ဘားအံမြို့ ဇွဲကပင်တောင်ပေါ်တွင် ကေဘယ်ကြိုးစောင့် အလုပ်သမား လင်မယားနှစ်ဦးအား သေဆုံးလျက် တွေ့ရှိ

ဓါတ်ပုံ - မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေး အဖွဲ့ (ဘားအံ)
ဘားအံ - ဇူလိုင်   ၂၆

 ကရင်ပြည်နယ်၊ ဘားအံမြို့၏ အရှေ့တောင်ဘက်ရှိ ဇွဲကပင်တောင်ပေါ် အဏ္ဍဝါဆောင်တွင် ယနေ့ ဇူလိုင်  ၂၆ ရက်  နံနက်ပိုင်းက လင်မယားနှစ်ဦးအား သေဆုံးလျက်တွေ့ရှိရပြီး ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်မဟုတ် စစ်ဆေးလျက်ရှိသည်။

 ဖြစ်စဉ်မှာ နံနက် ၈ နာရီခွဲခန့်က အပုတ်နံ့ရသဖြင့် ဇွဲကပင် တောင်ပေါ်တွင် သီတင်းသုံးနေထိုင်သော ဦးဇင်းဥုနန္ဒမှ အဏ္ဍာဝါ ဆောင်အား ဝင်ရောက်ကြည့်ရှုရာ ဇွဲကပင်ကေဘယ် ကားစီမံကိန်း ကေဘယ်ကြိုးစောင့် အလုပ်သမားလင်မယား ရန်ရှင်းအောင်(ခ)စနေ၊ အသက်(၂၆)နှစ် ဘီးလင်းမြို့နေ နှင့် ဇနီးဖြစ်သူ နန်းအိအိသွယ်(ခ) မအိအိ၊ အသက်(၂၁) နှစ် ပိုင်းရမ်းကျေးရွာနေ တို့နှစ်ဦးမှာ အဆောင်အတွင်း ပုတ်ပွသေဆုံးနေသည်ကို တွေ့ရှိရသဖြင့် သက်ဆိုင်ရာသို့ အကြောင်းကြားခဲ့ခြင်း ဖြစ်သည်။

 အခင်းဖြစ်နေရာသို့ ဘားအံမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးတင်ထွန်းအောင် နှင့် ရဲတပ်ဖွဲ့ဝင်များ သွားရောက်စစ်ဆေးခဲ့ရာ အဏ္ဍဝါအဆောင်အတွင်း ရန်ရှင်းအောင်(ခ)စနေမှာ အပေါ်အင်္ကျီအပါ၊ ခန္ဓာကိုယ် အပေါ်ပိုင်း ညိုမဲကာ တစောင်းအနေအထားဖြင့် ဓါတ်ကြိုးများထိလျက်နှင့် ဇနီးဖြစ်သူ နန်းအိအိသွယ် (ခ) မအိအိမှာ အပေါ်အင်္ကျီမပါ၊ ထမီရင်လျား၊ တစောင်းအနေအထားဖြင့် အပေါ်ပိုင်း ညိုမဲ(မီးလောင်ဒဏ်ရာ)များဖြင့် တွေ့ရှိရကာ အခြားပြင်ပဒဏ်ရာ တစ်စုံတစ်ရာ မတွေ့ရှိရဘဲ သေဆုံး နေသည်ကို တွေ့ရှိရသဖြင့် ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်/မဟုတ် သေမှုသေခင်း ရေးဖွင့်၍ ရဲဆေးစာဖြင့် ပြည်နယ်ပြည်သူ့ ဆေးရုံကြီး (ဘားအံ)သို့ ပို့ဆောင်စစ်ဆေးလျက်ရှိကြောင်း သိရသည်။

စောမျိုးမင်းသိန်း (ပြန်/ဆက်) - Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
ဘားအံမြို့ ဇွဲကပင်တောင်ပေါ်တွင် ကေဘယ်ကြိုးစောင့် အလုပ်သမား လင်မယားနှစ်ဦးအား သေဆုံးလျက် တွေ့ရှိ ဘားအံမြို့  ဇွဲကပင်တောင်ပေါ်တွင် ကေဘယ်ကြိုးစောင့် အလုပ်သမား လင်မယားနှစ်ဦးအား သေဆုံးလျက် တွေ့ရှိ Reviewed by THITHTOOLWIN on 21:45 Rating: 5
Powered by Blogger.