မိုင်းရှူးမြို့တွင် အသက် ၆နှစ်အရွယ် မိန်းကလေး သက်ငယ်မုဒိမ်းကျင့်ခံရ


(Unicode)⤵⤵⤵
သျှမ်းပြည် တောင်ပိုင်း မိုင်းရှူးမြို့ တွင် အသက် ၆နှစ်အရွယ်ရှိ ကလေးငယ် တဦး သက်ငယ်မုဒိမ်းပြုကျင့်ခံရကြောင်း စုံစမ်းသိရသည်။

ဇူလိုင် ၁ရက် နေ့လည်ပိုင်းတွင် လူလတ်ပိုင်းအရွယ် တဦးသည် အသက် ၆နှစ် အရွယ် ကလေးငယ်ကို သက်ငယ်မုဒိမ်းပြုကျင့်ခဲ့ကြောင်း၊ ထို ပြုကျင့်သည့် တရားခံကို ရဲစခန်းမှ ဖမ်းဆီးထားကြောင်း မိုင်းရှူးမြို့ တွင်နေထိုင်သည့် နန်းဆိုင် ကပြောသည်။

“ ပြုကျင့်တဲ့ တရားခံက ကလေးငယ်ရဲ့အိမ်နီးချင်းပါပဲ။ ကလေး အမေက တခြားအိမ်ကို အလည် သွားနေတုန်း ပြုကျင့်ခံရတာပါ။ ကလေးက အမှန်အတိုင်းပြောပြလို့ပေါ့။ တရားခံကိုတော့ ဖမ်းမိထားပါတယ်” ဟု နန်းဆိုင်က ပြောပြသည်။

သက်ငယ်မုဒိမ်း ပြုကျင့်ခံရသည့် ကလေးငယ်၏ ကိုယ်အင်္ဂ ါသည် ပျက်စီးသွားသဖြင့် ဆေးကုသခံယူနေကြောင်းလည်း သိရသည်။

“ ကလေးက ဆေးရုံတက်နေရတယ်။ သူ့ ၄ချက် ချုပ်ရတယ်။ နောက် သူ့အမေက အဲ့အကြောင်းပြောနေရင် ငိုတယ်။ စိတ်ဒဏ်ရာတော့ ရှိနေတယ်” ဟု နန်းဆိုင် က ဆိုသည်။

ထိုသက်ငယ်မုဒိမ်း ကျူးလွန်သည့် အမျိုးသားကို မိုင်းရှူးမြို့ မရဲစခန်းတွင် ဖမ်းဆီးချုပ်နှောင်းထားပြီး၊ ကလေး၏ မိခင်မှာ အမှုဖွင့်ထားကြောင်း လည်း သိရသည်။

“ ကျမ သိရသလောက်တော့ ကလေးဆေးရုံတက်နေရတယ်။ နောက် မုဒိမ်းကျင့်တဲ့ကောင်ကလည်း အဝေးကမဟုတ်တော့ ဖမ်းထားတယ်” ဟု မိုင်းရှူးမြို့ နယ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် နန်းကောင်ခမ်း က ပြောသည်။

လက်ရှိမှာ သက်ငယ်မုဒိမ်း ကျူးလွန်သည့်သူကို မိသားစုဝင်များက ရဲစခန်းတွင် အမှုဖွင့်ဆိုထားသော်လည်း မည်သည့် ပုဒ်မ ဖြင့် ဖွင့်ဆိုသည်ကို မသိရှိကြပေ။

“ ကျမ သူ့မိသာစုတွေကို မေးတယ် ဘာပုဒ်မနဲ့ ဖွင့်တယ်ဆိုတာ မသိကြဘူး။ ရပ်ကွက် အုပ်ချုပ်မှူးကလည်းမသိဘူးဖြစ်နေတယ်” ဟု နန်းဆိုင်က ထပ်လောင်းပြောသည်။

ထိုသက်ငယ်မုဒိမ်းမှု ကျူးလွန်သည့် သူကိုဖမ်းဆီးရမိထားသော်လည်း သက်ဆိုင်ရာမှ ပြန်လွှတ်ပေးမည်ကို စိုးရိမ်ကြကြောင်း မိုင်းရှူး ဒေသခံများက ပြောသည်။

လွန်ခဲ့သည် ဇန်နဝါရီ လတွင်လည်း မိုင်းရှူးမြို့နယ် အတွင်း အသက် ၁၆နှစ် အရွယ် မိန်းကလေး တဦး မုဒိမ်းကျင့်ခံရကြောင်း သိရသည်။

Nang Seng Nom - သျှမ်းသံတော်ဆင့်
-------------------------------------------
(Zawgyi)⤵⤵⤵
မိုင္းရႉးၿမိဳ႕တြင္ အသက္ ၆ႏွစ္အ႐ြယ္ မိန္းကေလး သက္ငယ္မုဒိမ္းက်င့္ခံရ

သွ်မ္းျပည္ ေတာင္ပိုင္း မိုင္းရႉးၿမိဳ႕ တြင္ အသက္ ၆ႏွစ္အ႐ြယ္ရွိ ကေလးငယ္ တဦး သက္ငယ္မုဒိမ္းျပဳက်င့္ခံရေၾကာင္း စုံစမ္းသိရသည္။

ဇူလိုင္ ၁ရက္ ေန႔လည္ပိုင္းတြင္ လူလတ္ပိုင္းအ႐ြယ္ တဦးသည္ အသက္ ၆ႏွစ္ အ႐ြယ္ ကေလးငယ္ကို သက္ငယ္မုဒိမ္းျပဳက်င့္ခဲ့ေၾကာင္း၊ ထို ျပဳက်င့္သည့္ တရားခံကို ရဲစခန္းမွ ဖမ္းဆီးထားေၾကာင္း မိုင္းရႉးၿမိဳ႕ တြင္ေနထိုင္သည့္ နန္းဆိုင္ ကေျပာသည္။

“ ျပဳက်င့္တဲ့ တရားခံက ကေလးငယ္ရဲ႕အိမ္နီးခ်င္းပါပဲ။ ကေလး အေမက တျခားအိမ္ကို အလည္ သြားေနတုန္း ျပဳက်င့္ခံရတာပါ။ ကေလးက အမွန္အတိုင္းေျပာျပလို႔ေပါ့။ တရားခံကိုေတာ့ ဖမ္းမိထားပါတယ္” ဟု နန္းဆိုင္က ေျပာျပသည္။

သက္ငယ္မုဒိမ္း ျပဳက်င့္ခံရသည့္ ကေလးငယ္၏ ကိုယ္အဂၤ ါသည္ ပ်က္စီးသြားသျဖင့္ ေဆးကုသခံယူေနေၾကာင္းလည္း သိရသည္။

“ ကေလးက ေဆး႐ုံတက္ေနရတယ္။ သူ႔ ၄ခ်က္ ခ်ဳပ္ရတယ္။ ေနာက္ သူ႔အေမက အဲ့အေၾကာင္းေျပာေနရင္ ငိုတယ္။ စိတ္ဒဏ္ရာေတာ့ ရွိေနတယ္” ဟု နန္းဆိုင္ က ဆိုသည္။

ထိုသက္ငယ္မုဒိမ္း က်ဴးလြန္သည့္ အမ်ိဳးသားကို မိုင္းရႉးၿမိဳ႕ မရဲစခန္းတြင္ ဖမ္းဆီးခ်ဳပ္ေႏွာင္းထားၿပီး၊ ကေလး၏ မိခင္မွာ အမႈဖြင့္ထားေၾကာင္း လည္း သိရသည္။

“ က်မ သိရသေလာက္ေတာ့ ကေလးေဆး႐ုံတက္ေနရတယ္။ ေနာက္ မုဒိမ္းက်င့္တဲ့ေကာင္ကလည္း အေဝးကမဟုတ္ေတာ့ ဖမ္းထားတယ္” ဟု မိုင္းရႉးၿမိဳ႕ နယ္ ျပည္နယ္ လႊတ္ေတာ္ကိုယ္စားလွယ္ နန္းေကာင္ခမ္း က ေျပာသည္။

လက္ရွိမွာ သက္ငယ္မုဒိမ္း က်ဴးလြန္သည့္သူကို မိသားစုဝင္မ်ားက ရဲစခန္းတြင္ အမႈဖြင့္ဆိုထားေသာ္လည္း မည္သည့္ ပုဒ္မ ျဖင့္ ဖြင့္ဆိုသည္ကို မသိရွိၾကေပ။

“ က်မ သူ႔မိသာစုေတြကို ေမးတယ္ ဘာပုဒ္မနဲ႔ ဖြင့္တယ္ဆိုတာ မသိၾကဘူး။ ရပ္ကြက္ အုပ္ခ်ဳပ္မႉးကလည္းမသိဘူးျဖစ္ေနတယ္” ဟု နန္းဆိုင္က ထပ္ေလာင္းေျပာသည္။

ထိုသက္ငယ္မုဒိမ္းမႈ က်ဴးလြန္သည့္ သူကိုဖမ္းဆီးရမိထားေသာ္လည္း သက္ဆိုင္ရာမွ ျပန္လႊတ္ေပးမည္ကို စိုးရိမ္ၾကေၾကာင္း မိုင္းရႉး ေဒသခံမ်ားက ေျပာသည္။

လြန္ခဲ့သည္ ဇန္နဝါရီ လတြင္လည္း မိုင္းရႉးၿမိဳ႕နယ္ အတြင္း အသက္ ၁၆ႏွစ္ အ႐ြယ္ မိန္းကေလး တဦး မုဒိမ္းက်င့္ခံရေၾကာင္း သိရသည္။

Nang Seng Nom - သွ်မ္းသံေတာ္ဆင့္
https://burmese.shannews.org/archives/17360
မိုင်းရှူးမြို့တွင် အသက် ၆နှစ်အရွယ် မိန်းကလေး သက်ငယ်မုဒိမ်းကျင့်ခံရ မိုင်းရှူးမြို့တွင် အသက် ၆နှစ်အရွယ် မိန်းကလေး သက်ငယ်မုဒိမ်းကျင့်ခံရ Reviewed by THITHTOOLWIN on 23:06 Rating: 5
Powered by Blogger.