ချောင်းဦးမြို့၌ ဓါးဒဏ်ရာများဖြင့် အမျိုးသားတစ်ဦး သေဆုံး

(၁၄-၇-၂၀၂၀)ရက်​နေ့ (၂၁း၃၀)နာရီအချိန်ခန့်တွင် ​ချောင်းဦးမြို့နယ် ခင်မွန်​ကျေးရွာအနီးတွင် ချောင်းဦး​တောင်ရပ်ကွက်​ နေသူတစ်ဦး​သည် ဓါးဒဏ်ရာများဖြင့်​ သေဆုံး​နေ​သည်ကို တွေ့ရှိရပါသည်။ ဓါတ်ပုံ - ချောင်းဦး (ထွေအုပ်)
ချောင်းဦး   ဇူလိုင်    ၁၅

 စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ်၊ မုံရွာ-မန္တလေး ကားလမ်း၊ မိုင်တိုင်အမှတ်(၇၁/၇)အနီး၊ ခင်မွန်ကျေးရွာ၌ ဇူလိုင်  (၁၄) ရက် ည(၈)နာရီအချိန်တွင် ဓါးဒဏ်ရာများဖြင့် အမျိုးသားတစ်ဦး သေဆုံးလျက်တွေ့ရှိကြောင်း မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

 ဖြစ်စဉ်မှာ ချောင်းဦးမြို့၊ ရန်အောင်မြေရပ်ကွက်တွင်နေထိုင်သော  အောင်ဇော်ဖြိုး(ခ)ကုလား(၂၅)နှစ်သည် မုံရွာ-မန္တလေးကားလမ်းမ ပေါ်တွင် ဓားဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရှိရသဖြင့် ဇနီးဖြစ်သူ မဇင်မေဦးက ၄င်း၏ယောက်ျား အောင်ဇော်ဖြိုး(ခ)ကုလား အား ဓါးဖြင့် ထိုးသတ်သွားသူအား စုံစမ်းဖော်ထုတ် အရေးယူပေးပါရန် မြို့မရဲစခန်းသို့ လာရောက် တိုင်တန်းခြင်းဖြစ်သည်။

 အဆိုပါဖြစ်စဉ်နှင့်ပက်သက်၍ မြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူး အေးထွန်းက လက်ခံစစ်ဆေးလျက်ရှိပြီး ပြစ်မှုကျူးလွန်သူအား ဖမ်းဆီးရမိရေး အတွက် နယ်ထိန်းတပ်ဖွဲ့၀င်များနှင့်အတူ စုံစမ်းရှာဖွေ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အိအိအောင်(ချောင်းဦး)
https://www.facebook.com/MYANMAALINNNEWS
ချောင်းဦးမြို့၌ ဓါးဒဏ်ရာများဖြင့် အမျိုးသားတစ်ဦး သေဆုံး ချောင်းဦးမြို့၌ ဓါးဒဏ်ရာများဖြင့် အမျိုးသားတစ်ဦး သေဆုံး Reviewed by THITHTOOLWIN on 04:52 Rating: 5
Powered by Blogger.