မြောက်ဥက္ကလာ ကြိုးတံတားပေါ်မှ အမျိုးသားတစ်ဦး ခုန်ချ


(Unicode)⤵⤵⤵
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၊ (ဋ) ရပ်ကွက်ရှိ ကြိုးတံတားပေါ်ကနေ ငမိုးရိပ်ချောင်းထဲကို ဒီကနေ့ ဇူလိုင် (၇) ရက်၊ နေ့လယ်ပိုင်းက အမျိုးသားတစ်ဦး ခုန်ချခဲ့တယ်လို့ မြောက်ဥက္ကလာပမြို့မရဲစခန်းက သိရပါတယ်။

 မျက်မြင်တွေ့ရှိသူတွေရဲ့ ပြောပြချက်အရ ခုန်ချသူဟာ အသက် (၃၀) အရွယ်ရှိသူဖြစ်ပြီး တံတားအလယ်ကနေ ခုန်ချခဲ့တာလို့ မြောက်ဥက္ကလာပမြို့မရဲစခန်းက သိရပါတယ်။

အခင်းဖြစ်နေရာတစ်ဝိုက်မှာ ခုန်ချသူ ဝတ်ဆင်ခဲ့တယ်လို့ ယူဆရတဲ့ အင်္ကျီ နဲ့ ဖိနပ်တို့ တွေ့ရပြီး ဘယ်သူဘယ်ဝါမှန်း မသိရသေးဘူးလို့ မြောက်ဥက္ကလာပမြို့မရဲစခန်းက တာဝန်ကျ ရဲအရာရှိတစ်ဦးက ပြောပါတယ်။

လက်ရှိမှာ ခုန်ချသူကို ရဲတပ်ဖွဲ့၊ မီးသတ် နဲ့ ပရဟိတအဖွဲ့တွေက ငမိုးရိပ်ချောင်းတစ်လျှောက် ရှာဖွေမှုတွေ ပြုလုပ်နေတယ်လို့ အဆိုပါ ရဲအရာရှိက ပြောပါတယ်။

ခုန်ချတာနဲ့ပတ်သက်ပြီး ရှာဖွေနေဆဲ ဖြစ်တာကြောင့် အမှုဖွင့်တာ ရှိမရှိကို လတ်တလောမသိနိုင်သေးကြောင်း ရဲအရာရှိက ပြောပါတယ်။

သတင်း - ဝေယံထက်ဝင်း / One News Myanmar
----------------------------------------

(Zawgyi)⤵⤵⤵






https://www.facebook.com/onenewsmyan
မြောက်ဥက္ကလာ ကြိုးတံတားပေါ်မှ အမျိုးသားတစ်ဦး ခုန်ချ မြောက်ဥက္ကလာ ကြိုးတံတားပေါ်မှ အမျိုးသားတစ်ဦး ခုန်ချ Reviewed by THITHTOOLWIN on 20:18 Rating: 5
Powered by Blogger.