ကိုဗစ်ကပ်ရောဂါကာလ သွေးလွန်တုပ်ကွေး ဖြစ်ပွားမှုတိုးမှာ စိုးရိမ်ရ

မွမ်ဘိုင်းမြို့မှာ တုပ်ကွေးရောဂါပိုး ကာကွယ်နိုင်ရေး ပိုးသတ်ဆေး ပက်ဖျန်းနေတဲ့ စည်ပင်သာယာဝန်ထမ်းတဦး။ (ဇွန် ၁၀၊ ၂၀၂၀)
(Unicode)⤵⤵⤵
၂၀၁၉ ခုနှစ်အတွင်း တကမ္ဘာလုံးမှာ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှု အဆိုးဆုံး ဖြစ်ခဲ့ပေမယ့် ဒီနှစ်မှာ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် ပိုပြီးဆိုးလာမှာကို ပညာရှင်တွေ စိုးရိမ်နေကြပါတယ်။

သွေးလွန်တုပ်ကွေးရောဂါအတွက် ကုသဆေး မရှိတာကြောင့် လူနေရပ်ကွက်တွေထဲ ရောဂါမဖြစ်ပွားအောင် ကြိုတင်ကာကွယ်မှုနဲ့ အလျှင်အမြန် တုံ့ပြန်အရေးယူ ဆောင်ရွက်မှုတွေ အပေါ်မှာပဲ အားထားနေရတာ ဖြစ်ပါတယ်။

ဒါပေမယ့် ဒီနှစ်ထဲ ကိုရိုနာဗိုင်းရပ်စ် အသွားအလာ ပိတ်ပင်ချက်တွေကြောင့် ကြိုတင်ကာကွယ်ရေး လုပ်ဆောင်ချက်တွေ လျော့နည်းခဲ့တဲ့အတွက် စင်ကာပူနဲ့ အင်ဒိုနီးရှားနိုင်ငံလို အရှေ့တောင်အာရှ နိုင်ငံတွေထဲ COVID-19 နဲ့အတူ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုလည်း မြင့်တက်ခဲ့တာပါ။

ဒီနှစ် ဇူလိုင်လ ၆ ရက်နေ့အထိ စင်ကာပူနိုင်ငံမှာ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှု တသောင်းခွဲကျော်သွားပြီ ဖြစ်ပါတယ်။ ဒါကြောင့် ၂၀၁၃ ခုနှစ်တုန်းက စင်ကာပူသမိုင်းမှာ သွေးလွန်တုပ်ကွေးရောဂါ အများဆုံးဖြစ်ပွားမှု ၂၂,၀၀၀ ကျော်ထက် ဒီနှစ် ပိုများလိမ့်မယ်လို့ စင်ကာပူ အမျိုးသားပတ်ဝန်းကျင်ဆိုင်ရာ အေဂျင်စီ (NEA) က ခန့်မှန်းထားပါတယ်။

မြန်မာနိုင်ငံမှာလည်း သွေးလွန်တုပ်ကွေးရောဂါကြောင့် ဒီနှစ်ထဲမှာ သေဆုံးသူ ၁၂ ယောက်ထက်မနည်း ရှိနေကြောင်း သတင်းထုတ်ပြန်ထားပါတယ်။

ဒီကနေ့အထိ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ၁,၆၀၀,၀၀၀ ကျော် ဖြစ်ပွားနေတဲ့ ဘရာဇီးနိုင်ငံမှာတော့ လူပေါင်း ၁,၀၀၀,၀၀၀ ကျော် သွေးလွန်တုပ်ကွေး ဖြစ်ပွားခဲ့ပြီး လူ ၄၀၀ ကျော် သေဆုံးခဲ့ရပါတယ်။

ဗွီအိုအေ ( မြန်မာပိုင်း)
-----------------------------------
(Zawgyi)⤵⤵⤵
ကိုဗစ္ကပ္ေရာဂါကာလ ေသြးလြန္တုပ္ေကြး ျဖစ္ပြားမႈတိုးမွာ စိုးရိမ္ရ

၂၀၁၉ ခုႏွစ္အတြင္း တကမာၻလုံးမွာ ေသြးလြန္တုပ္ေကြးေရာဂါ ျဖစ္ပြားမႈ အဆိုးဆုံး ျဖစ္ခဲ့ေပမယ့္ ဒီႏွစ္မွာ ကို႐ိုနာဗိုင္းရပ္စ္ ကပ္ေရာဂါေၾကာင့္ ပိုၿပီးဆိုးလာမွာကို ပညာရွင္ေတြ စိုးရိမ္ေနၾကပါတယ္။

ေသြးလြန္တုပ္ေကြးေရာဂါအတြက္ ကုသေဆး မရွိတာေၾကာင့္ လူေနရပ္ကြက္ေတြထဲ ေရာဂါမျဖစ္ပြားေအာင္ ႀကိဳတင္ကာကြယ္မႈနဲ႔ အလွ်င္အျမန္ တုံ႔ျပန္အေရးယူ ေဆာင္႐ြက္မႈေတြ အေပၚမွာပဲ အားထားေနရတာ ျဖစ္ပါတယ္။

ဒါေပမယ့္ ဒီႏွစ္ထဲ ကို႐ိုနာဗိုင္းရပ္စ္ အသြားအလာ ပိတ္ပင္ခ်က္ေတြေၾကာင့္ ႀကိဳတင္ကာကြယ္ေရး လုပ္ေဆာင္ခ်က္ေတြ ေလ်ာ့နည္းခဲ့တဲ့အတြက္ စင္ကာပူနဲ႔ အင္ဒိုနီးရွားႏိုင္ငံလို အေရွ႕ေတာင္အာရွ ႏိုင္ငံေတြထဲ COVID-19 နဲ႔အတူ ေသြးလြန္တုပ္ေကြးေရာဂါ ျဖစ္ပြားမႈလည္း ျမင့္တက္ခဲ့တာပါ။

ဒီႏွစ္ ဇူလိုင္လ ၆ ရက္ေန႔အထိ စင္ကာပူႏိုင္ငံမွာ ေသြးလြန္တုပ္ေကြးေရာဂါ ျဖစ္ပြားမႈ တေသာင္းခြဲေက်ာ္သြားၿပီ ျဖစ္ပါတယ္။ ဒါေၾကာင့္ ၂၀၁၃ ခုႏွစ္တုန္းက စင္ကာပူသမိုင္းမွာ ေသြးလြန္တုပ္ေကြးေရာဂါ အမ်ားဆုံးျဖစ္ပြားမႈ ၂၂,၀၀၀ ေက်ာ္ထက္ ဒီႏွစ္ ပိုမ်ားလိမ့္မယ္လို႔ စင္ကာပူ အမ်ိဳးသားပတ္ဝန္းက်င္ဆိုင္ရာ ေအဂ်င္စီ (NEA) က ခန႔္မွန္းထားပါတယ္။

ျမန္မာႏိုင္ငံမွာလည္း ေသြးလြန္တုပ္ေကြးေရာဂါေၾကာင့္ ဒီႏွစ္ထဲမွာ ေသဆုံးသူ ၁၂ ေယာက္ထက္မနည္း ရွိေနေၾကာင္း သတင္းထုတ္ျပန္ထားပါတယ္။

ဒီကေန႔အထိ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္မႈ ၁,၆၀၀,၀၀၀ ေက်ာ္ ျဖစ္ပြားေနတဲ့ ဘရာဇီးႏိုင္ငံမွာေတာ့ လူေပါင္း ၁,၀၀၀,၀၀၀ ေက်ာ္ ေသြးလြန္တုပ္ေကြး ျဖစ္ပြားခဲ့ၿပီး လူ ၄၀၀ ေက်ာ္ ေသဆုံးခဲ့ရပါတယ္။

ဗြီအိုေအ ( ျမန္မာပိုင္း)
https://burmese.voanews.com/a/worried-dengue-fever/5499610.html
ကိုဗစ်ကပ်ရောဂါကာလ သွေးလွန်တုပ်ကွေး ဖြစ်ပွားမှုတိုးမှာ စိုးရိမ်ရ ကိုဗစ်ကပ်ရောဂါကာလ သွေးလွန်တုပ်ကွေး ဖြစ်ပွားမှုတိုးမှာ စိုးရိမ်ရ Reviewed by THITHTOOLWIN on 21:08 Rating: 5
Powered by Blogger.