လက်ဆွဲနှုတ်ဆက်ခွင့်မရတဲ့ စင်ကာပူ ရွေးကောက်ပွဲ မဲဆွယ်လှုပ်ရှားမှု

ကိုရိုနာဗိုင်းရပ်စ်ကြောင့် လက်ဆွဲနှုတ်ဆက်တာတွေ လုပ်လို့မရတော့
(Unicode)⤵⤵⤵
နိုင်ငံရေးသမားတွေအတွက် မဲဆွယ်စည်းရုံးရေးကာလ ဆိုတာဟာ ပြည်သူလူထုနဲ့ နီးနီးကပ်ကပ်ရှိတဲ့ အချိန်အနည်းငယ်ထဲက အချိန်ကာလ တစ်ခု ဖြစ်ပါတယ်။

အဲ့ဒီအချိန်မှာ လူတွေက သူတို့ကို မဲပေးကြဖို့ကိုလည်း သူတို့က ဆွဲဆောင် စည်းရုံးရပါတယ် ။

ဒါပေမဲ့ အရာအားလုံးကို ပြောင်းလဲစေခဲ့တဲ့ ကမ္ဘာ့ကပ်ဘေးရောဂါကြီးက ရွေးကောက်ပွဲတွေနဲ့ ပတ်သက်တာတွေကိုလည်း အပြောင်းအလဲ ဖြစ်စေခဲ့ပါတယ်။

နိုင်ငံရေး မဲဆွယ်လှုပ်ရှားမှုတွေကို အွန်လိုင်းကပဲ လုပ် ၊ တစ်အိမ်တက်ဆင်း မဲဆွယ်တဲ့နေရာမှာ ခပ်ခွာခွာ စည်းမျဉ်းတွေကို လိုက်နာ၊ လက်ဆွဲနှုတ်ဆက်ရမယ့်အစား အခြားနည်းနဲ့ နှုတ်ဆက်တာတွေကိုပဲ လုပ်ရမယ့် အခြေအနေ ရောက်လာပါတယ်။

ဒါကြောင့် ဒီတစ်ပတ် ဇူလိုင် ၁၀ရက်နေ့မှာကျင်းပမယ့် စင်ကာပူအထွေထွေရွေးကောက်ပွဲကလည်း အထက်မှာ ပြောတဲ့ အခြေအနေတွေ အောက်မှာ ကျင်းပဖို့ ဖြစ်လာပါပြီ။

ရွေ့ပြောင်းလုပ်သားတွေနေထိုင်တဲ့ အိပ်ဆောင်တွေကနေ ကူးစက်ပျံ့ပွားမှု အများဆုံးဖြစ်နေပြီး၊ ဗိုင်းရပ်စ်ရောဂါပိုး ကူးစက်ခံထားရသူ လေးသောင်း လေးထောင်ကျော်ရှိနေတဲ့စင်ကာပူမှာ လာမယ့် သောကြာနေ့ကြရင် အထွေထွေရွေးကောက်ပွဲကို ကျင်းပတော့မှာပါ။

ဒီလအစောပိုင်းက စင်ကာပူမှာ လော့‌‌‌ဒေါင်းကို တစ်စိတ်တစ်ပိုင်း လျှော့ချထားပေမယ့် ခပ်ခွာခွာ နေရမယ့် စည်းမျဉ်းတွေကိုတော့ ဆက်ပြီး ထုတ်ပြန်ထားဆဲပါ။ လူတွေတ‌စ်ယောက်နဲ့တစ်ယောက် တစ်မီတာ အနည်းဆုံးခွာနေခိုင်းထားပြီး ၊ လူစုလူဝေးနဲ့ တွေ့ဆုံမှုတွေကိုလည်း ပိတ်ပင်ထား ဆဲဖြစ်ပါတယ်။

ဒါဆိုရင် ကပ်ရောဂါကြီးကြားက မဲဆွယ်စည်းရုံးရေးတွေ ဘယ်လိုလုပ်နေကြပါသလဲ။

မဲဆွယ်စည်းရုံးပွဲတွေ လုပ်ခွင့်မရ

‌ရွေးကောက်ပွဲဝင်မယ့် အမတ်လောင်းတွေအတွက် သူတို့ပေးချင်တဲ့ သတင်းစကားတွေ ပေးနိုင်ဖို့ လူထု တွေ့ဆုံစည်းဝေးပွဲတွေ လုပ်တာက မဲဆွယ် စည်းရုံးလှုပ်ရှားမှုရဲ့ အသက်သွေးကြော ဖြစ်ပါတယ်။

အတိုက်အခံပါတီ ၁၂ပါတီထဲက ပြီးခဲ့တဲ့နှစ်က စပြီးထူထောင်ခဲ့တဲ့ စင်ကာပူ ပြည်သူ့တိုးတက်ရေး ပါတီ (ပီအက်စ်ပီ)ကလည်း ဒီနှစ် ရွေးကောက်ပွဲကနေ ရလဒ်ကောင်းတွေ ရလာဖို့ မျှော်လင့်နေပါတယ်။

ဒါပေမဲ့ စင်ကာပူ လွတ်လပ်ရေးရတဲ့ ၁၉၆၅ခုနှစ်ကတည်းက ဆက်တိုက် အနိုင်ရ အုပ်ချုပ်လာတဲ့ ပြည်သူ့ လှုပ်ရှားမှုပါတီ (ပီအေပီ) ကိုတော့ သူတို့အနေနဲ့ ယှဉ်နိုင်ဖို့ သိပ်မလွယ်ပါဘူး။

လူကိုယ်တိုင် တွေ့ဆုံနိုင်တဲ့ မဲဆွယ်ပွဲတွေကို ဒီနှစ် ရွေးကောက်ပွဲမှာ လုပ်ခွင့်မရတာက သူတို့အတွက် ထိခိုက်မှုတွေ အများကြီးဖြစ်စေသလို ကမ္ဘာ့ကပ်ရောဂါကြီး ကြားမှာ ရွေးကောက်ပွဲ ကျင်းပတာကလည်း "လူတွေအတွက် အန္တရာယ်ရှိတယ်" လို့ ပီအက်စ်ပီ ပါတီဝင် တစ်ယောက်က ပြောပါတယ်။

. "အတိုက်အခံတွေရဲ့ မဲဆွယ်ပွဲတွေက လူတွေကို မက်လုံးကြီးကြီးပေးပြီး မဲဆွယ်ကြတာ၊လူတွေ အများကြီး လာတက်ကြသလို ပြောင်းလဲမှုတွေကိုလည်း အများကြီးဖန်တီးပေးပါတယ်" လို့ လီရှန်ယန်း က ဘီဘီစီကိုပြောပါတယ်။

"ဒီရွေးကောက်ပွဲမှာ လူထုမဲဆွယ်ပွဲတွေ လုပ်ခွင့်မရတာက အတိုက်အခံတွေကို နစ်နာစေတယ်" လို့ လည်း စင်ကာပူဝန်ကြီးချုပ်နဲ့ ပီအေပီပါတီရဲ့ခေါင်းဆောင် လီရှန်လွန်းရဲ့ညီ လီရှန်ယန်းက ထပ်ဖြည့်ပြောပါတယ်။

၂၀၁၅ခုနှစ်မှာ လုပ်ခဲ့တဲ့ အတိုက်အခံ မဲဆွယ်ပွဲတစ်ခုမှာဆိုရင် ခန့်မှန်းခြေ လူသုံးသောင်းလောက် တက်ခဲ့တာကြောင့် စင်ကာပူ လူဦးရေ ငါးသန်းနဲ့ယှဉ်ကြည့်ရင် များပြားတဲ့ ပမာဏလို့ ပြောနိုင်ပါတယ်။

ဒါပေမဲ့ ဒီရွေးကောက်ပွဲမှာတော့ ဆိုရှယ်မီဒီယာနဲ့ အွန်လိုင်း ပလက်ဖောင်းကိုပဲ အကြီးအကျယ် အားကိုးနေရတာ ဖြစ်လို့ အခွင့်အရေး ညီတူမျှတူ ရစေတယ်လို့ ပီအေပီပါတီက လွှတ်တော် အမတ်တစ်ယောက်ကပြောပါတယ်။
ပီအေပီပါတီက စင်ကာပူကို လွတ်လပ်ရေးရပြီးကတည်းက ဆက်တိုက် အုပ်ချုပ်လာခဲ့
"မျက်နှာချင်းဆိုင် တွေ့ဆုံ စည်းရုံးမှုတွေကနေ ကျွန်တော်တို့ ကွန်ရက်တွေက မြေပြင်စည်းရုံးရေးတွေ နှစ်ပေါင်းများစွာ လုပ်လာခဲ့တာပါ။ ဒါကြောင့် အခု လူမှုကွန်ရက်မီဒီယာကို သုံးတာက မဲပေးမယ့် သူတွေဆီရောက်ဖို့ အတိုက်အခံတွေအတွက် ပိုအခွင့်အရေးရသလို သာတူညီမျှ ယှဉ်ပြိုင် နိုင်စေတယ် " လို့ လာမယ့်ရွေးကောက်ပွဲမှာ အမတ်အဖြစ်အရွေးခံမယ့် အစိုးရအဖွဲ့ ဝါရင့်ဝန်ကြီး ချီဟွန်တာ့ က လည်း ဘီဘီစီကို ပြောခဲ့တာပါ။

ဒါပေမဲ့ နိုင်ငံရေးကိစ္စတွေမှအပ အားလုံးကိုခြုံကြည့်လိုက်ရင် လူထုတွေ့ဆုံ မဲဆွယ်ပွဲတွေ မလုပ်နိုင်တာက အခြား အခက်အခဲတွေကို လည်းဖြစ်စေနိုင်ပါတယ်။

"ရွေးကောက်ပွဲ မဲဆွယ်ပွဲ တစ်ခုလုပ်ရင် နားထောင်မယ့်လူက သူ့အိမ်ကနေ ပွဲရှိတဲ့နေရာကိုလာပြီး ဟောပြောတာကို တစ်နာရီလောက် နားထောင်ဖို့ အချိန်ရတယ်" လို့ သူတို့ပါတီရဲ့ အွန်လိုင်း တွေ့ဆုံပွဲတွေကို စီစဉ်နေတဲ့ ပီအက်စ်ပီပါတီဝင် မစ္စတာတန်က ဆိုပါတယ်။

" လူကိုယ်တိုင် တက်ရတဲ့ မဲဆွယ်ပွဲတွေမှာဆိုရင် ကိုယ်ပြောမယ့် မိန့်ခွန်းက အစပိုင်းမှာ ဘယ်လိုစရမယ်၊အလယ်မှာဘယ်လိုပြောရမယ်၊ အဆုံးကျရင် ဘယ်လို အဆုံးသတ်ရမယ်ဆိုတာ ခင်ဗျားသိတယ်။ ဒါပေမဲ့ အွန်လိုင်း မဲဆွယ်ပွဲတွေကျတော့ လူတွေစိတ်ဝင်စားဖို့ အစပိုင်း ၁၅စက္ကန့်မှာတင် ဆွဲဆောင်ရတာလို့ " လည်း သူက ဘီဘီစီကိုပြောခဲ့ပါတယ်။
တိုက်ရိုက်ထုတ်လွှင့်မှုမြင်ကွင်းနောက်ကွယ်က နည်းပညာအသုံးပြုမှု
ပြီးတော့ အစပိုင်းမှာ စိတ်ဝင်စားအောင် ဆွဲဆောင်နိုင်ရင်ခဲ့တယ် ဆိုရင်တောင် ဒါကိုဆက်ထိန်းသွားဖို့ ကြိုးစား ရပါတယ်။

"အွန်လိုင်းမှာ တစ်ချိန်တည်း ပါတီငါးခု မဲဆွယ်တာနဲ့သွားတွေ့နိုင်လို့ မကြာခဏ လိုင်းပြောင်းနေရတာ နဲ့လည်း ကြုံရနိုင်ပါတယ်။ အဲ့ဒါကြောင့် စိန်ခေါ်မှုက ပရိသတ် စိတ်ဝင်စားလာအောင် ဘယ်လို လုပ်မလဲဆိုတာပါလို့ "မစ္စတာတန်က ပြောပါသေးတယ်။
ဖေ့စ်ဘုခ်တိုက်ရိုက်ထုတ်လွှင့်မှုကနေ မဲဆွယ်နေတဲ့ အမတ်လောင်းတွေ
အသစ်နဲ့ အဟောင်း ရောထွေးမှု

ဥပမာအားဖြင့် နောက်ထပ် အခက်အခဲတစ်ခုကလည်း နည်းပညာအားနည်းတဲ့ အွန်လိုင်းမသုံးနိုင်တဲ့ အသက်ကြီး ပိုင်းလူတွေကို ဘယ်လို ဆက်သွယ်မှုလုပ်မလဲဆိုတာပါ။

"ကိုယ်ပြောချင်တာ ကိုယ်လုပ်ချင်တာအားလုံးကို ထုတ်ပြောလို့ရပါတယ်။ ပြဿနာက ကိုယ်ပြောချင်တဲ့ လူတွေဆီ လူမှန်နေရာမှန် ‌ရောက်အောင် လုပ်ဖို့က ခက်တာ။အဲ့ဒီလူက နိုင်ငံရေး စိတ်ဝင်စားတဲ့ လူတစ်ယောက်မဟုတ်ဘူးဆိုရင် အဲ့ဒီ ကြောငြာတွေက ဖေ့ဘုခ်ဖွင့်တာနဲ့ ပေါ်လာမှာ မဟုတ်ပါဘူး" လို့ မစ္စတာတန်က ဆိုပါတယ်။

အဲ့ဒီ အခက်အခဲကို ကျော်လွှားနိုင်ဖို့ သူတို့အုပ်စု စီစဉ်ထားတာက သူတို့ လက်ကမ်းကြော်ငြာတွေကို သူတို့ အွန်လိုင်း စာမျက်နှာတွေပေါ်မှာ တင်သွားဖို့ပါ။
zoom ဇွန်းကနေ မဲဆွယ်ဖို့ ပီအက်စ်ပီပါတီက လက်ကမ်းကြေငြာတွေ အွန်လိုင်းကနေဖြန့်ဝေ
" လူတွေဆီ တိုက်ရိုက်ရောက်ဖို့ လက်ကမ်းကြော်ငြာတွေကို ကျွန်တော်တို့ ဖေ့စ်ဘုခ်စာမျက်နှာကနေ ဖြန့်ဝေသွားမယ်။အဲ့ဒီကနေ လူချင်းတွေ့ဖို့ ဇွန်း Zoomကိုသုံးပြီး လုပ်သွားမယ်။ နောက်ပိုင်း လုပ်ခဲ့တဲ့ ဆန်းစစ်လေ့လာချက်တစ်ခုအရ ကျွန်တော်တို့ရဲ့ ဇွန်းမဲဆွယ်ပွဲတွေကို လူ၆၀ရာခိုင်နှုန်းက လက်ကမ်းကြော်ငြာ ကတစ်ဆင့် သိသွားကြတယ် " လို့ သူကပြောပါတယ်။

ဒါပေမဲ့ ဒီလိုလုပ်နေတာက အစဉ်အလာနည်းလမ်းတွေကိုတော့ မျက်ကွယ်ပြုလို့မရသေးပါဘူး။

အခုအချိန်ထိ အမတ်လောင်းတွေက အိမ်တံခါးပေါက်အထိသွားပြီး စည်းရုံးတာတွေ လုပ်နေရဆဲပါ။ ဒါပေမဲ့ သတ်မှတ်ထားတဲ့ လူဦးရေနဲ့ ခပ်ခွာခွာနေတဲ့ စည်းမျဉ်းကိုတော့ လိုက်နာရပါတယ်။
ပီအက်စ်ပီ ပါတီရဲ့ အိမ်တံခါးခေါက် မဲဆွယ်လှုပ်ရှားမှုတစ်ခု
"အိမ်တံခါးခေါက် တွေ့ဆုံမှုတွေမှာ ခပ်ခွာခွာနေတဲ့ စည်းမျဉ်းတွေကို လိုက်နာပြီး လူ၅ယောက် ထပ်ပိုပြီးမသွားကြသလို နေတဲ့အိမ်ကလူတွေရဲ့ အကျိုးကိုကြည့်ပြီး သူတို့နဲ့ ပြောဆို တာတွေကိုလည်း အတိုချုပ်လုပ်ပါတယ်၊ အထူးသဖြင့် အိုင်တီနည်းပညာနဲ့ ဝေးတဲ့ အသက်ကြီးတဲ့သူတွေအတွက် အွန်လိုင်းတွေ့ ဆုံမှုက မျက်နှာချင်းဆိုင်တွေ့ဆုံမှုနေရာမှာ အပြည့်အဝ အစားထိုးလို့ မရသေးတဲ့အတွက် လူချင်း တွေ့ ဆုံမှုတွေ ဆက်လုပ်နေရတာပါ။ "လို့ ပီအေပီပါတီ အမတ်လောင်း မစ္စတာချီက သူ့တို့ လုပ်နေတာတွေကို ပြောပါတယ်။

အွန်လိုင်းဝန်ဆောင်မှုက လူကိုယ်တိုင် မျက်နှာချင်းဆိုင်ပြီး ပြောရတာလောက် အပြည့်အဝ မစွမ်းဆောင်နိုင်ဘူးလို့ ဆိုပေမဲ့ ရှိနေတဲ့ အခြေအနေမှာပဲ အကောင်းဆုံး လုပ်ဆောင်နိုင်တာတွေ လုပ်နေရပါတယ်။

"အခုဆို မဲဆန္ဒရှင်တစ်ယောက်က အမတ်လောင်းနဲ့ တွေ့ဆုံနိုင်ဖို့ အကန့်အသတ်တွေရှိသွားပြီ၊ လက်ဆွဲ နှုတ်ဆက်တာတွေ လုပ်လို့မရတာက ကိစ္စကြီးတစ်ခုမဟုတ်ပေမဲ့ လူကို သေသေချာမမှတ်မိတာကတော့ ပြဿနာတစ်ခု ဖြစ်နေပါတယ် "လို့ မစ္စတာတန်က ဆိုပါတယ်။

"မျက်နှာဖုံးတပ်ထားတဲ့ လူတချို့ကို တွေ့ရင် ခင်ဗျား မှတ်မိဖို့ ခက်သလို ဒီအမတ်လောင်း ဘယ်သူ လဲဆိုတာကိုလည်း အွန်လိုင်းမှာ မှတ်မိဖို့မလွယ်ပါဘူး။ အဲ့ဒါကြောင့် ဒီနည်းလမ်းက မဲဆွယ် စည်းရုံး ရေး အတွက် ကြိုက်တဲ့ နည်းလမ်းမဟုတ်ပေမဲ့ လူတွေလုံခြုံရေးရှိဖို့ အဓိက ပထမဆိုတာကိုတော့ နောက်ဆုံးမှာတော့ လက်ခံရမှာပါ။"လို့သူကပြောပါတယ်။

BBC Burmese
-----------------------------
(Zawgyi)⤵⤵⤵
လက္ဆြဲႏႈတ္ဆက္ခြင့္မရတဲ့ စင္ကာပူ ေ႐ြးေကာက္ပြဲ မဲဆြယ္လႈပ္ရွားမႈ

ႏိုင္ငံေရးသမားေတြအတြက္ မဲဆြယ္စည္း႐ုံးေရးကာလ ဆိုတာဟာ ျပည္သူလူထုနဲ႔ နီးနီးကပ္ကပ္ရွိတဲ့ အခ်ိန္အနည္းငယ္ထဲက အခ်ိန္ကာလ တစ္ခု ျဖစ္ပါတယ္။

အဲ့ဒီအခ်ိန္မွာ လူေတြက သူတို႔ကို မဲေပးၾကဖို႔ကိုလည္း သူတို႔က ဆြဲေဆာင္ စည္း႐ုံးရပါတယ္ ။

ဒါေပမဲ့ အရာအားလုံးကို ေျပာင္းလဲေစခဲ့တဲ့ ကမာၻ႔ကပ္ေဘးေရာဂါႀကီးက ေ႐ြးေကာက္ပြဲေတြနဲ႔ ပတ္သက္တာေတြကိုလည္း အေျပာင္းအလဲ ျဖစ္ေစခဲ့ပါတယ္။

ႏိုင္ငံေရး မဲဆြယ္လႈပ္ရွားမႈေတြကို အြန္လိုင္းကပဲ လုပ္ ၊ တစ္အိမ္တက္ဆင္း မဲဆြယ္တဲ့ေနရာမွာ ခပ္ခြာခြာ စည္းမ်ဥ္းေတြကို လိုက္နာ၊ လက္ဆြဲႏႈတ္ဆက္ရမယ့္အစား အျခားနည္းနဲ႔ ႏႈတ္ဆက္တာေတြကိုပဲ လုပ္ရမယ့္ အေျခအေန ေရာက္လာပါတယ္။

ဒါေၾကာင့္ ဒီတစ္ပတ္ ဇူလိုင္ ၁၀ရက္ေန႔မွာက်င္းပမယ့္ စင္ကာပူအေထြေထြေ႐ြးေကာက္ပြဲကလည္း အထက္မွာ ေျပာတဲ့ အေျခအေနေတြ ေအာက္မွာ က်င္းပဖို႔ ျဖစ္လာပါၿပီ။

ေ႐ြ႕ေျပာင္းလုပ္သားေတြေနထိုင္တဲ့ အိပ္ေဆာင္ေတြကေန ကူးစက္ပ်ံ႕ပြားမႈ အမ်ားဆုံးျဖစ္ေနၿပီး၊ ဗိုင္းရပ္စ္ေရာဂါပိုး ကူးစက္ခံထားရသူ ေလးေသာင္း ေလးေထာင္ေက်ာ္ရွိေနတဲ့စင္ကာပူမွာ လာမယ့္ ေသာၾကာေန႔ၾကရင္ အေထြေထြေ႐ြးေကာက္ပြဲကို က်င္းပေတာ့မွာပါ။

ဒီလအေစာပိုင္းက စင္ကာပူမွာ ေလာ့‌‌‌ေဒါင္းကို တစ္စိတ္တစ္ပိုင္း ေလွ်ာ့ခ်ထားေပမယ့္ ခပ္ခြာခြာ ေနရမယ့္ စည္းမ်ဥ္းေတြကိုေတာ့ ဆက္ၿပီး ထုတ္ျပန္ထားဆဲပါ။ လူေတြတ‌စ္ေယာက္နဲ႔တစ္ေယာက္ တစ္မီတာ အနည္းဆုံးခြာေနခိုင္းထားၿပီး ၊ လူစုလူေဝးနဲ႔ ေတြ႕ဆုံမႈေတြကိုလည္း ပိတ္ပင္ထား ဆဲျဖစ္ပါတယ္။

ဒါဆိုရင္ ကပ္ေရာဂါႀကီးၾကားက မဲဆြယ္စည္း႐ုံးေရးေတြ ဘယ္လိုလုပ္ေနၾကပါသလဲ။

မဲဆြယ္စည္း႐ုံးပြဲေတြ လုပ္ခြင့္မရ

‌ေ႐ြးေကာက္ပြဲဝင္မယ့္ အမတ္ေလာင္းေတြအတြက္ သူတို႔ေပးခ်င္တဲ့ သတင္းစကားေတြ ေပးႏိုင္ဖို႔ လူထု ေတြ႕ဆုံစည္းေဝးပြဲေတြ လုပ္တာက မဲဆြယ္ စည္း႐ုံးလႈပ္ရွားမႈရဲ႕ အသက္ေသြးေၾကာ ျဖစ္ပါတယ္။

အတိုက္အခံပါတီ ၁၂ပါတီထဲက ၿပီးခဲ့တဲ့ႏွစ္က စၿပီးထူေထာင္ခဲ့တဲ့ စင္ကာပူ ျပည္သူ႔တိုးတက္ေရး ပါတီ (ပီအက္စ္ပီ)ကလည္း ဒီႏွစ္ ေ႐ြးေကာက္ပြဲကေန ရလဒ္ေကာင္းေတြ ရလာဖို႔ ေမွ်ာ္လင့္ေနပါတယ္။

ဒါေပမဲ့ စင္ကာပူ လြတ္လပ္ေရးရတဲ့ ၁၉၆၅ခုႏွစ္ကတည္းက ဆက္တိုက္ အႏိုင္ရ အုပ္ခ်ဳပ္လာတဲ့ ျပည္သူ႔ လႈပ္ရွားမႈပါတီ (ပီေအပီ) ကိုေတာ့ သူတို႔အေနနဲ႔ ယွဥ္ႏိုင္ဖို႔ သိပ္မလြယ္ပါဘူး။

လူကိုယ္တိုင္ ေတြ႕ဆုံႏိုင္တဲ့ မဲဆြယ္ပြဲေတြကို ဒီႏွစ္ ေ႐ြးေကာက္ပြဲမွာ လုပ္ခြင့္မရတာက သူတို႔အတြက္ ထိခိုက္မႈေတြ အမ်ားႀကီးျဖစ္ေစသလို ကမာၻ႔ကပ္ေရာဂါႀကီး ၾကားမွာ ေ႐ြးေကာက္ပြဲ က်င္းပတာကလည္း "လူေတြအတြက္ အႏၲရာယ္ရွိတယ္" လို႔ ပီအက္စ္ပီ ပါတီဝင္ တစ္ေယာက္က ေျပာပါတယ္။

. "အတိုက္အခံေတြရဲ႕ မဲဆြယ္ပြဲေတြက လူေတြကို မက္လုံးႀကီးႀကီးေပးၿပီး မဲဆြယ္ၾကတာ၊လူေတြ အမ်ားႀကီး လာတက္ၾကသလို ေျပာင္းလဲမႈေတြကိုလည္း အမ်ားႀကီးဖန္တီးေပးပါတယ္" လို႔ လီရွန္ယန္း က ဘီဘီစီကိုေျပာပါတယ္။

"ဒီေ႐ြးေကာက္ပြဲမွာ လူထုမဲဆြယ္ပြဲေတြ လုပ္ခြင့္မရတာက အတိုက္အခံေတြကို နစ္နာေစတယ္" လို႔ လည္း စင္ကာပူဝန္ႀကီးခ်ဳပ္နဲ႔ ပီေအပီပါတီရဲ႕ေခါင္းေဆာင္ လီရွန္လြန္းရဲ႕ညီ လီရွန္ယန္းက ထပ္ျဖည့္ေျပာပါတယ္။

၂၀၁၅ခုႏွစ္မွာ လုပ္ခဲ့တဲ့ အတိုက္အခံ မဲဆြယ္ပြဲတစ္ခုမွာဆိုရင္ ခန္႔မွန္းေျခ လူသုံးေသာင္းေလာက္ တက္ခဲ့တာေၾကာင့္ စင္ကာပူ လူဦးေရ ငါးသန္းနဲ႔ယွဥ္ၾကည့္ရင္ မ်ားျပားတဲ့ ပမာဏလို႔ ေျပာႏိုင္ပါတယ္။

ဒါေပမဲ့ ဒီေ႐ြးေကာက္ပြဲမွာေတာ့ ဆိုရွယ္မီဒီယာနဲ႔ အြန္လိုင္း ပလက္ေဖာင္းကိုပဲ အႀကီးအက်ယ္ အားကိုးေနရတာ ျဖစ္လို႔ အခြင့္အေရး ညီတူမွ်တူ ရေစတယ္လို႔ ပီေအပီပါတီက လႊတ္ေတာ္ အမတ္တစ္ေယာက္ကေျပာပါတယ္။

"မ်က္ႏွာခ်င္းဆိုင္ ေတြ႕ဆုံ စည္း႐ုံးမႈေတြကေန ကြၽန္ေတာ္တို႔ ကြန္ရက္ေတြက ေျမျပင္စည္း႐ုံးေရးေတြ ႏွစ္ေပါင္းမ်ားစြာ လုပ္လာခဲ့တာပါ။ ဒါေၾကာင့္ အခု လူမႈကြန္ရက္မီဒီယာကို သုံးတာက မဲေပးမယ့္ သူေတြဆီေရာက္ဖို႔ အတိုက္အခံေတြအတြက္ ပိုအခြင့္အေရးရသလို သာတူညီမွ် ယွဥ္ၿပိဳင္ ႏိုင္ေစတယ္ " လို႔ လာမယ့္ေ႐ြးေကာက္ပြဲမွာ အမတ္အျဖစ္အေ႐ြးခံမယ့္ အစိုးရအဖြဲ႕ ဝါရင့္ဝန္ႀကီး ခ်ီဟြန္တာ့ က လည္း ဘီဘီစီကို ေျပာခဲ့တာပါ။

ဒါေပမဲ့ ႏိုင္ငံေရးကိစၥေတြမွအပ အားလုံးကိုၿခဳံၾကည့္လိုက္ရင္ လူထုေတြ႕ဆုံ မဲဆြယ္ပြဲေတြ မလုပ္ႏိုင္တာက အျခား အခက္အခဲေတြကို လည္းျဖစ္ေစႏိုင္ပါတယ္။

"ေ႐ြးေကာက္ပြဲ မဲဆြယ္ပြဲ တစ္ခုလုပ္ရင္ နားေထာင္မယ့္လူက သူ႔အိမ္ကေန ပြဲရွိတဲ့ေနရာကိုလာၿပီး ေဟာေျပာတာကို တစ္နာရီေလာက္ နားေထာင္ဖို႔ အခ်ိန္ရတယ္" လို႔ သူတို႔ပါတီရဲ႕ အြန္လိုင္း ေတြ႕ဆုံပြဲေတြကို စီစဥ္ေနတဲ့ ပီအက္စ္ပီပါတီဝင္ မစၥတာတန္က ဆိုပါတယ္။

" လူကိုယ္တိုင္ တက္ရတဲ့ မဲဆြယ္ပြဲေတြမွာဆိုရင္ ကိုယ္ေျပာမယ့္ မိန္႔ခြန္းက အစပိုင္းမွာ ဘယ္လိုစရမယ္၊အလယ္မွာဘယ္လိုေျပာရမယ္၊ အဆုံးက်ရင္ ဘယ္လို အဆုံးသတ္ရမယ္ဆိုတာ ခင္ဗ်ားသိတယ္။ ဒါေပမဲ့ အြန္လိုင္း မဲဆြယ္ပြဲေတြက်ေတာ့ လူေတြစိတ္ဝင္စားဖို႔ အစပိုင္း ၁၅စကၠန္႔မွာတင္ ဆြဲေဆာင္ရတာလို႔ " လည္း သူက ဘီဘီစီကိုေျပာခဲ့ပါတယ္။

ၿပီးေတာ့ အစပိုင္းမွာ စိတ္ဝင္စားေအာင္ ဆြဲေဆာင္ႏိုင္ရင္ခဲ့တယ္ ဆိုရင္ေတာင္ ဒါကိုဆက္ထိန္းသြားဖို႔ ႀကိဳးစား ရပါတယ္။

"အြန္လိုင္းမွာ တစ္ခ်ိန္တည္း ပါတီငါးခု မဲဆြယ္တာနဲ႔သြားေတြ႕ႏိုင္လို႔ မၾကာခဏ လိုင္းေျပာင္းေနရတာ နဲ႔လည္း ႀကဳံရႏိုင္ပါတယ္။ အဲ့ဒါေၾကာင့္ စိန္ေခၚမႈက ပရိသတ္ စိတ္ဝင္စားလာေအာင္ ဘယ္လို လုပ္မလဲဆိုတာပါလို႔ "မစၥတာတန္က ေျပာပါေသးတယ္။

အသစ္နဲ႔ အေဟာင္း ေရာေထြးမႈ

ဥပမာအားျဖင့္ ေနာက္ထပ္ အခက္အခဲတစ္ခုကလည္း နည္းပညာအားနည္းတဲ့ အြန္လိုင္းမသုံးႏိုင္တဲ့ အသက္ႀကီး ပိုင္းလူေတြကို ဘယ္လို ဆက္သြယ္မႈလုပ္မလဲဆိုတာပါ။

"ကိုယ္ေျပာခ်င္တာ ကိုယ္လုပ္ခ်င္တာအားလုံးကို ထုတ္ေျပာလို႔ရပါတယ္။ ျပႆနာက ကိုယ္ေျပာခ်င္တဲ့ လူေတြဆီ လူမွန္ေနရာမွန္ ‌ေရာက္ေအာင္ လုပ္ဖို႔က ခက္တာ။အဲ့ဒီလူက ႏိုင္ငံေရး စိတ္ဝင္စားတဲ့ လူတစ္ေယာက္မဟုတ္ဘူးဆိုရင္ အဲ့ဒီ ေၾကာျငာေတြက ေဖ့ဘုခ္ဖြင့္တာနဲ႔ ေပၚလာမွာ မဟုတ္ပါဘူး" လို႔ မစၥတာတန္က ဆိုပါတယ္။

အဲ့ဒီ အခက္အခဲကို ေက်ာ္လႊားႏိုင္ဖို႔ သူတို႔အုပ္စု စီစဥ္ထားတာက သူတို႔ လက္ကမ္းေၾကာ္ျငာေတြကို သူတို႔ အြန္လိုင္း စာမ်က္ႏွာေတြေပၚမွာ တင္သြားဖို႔ပါ။

" လူေတြဆီ တိုက္႐ိုက္ေရာက္ဖို႔ လက္ကမ္းေၾကာ္ျငာေတြကို ကြၽန္ေတာ္တို႔ ေဖ့စ္ဘုခ္စာမ်က္ႏွာကေန ျဖန႔္ေဝသြားမယ္။အဲ့ဒီကေန လူခ်င္းေတြ႕ဖို႔ ဇြန္း Zoomကိုသုံးၿပီး လုပ္သြားမယ္။ ေနာက္ပိုင္း လုပ္ခဲ့တဲ့ ဆန္းစစ္ေလ့လာခ်က္တစ္ခုအရ ကြၽန္ေတာ္တို႔ရဲ႕ ဇြန္းမဲဆြယ္ပြဲေတြကို လူ၆၀ရာခိုင္ႏႈန္းက လက္ကမ္းေၾကာ္ျငာ ကတစ္ဆင့္ သိသြားၾကတယ္ " လို႔ သူကေျပာပါတယ္။

ဒါေပမဲ့ ဒီလိုလုပ္ေနတာက အစဥ္အလာနည္းလမ္းေတြကိုေတာ့ မ်က္ကြယ္ျပဳလို႔မရေသးပါဘူး။

အခုအခ်ိန္ထိ အမတ္ေလာင္းေတြက အိမ္တံခါးေပါက္အထိသြားၿပီး စည္း႐ုံးတာေတြ လုပ္ေနရဆဲပါ။ ဒါေပမဲ့ သတ္မွတ္ထားတဲ့ လူဦးေရနဲ႔ ခပ္ခြာခြာေနတဲ့ စည္းမ်ဥ္းကိုေတာ့ လိုက္နာရပါတယ္။

"အိမ္တံခါးေခါက္ ေတြ႕ဆုံမႈေတြမွာ ခပ္ခြာခြာေနတဲ့ စည္းမ်ဥ္းေတြကို လိုက္နာၿပီး လူ၅ေယာက္ ထပ္ပိုၿပီးမသြားၾကသလို ေနတဲ့အိမ္ကလူေတြရဲ႕ အက်ိဳးကိုၾကည့္ၿပီး သူတို႔နဲ႔ ေျပာဆို တာေတြကိုလည္း အတိုခ်ဳပ္လုပ္ပါတယ္၊ အထူးသျဖင့္ အိုင္တီနည္းပညာနဲ႔ ေဝးတဲ့ အသက္ႀကီးတဲ့သူေတြအတြက္ အြန္လိုင္းေတြ႕ ဆုံမႈက မ်က္ႏွာခ်င္းဆိုင္ေတြ႕ဆုံမႈေနရာမွာ အျပည့္အဝ အစားထိုးလို႔ မရေသးတဲ့အတြက္ လူခ်င္း ေတြ႕ ဆုံမႈေတြ ဆက္လုပ္ေနရတာပါ။ "လို႔ ပီေအပီပါတီ အမတ္ေလာင္း မစၥတာခ်ီက သူ႔တို႔ လုပ္ေနတာေတြကို ေျပာပါတယ္။

အြန္လိုင္းဝန္ေဆာင္မႈက လူကိုယ္တိုင္ မ်က္ႏွာခ်င္းဆိုင္ၿပီး ေျပာရတာေလာက္ အျပည့္အဝ မစြမ္းေဆာင္ႏိုင္ဘူးလို႔ ဆိုေပမဲ့ ရွိေနတဲ့ အေျခအေနမွာပဲ အေကာင္းဆုံး လုပ္ေဆာင္ႏိုင္တာေတြ လုပ္ေနရပါတယ္။

"အခုဆို မဲဆႏၵရွင္တစ္ေယာက္က အမတ္ေလာင္းနဲ႔ ေတြ႕ဆုံႏိုင္ဖို႔ အကန္႔အသတ္ေတြရွိသြားၿပီ၊ လက္ဆြဲ ႏႈတ္ဆက္တာေတြ လုပ္လို႔မရတာက ကိစၥႀကီးတစ္ခုမဟုတ္ေပမဲ့ လူကို ေသေသခ်ာမမွတ္မိတာကေတာ့ ျပႆနာတစ္ခု ျဖစ္ေနပါတယ္ "လို႔ မစၥတာတန္က ဆိုပါတယ္။

"မ်က္ႏွာဖုံးတပ္ထားတဲ့ လူတခ်ိဳ႕ကို ေတြ႕ရင္ ခင္ဗ်ား မွတ္မိဖို႔ ခက္သလို ဒီအမတ္ေလာင္း ဘယ္သူ လဲဆိုတာကိုလည္း အြန္လိုင္းမွာ မွတ္မိဖို႔မလြယ္ပါဘူး။ အဲ့ဒါေၾကာင့္ ဒီနည္းလမ္းက မဲဆြယ္ စည္း႐ုံး ေရး အတြက္ ႀကိဳက္တဲ့ နည္းလမ္းမဟုတ္ေပမဲ့ လူေတြလုံၿခဳံေရးရွိဖို႔ အဓိက ပထမဆိုတာကိုေတာ့ ေနာက္ဆုံးမွာေတာ့ လက္ခံရမွာပါ။"လို႔သူကေျပာပါတယ္။

BBC Burmese
https://www.bbc.com/burmese/world-53308372
လက်ဆွဲနှုတ်ဆက်ခွင့်မရတဲ့ စင်ကာပူ ရွေးကောက်ပွဲ မဲဆွယ်လှုပ်ရှားမှု လက်ဆွဲနှုတ်ဆက်ခွင့်မရတဲ့ စင်ကာပူ ရွေးကောက်ပွဲ မဲဆွယ်လှုပ်ရှားမှု Reviewed by THITHTOOLWIN on 07:30 Rating: 5
Powered by Blogger.