ကမ္ဘာတဝန်း ကိုဗစ်ရောဂါ ကူးစက်သေဆုံးသူ တရက်အတွင်း အများဆုံးစံချိန်တင်

တက္ကဆက်စ်က ဆေးရုံတခုမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံ လူနာကို ကုသပေးနေတဲ့ ကျန်းမာရေးဝန်ထမ်းများ။ (ဇွန် ၂၉၊ ၂၀၂၀)
ကမ္ဘာတဝန်း ကိုဗစ်ရောဂါပိုး ကူးစက်သူ အရေအတွက်ဟာ ၂၄ နာရီအတွင်းမှာ ၂၈၄,၀၀၀ ကျော်နဲ့ အများဆုံး စံချိန်တင်ခဲ့သလို တရက်တည်းမှာတင် သေဆုံးသူ အရေအတွက်ဟာလည်း ၉,၇၀၀ ကျော် ရှိခဲ့တာကြောင့် ဧပြီလ ၃၀ ရက်နေ့ကတည်းကဆိုရင် သေဆုံးသူ အများဆုံးဖြစ်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က သောကြာနေ့မှာ ပြောပါတယ်။

ဒီအတောအတွင်းမှာပဲ ဗီယက်နမ်နိုင်ငံက တောရိုင်းတိရစ္ဆာန်နဲ့ တောရိုင်းထွက်ကုန် ပစ္စည်းတွေကို ပိတ်ပင်တားမြစ်လိုက်ပါတယ်။ ဒီလိုထွက်ကုန်တွေကို မရောင်းဖို့လည်း စျေးတွေကို ပိတ်ပင်ကန့်သတ်ပါတယ်။ နောက်ထပ် ကပ်ရောဂါ ကျရောက်တာမျိုးကို တားဆီးဖို့ အခုလို ပိတ်ပင်တားမြစ်တာပါ။

လက်ရှိ ကမ္ဘာတဝန်း ပျံ့နှံ့ကူးစက်နေတဲ့ ကိုရိုနာဗိုင်းရပ်စ်ဟာ တရုတ်နိုင်ငံ တောရိုင်းထွက်ကုန်စျေး တခုကနေ စပြီး ကူးစက်ခဲ့တယ်လို့ အများက ယူဆထားကြပါတယ်။

အမေရိကန်မှာတော့ COVID-19 ကူးစက်မှု ပြန်ဖြစ်လာနေတဲ့ ပြည်နယ်တွေမှာ နောက်ထပ် ပျံ့နှံ့ကူးစက်တာကို တားဆီးဖို့အတွက် လက်ရှိ ပြန်ဖွင့်မယ့် အစီအစဉ်တွေကို ဆိုင်းထားဖို့ ကူးစက်ရောဂါဆိုင်ရာ ထိပ်တန်းကျွမ်းကျင်သူက တောင်းဆိုထားပါတယ်။

ပြည်နယ်တွေအနေနဲ့ လုံးဝပိတ်ပစ်တဲ့ အခြေအနေထိ ပြန်သွားဖို့မလိုပေမယ့် သေချာပေါက် ဆိုင်းထားရမှာဖြစ်ပြီး နည်းနည်းတော့ ပြန်ရုပ်သင့်ပါတယ်လို့ ကူးစက်ရောဂါဆိုင်ရာ ထိပ်တန်းပညာရှင် ဒေါက်တာ Anthony Fauci က ဝါရှင်တန်ပို့စ် သတင်းစာနဲ့ သောကြာနေ့ မေးမြန်းခန်းတခုမှာ ပြောထားပါတယ်။

ဒေါက်တာ Fauci က သူနဲ့ သူ့မိသားစုရဲ့ အသက်အန္တရာယ် ခြိမ်းခြောက်ခံနေရပြီး လုံခြုံရေးအကာအကွယ် ယူထားရတယ်လို့ အဲဒီမေးမြန်းခန်းအတွင်းမှာပဲ ပြောသွားပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com/a/world-covid19/5517298.html
ကမ္ဘာတဝန်း ကိုဗစ်ရောဂါ ကူးစက်သေဆုံးသူ တရက်အတွင်း အများဆုံးစံချိန်တင် ကမ္ဘာတဝန်း ကိုဗစ်ရောဂါ ကူးစက်သေဆုံးသူ တရက်အတွင်း အများဆုံးစံချိန်တင် Reviewed by THITHTOOLWIN on 21:13 Rating: 5
Powered by Blogger.