ရဲမေတွေ အပေါ် လိင်အမြတ်ထုတ်ခဲ့တဲ့ ရဲရာထူးခန့်ချုပ်ကိုထောင် သုံးနှစ်ချ


အမျိုးသမီးရဲတပ်ဖွဲ့ဝင်တွေကို လိင်အမြတ်ထုတ်မှုကျူးလွန်ခဲ့လို့ ရဲရာထူးခန့်ချုပ် ရဲမှူးချုပ် ဇော်မိုးသန်း ကို ထောင်ဒဏ် သုံးနှစ် ချမှတ်လိုက်ပြီး ရထားရဲတပ်ဖွဲ့မှူးနဲ့ ရဲထောက်ချုပ်တို့ကိုလည်း ပြစ်ဒဏ်အသီးသီး ချမှတ်ထားတယ်လို့ နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောပါတယ်။

ဇူလိုင်လ ၁၇ ရက်နေ့က သမ္မတအိမ်တော်သတင်းစာရှင်းလင်းပွဲမှာ ဦးဇော်ဌေးက သတင်းထောက်တွေကို ပြောကြားခဲ့တာပါ။

ရထားရဲတပ်ဖွဲ့ ရဲမှူးချုပ် မိုးသူအောင်ကို ထောင် တစ်နှစ်ချမှတ်လိုက်ပြီး အသနားခံစာတင်တဲ့အတွက် ထောင်ဒဏ် ခြောက်လဆိုပြီး ပြစ်ဒဏ်လျှော့ပေါ့ပေးလိုက်သလို ရဲထောက်ချုပ် ရဲမှူးချုပ်ဇော်ခင်အောင်ကို ရဲတပ်ဖွဲ့ကနေ ထုတ်ပယ်ပြီး ပစ်ဒဏ်ချမှတ်လိုက်တယ်လို့ ပြောပါတယ်။

ရဲမေတွေအပေါ် လိင်အမြတ်ထုတ်တယ်ဆိုပြီး တိုင်ကြားခံထားရတဲ့ ရဲမှူးချုပ် ဇော်မိုးသန်းဟာ အမှုပေါ် ပေါက်ပေမယ့် ရဲစည်းမျဉ်းစည်းကမ်းဥပဒေအရ အမြင့်ဆုံးထောင်ဒဏ် သုံးနှစ်သာကျခံရပြီး ဥပဒေပညာရှင်တွေကတော့ ဒါဟာ မလျော်သြဇာသုံးပြီး ပြစ်မှုကျူးလွန်တာဖြစ်တဲ့အတွက် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေနဲ့ အရေးယူရမယ်လို့ ဝေဖန်ထောက်ပြကြပါတယ်။

၁၉၉၅ ခုနှစ် ပြည်သူ့ရဲတပ်ဖွဲ့ စည်းကမ်းထိန်းသိမ်းရေး နည်းဥပဒေ ပုဒ်မ ၄၇ (ဂ) မှာတော့ ရဲတရားရုံးရဲ့ဆုံးဖြတ်ချက်နဲ့ ပြစ်ဒဏ်ချမှတ်ချက်တာတို့ကို ထုတ်ပြန်ကြေညာတာပြောဆိုတာမျိုး မလုပ်ရဘူးလို့ ဖော်ပြထားပါတယ်။

ပုဒ်မ ၇၄ မှာတော့ ရဲတရားရုံး ဆုံးဖြတ်ချက်ကိုဖြစ်စေ၊ ပြစ်ဒဏ်ချမှတ်ချက်ကိုဖြစ်စေ နစ်နာစေတယ်လို့ ယူဆရင် ရက်ပေါင်း ၃၀ အတွင်း သက်ဆိုင်ရာဝန်ကြီးထံအသနားခံစာ တင်သွင်းခွင့်ရှိတယ်လို့ ပြဋ္ဌာန်းထားပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese
ရဲမေတွေ အပေါ် လိင်အမြတ်ထုတ်ခဲ့တဲ့ ရဲရာထူးခန့်ချုပ်ကိုထောင် သုံးနှစ်ချ ရဲမေတွေ အပေါ် လိင်အမြတ်ထုတ်ခဲ့တဲ့ ရဲရာထူးခန့်ချုပ်ကိုထောင် သုံးနှစ်ချ Reviewed by THITHTOOLWIN on 19:22 Rating: 5
Powered by Blogger.