သဲကုန်းမြို့နယ်၊ ဂွေးကုန်းအုပ်စု၊ ပန်းပဲကုန်းရွာတွင် လူသတ်မှုဖြစ်ပွား


(Unicode)⤵⤵⤵
သဲကုန်း - ဇူလိုင်-၂

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်၊ ဂွေးကုန်းအုပ်စု၊ ပန်းပဲ ကုန်းကျေးရွာတွင်  ဇွန် ၃၀ ရက်နေ့  ညနေ ၃ နာရီအချိန်ခန့်က သား ဖြစ်သူက  ဖခင်အား  ဓါးဖြင့်ခုတ်သတ်မှု ဖြစ်ပွားခဲ့ကြောင်း သိရှိရ သည်။

ဖြစ်စဉ်မှာ သားဖြစ်သူ အောင်ကိုမင်းသည် ဖခင်ဖြစ်သူ ဦးအေးမြင့် နှင့်အတူ  နေအိမ်တဲတွင် အရက်အတူသောက်နေစဉ် အိမ်သာကျင်း တူးသည့်ကိစ္စနှင့်ပတ်သက်ပြီး တစ်ယောက်တစ်ခွန်း စကားများကာ ဖခင်ဖြစ်သူအား နေအိမ်တဲခြေရင်းထောင့်ရှိ အရိုးအသွား(၂)ပေခန့် ဝါးရိုးတပ် ဓါးမဖြင့်  ခုတ်ခဲ့ရာ   ဦးအေးမြင့်တွင်  ဝဲဘက်လည်ပင်း ပြတ်ရှဒဏ်ရာ၊ဦးခေါင်းနောက်စေ့ပြတ်ရှဒဏ်ရာများဖြင့် အခင်းဖြစ် နေရာတွင် သေဆုံးသွားကြောင်း သိရှိရသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍တရားခံအောင်ကိုမင်းအား အရေးယူ ပေးပါရန်   ဦးကြည်သောင်းက  တရားလိုပြုလုပ်   တိုင်တန်းသဖြင့် အင်းမမြို့ရဲစခန်းမှ (ပ)၅၂/၂၀၊ ရာဇသတ်ကြီးပုဒ်မ-၃၀၂ ဖြင့်အမှု ဖွင့်ကာ အမှုအား လ-၁၄၉၅၆၅ ရဲအုပ်ဆန်းမောင်ကလက်ခံစစ်ဆေး ပြီး သက်သေခံပစ္စည်းများ သိမ်းဆည်းခြင်းနှင့်တရားခံအားဖမ်းဆီး စစ်ဆေး ဆောင်ရွက်လျှက်ရှိကြောင်း သိရှိရသည်။

IPRD Thegon
------------------------
(Zawgyi)⤵⤵⤵
သဲကုန္းၿမိဳ႕နယ္၊ ေဂြးကုန္းအုပ္စု၊ ပန္းပဲကုန္း႐ြာတြင္ လူသတ္မႈျဖစ္ပြား

သဲကုန္း - ဇူလိုင္-၂

ပဲခူးတိုင္းေဒသႀကီး၊ျပည္ခ႐ိုင္၊သဲကုန္းၿမိဳ႕နယ္၊ေဂြးကုန္းအုပ္စု၊ပန္းပဲ ကုန္းေက်း႐ြာတြင္  ဇြန္ ၃၀ ရက္ေန႔  ညေန ၃ နာရီအခ်ိန္ခန႔္က သား ျဖစ္သူက  ဖခင္အား  ဓါးျဖင့္ခုတ္သတ္မႈ ျဖစ္ပြားခဲ့ေၾကာင္း သိရွိရ သည္။

ျဖစ္စဥ္မွာ သားျဖစ္သူ ေအာင္ကိုမင္းသည္ ဖခင္ျဖစ္သူ ဦးေအးျမင့္ ႏွင့္အတူ  ေနအိမ္တဲတြင္ အရက္အတူေသာက္ေနစဥ္ အိမ္သာက်င္း တူးသည့္ကိစၥႏွင့္ပတ္သက္ၿပီး တစ္ေယာက္တစ္ခြန္း စကားမ်ားကာ ဖခင္ျဖစ္သူအား ေနအိမ္တဲေျခရင္းေထာင့္ရွိ အ႐ိုးအသြား(၂)ေပခန႔္ ဝါး႐ိုးတပ္ ဓါးမျဖင့္  ခုတ္ခဲ့ရာ   ဦးေအးျမင့္တြင္  ဝဲဘက္လည္ပင္း ျပတ္ရွဒဏ္ရာ၊ဦးေခါင္းေနာက္ေစ့ျပတ္ရွဒဏ္ရာမ်ားျဖင့္ အခင္းျဖစ္ ေနရာတြင္ ေသဆုံးသြားေၾကာင္း သိရွိရသည္။

အဆိုပါျဖစ္စဥ္ႏွင့္ပတ္သက္၍တရားခံေအာင္ကိုမင္းအား အေရးယူ ေပးပါရန္   ဦးၾကည္ေသာင္းက  တရားလိုျပဳလုပ္   တိုင္တန္းသျဖင့္ အင္းမၿမိဳ႕ရဲစခန္းမွ (ပ)၅၂/၂၀၊ ရာဇသတ္ႀကီးပုဒ္မ-၃၀၂ ျဖင့္အမႈ ဖြင့္ကာ အမႈအား လ-၁၄၉၅၆၅ ရဲအုပ္ဆန္းေမာင္ကလက္ခံစစ္ေဆး ၿပီး သက္ေသခံပစၥည္းမ်ား သိမ္းဆည္းျခင္းႏွင့္တရားခံအားဖမ္းဆီး စစ္ေဆး ေဆာင္႐ြက္လွ်က္ရွိေၾကာင္း သိရွိရသည္။

IPRD Thegon
သဲကုန်းမြို့နယ်၊ ဂွေးကုန်းအုပ်စု၊ ပန်းပဲကုန်းရွာတွင် လူသတ်မှုဖြစ်ပွား သဲကုန်းမြို့နယ်၊ ဂွေးကုန်းအုပ်စု၊ ပန်းပဲကုန်းရွာတွင် လူသတ်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 21:25 Rating: 5
Powered by Blogger.