ကိုရိုနာဗိုင်းရပ်စ်က လေထဲက ဘယ်လိုကူးတာလဲ

တီဘီရောဂါဟာ လေထဲက ကူးစက်နိုင်ကြောင်း လူသိများတဲ့ ရောဂါတစ်ခုဖြစ်
(Unicode)⤵⤵⤵
ကိုရိုနာဗိုင်းရပ်စ်နဲ့ ထိတွေ့ခဲ့တဲ့ ရုပ်ဝတ္ထု မျက်နှာပြင်တွေပေါ်က တစ်ဆင့် ဒီဗိုင်းရပ်စ်ကူးစက်ခြင်းကိုသာ တစ်ခုတည်းသော ဒီပိုး ကူးစက်ခြင်းနည်းလမ်းပဲလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က လတ်တလောကာလအထိ ယူဆထားခဲ့ပါတယ်။

အဲဒီကူးစက်ပုံအရ ဒီပိုးကူးစက်ခံနေရသူတွေ ချောင်းဆိုး၊ နှာချေရာက ထွက်လာတဲ့ တံတွေးစက်နဲ့ ထိတွေ့ထားတဲ့ အရာတွေနဲ့ အခြားသူတွေက ထိတွေ့မိရာကနေ ကူးစက်တာကို ဆိုလိုတာ ဖြစ်ပါတယ်။

ဒါ့ကြောင့်လည်း လက်ဆေးတာကို အဲဒီ ကိုရိုနာဗိုင်းရပ်စ် ကိုဗစ်-၁၉ ကူးစက်မှုကို ကာကွယ်ဖို့ အဓိက နည်းလမ်းတစ်ခုအဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ယူဆခဲ့တာ ဖြစ်ပါတယ်။

ဒါပေမဲ့ အခုအချိန်မှာတော့ တချို့အခြေအနေတွေမှာ ဒီလို လေထဲက ကူးစက်ခြင်းဖြစ်နိုင်ချေကို ဘေးဖယ်ထားလို့ မရဘူး ဆိုတာကို ဒီအဖွဲ့က အသိအမှတ်ပြုလာတာ ဖြစ်ပါတယ်။

ဒီလို လေထဲက ကူးစက်ပုံအရ ဆိုရင် ဒီပိုးရှိသူတွေ စကားပြောတာ၊ အသက်ရှူတာကတစ်ဆင့် ထွက်လာတဲ့ တံတွေးစက်ငယ်ကလေးတွေ ကနေပါ တခြားသူတွေကို ကူးစက်နိုင်တယ်လို့ ဆိုပါတယ်။

ဒီလို ကူးစက်ခြင်းအတွက် သက်သေတွေသာ ခိုင်လုံမယ်ဆိုရင် အဆောက်အအုံတစ်ခုခုအတွင်း ရှိနေသူတွေ ဒီပိုးမကူးအောင် လိုက်နာရမယ့် စည်းကမ်း အပြောင်းအလဲတွေ ဖြစ်လာနိုင်ပါတယ်။
ကိုရိုနာဗိုင်းရပ်စ်က လေထဲက ကူးစက်နိုင်ကြောင်း အတည်ပြုလိုက်ရင် လိုက်နာရမယ့် စည်းကမ်းတွေ ပြောင်းလဲနိုင်
လေထဲကနေ ရောဂါပိုး ဘယ်လို ကူးစက်တတ်သလဲ

လေထဲမှာ ဗိုင်းရပ်စ် ဒါမှမဟုတ် ဘက်တီးရီးယားတွေ ပါနေတဲ့ အမှုန်တွေဟာ လေထဲမှာ နာရီနဲ့ချီ ရှိနေတတ်ပြီး လူတွေက ဒါတွေကို အသက်ရှူသွင်းမိတဲ့အခါမှာ ရောဂါ ကူးစက်တတ်ပါတယ်။

အဲဒီ အလွန်သေးငယ်တဲ့ အမှုန်တွေ လေထဲမှာ ဖြန့်ကြက် တည်ရှိနိုင်တဲ့ အကျယ်အဝန်းကလည်း ကြီးမားတယ်လို့ ဆိုပါတယ်။

တီဘီ၊ အဆုတ်ရောင် နမိုးနီးယား ရောဂါနဲ့ အဖျား ရောဂါတွေဟာ အဲဒီလို လေထဲက ကူးစက်တတ်တဲ့ ရောဂါတွေ ဖြစ်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ဟာလည်း အဲဒီရောဂါတွေလိုပဲ အရံအတား အမိုးအကာ ရှိတဲ့ အဆောက်အအုံအတွင်းနဲ့ ပြင်ပက လူထူထပ်တဲ့ နေရာတွေမှာပါ လေထဲက တစ်ဆင့် ကူးစက်နိုင်ချေရှိတဲ့ သက်သေရှိတယ်လို့လည်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဝန်ခံခဲ့ပါတယ်။
အလုံပိတ် ဒါမှမဟုတ် လေဝင်လေထွက် မကောင်းတဲ့ နေရာတခုမှာ လူလူချင်း ခပ်ခွာခွာ နေရုံနဲ့ ကိုရိုနာဗိုင်းရပ်စ် ပြန့်ပွားမှု ကာကွယ်ဖို့ မလုံလောက်နိုင်
ကိုရိုနာဗိုင်းရပ်စ်က လေထဲမှာ ဘယ်လောက် ကြာကြာ ရှိနေနိုင်လဲ

ကိုရိုနာဗိုင်းရပ်စ်ကို ဓါတ်ခွဲခန်းထဲက လေထုမှာ ဖြန်းကြည့်ပြီး လေ့လာချက်တွေအရ ဒီပိုးဟာ လေထဲမှာ အနည်းဆုံး သုံးနာရီ ရှိနေနိုင်တယ်ဆိုတာကို တွေ့ရှိခဲ့ရပါတယ်။

ဒါပေမဲ့ တချို့ သိပ္ပံပညာရှင်တွေကတော့ ဒီလိုတွေ့ရှိမှုဟာ ဓါတ်ခွဲခန်းထဲမှာသာ ဖြစ်တဲ့အတွက် လက်တွေ့ တကယ့်လေထုထဲမှာဆိုရင်တော့ ရလဒ်က အပြောင်းအလဲ ရှိနိုင်တယ်လို့ ဆိုပါတယ်။

လူတစ်ယောက်တည်းကနေ လူပေါင်းများစွာကို ဒီပိုးကူးစက်သွားဖူးတဲ့ ဖြစ်စဉ်တွေကြောင့်လည်း ကိုရိုနာဗိုင်းရပ်စ်ဟာ လေထဲက ကူးစက်နိုင်သလားဆိုတဲ့ သံသယဝင်မှုတွေကို ပိုမို အားကောင်းလာစေခဲ့ပါတယ်။

အမေရိကန်နိုင်ငံ ဝါရှင်တန်ပြည်နယ်က မောင့်ဗာနွန်မြို့မှာ လူတစ်ယောက်တည်းကနေ ၄၅ ယောက်ထက်မနည်း ဒီပိုးကူးစက်သွားစေနိုင်တယ်လို့ ယူဆထားကြပြီး အဲဒီပိုးကူးနေသူက အကူးခံရသူ ၄၅ ယောက်နဲ့အတူ ခရစ်ယာန် ဓမ္မသီချင်း သီဆိုခဲ့ကြတာ ဖြစ်ပါတယ်။

အဲဒီလို ကူးစက်ခံလိုက်ရသူ တချို့ဟာ ဒီရောဂါ ရောဂါမကူးအောင် လူလူချင်း ခပ်ခွာခွာနေရတဲ့ စည်းကမ်းကို မချိုးဖောက်ပဲ နေရဲ့သားနဲ့ ကူးစက်ခံခဲ့ ကြရတာလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလကုန်ပိုင်းလောက်ကလည်း တရုတ်နိုင်ငံ ကွမ်ကျူးဒေသမှာ ဒီလို အလားတူ ဖြစ်ရပ်မျိုး ဖြစ်ခဲ့ဖူးပြီး ဒီဖြစ်စဉ်မှာ ကိုရိုနာကူးစက်ခံနေရသူ လာစားတဲ့ စားသောက်ဆိုင်အတွင်းက အခြားလူ ၉ ယောက်ကို ကူးစက်သွားတယ်လို့ ယူဆခဲ့ပါတယ်။

ဒီကူးစက်မှုကို လေ့လာတဲ့ သိပ္ပံပညာရှင်တွေရဲ့ တွေ့ရှိချက်အရ အကူးခံရသူတွေထဲက တစ်ဦးဟာ မူလကူးစက်ခံနေရသူနဲ့ ၆ မီတာ ( ပေ ၂၀ လောက်) အကွာအဝေးမှာ ရှိနေခဲ့တာတောင်မှ အကူးခံခဲ့ရပုံပေါ်တယ်လို့ ဆိုပါတယ်။
တချို့ သိပ္ပံပညာရှင်တွေကတော့ လေအေးပေးစက်တွေဟာ ဗိုင်းရပ်စ်ပိုးတွေကို လေထဲမှ ပိုပြီး ဝေးဝေးရောက်အောင် ကူညီပေးနိုင်တယ်လို့ သံသယရှိ
အများပြည်သူအတွက် ဘယ်လို လမ်းညွှန်ချက်အသစ်တွေ ထွက်လာနိုင်သလဲ

ရောဂါတစ်ခု ကူးစက်ပုံအပေါ် အခြေခံပြီး ဒီရောဂါကို ပျံ့နှံ့မှုကို ကာကွယ်တဲ့ စည်းကမ်းတွေ ထုတ်ရတာ ဖြစ်ပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ လက်ရှိ ထုတ်ပြန်ထားတဲ့ ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံ့မှု တားဆီးရေး လမ်းညွှန်ချက်အရ လက်ကို ရေနွေးနဲ့ ဆပ်ပြာသုံးပြီး စက္ကန့် ၂၀ ကြာ လက်ဆေးဖို့နဲ့ လူလူချင်း ခပ်ခွာခွာ နေကြဖို့ တိုက်တွန်းချက်တွေ ထုတ်ပြန်ထားပါတယ်။

ဒီလို တိုက်တွန်းချက်တွေအတိုင်း လိုက်နာကြဖို့ အရေးကြီးတယ်ဆိုပေမယ့် ဒီနည်းလမ်းတွေက လေထဲက ကူးစက်တဲ့ အခြေအနေအတွက်တော့ မထိရောက်ဘူးဆိုပြီး အခုအချိန်မှာ တချို့ သိပ္ပံပညာရှင်တွေက ပြောလာကြပါတယ်။

လက်ရှိ ဇူလိုင်လ ၁၁ ရက်နေ့အထိတော့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က မထုတ်ပြန်သေးပေမဲ့ ထွက်လာလာတဲ့ လေ့လာမှု သက်သေအသစ်တွေကိုတော့ သုံးသပ်နေဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။

နောက်ဆုံး လေထဲက ကူးစက်မှုကို ဒီအဖွဲ့က အတည်ပြုပြီ ဆိုရင်တော့ အများပြည်သူတွေ အနေနဲ့ နှာခေါင်းစည်းတွေကို ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုဖို့၊ လက်ရှိ ၂ မီတာ (ခြောက်ပေခွဲ) ထက်ပိုပြီး လူလူချင်း ခပ်ခွာခွာ နေကြဖို့ စည်းကမ်းတွေကို အထူးသဖြင့် အဖျော်ယမကာဆိုင်၊ စားသောက်ဆိုင်နဲ့ အများပြည်သူသုံး ယာဉ်တွေမှာ လိုက်နာဖို့ တိုက်တွန်းချက် အသစ်တွေ ထွက်လာနိုင်ပါတယ်။

ဒါ့အပြင် လေအေးပေးစက် အသုံးပြုတဲ့ အဆောက်အအုံနဲ့ ယာဉ်တွေ အတွင်းမှာ ရှိသူတွေ လိုက်နာရမယ့် ပိုတင်းကြပ်တဲ့ စည်းကမ်းချက်တွေလည်း ထွက်လာနိုင်ပါတယ်။

ဘယ်လို အခြေအနေတွေက WHO ကို ကိုရိုနာ မပြန့်ပွားရေး တိုက်တွန်းချက်တွေ ပြန်လည် သုံးသပ်စေခဲ့သလဲ

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကပဲ နိုင်ငံပေါင်း ၃၂ နိုင်ငံက သိပ္ပံပညာရှင် ၂၃၉ ယောက်ဟာ WHO ကို အိတ်ဖွင့်ပေးစာ တစ်စောင် ပေးပို့ခဲ့ပါတယ်။

ကုလသမဂ္ဂရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ WHO အနေနဲ့ ကိုရိုနာဗိုင်းရပ်စ်ဟာ လေထဲက ကူးစက်နိုင်ခြေ ရှိတဲ့ အတွက် ဒီပိုးနဲ့ ပတ်သက်တဲ့ လမ်းညွှန်ချက်တွေကို ထပ်မံ မွမ်းမံဖို့ သူတို့က ရေးသား တောင်းဆိုခဲ့ကြတာ ဖြစ်ပါတယ်။

အခုလို ရေးသားတောင်းဆိုခဲ့တဲ့ သိပ္ပံပညာရှင်တွေထဲက တစ်ဦးဖြစ်တဲ့ အမေရိကန်နိုင်ငံ ကော်လိုရားဒိုး တက္ကသိုလ်က ဓာတုဗေဒပညာရှင် ဟိုဆေး ဟင်းမနက်ဇ် ကလည်း သူတို့ဟာ WHO ကို တွေ့ရှိချက် အသစ်တွေ အပေါ် အသိအမှတ်ပြုပေးစေချင်တာပါလို့ ဆိုပါတယ်။

ဒါဟာ WHO ကို တိုက်ခိုက်တာ မဟုတ်ဘဲ သိပ္ပံနည်းကျ စောဒကတက်တာသာ ဖြစ်တယ် ဆိုပေမဲ့ WHO နဲ့ ဆွေးနွေးရာမှာ ဒီအဖွဲ့ဘက်က တွေ့ရှိချက် အသစ်တွေကို လက်ခံဖို့ ငြင်းဆန်နေတဲ့အတွက် အခုလို လူသိရှင်ကြား တောင်းဆိုရတာ ဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။

အဲဒီ အိတ်ဖွင့်ပေးစာကို WHO ရဲ့ ရောဂါ ပြန့်ပွားမှု ထိန်းချုပ် တားဆီးရေးဆိုင်ရာ ညှိနှိုင်းရေးမှူး ဘနက်ဒက်တား အာလေဂရန်းဇီးက တုန့်ပြန်ခဲ့ပြီး “လူထူထပ်ပြီး အလုံပိတ် ဒါမှမဟုတ် လေဝင်လေထွက် မကောင်းတဲ့ အခြေအနေ” အတွင်းမှာ ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်ပြန့်ပွားတယ် ဆိုတဲ့ သက်သေတွေအရ ဒီလို ကူးစက်နိုင်ခြေကို ဘေးဖယ် စဉ်းစားလို့ မရဘူးလို့ ပြောဆိုခဲ့ပါတယ်။

ဒါပေမဲ့လည်း WHO အနေနဲ့ ဆုံးဖြတ်ချက် အသစ်တွေမချခင်မှာ နောက်ထပ် ဒီလို ကူးစက်မှု သက်သေတွေကို ဆက်လက် လေ့လာလိုသေးတယ်လို့လည်း ပြောဆိုခဲ့ပါတယ်။

WHO အကြံပေးဖြစ်သူ ဒေါက်တာ ဒေးဗစ် ဟေးမန်းကလည်း ဒီကိုရိုနာဗိုင်းရပ်စ်ကို နှိမ်နင်းဖို့ နည်းဗျူဟာအသစ်တွေ မချခင်မှာ WHO အနေနဲ့ ပိုမိုကျယ်ပြန့်တဲ့ လေ့လာမှုတွေက ခိုင်မာတဲ့ ရလဒ်တွေကို တွေ့ဖို့ မျှော်လင့်တယ်လို့ ဆိုခဲ့ပါတယ်။

BBC Burmese
---------------------------------
(Zawgyi)⤵⤵⤵
ကို႐ိုနာဗိုင္းရပ္စ္က ေလထဲက ဘယ္လိုကူးတာလဲ

ကို႐ိုနာဗိုင္းရပ္စ္နဲ႔ ထိေတြ႕ခဲ့တဲ့ ႐ုပ္ဝတၳဳ မ်က္ႏွာျပင္ေတြေပၚက တစ္ဆင့္ ဒီဗိုင္းရပ္စ္ကူးစက္ျခင္းကိုသာ တစ္ခုတည္းေသာ ဒီပိုး ကူးစက္ျခင္းနည္းလမ္းပဲလို႔ ကမာၻ႔က်န္းမာေရးအဖြဲ႕ WHO က လတ္တေလာကာလအထိ ယူဆထားခဲ့ပါတယ္။

အဲဒီကူးစက္ပုံအရ ဒီပိုးကူးစက္ခံေနရသူေတြ ေခ်ာင္းဆိုး၊ ႏွာေခ်ရာက ထြက္လာတဲ့ တံေတြးစက္နဲ႔ ထိေတြ႕ထားတဲ့ အရာေတြနဲ႔ အျခားသူေတြက ထိေတြ႕မိရာကေန ကူးစက္တာကို ဆိုလိုတာ ျဖစ္ပါတယ္။

ဒါ့ေၾကာင့္လည္း လက္ေဆးတာကို အဲဒီ ကို႐ိုနာဗိုင္းရပ္စ္ ကိုဗစ္-၁၉ ကူးစက္မႈကို ကာကြယ္ဖို႔ အဓိက နည္းလမ္းတစ္ခုအျဖစ္ ကမာၻ႔က်န္းမာေရးအဖြဲ႕က ယူဆခဲ့တာ ျဖစ္ပါတယ္။

ဒါေပမဲ့ အခုအခ်ိန္မွာေတာ့ တခ်ိဳ႕အေျခအေနေတြမွာ ဒီလို ေလထဲက ကူးစက္ျခင္းျဖစ္ႏိုင္ေခ်ကို ေဘးဖယ္ထားလို႔ မရဘူး ဆိုတာကို ဒီအဖြဲ႕က အသိအမွတ္ျပဳလာတာ ျဖစ္ပါတယ္။

ဒီလို ေလထဲက ကူးစက္ပုံအရ ဆိုရင္ ဒီပိုးရွိသူေတြ စကားေျပာတာ၊ အသက္ရႉတာကတစ္ဆင့္ ထြက္လာတဲ့ တံေတြးစက္ငယ္ကေလးေတြ ကေနပါ တျခားသူေတြကို ကူးစက္ႏိုင္တယ္လို႔ ဆိုပါတယ္။

ဒီလို ကူးစက္ျခင္းအတြက္ သက္ေသေတြသာ ခိုင္လုံမယ္ဆိုရင္ အေဆာက္အအုံတစ္ခုခုအတြင္း ရွိေနသူေတြ ဒီပိုးမကူးေအာင္ လိုက္နာရမယ့္ စည္းကမ္း အေျပာင္းအလဲေတြ ျဖစ္လာႏိုင္ပါတယ္။

ေလထဲကေန ေရာဂါပိုး ဘယ္လို ကူးစက္တတ္သလဲ

ေလထဲမွာ ဗိုင္းရပ္စ္ ဒါမွမဟုတ္ ဘက္တီးရီးယားေတြ ပါေနတဲ့ အမႈန္ေတြဟာ ေလထဲမွာ နာရီနဲ႔ခ်ီ ရွိေနတတ္ၿပီး လူေတြက ဒါေတြကို အသက္ရႉသြင္းမိတဲ့အခါမွာ ေရာဂါ ကူးစက္တတ္ပါတယ္။

အဲဒီ အလြန္ေသးငယ္တဲ့ အမႈန္ေတြ ေလထဲမွာ ျဖန႔္ၾကက္ တည္ရွိႏိုင္တဲ့ အက်ယ္အဝန္းကလည္း ႀကီးမားတယ္လို႔ ဆိုပါတယ္။

တီဘီ၊ အဆုတ္ေရာင္ နမိုးနီးယား ေရာဂါနဲ႔ အဖ်ား ေရာဂါေတြဟာ အဲဒီလို ေလထဲက ကူးစက္တတ္တဲ့ ေရာဂါေတြ ျဖစ္ပါတယ္။

ကို႐ိုနာဗိုင္းရပ္စ္ဟာလည္း အဲဒီေရာဂါေတြလိုပဲ အရံအတား အမိုးအကာ ရွိတဲ့ အေဆာက္အအုံအတြင္းနဲ႔ ျပင္ပက လူထူထပ္တဲ့ ေနရာေတြမွာပါ ေလထဲက တစ္ဆင့္ ကူးစက္ႏိုင္ေခ်ရွိတဲ့ သက္ေသရွိတယ္လို႔လည္း ကမာၻ႔က်န္းမာေရးအဖြဲ႕က ဝန္ခံခဲ့ပါတယ္။

ကို႐ိုနာဗိုင္းရပ္စ္က ေလထဲမွာ ဘယ္ေလာက္ ၾကာၾကာ ရွိေနႏိုင္လဲ

ကို႐ိုနာဗိုင္းရပ္စ္ကို ဓါတ္ခြဲခန္းထဲက ေလထုမွာ ျဖန္းၾကည့္ၿပီး ေလ့လာခ်က္ေတြအရ ဒီပိုးဟာ ေလထဲမွာ အနည္းဆုံး သုံးနာရီ ရွိေနႏိုင္တယ္ဆိုတာကို ေတြ႕ရွိခဲ့ရပါတယ္။

ဒါေပမဲ့ တခ်ိဳ႕ သိပၸံပညာရွင္ေတြကေတာ့ ဒီလိုေတြ႕ရွိမႈဟာ ဓါတ္ခြဲခန္းထဲမွာသာ ျဖစ္တဲ့အတြက္ လက္ေတြ႕ တကယ့္ေလထုထဲမွာဆိုရင္ေတာ့ ရလဒ္က အေျပာင္းအလဲ ရွိႏိုင္တယ္လို႔ ဆိုပါတယ္။

လူတစ္ေယာက္တည္းကေန လူေပါင္းမ်ားစြာကို ဒီပိုးကူးစက္သြားဖူးတဲ့ ျဖစ္စဥ္ေတြေၾကာင့္လည္း ကို႐ိုနာဗိုင္းရပ္စ္ဟာ ေလထဲက ကူးစက္ႏိုင္သလားဆိုတဲ့ သံသယဝင္မႈေတြကို ပိုမို အားေကာင္းလာေစခဲ့ပါတယ္။

အေမရိကန္ႏိုင္ငံ ဝါရွင္တန္ျပည္နယ္က ေမာင့္ဗာႏြန္ၿမိဳ႕မွာ လူတစ္ေယာက္တည္းကေန ၄၅ ေယာက္ထက္မနည္း ဒီပိုးကူးစက္သြားေစႏိုင္တယ္လို႔ ယူဆထားၾကၿပီး အဲဒီပိုးကူးေနသူက အကူးခံရသူ ၄၅ ေယာက္နဲ႔အတူ ခရစ္ယာန္ ဓမၼသီခ်င္း သီဆိုခဲ့ၾကတာ ျဖစ္ပါတယ္။

အဲဒီလို ကူးစက္ခံလိုက္ရသူ တခ်ိဳ႕ဟာ ဒီေရာဂါ ေရာဂါမကူးေအာင္ လူလူခ်င္း ခပ္ခြာခြာေနရတဲ့ စည္းကမ္းကို မခ်ိဳးေဖာက္ပဲ ေနရဲ႕သားနဲ႔ ကူးစက္ခံခဲ့ ၾကရတာလို႔ ဆိုပါတယ္။

ၿပီးခဲ့တဲ့ ဇန္နဝါရီလကုန္ပိုင္းေလာက္ကလည္း တ႐ုတ္ႏိုင္ငံ ကြမ္က်ဴးေဒသမွာ ဒီလို အလားတူ ျဖစ္ရပ္မ်ိဳး ျဖစ္ခဲ့ဖူးၿပီး ဒီျဖစ္စဥ္မွာ ကို႐ိုနာကူးစက္ခံေနရသူ လာစားတဲ့ စားေသာက္ဆိုင္အတြင္းက အျခားလူ ၉ ေယာက္ကို ကူးစက္သြားတယ္လို႔ ယူဆခဲ့ပါတယ္။

ဒီကူးစက္မႈကို ေလ့လာတဲ့ သိပၸံပညာရွင္ေတြရဲ႕ ေတြ႕ရွိခ်က္အရ အကူးခံရသူေတြထဲက တစ္ဦးဟာ မူလကူးစက္ခံေနရသူနဲ႔ ၆ မီတာ ( ေပ ၂၀ ေလာက္) အကြာအေဝးမွာ ရွိေနခဲ့တာေတာင္မွ အကူးခံခဲ့ရပုံေပၚတယ္လို႔ ဆိုပါတယ္။

အမ်ားျပည္သူအတြက္ ဘယ္လို လမ္းၫႊန္ခ်က္အသစ္ေတြ ထြက္လာႏိုင္သလဲ

ေရာဂါတစ္ခု ကူးစက္ပုံအေပၚ အေျခခံၿပီး ဒီေရာဂါကို ပ်ံ႕ႏွံ႔မႈကို ကာကြယ္တဲ့ စည္းကမ္းေတြ ထုတ္ရတာ ျဖစ္ပါတယ္။

ကမာၻ႔က်န္းမာေရးအဖြဲ႕ရဲ႕ လက္ရွိ ထုတ္ျပန္ထားတဲ့ ကို႐ိုနာဗိုင္းရပ္စ္ပ်ံ႕ႏွံ႔မႈ တားဆီးေရး လမ္းၫႊန္ခ်က္အရ လက္ကို ေရေႏြးနဲ႔ ဆပ္ျပာသုံးၿပီး စကၠန႔္ ၂၀ ၾကာ လက္ေဆးဖို႔နဲ႔ လူလူခ်င္း ခပ္ခြာခြာ ေနၾကဖို႔ တိုက္တြန္းခ်က္ေတြ ထုတ္ျပန္ထားပါတယ္။

ဒီလို တိုက္တြန္းခ်က္ေတြအတိုင္း လိုက္နာၾကဖို႔ အေရးႀကီးတယ္ဆိုေပမယ့္ ဒီနည္းလမ္းေတြက ေလထဲက ကူးစက္တဲ့ အေျခအေနအတြက္ေတာ့ မထိေရာက္ဘူးဆိုၿပီး အခုအခ်ိန္မွာ တခ်ိဳ႕ သိပၸံပညာရွင္ေတြက ေျပာလာၾကပါတယ္။

လက္ရွိ ဇူလိုင္လ ၁၁ ရက္ေန႔အထိေတာ့ ကမာၻ႔က်န္းမာေရးအဖြဲ႕က မထုတ္ျပန္ေသးေပမဲ့ ထြက္လာလာတဲ့ ေလ့လာမႈ သက္ေသအသစ္ေတြကိုေတာ့ သုံးသပ္ေနဆဲ ျဖစ္တယ္လို႔ ဆိုပါတယ္။

ေနာက္ဆုံး ေလထဲက ကူးစက္မႈကို ဒီအဖြဲ႕က အတည္ျပဳၿပီ ဆိုရင္ေတာ့ အမ်ားျပည္သူေတြ အေနနဲ႔ ႏွာေခါင္းစည္းေတြကို ပိုၿပီး က်ယ္က်ယ္ျပန႔္ျပန႔္ အသုံးျပဳဖို႔၊ လက္ရွိ ၂ မီတာ (ေျခာက္ေပခြဲ) ထက္ပိုၿပီး လူလူခ်င္း ခပ္ခြာခြာ ေနၾကဖို႔ စည္းကမ္းေတြကို အထူးသျဖင့္ အေဖ်ာ္ယမကာဆိုင္၊ စားေသာက္ဆိုင္နဲ႔ အမ်ားျပည္သူသုံး ယာဥ္ေတြမွာ လိုက္နာဖို႔ တိုက္တြန္းခ်က္ အသစ္ေတြ ထြက္လာႏိုင္ပါတယ္။

ဒါ့အျပင္ ေလေအးေပးစက္ အသုံးျပဳတဲ့ အေဆာက္အအုံနဲ႔ ယာဥ္ေတြ အတြင္းမွာ ရွိသူေတြ လိုက္နာရမယ့္ ပိုတင္းၾကပ္တဲ့ စည္းကမ္းခ်က္ေတြလည္း ထြက္လာႏိုင္ပါတယ္။

ဘယ္လို အေျခအေနေတြက WHO ကို ကို႐ိုနာ မျပန္႔ပြားေရး တိုက္တြန္းခ်က္ေတြ ျပန္လည္ သုံးသပ္ေစခဲ့သလဲ

ၿပီးခဲ့တဲ့ ရက္ပိုင္းအတြင္းကပဲ ႏိုင္ငံေပါင္း ၃၂ ႏိုင္ငံက သိပၸံပညာရွင္ ၂၃၉ ေယာက္ဟာ WHO ကို အိတ္ဖြင့္ေပးစာ တစ္ေစာင္ ေပးပို႔ခဲ့ပါတယ္။

ကုလသမဂၢရဲ႕ အစိတ္အပိုင္းတစ္ခုျဖစ္တဲ့ WHO အေနနဲ႔ ကို႐ိုနာဗိုင္းရပ္စ္ဟာ ေလထဲက ကူးစက္ႏိုင္ေျခ ရွိတဲ့ အတြက္ ဒီပိုးနဲ႔ ပတ္သက္တဲ့ လမ္းၫႊန္ခ်က္ေတြကို ထပ္မံ မြမ္းမံဖို႔ သူတို႔က ေရးသား ေတာင္းဆိုခဲ့ၾကတာ ျဖစ္ပါတယ္။

အခုလို ေရးသားေတာင္းဆိုခဲ့တဲ့ သိပၸံပညာရွင္ေတြထဲက တစ္ဦးျဖစ္တဲ့ အေမရိကန္ႏိုင္ငံ ေကာ္လိုရားဒိုး တကၠသိုလ္က ဓာတုေဗဒပညာရွင္ ဟိုေဆး ဟင္းမနက္ဇ္ ကလည္း သူတို႔ဟာ WHO ကို ေတြ႕ရွိခ်က္ အသစ္ေတြ အေပၚ အသိအမွတ္ျပဳေပးေစခ်င္တာပါလို႔ ဆိုပါတယ္။

ဒါဟာ WHO ကို တိုက္ခိုက္တာ မဟုတ္ဘဲ သိပၸံနည္းက် ေစာဒကတက္တာသာ ျဖစ္တယ္ ဆိုေပမဲ့ WHO နဲ႔ ေဆြးေႏြးရာမွာ ဒီအဖြဲ႕ဘက္က ေတြ႕ရွိခ်က္ အသစ္ေတြကို လက္ခံဖို႔ ျငင္းဆန္ေနတဲ့အတြက္ အခုလို လူသိရွင္ၾကား ေတာင္းဆိုရတာ ျဖစ္တယ္လို႔လည္း သူက ဆိုပါတယ္။

အဲဒီ အိတ္ဖြင့္ေပးစာကို WHO ရဲ႕ ေရာဂါ ျပန႔္ပြားမႈ ထိန္းခ်ဳပ္ တားဆီးေရးဆိုင္ရာ ညႇိႏႈိင္းေရးမႉး ဘနက္ဒက္တား အာေလဂရန္းဇီးက တုန႔္ျပန္ခဲ့ၿပီး “လူထူထပ္ၿပီး အလုံပိတ္ ဒါမွမဟုတ္ ေလဝင္ေလထြက္ မေကာင္းတဲ့ အေျခအေန” အတြင္းမွာ ကို႐ိုနာ ဗိုင္းရပ္စ္ ကူးစက္ျပန႔္ပြားတယ္ ဆိုတဲ့ သက္ေသေတြအရ ဒီလို ကူးစက္ႏိုင္ေျခကို ေဘးဖယ္ စဥ္းစားလို႔ မရဘူးလို႔ ေျပာဆိုခဲ့ပါတယ္။

ဒါေပမဲ့လည္း WHO အေနနဲ႔ ဆုံးျဖတ္ခ်က္ အသစ္ေတြမခ်ခင္မွာ ေနာက္ထပ္ ဒီလို ကူးစက္မႈ သက္ေသေတြကို ဆက္လက္ ေလ့လာလိုေသးတယ္လို႔လည္း ေျပာဆိုခဲ့ပါတယ္။

WHO အႀကံေပးျဖစ္သူ ေဒါက္တာ ေဒးဗစ္ ေဟးမန္းကလည္း ဒီကို႐ိုနာဗိုင္းရပ္စ္ကို ႏွိမ္နင္းဖို႔ နည္းဗ်ဴဟာအသစ္ေတြ မခ်ခင္မွာ WHO အေနနဲ႔ ပိုမိုက်ယ္ျပန႔္တဲ့ ေလ့လာမႈေတြက ခိုင္မာတဲ့ ရလဒ္ေတြကို ေတြ႕ဖို႔ ေမွ်ာ္လင့္တယ္လို႔ ဆိုခဲ့ပါတယ္။

BBC Burmese
https://www.bbc.com/burmese/world-53375231
ကိုရိုနာဗိုင်းရပ်စ်က လေထဲက ဘယ်လိုကူးတာလဲ ကိုရိုနာဗိုင်းရပ်စ်က လေထဲက ဘယ်လိုကူးတာလဲ Reviewed by THITHTOOLWIN on 21:21 Rating: 5
Powered by Blogger.