အရပ်သားသေဆုံးမှု စစ်ဆေးဖို့သွားတဲ့ တပ်မတော်ယာဉ်တန်း ပစ်ခတ်ခံရ

ဇွန်လ ၂၉ ရက်နေ့က ပစ်ခတ်မှုကြောင့် သေဆုံးခဲ့သည့် ကျောက်မဲမြို့နယ် ပန်ကျန်ကျေးရွာမှ ဒေသခံ လုံးဆု၏ ရုပ်အလောင်းကို သဂြိုဟ်ရန် ပြင်ဆင်နေစဉ်။Photo: Khan Thar/RFA
ရှမ်းပြည်နယ်၊ ကျောက်မဲမြို့နယ် ပန်ကျန်ကျေးရွာက  အရပ်သားသေဆုံးထိခိုက်မှု ဖြစ်ရပ် စုံစမ်းစစ်ဆေးရေးအတွက် ဇူလိုင်လ ၁၅ ရက်နေ့က သွားရောက်တဲ့  တပ်မတော် ယာဉ်တန်းက ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ RCSS/SSA တပ်ဖွဲ့က ပစ်ခတ်လို့ တစ်ဦး ဒဏ်ရာရသွားတယ်လို့  တပ်မတော်က  ပြောပါတယ်။

အရှေ့မြောက်တိုင်း စစ်ဌာနချုပ်က ဗျူဟာမှူး၊ ကျောက်မဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုဦးစီးမှူး၊ ကျောက်မဲခရိုင် ရဲတပ်ဖွဲ့ဝင်တွေ ပါဝင်တဲ့ ယာဉ်တန်း ဟဲကွီနဲ့ နမ့်ဖော်ဖိတ် ရွာအနီးမှာ ပစ်ခတ်ခံရတာလို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက RFA ကို ပြောပါတယ်။ ယာဉ်တန်းကို ပစ်ခတ်မှုနဲ့ ပတ်သက်ပြီး RCSS ပြောခွင့်ရသူတွေကို မေးမြန်းဖို့ကြိုးစားပေမယ့် ဆက်သွယ်လို့ မရသေးပါဘူး။

စုံစမ်းရေးအဖွဲ့ဟာ ဇူလိုင် ၁၃ ရက်နေ့မှာ နောင်ပိန်ရွာက ပရဟိတအဖွဲ့၊ တိုက်နယ်ဆရာဝန်၊ နောင်ပိန် နယ်မြေရဲစခန်းမှူး၊ နယ်မြေမှူးတို့ကို ကျောက်မဲ ခမရ ၅၀၂ တပ်အတွင်းမှာ ခေါ်ယူစစ်ဆေးခဲ့ပါတယ်။ ဇူလိုင် ၁၄ ရက်နေ့မှာတော့ ကျောက်မဲမြို့ SNLD ပါတီက ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် စိုင်းထွန်းဝင်းကို မြို့နယ်အုပ်ချုပ်ရေးရုံးမှာ ခေါ်ယူမေးမြန်းခဲ့တယ်လို့ မေးမြန်းခံရတဲ့ ကာယကံရှင်က ပြောပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/
အရပ်သားသေဆုံးမှု စစ်ဆေးဖို့သွားတဲ့ တပ်မတော်ယာဉ်တန်း ပစ်ခတ်ခံရ အရပ်သားသေဆုံးမှု စစ်ဆေးဖို့သွားတဲ့ တပ်မတော်ယာဉ်တန်း ပစ်ခတ်ခံရ Reviewed by THITHTOOLWIN on 04:37 Rating: 5
Powered by Blogger.