ဖားကန့် မြေပြိုမှုမှာ အသက်မသေ လွတ်မြောက်လာသူတွေရဲ့ အတွေ့အကြုံ

ဖားကန့် မြေစာပုံပြိုကျမှုက လွတ်မြောက်လာတဲ့ စိုင်းကိုရဲ့ ဒဏ်ရာကို ဆေးထည့်ပေးနေတဲ့ ဇနီးသည် ပန်းအိဖြူ။ (ဇူလိုင် ၄၊ ၂၀၂၀)
(Unicode)⤵⤵⤵
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဝှေခါကျေးရွာအနီး ကျောက်စိမ်းလုပ်ကွက်ဟောင်းမှာ မြေပြိုကျလို့ သေဆုံးသွားတဲ့ လူ ၁၇၂ ဦးရဲ့ အလောင်းကို ရှာဖွေတွေ့ရှိထားပြီး အယောက် ၂၀ ပျောက်ဆုံးနေတယ်လို့ တိုင်ကြားထားပါတယ်။ ဒီမြေပြိုကျရာက အသက်မသေဘဲ လွတ်မြောက်လာသူတချို့နဲ့ ကျန်ရစ်သူ မိသားစုတွေကို AFP သတင်းဌာနက မေးမြန်းထားတာကို ကိုငြိမ်းချမ်း တင်ပြပေးထားပါတယ်။

ဇော်လွင်၊ ဆန်းလွင်နဲ့ စိုင်းကိုတို့ ငါးဦးပါအဖွဲ့ဟာ မြေပြိုမှုဖြစ်ပွားခဲ့တဲ့ ဇူလိုင်လ ၂ ရက်နေ့မှာ ခါတိုင်းထက် နာရီဝက်စောပြီး ကျောက်တူးဖို့အတွက် ရောက်နေခဲ့တာပါ။ အသက်ရှင်ကျန်ရစ်ခဲ့တဲ့ အသက် ၂၉ နှစ်အရွယ် ကိုဇော်လွင်က ကျောက်တူးဖို့ မစရသေးခင် ဖြစ်သွားခဲ့တဲ့အကြောင်း အခုလို ပြောပါတယ်။

“ပါသွားတာ ကျနော် ဘယ်လိုလုပ် ပါသွားလို့ ပါသွားမှန်းကို မသိဘူး။ အဲဒီထဲမှာ အင်္ကျီတွေကျွတ်ပြီး ဘောလုံးလိမ့်သလို ဟိုဘက် ရေလှိုင်းက ဝုန်းခနဲ ဝုန်းခနဲ ကျောက်ဆောင်တွေနဲ့ ပစ်ပစ်ဆောင့်တာ ကျနော်တို့ကို။ အဲဒီမှာ သဲတွေရော ရွှံ့တွေရော ပါးစပ်ထဲမှာ မွမ်းနေပြီ၊ နွံတွေရော အကုန်ပေပွနေပြီ။ ကိုယ့်ဘာသာကိုယ် သေမယ်လို့ကို ထင်တာ၊ ပြန်ရှင်မယ်လို့ကို မထင်ဘူး။”
သူနဲ့အတူ အသက်ရှင်ကျန်ရစ်သူ အသက် ၂၂ နှစ်အရွယ် စိုင်းကိုကလည်း လူသေအလောင်းကို ဖက်တွယ်ထားမိတဲ့အတွက် အသက်ရှင်ကျန်ရစ်ကြောင်း အခုလို ပြောပါတယ်။

“ကိုယ်မီရာမီရာ ကျနော်က ရေမကူးတတ်တော့ သစ်တုံးတွေ ဘာတွေ လိုက်ရှာတာပေါ့။ အဲဒီမှာ လူသေအလောင်း တွေ့တာနဲ့ ဖက်တွယ်ပြီး လက်နဲ့ကူးခဲ့တာ ဟိုဘက်ကမ်းရောက်အောင်။”

သူတို့အဖွဲ့မှာ သေဆုံးသွားတဲ့ အသက် ၃၂ နှစ်အရွယ် ကိုသန်းနိုင်ရဲ့ ဇနီးဖြစ်သူ မထားထားမြင့်က ကမ္ဘာပျက်မတတ် ခံစားရတဲ့အကြောင်း အခုလိုပြောပါတယ်။

“လူသေအလောင်းတွေ ၅၀ ကျော် ၆၀ လောက်ရှိတယ်တဲ့။ ရှိတဲ့နေရာမှာ ကျမ ခြေရင်းကနေ ကြည့်တယ်၊ ကိုယ့်ယောက်ျား ပါနေလား၊ မပါပါစေနဲ့ပေါ့။ အဲဒါနဲ့ ကြည့်တော့ မျက်နှာကြီးက မို့မို့ကြီးဆိုတော့ မသဲကွဲဘူးလေ။ မသဲကွဲတော့ ခေါင်းရင်းဘက်ကနေ ပတ်ပြီးတော့ ကိုယ့်ယောက်ျားရဲ့မျက်နှာများ ဖြစ်နေမလား ဆိုပြီး ရှာတော့၊ သူ့အရွယ်ကလည်း အများကြီးပဲ အဲလိုမျိုးတွေ ရှာတော့ သူ့တလောင်းတည်း ကားနဲ့ ပြန်လာခဲ့တဲ့အချိန်ကြတော့ ကားပေါ်ကနေ အလောင်းချတော့ ကိုသန်းနိုင်၊ ၃၂ နှစ်ဆိုမှ နာမည် ထင်ထင်ရှားရှားကြီးနဲ့ပေါ့။ ဒါဆို ငါ့ယောကျ်ား သေချာပြီပေါ့ဆိုပြီး ကိုယ့်ရဲ့ ရှေ့လျှောက်ရမယ့် ဘဝတခုလုံး ဘာမှ မရေမရာသလိုလည်း ဖြစ်တယ်။ ပြီးရင် ကျမ စိတ်ခံစားမှုက ဘယ်လမ်းကို ဘယ်လိုလျှောက်ပြီး ကမ္ဘာတခုလုံး ပျက်စီးသွားသလို ခံစားရတယ်။”

ဒီကျောက်စိမ်းဟာ အသက်နဲ့ရင်းဖို့ မတန်ကြောင်း အသက်ရှင်ကျန်ရစ်သူ စိုင်းကိုက ပြောပါတယ်။

“အမှန်အတိုင်း ပြောရရင်တော့ မတန်ဘူးပေါ့ဗျာ၊ စွန့်စားရတာနဲ့တော့။ ကျနော်တို့ ၁၀ ရက်သွားတဲ့ အချိန်မှာ တသောင်း နှစ်သောင်း ရောင်းရတဲ့ ကျောက်ဆိုတာက ရှားတယ်။”

စိုင်းကိုရဲ့ ဇနီးဖြစ်သူ မပန်းအိဖြူကလည်း ကျောက်မတူးစေချင်တော့ကြောင်း အခုလို ပြောပါတယ်။

“အဲဒီလိုမျိုး ကျောက်ရှာတာတော့ မရှာခိုင်းတော့ဘူး။ တသက်နဲ့တကိုယ် မစားရရင်လည်း နေပါစေတော့။ မိသားစု ဒီလို စုံစုံလင်လင် ပျော်ပျော်ရွှင်ရွှင်ပဲ နေချင်တော့တယ်။”

သူတို့ငါးယောက်အဖွဲ့ထဲက သုံးယောက် အသက်ရှင်ကျန်ရစ်ပြီး တယောက်သေဆုံးကာ ကျန်တယောက်ဖြစ်တဲ့ ကိုသက်ရှင်းကတော့ ပျောက်ဆုံးနေဆဲဖြစ်ပြီး သေဆုံးပြီလို့ ယူဆထားကြပါတယ်။ ကိုဇော်လွင်ကတော့ မြေစာပုံတွေကြားမှာ ရေမဆေးကျောက်ရှာသူအဖြစ်ပဲ ဆက်လက် လုပ်ကိုင်တော့မယ်လို့ ပြောပြီး သူ့ရဲ့ညီ ကိုဆန်းလွင်ကတော့ ကျောက်ကောင်းတွေ့ရင် သူဌေးဖြစ်မယ်လို့ မျှော်လင့်ပြီး ကျောက်ဆက်တူးမယ်လို့ ပြောသလို မြန်မာနိုင်ငံ အနှံ့အပြားက ကျောက်ရှာမယ့်သူတွေကတော့ ဖားကန့်ရတနာမြေကို တဖွဲဖွဲ ရောက်လာကြဦးမှာပါ။

ဒီမြေပြို လူသေဆုံးမှုဖြစ်စဉ်နဲ့ ပတ်သက်ပြီး မြန်မာအစိုးရကလည်း သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးဆောင်တဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းထားပြီး ဖြစ်ပွားရတဲ့အကြောင်းနဲ့ တာဝန်ရှိသူ အဆင့်ဆင့်ကို ဖော်ထုတ် စုံစမ်းဖို့၊ နောင် ဒါမျိုးမဖြစ်စေဖို့နဲ့ အခု ထိခိုက်သေဆုံးသွားရသူတွေနဲ့ မိသားစုတွေအတွက် ထောက်ပံ့ကူညီဖို့ လုပ်ဆောင်နေပါတယ်။

ငြိမ်းချမ်း  / ဗွီအိုအေ ( မြန်မာပိုင်း)
-------------------------------------------------
(Zawgyi)⤵⤵⤵
ဖားကန႔္ ေျမၿပိဳမႈမွာ အသက္မေသ လြတ္ေျမာက္လာသူေတြရဲ႕ အေတြ႕အႀကဳံ

ဖားကန႔္ ေျမစာပုံၿပိဳက်မႈက လြတ္ေျမာက္လာတဲ့ စိုင္းကိုရဲ႕ ဒဏ္ရာကို ေဆးထည့္ေပးေနတဲ့ ဇနီးသည္ ပန္းအိျဖဴ။ (ဇူလိုင္ ၄၊ ၂၀၂၀)

ကခ်င္ျပည္နယ္ ဖားကန႔္ၿမိဳ႕နယ္ ေဝွခါေက်း႐ြာအနီး ေက်ာက္စိမ္းလုပ္ကြက္ေဟာင္းမွာ ေျမၿပိဳက်လို႔ ေသဆုံးသြားတဲ့ လူ ၁၇၂ ဦးရဲ႕ အေလာင္းကို ရွာေဖြေတြ႕ရွိထားၿပီး အေယာက္ ၂၀ ေပ်ာက္ဆုံးေနတယ္လို႔ တိုင္ၾကားထားပါတယ္။ ဒီေျမၿပိဳက်ရာက အသက္မေသဘဲ လြတ္ေျမာက္လာသူတခ်ိဳ႕နဲ႔ က်န္ရစ္သူ မိသားစုေတြကို AFP သတင္းဌာနက ေမးျမန္းထားတာကို ကိုၿငိမ္းခ်မ္း တင္ျပေပးထားပါတယ္။

ေဇာ္လြင္၊ ဆန္းလြင္နဲ႔ စိုင္းကိုတို႔ ငါးဦးပါအဖြဲ႕ဟာ ေျမၿပိဳမႈျဖစ္ပြားခဲ့တဲ့ ဇူလိုင္လ ၂ ရက္ေန႔မွာ ခါတိုင္းထက္ နာရီဝက္ေစာၿပီး ေက်ာက္တူးဖို႔အတြက္ ေရာက္ေနခဲ့တာပါ။ အသက္ရွင္က်န္ရစ္ခဲ့တဲ့ အသက္ ၂၉ ႏွစ္အ႐ြယ္ ကိုေဇာ္လြင္က ေက်ာက္တူးဖို႔ မစရေသးခင္ ျဖစ္သြားခဲ့တဲ့အေၾကာင္း အခုလို ေျပာပါတယ္။

“ပါသြားတာ က်ေနာ္ ဘယ္လိုလုပ္ ပါသြားလို႔ ပါသြားမွန္းကို မသိဘူး။ အဲဒီထဲမွာ အက်ႌေတြကြၽတ္ၿပီး ေဘာလုံးလိမ့္သလို ဟိုဘက္ ေရလႈိင္းက ဝုန္းခနဲ ဝုန္းခနဲ ေက်ာက္ေဆာင္ေတြနဲ႔ ပစ္ပစ္ေဆာင့္တာ က်ေနာ္တို႔ကို။ အဲဒီမွာ သဲေတြေရာ ႐ႊံ႕ေတြေရာ ပါးစပ္ထဲမွာ မြမ္းေနၿပီ၊ ႏြံေတြေရာ အကုန္ေပပြေနၿပီ။ ကိုယ့္ဘာသာကိုယ္ ေသမယ္လို႔ကို ထင္တာ၊ ျပန္ရွင္မယ္လို႔ကို မထင္ဘူး။”

သူနဲ႔အတူ အသက္ရွင္က်န္ရစ္သူ အသက္ ၂၂ ႏွစ္အ႐ြယ္ စိုင္းကိုကလည္း လူေသအေလာင္းကို ဖက္တြယ္ထားမိတဲ့အတြက္ အသက္ရွင္က်န္ရစ္ေၾကာင္း အခုလို ေျပာပါတယ္။

“ကိုယ္မီရာမီရာ က်ေနာ္က ေရမကူးတတ္ေတာ့ သစ္တုံးေတြ ဘာေတြ လိုက္ရွာတာေပါ့။ အဲဒီမွာ လူေသအေလာင္း ေတြ႕တာနဲ႔ ဖက္တြယ္ၿပီး လက္နဲ႔ကူးခဲ့တာ ဟိုဘက္ကမ္းေရာက္ေအာင္။”

သူတို႔အဖြဲ႕မွာ ေသဆုံးသြားတဲ့ အသက္ ၃၂ ႏွစ္အ႐ြယ္ ကိုသန္းႏိုင္ရဲ႕ ဇနီးျဖစ္သူ မထားထားျမင့္က ကမာၻပ်က္မတတ္ ခံစားရတဲ့အေၾကာင္း အခုလိုေျပာပါတယ္။

“လူေသအေလာင္းေတြ ၅၀ ေက်ာ္ ၆၀ ေလာက္ရွိတယ္တဲ့။ ရွိတဲ့ေနရာမွာ က်မ ေျခရင္းကေန ၾကည့္တယ္၊ ကိုယ့္ေယာက္်ား ပါေနလား၊ မပါပါေစနဲ႔ေပါ့။ အဲဒါနဲ႔ ၾကည့္ေတာ့ မ်က္ႏွာႀကီးက မို႔မို႔ႀကီးဆိုေတာ့ မသဲကြဲဘူးေလ။ မသဲကြဲေတာ့ ေခါင္းရင္းဘက္ကေန ပတ္ၿပီးေတာ့ ကိုယ့္ေယာက္်ားရဲ႕မ်က္ႏွာမ်ား ျဖစ္ေနမလား ဆိုၿပီး ရွာေတာ့၊ သူ႔အ႐ြယ္ကလည္း အမ်ားႀကီးပဲ အဲလိုမ်ိဳးေတြ ရွာေတာ့ သူ႔တေလာင္းတည္း ကားနဲ႔ ျပန္လာခဲ့တဲ့အခ်ိန္ၾကေတာ့ ကားေပၚကေန အေလာင္းခ်ေတာ့ ကိုသန္းႏိုင္၊ ၃၂ ႏွစ္ဆိုမွ နာမည္ ထင္ထင္ရွားရွားႀကီးနဲ႔ေပါ့။ ဒါဆို ငါ့ေယာက်္ား ေသခ်ာၿပီေပါ့ဆိုၿပီး ကိုယ့္ရဲ႕ ေရွ႕ေလွ်ာက္ရမယ့္ ဘဝတခုလုံး ဘာမွ မေရမရာသလိုလည္း ျဖစ္တယ္။ ၿပီးရင္ က်မ စိတ္ခံစားမႈက ဘယ္လမ္းကို ဘယ္လိုေလွ်ာက္ၿပီး ကမာၻတခုလုံး ပ်က္စီးသြားသလို ခံစားရတယ္။”

ဒီေက်ာက္စိမ္းဟာ အသက္နဲ႔ရင္းဖို႔ မတန္ေၾကာင္း အသက္ရွင္က်န္ရစ္သူ စိုင္းကိုက ေျပာပါတယ္။

“အမွန္အတိုင္း ေျပာရရင္ေတာ့ မတန္ဘူးေပါ့ဗ်ာ၊ စြန႔္စားရတာနဲ႔ေတာ့။ က်ေနာ္တို႔ ၁၀ ရက္သြားတဲ့ အခ်ိန္မွာ တေသာင္း ႏွစ္ေသာင္း ေရာင္းရတဲ့ ေက်ာက္ဆိုတာက ရွားတယ္။”

စိုင္းကိုရဲ႕ ဇနီးျဖစ္သူ မပန္းအိျဖဴကလည္း ေက်ာက္မတူးေစခ်င္ေတာ့ေၾကာင္း အခုလို ေျပာပါတယ္။

“အဲဒီလိုမ်ိဳး ေက်ာက္ရွာတာေတာ့ မရွာခိုင္းေတာ့ဘူး။ တသက္နဲ႔တကိုယ္ မစားရရင္လည္း ေနပါေစေတာ့။ မိသားစု ဒီလို စုံစုံလင္လင္ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ပဲ ေနခ်င္ေတာ့တယ္။”

သူတို႔ငါးေယာက္အဖြဲ႕ထဲက သုံးေယာက္ အသက္ရွင္က်န္ရစ္ၿပီး တေယာက္ေသဆုံးကာ က်န္တေယာက္ျဖစ္တဲ့ ကိုသက္ရွင္းကေတာ့ ေပ်ာက္ဆုံးေနဆဲျဖစ္ၿပီး ေသဆုံးၿပီလို႔ ယူဆထားၾကပါတယ္။ ကိုေဇာ္လြင္ကေတာ့ ေျမစာပုံေတြၾကားမွာ ေရမေဆးေက်ာက္ရွာသူအျဖစ္ပဲ ဆက္လက္ လုပ္ကိုင္ေတာ့မယ္လို႔ ေျပာၿပီး သူ႔ရဲ႕ညီ ကိုဆန္းလြင္ကေတာ့ ေက်ာက္ေကာင္းေတြ႕ရင္ သူေဌးျဖစ္မယ္လို႔ ေမွ်ာ္လင့္ၿပီး ေက်ာက္ဆက္တူးမယ္လို႔ ေျပာသလို ျမန္မာႏိုင္ငံ အႏွံ႔အျပားက ေက်ာက္ရွာမယ့္သူေတြကေတာ့ ဖားကန႔္ရတနာေျမကို တဖြဲဖြဲ ေရာက္လာၾကဦးမွာပါ။

ဒီေျမၿပိဳ လူေသဆုံးမႈျဖစ္စဥ္နဲ႔ ပတ္သက္ၿပီး ျမန္မာအစိုးရကလည္း သယံဇာတနဲ႔ သဘာဝပတ္ဝန္းက်င္ ထိန္းသိမ္းေရးဝန္ႀကီး ဦးေဆာင္တဲ့ စုံစမ္းစစ္ေဆးေရးအဖြဲ႕ ဖြဲ႕စည္းထားၿပီး ျဖစ္ပြားရတဲ့အေၾကာင္းနဲ႔ တာဝန္ရွိသူ အဆင့္ဆင့္ကို ေဖာ္ထုတ္ စုံစမ္းဖို႔၊ ေနာင္ ဒါမ်ိဳးမျဖစ္ေစဖို႔နဲ႔ အခု ထိခိုက္ေသဆုံးသြားရသူေတြနဲ႔ မိသားစုေတြအတြက္ ေထာက္ပံ့ကူညီဖို႔ လုပ္ေဆာင္ေနပါတယ္။

ၿငိမ္းခ်မ္း  / ဗြီအိုေအ ( ျမန္မာပိုင္း)
https://burmese.voanews.com/a/hpakant-landslide-survivors/5490790.html
ဖားကန့် မြေပြိုမှုမှာ အသက်မသေ လွတ်မြောက်လာသူတွေရဲ့ အတွေ့အကြုံ ဖားကန့် မြေပြိုမှုမှာ အသက်မသေ လွတ်မြောက်လာသူတွေရဲ့ အတွေ့အကြုံ Reviewed by THITHTOOLWIN on 07:16 Rating: 5
Powered by Blogger.