ပါကစ္စတန်က ကားနဲ့ရထားတိုက်မှုမှာ ဆစ်ခ်ဘုရားဖူး ၂၀ ကျော် သေဆုံး

ဆစ်ခ်ဘာသာဝင်တွေ ဘုရားဖူးအပြီး ပက်ရှ်ဝါဒေသက နေရပ်ကိုပြန်အလာမှာ စီးလာတဲ့ဒီကားက ရထားနဲ့ တိုက်မိခဲ့
(Unicode)⤵⤵⤵
ပါကစ္စတန်အရှေ့မြောက်ပိုင်းမှာ ဆစ်ခ်ဘာသာဝင် ဘုရားဖူးတွေကို တင်ဆောင်လာတဲ့ ဗန်ကားတစီးကို ရထားတစင်းက တိုက်မိခဲ့တဲ့အတွက် ကားထဲမှာပါလာတဲ့ ဆစ်ခ်ဘုရားဖူး ၂၁ ယောက်ထက်မနည်း သေဆုံးခဲ့ပြီး နောက်ထပ် ၁၀ ဦးလည်း ဒဏ်ရာရခဲ့ပါတယ်။

ပန်ဂျပ်ပြည်နယ်အတွင်းက ရှိတ်ခူးပူရ ဒေသအနီးမှာရှိတဲ့ ကားလမ်းနဲ့ ရထားလမ်းဆုံတနေရာမှာ အခုလို ဖြစ်ခဲ့တာ ဖြစ်ပြီး တိုက်မိတဲ့ရထားကတော့ ကရာချိနဲ့ လာဟိုးမြို့အကြား ပြေးဆွဲတဲ့ အမြန်ရထားဖြစ်ပါတယ်။

ဇွန်လ ၃ ရက်နေ့က ဖြစ်ခဲ့တဲ့ အဲဒီရထားတိုက်မှုမှာ သေဆုံးသူ အများစုဟာ တမိသားစုတည်းက ဖြစ်ပြီး ဆစ်ခ်ဘာသာဝင်တွေရဲ့ အဓိကကျတဲ့ အထွတ်အမြတ်နေရာတခုဖြစ်တဲ့ နန်ကာနာဒေသက ဆစ်ခ်ဘုရားကျောင်းက အပြန်မှာ အခုလို ဖြစ်ခဲ့တာ ဖြစ်ပါတယ်။

ရထားပေါ်ပါလာသူတွေထဲကတော့ ဒဏ်ရာရသူ မရှိဘူးလို့ဆိုပါတယ်။

ပါကစ္စတန်ရထားလမ်းတွေမှာ လတ်တလော အခုလို လူသေစေတဲ့အထိ မတော်တဆ ဖြစ်မှုတွေ ဖြစ်ထားအပြီး အခုလို ထပ်ဖြစ်ခဲ့တာလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလမှာ ကရာချိ-ရာဝယ်ပင်ဒီ ပြေးဆွဲတဲ့ ရထားမီးလောင်မှု ဖြစ်ပွားခဲ့ပြီး လူ ၇၀ ကျော်အထိ သေဆုံးထားတာ ဖြစ်ပါတယ်။

အဲဒါဟာ ၂၀၁၉ ခုနှစ်အတွင်း ရထားပြေးဆွဲမှုနဲ့ သက်ဆိုင်တဲ့ မတော်တဆဖြစ်မှု အခု ၁၀ဝ ကျော်ထဲက တခုသာ ဖြစ်ပါတယ်။

အခုလို ရထားအတိုက်ခံခဲ့ရတဲ့ ကားဟာ ရထားလာစဉ် ပိတ်ထားတဲ့ ဂိတ်မှာ မစောင့်ဘဲ ဖြတ်လမ်းကနေ ဖြတ်ကူးဖို့ ကြိုးစားရင်း အခုလို အတိုက်ခံခဲ့ရတာ ဖြစ်ပြီး ကားမောင်းသူလည်း သေဆုံးခဲ့တယ်လို့ အစိုးရ အရာရှိတွေက ပြောပါတယ်။

ရှိတ်ခူးပူရ အရုဏ်ဦး သတင်းစာကို ရဲတွေ အပြောအရတော့ ကားပေါ်မှာ လူ ၂၅-၂၆ ယောက်လောက် ပါလာပြီး သေဆုံးသူတွေအထဲမှာ အမျိုးသမီးတွေနဲ့ ကလေးတွေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။

BBC Burmese
-------------------------------------
(Zawgyi)⤵⤵⤵
ပါကစၥတန္က ကားနဲ႔ရထားတိုက္မႈမွာ ဆစ္ခ္ဘုရားဖူး ၂၀ ေက်ာ္ ေသဆုံး

ပါကစၥတန္အေရွ႕ေျမာက္ပိုင္းမွာ ဆစ္ခ္ဘာသာဝင္ ဘုရားဖူးေတြကို တင္ေဆာင္လာတဲ့ ဗန္ကားတစီးကို ရထားတစင္းက တိုက္မိခဲ့တဲ့အတြက္ ကားထဲမွာပါလာတဲ့ ဆစ္ခ္ဘုရားဖူး ၂၁ ေယာက္ထက္မနည္း ေသဆုံးခဲ့ၿပီး ေနာက္ထပ္ ၁၀ ဦးလည္း ဒဏ္ရာရခဲ့ပါတယ္။

ပန္ဂ်ပ္ျပည္နယ္အတြင္းက ရွိတ္ခူးပူရ ေဒသအနီးမွာရွိတဲ့ ကားလမ္းနဲ႔ ရထားလမ္းဆုံတေနရာမွာ အခုလို ျဖစ္ခဲ့တာ ျဖစ္ၿပီး တိုက္မိတဲ့ရထားကေတာ့ ကရာခ်ိနဲ႔ လာဟိုးၿမိဳ႕အၾကား ေျပးဆြဲတဲ့ အျမန္ရထားျဖစ္ပါတယ္။

ဇြန္လ ၃ ရက္ေန႔က ျဖစ္ခဲ့တဲ့ အဲဒီရထားတိုက္မႈမွာ ေသဆုံးသူ အမ်ားစုဟာ တမိသားစုတည္းက ျဖစ္ၿပီး ဆစ္ခ္ဘာသာဝင္ေတြရဲ႕ အဓိကက်တဲ့ အထြတ္အျမတ္ေနရာတခုျဖစ္တဲ့ နန္ကာနာေဒသက ဆစ္ခ္ဘုရားေက်ာင္းက အျပန္မွာ အခုလို ျဖစ္ခဲ့တာ ျဖစ္ပါတယ္။

ရထားေပၚပါလာသူေတြထဲကေတာ့ ဒဏ္ရာရသူ မရွိဘူးလို႔ဆိုပါတယ္။

ပါကစၥတန္ရထားလမ္းေတြမွာ လတ္တေလာ အခုလို လူေသေစတဲ့အထိ မေတာ္တဆ ျဖစ္မႈေတြ ျဖစ္ထားအၿပီး အခုလို ထပ္ျဖစ္ခဲ့တာလည္း ျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ႏွစ္ ႏိုဝင္ဘာလမွာ ကရာခ်ိ-ရာဝယ္ပင္ဒီ ေျပးဆြဲတဲ့ ရထားမီးေလာင္မႈ ျဖစ္ပြားခဲ့ၿပီး လူ ၇၀ ေက်ာ္အထိ ေသဆုံးထားတာ ျဖစ္ပါတယ္။

အဲဒါဟာ ၂၀၁၉ ခုႏွစ္အတြင္း ရထားေျပးဆြဲမႈနဲ႔ သက္ဆိုင္တဲ့ မေတာ္တဆျဖစ္မႈ အခု ၁၀ဝ ေက်ာ္ထဲက တခုသာ ျဖစ္ပါတယ္။

အခုလို ရထားအတိုက္ခံခဲ့ရတဲ့ ကားဟာ ရထားလာစဥ္ ပိတ္ထားတဲ့ ဂိတ္မွာ မေစာင့္ဘဲ ျဖတ္လမ္းကေန ျဖတ္ကူးဖို႔ ႀကိဳးစားရင္း အခုလို အတိုက္ခံခဲ့ရတာ ျဖစ္ၿပီး ကားေမာင္းသူလည္း ေသဆုံးခဲ့တယ္လို႔ အစိုးရ အရာရွိေတြက ေျပာပါတယ္။

ရွိတ္ခူးပူရ အ႐ုဏ္ဦး သတင္းစာကို ရဲေတြ အေျပာအရေတာ့ ကားေပၚမွာ လူ ၂၅-၂၆ ေယာက္ေလာက္ ပါလာၿပီး ေသဆုံးသူေတြအထဲမွာ အမ်ိဳးသမီးေတြနဲ႔ ကေလးေတြလည္း ပါဝင္တယ္လို႔ ဆိုပါတယ္။

BBC Burmese
https://www.bbc.com/burmese/world-53291357
ပါကစ္စတန်က ကားနဲ့ရထားတိုက်မှုမှာ ဆစ်ခ်ဘုရားဖူး ၂၀ ကျော် သေဆုံး ပါကစ္စတန်က ကားနဲ့ရထားတိုက်မှုမှာ ဆစ်ခ်ဘုရားဖူး ၂၀ ကျော် သေဆုံး Reviewed by THITHTOOLWIN on 18:10 Rating: 5
Powered by Blogger.