ဗီယက်နမ်ရောက် မြန်မာသင်္ဘောသားမှာ ကိုဗစ်ကူးစက်နေတာ တွေ့ရှိ



Share/Bookmark
ဗီယက်နမ် Ho Chi Minh မြို့တနေရာ (မှတ်တမ်းဓါတ်ပုံ ဧပြီလ ၂၃ ရက်နေ့ ၂၀၂၀ )
ဗီယက်နမ် နိုင်ငံမှာ မြန်မာ သဘောင်္သား တဦး COVID-19 ကူးစက်ခံထားရကြောင်း ကျန်းမာရေး ဝန်ကြီးဌာနက တနင်္ဂနွေနေ့ အတည်ပြုချက်ကို ကိုးကားပြီး ဗီယက်နမ် သတင်းတပုဒ်က ဖော်ပြပါတယ်။ အသက် ၄၀ အရွယ် မြန်မာ သဘောင်္သားက လိုက်ဘေးရီးယား မှတ်ပုံတင် သဘောင်္ IPANEMA မှာ အလုပ်လုပ်သူဖြစ်ပြီး ဂျပန်ကနေ ဇွန်လ ၆ ရက်နေ့မှာ ထွက်ခွာလာပြီး ဗီယက်နမ်နိုင်ငံ Quang Ninh ပြည်နယ်၊ Ha Long မြို့ Hon Gai ဆိပ်ကမ်းကို ဇွန်လ ၂၃ ရက်နေ့မှာ ဆိုက်ရောက်လာတာ ဖြစ်ပါတယ်။

သဘောင်္ ဆိုက်ရောက်ချိန်ကစလို့ သဘောင်္ပေါ်မှာဘဲ သီးသန့်နေထိုင်ခဲ့ပြီးနောက် ဇူလိုင်လ ၇ ရက်နေ့မှာ သဘောင်္ပေါ်က ဆင်းပြီးနောက် Van Long ဟိုတယ်မှာ သီးသန့်ခွဲ နေထိုင်စေခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက် ၂ ရက်အကြာ ပထမဆုံး အကြိမ် စမ်းသပ်မှုမှာ COVID ကူးစက်မှု မရှိတာကို တွေ့ပေမယ့် သောကြာနေ့မှာ ဒုတိယ တကြိမ် စမ်းသပ်တာမှာတော့ COVID ကူးစက်ခံထားရတာ တွေ့ရတာလို့လည်း သတင်းက ဖော်ပြပါတယ်။

သူကတော့ ဗီယက်နမ်မှာ COVID ကူးစက်ခံ လူနာ အမှတ် ၃၈၃ ဖြစ်သွားပြီး ဆေးကုသဖို့ ဟနွိုင်းမြို့တော်က အမျိုးသား ဆေးရုံကို ပို့ဆောင်ထားပြီး ဖြစ်ပါတယ်။ အခု COVID ကူးစက်ခံ မြန်မာ အမျိုးသား အပါအဝင် ဗီယက်နမ်မှာ လက်ရှိ COVID ကုသပေးနေရသူ ၂၆ ဦး ရှိနေဆဲပါ။ ဗီယက်နမ်ဟာ COVID ကြောင့် သေဆုံးမှု မှတ်တမ်း မရှိသေးတဲ့ နိုင်ငံလည်း ဖြစ်ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com/a/myanmar-sailor-in-vietnam-tested-covid-positive-/5510939.html

Share/Bookmark

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့ facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့နိုင်ပါသည်။
 

Advertisement

 

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့ ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ