သူနှင့် တစ်ဦးမှာ(စိုးရိမ်ရ)ကုသဆဲဖြစ်သည်။

 ဖြစ်စဉ်မှာ ကနောင်မင်းသားကြီးလမ်းအတိုင်း အနောက်မှ အရှေ့ဘက်သို့ ယာဉ်မောင်းဝေယံထက် မောင်းနှင်လာသည့် ကွန်တိန်နာ နောက်တွဲပါယာဉ်(YGN.5C -----)ယာဉ်သည် ကနောင်မင်းသားကြီး လမ်းစုံမရောက်မီ တစ်ဘက်ယာဉ်ကျောပေါ်သို့ ရောက်ရှိပြီး မျက်နှာချင်းဆိုင်မှမောင်းနှင်လာသော(5C.----)ပါဂျဲရိုးယာဉ်အား အရှိန်ဖြင့်ဝင်ရောက်တိုက်မိခဲ့သည်။

 ယာဉ်နှစ်စီးမျက်နှာချင်းဆိုင်တိုက်မိသည့်အရှိန်ကြောင့် ပါဂျဲရိုး ယာဉ်မောင်းနှင်သူ ဦးရဲမြင့် မှာဦးခေါင်းထိပ်ပေါက်ပြဲ၊ နဖူး ပေါက်ပြဲ၊ ဝဲယာသွေးထွက်(စိုးရိမ်ရ)ဒဏ်ရာရှိခဲ့ပြီးယာဉ်ခေါင်းခန်းတွင်လိုက်ပါ စီးနင်းလာသည့်ဦးသိန်းဇော် မှာနဖူးပေါက်ပြဲ၊ ဝဲချိုစောင်း ပေါက်ပြဲ၊ ပါးစပ်သွေးထွက်ဒါဏ်ရာ(စိုးရိမ်ရ)ရရှိခဲ့သည် ယာဉ်နောက်ခုံတွင် စီးနင်းလာသည့်ဦးထွန်းလှိုင် မှာနဖူးပေါက်ပြဲ၊ ဝဲယာနား သွေးထွက်၊ မေးစေ့ ပေါက်ပြဲ၊ ဒဏ်ရာအသီးသီးရရှိခဲ့ပြီး ရွှေသံလျင်နာရေး ကူညီမှုအသင်းယာဉ်ဖြင့် သင်္ဃန်းကျွန်းစံပြဆေးရုံကြီးသို့ ပို့ဆောင်တင်ပို့ ကုသစဉ် ဦးထွန်းနိုင်မှာသေဆုံးခဲ့သည်။

ထို့ကြောင့် ကွန်တိန်နာယာဉ်(YGN.5C 2258)အား လူသေဆုံးသည်အထိ ယာဉ်မဆင်မခြင်မောင်းနှင်သူဝေယံထက်(ယာဉ်လိုင်စင်မရှိ) မြောင်းတကာစံပြကျေးရွာ၊(၅)ရပ်ကွက် မော်ဘီမြို့နယ်နေသူအား ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့မရဲစခန်းမှ အရေးယူဆောင်ရွက်လျက် ရှိကြောင်း သတင်းရှိသည်။

 ကိုကြီးစိုး(ဆိပ်ကမ်း) / Myanmaalinn
-------------------------------------
(Zawgyi)⤵⤵⤵
ကြန္တိန္နာတြဲယာဥ္ႏွင့္ အိမ္စီးကား မ်က္ႏွာခ်င္းဆိုင္တိုက္တစ္ဦး ေသဆုံး ႏွစ္ဦးစိုးရိမ္ရ

ရန္ကုန္   ဇူလိုင္  ၂

ရန္ကုန္တိုင္းေဒသႀကီး အေရွ႕ပိုင္းခ႐ိုင္ ဒဂုံၿမိဳ႕သစ္(ဆိပ္ကမ္း)ၿမိဳ႕နယ္ အမွတ္(၉၁)ရပ္ကြက္၊ကေနာင္မင္းသားႀကီးလမ္းမႀကီးေပၚတြင္ ဇြန္ ၃၀ ရက္ ည ၉ နာရီ ၄၅ မိနစ္ခန႔္က ကြန္တိန္နာေနာက္တြဲယာဥ္ႏွင့္ အိမ္စီး ပါဂ်ဲ႐ိုးယာဥ္တို႔ မ်က္ႏွာခ်င္းဆိုင္တိုက္မိခဲ့ၿပီး အိမ္စီးယာဥ္ေမာင္း သူႏွင့္လိုက္ပါသူ(၂)ဦးဒဏ္ရာအသီးသီးရရွိခဲ့ၿပီး သဃၤန္ကြၽန္းစံျပ ေဆး႐ုံႀကီးသို႔တင္ပို႔စဥ္ တစ္ဦးေသဆုံးသြားခဲ့ၿပီး ယာဥ္ေမာင္းႏွင္သူႏွင့္ တစ္ဦးမွာ(စိုးရိမ္ရ)ကုသဆဲျဖစ္သည္။

 ျဖစ္စဥ္မွာ ကေနာင္မင္းသားႀကီးလမ္းအတိုင္း အေနာက္မွ အေရွ႕ဘက္သို႔ ယာဥ္ေမာင္းေဝယံထက္ ေမာင္းႏွင္လာသည့္ ကြန္တိန္နာ ေနာက္တြဲပါယာဥ္(YGN.5C -----)ယာဥ္သည္ ကေနာင္မင္းသားႀကီး လမ္းစုံမေရာက္မီ တစ္ဘက္ယာဥ္ေက်ာေပၚသို႔ ေရာက္ရွိၿပီး မ်က္ႏွာခ်င္းဆိုင္မွေမာင္းႏွင္လာေသာ(5C.----)ပါဂ်ဲ႐ိုးယာဥ္အား အရွိန္ျဖင့္ဝင္ေရာက္တိုက္မိခဲ့သည္။

 ယာဥ္ႏွစ္စီးမ်က္ႏွာခ်င္းဆိုင္တိုက္မိသည့္အရွိန္ေၾကာင့္ ပါဂ်ဲ႐ိုး ယာဥ္ေမာင္းႏွင္သူ ဦးရဲျမင့္ မွာဦးေခါင္းထိပ္ေပါက္ၿပဲ၊ နဖူး ေပါက္ၿပဲ၊ ဝဲယာေသြးထြက္(စိုးရိမ္ရ)ဒဏ္ရာရွိခဲ့ၿပီးယာဥ္ေခါင္းခန္းတြင္လိုက္ပါ စီးနင္းလာသည့္ဦးသိန္းေဇာ္ မွာနဖူးေပါက္ၿပဲ၊ ဝဲခ်ိဳေစာင္း ေပါက္ၿပဲ၊ ပါးစပ္ေသြးထြက္ဒါဏ္ရာ(စိုးရိမ္ရ)ရရွိခဲ့သည္ ယာဥ္ေနာက္ခုံတြင္ စီးနင္းလာသည့္ဦးထြန္းလႈိင္ မွာနဖူးေပါက္ၿပဲ၊ ဝဲယာနား ေသြးထြက္၊ ေမးေစ့ ေပါက္ၿပဲ၊ ဒဏ္ရာအသီးသီးရရွိခဲ့ၿပီး ေ႐ႊသံလ်င္နာေရး ကူညီမႈအသင္းယာဥ္ျဖင့္ သဃၤန္းကြၽန္းစံျပေဆး႐ုံႀကီးသို႔ ပို႔ေဆာင္တင္ပို႔ ကုသစဥ္ ဦးထြန္းႏိုင္မွာေသဆုံးခဲ့သည္။

ထို႔ေၾကာင့္ ကြန္တိန္နာယာဥ္(YGN.5C 2258)အား လူေသဆုံးသည္အထိ ယာဥ္မဆင္မျခင္ေမာင္းႏွင္သူေဝယံထက္(ယာဥ္လိုင္စင္မရွိ) ေျမာင္းတကာစံျပေက်း႐ြာ၊(၅)ရပ္ကြက္ ေမာ္ဘီၿမိဳ႕နယ္ေနသူအား ဒဂုံၿမိဳ႕သစ္(ဆိပ္ကမ္း)ၿမိဳ႕မရဲစခန္းမွ အေရးယူေဆာင္႐ြက္လ်က္ ရွိေၾကာင္း သတင္းရွိသည္။

 ကိုႀကီးစိုး(ဆိပ္ကမ္း) / Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
ကွန်တိန်နာတွဲယာဉ်နှင့် အိမ်စီးကား မျက်နှာချင်းဆိုင်တိုက်တစ်ဦး သေဆုံး နှစ်ဦးစိုးရိမ်ရ ကွန်တိန်နာတွဲယာဉ်နှင့် အိမ်စီးကား မျက်နှာချင်းဆိုင်တိုက်တစ်ဦး သေဆုံး နှစ်ဦးစိုးရိမ်ရ Reviewed by THITHTOOLWIN on 21:04 Rating: 5
Powered by Blogger.