ဖားကန့်ဖြစ်ရပ် အခြေခံပြည်သူတွေ စားဝတ်နေရေးခက်ခဲမှုနဲ့ပတ်သက် - ဒေါ်အောင်ဆန်းစုကြည်

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် (ဓာတ်ပုံ - Myanmar State Counsellor Office - ဇူလိုင် ၀၃၊ ၂၀၂၀)
(Unicode)⤵⤵⤵
ကချင်ပြည်နယ်၊ ဖားကန့်ဒေသ၊ ဝှေခါကျောက်စိမ်းလုပ်ကွက် မြေပြိုကျမှုနဲ့ လူ ၂၀၀ နီးပါး သေဆုံးမှုဟာ မြေယာစီမံခန့်ခွဲနဲ့ဆိုင်တဲ့ ဥပဒေတွေ စနစ်တကျ ချမှတ်ကိုင်တွယ်မှုအားနည်းတာကြောင့်လို့ သဘာဝပတ်ဝန်းကျင်ပညာရှင်တွေက ထောက်ပြကြပါတယ်။ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မမေခက တင်ပြပေးမှာပါ။

ကချင်ပြည်နယ်၊ ဖားကန့်ဒေသ၊ ဝှေခါကျောက်စိမ်းလုပ်ကွက်တွေအတွင်း ဇူလိုင် ၂ ရက် မနက်က မြေစာပုံတွေ ပြိုကျမှုကြောင့် သေဆုံးသူဟာ အယောက် ၂၀၀ နီးပါးရှိခဲ့ပါတယ်။ ခုချိန်ထိလည်း ကူညီကယ်ဆယ်ရှာဖွေရေးတွေ လုပ်နေရဆဲပါ။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် (ဓာတ်ပုံ - Myanmar State Counsellor Office - ဇူလိုင် ၀၃၊ ၂၀၂၀)
နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကတော့ အခုလို မြေပြိုမှုကြောင့် လူသေဆုံးရတာနဲ့ ပတ်သတ်လို့ ဒီကနေ့ လူမှုကွန်ယက်ကနေ လုပ်တဲ့ လူထုတွေ့ဆုံပွဲမှာ ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး အစိုးရအနေနဲ့ ဝမ်းနည်းရသလို အလုပ်အကိုင်ရရှိဖို့ ခက်ခဲတာတွေအတွက် အစိုးရဘက်က သေချာကိုင်တွယ်မယ်လို့ ဆိုပါတယ်။

"ပထမဆုံးကတော့ ကျမတို့နိုင်ငံအတွက် ဝမ်းနည်းစရာ ကိစ္စဖြစ်တယ်။ ဒါ အခြေခံပြည်သူတွေရဲ့ စားဝတ်နေရေး ခက်ခဲမှုနဲ့ ပတ်သက်နေတဲ့ ကိစ္စတခု ဖြစ်တယ်။ ပြည်သူများပေါ့နော် ... တရားဝင်အလုပ်အကိုင် ရရှိရေးကို သိပ်ပြီးတော့ အလေးထားတာပါ။"

ဒီဖားကန့်ဒေသဟာ ဥပဒေစိုးမိုးမှု ကင်းမဲ့နေတာကြောင့် အဲဒီဒေသတွင်းမှာ နေသူတွေဟာ များပြားလှတဲ့ လက်နက်ကိုင်သူတွေရဲ့ ချယ်လှယ်မှုကို ခံစားနေရသလို နှစ်စဉ်ဒေါ်လာ သန်းထောင်ချီ ရရှိနေတဲ့ တရားမဝင်ကျောက်စိမ်းတူးဖော်မှုတွေ ရှိနေတာသိပေမဲ့ မျက်ကွယ်ပြု နေကြရပါတယ်။ ဒီကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းတွေကို စစ်တပ်နဲ့ဆက် နွယ်နေတဲ့ လုပ်ငန်းတွေ၊ လက်နက်ကိုင်အဖွဲ့တွေက လုပ်ကိုင်နေကြတာဖြစ်လို့ တိုင်ကြားမှုတွေ လုပ်ဆောင်ရင်လည်း အသက်ဘေးစိုးရိမ်ရတဲ့အခြေအနေမှာလည်း ရှိနေရတဲ့ ဒေသတခုဖြစ်ပါတယ်။

ဒီလိုအခြေအနေမှာ တိကျတဲ့ ဥပဒေနဲ့ အာဏာသက်ရောက်မှု အားနည်းနေတာ၊ တာဝန်မဲ့ ကျောက်စိမ်း တူးဖော်မှုတွေကို ဖော်ထုတ်အရေးယူဖို့ အစိုးရပျက်ကွက်တာတွေကြောင့် မဖြစ်သင့်တဲ့ ဘေးဆိုးတွေ ဆက်တိုက်ဖြစ်နေရတာပါ။

အခုတခေါက် မြေပြိုမှုက အကြီးမားဆုံးထိခိုက်သေဆုံးမှု တခုဖြစ်သလို ကမ္ဘာ့နိုင်ငံအသီးသီးကပါ ဒီဖြစ်ရပ်အတွက် ဝမ်းနည်းကြောင်း သတင်းပေးပို့ရတဲ့ အထိ တုန်လှုပ်စေခဲ့တာပါ။ သေဆုံးသူအရေအတွက်ကလည်း အယောက် ၂၀၀ နီးပါးရှိနေသလို ဒဏ်ရာရသူ ၅၀ ကျော်ရှိပါတယ်။

သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးပညာရှင် ဦးဝင်းမျိုးသူက အခုလို ကျောက်စိမ်းတူးလုပ်ကွက်တွေမှာ မြေပြိုကျတာဟာ တာဝန်မဲ့ကျောက်စိမ်း တူးဖော်ရေးလုပ်ငန်းတွေကို အရေးယူဖို့ အစိုးရရဲ့ ပျက်ကွက်မှုကို သတိပေးလိုက်တာဖြစ်ပြီး ဒါကို သတိလက်လွတ်မနေဘဲ သေချာကိုင်တွယ်ဖို့ အစိုးရကို တိုက်တွန်းသွားပါတယ်။

"ကျောက်စိမ်းအတွက်ကို ပတ်ဝန်းကျင်ဆိုင်ရာ စနစ်တကျကိုင်တွယ်မှုအတွက် စီမံချက်တွေလုပ်တာပဲ။ အဲမှာနှောင့်နှေးနေတာ အများကြီးပဲ။ ကုမ္ပဏီတွေပါလာဖို့လည်း လုပ်နိုင်တာဝန်ကြီးဌာနဘက်က မလုပ်နိုင်ဘူး။ နိုင်ငံတော်အဆင့်ကနေ သေချာကိုင်တွယ်လုပ်ရမယ်။ တကယ့်ကို သတ္ထုတုူးတာသပ်သပ်၊ လူနေတာ သပ်သပ်၊ သယ်တာ သပ်သပ် အဲ့လို လုပ်ပစ်မှရမယ်။ အကောင်အထည်ဖော်လည်း အကုန်ရပ်ပစ်မှ ရမယ် အကုန်ပါမှရမယ်။ ဝန်ကြီးဌာနတခုထဲက မရဘူး၊ အဲမှာရှိတဲ့ တပ်တို့ ပြည်တဲရေးတို့ပါ ပါလာဖို့ လိုတယ်။"

အဂတိလိုက်စားမှုတွေကို တိုက်ဖျက်မယ်လို့ ကြွေးကြော်ထားတဲ့ NLD အစိုးရတက်လာတာ ၅ နှစ်ကြာပြီဖြစ်ပေမဲ့ အဂတိလိုက်စားမှု အများဆုံးကဏ္ဍ တခုဖြစ်နေတဲ့ သယံဇာတတူးဖော်ရေးကဏ္ဍကို အခုချိန်ထိ သေချာမကိုင်တွယ်နိုင်ခဲ့သေးတာနဲ့ ပတ်သတ်လို့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ဆောင်နေသူတွေက ထောက်ပြနေကြပါတယ်။

အင်မတန်လိုအပ်နေတဲ့ ပြုပြင်ပြောင်းလဲမှုတွေကို မလုပ်တဲ့အတွက် ကျောက်မျက်တွင်းတွေမှာ သေဆုံးမှုတွေ ဆက်ဖြစ်နေသလို ကျောက်စိမ်းတွင်းတွေမှာ အလုပ်လုပ်နေကြတဲ့ အန္တရာယ်များတဲ့ လုပ်သားတွေရဲ့ အသက်တွေ စတေးခံရသလို ဖြစ်နေတယ်လို့ နိုင်ငံတကာ အဖွဲ့အစည်းတခုဖြစ်တဲ့ Global Witness အဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ထောက်ပြထားပါတယ်။

လွှတ်တော်က ၂၀၁၉ ခုနှစ်မှာ အတည်ပြုထားတဲ့ ကျောက်မျက်တူးဖော်ရေးဥပဒေနဲ့ နှစ်တော်တော်ကြာထဲက ထုတ်ပြန်ဖို့ကြိုးစားနေတဲ့ ကျောက်မျက်ဆိုင်ရာ မူဝါဒတွေအတိုင်း ခုချိန်ထိ မဖော်ဆောင်နိုင်သေးတဲ့အပေါ်မှာလည်း သဘာဝပတ်ဝန်းကျင် ပညာရှင်တွေဘက်ကထောက်ပြနေကြပါတယ်။

ကျောက်မျက်တူးဖော်ရေးလုပ်ငန်းတွေမှာ တရားမဝင်လုပ်ဆောင်မှုတွေကို အစိုးရဘက်ကလည်း ဆက်ပြီး မသိကျိုးကျွံပြုထားဆဲလို့ အဲဒီအဖွဲ့က ထောက်ပြထားပါတယ်။

နှစ်စဉ်ဒေါ်လာသန်းထောင်ချီ ရရှိနေတဲ့ ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းတွေကို စစ်တပ်နဲ့ဆက်နွယ်နေတဲ့ လုပ်ငန်းတွေ၊ လက်နက်ကိုင်အဖွဲ့တွေက လုပ်ကိုင်နေကြတာဖြစ်လို့ ဌာနဆိုင်ရာ တခုထဲက ကိုင်တွယ်နိုင်ဖို့ ခက်ခဲတယ်လို့ ထောက်ပြလာသူကတော့ ဖားကန့်ဆိပ်မှု ကျေးရွာက ဒေသခံ ဦးရွှေသိန်းပါ။

"ဒီနယ်မြေက အစိုးရအာဏာ သက်ရောက်တာခက်ခဲတယ်။ ဒီလိုတရားဥပဒေ စိုးမိုးတာနည်းတော့ လောဘသမားတွေဘက်က လုပ်ချင်ရာလုပ်တဲ့ သဘောဖြစ်နေတယ်။ ငွေနဲ့ အရာရာလုပ်ချင်သလို လုပ်နေတာ။ ကချင်အစိုးရပဲဖြစ်ဖြစ် ဗဟိုကပဲကိုင်ကိုင် ဘယ်လိုမှ အဆင်မပြေဘူး။ လက်နက်ကိုင်တွေကလည်း ရှိတော့ ဒီအချိန်မှာ ကိုင်တွယ်မှု ခက်တယ်။ ဥပဒေစိုးမိုးမှု မရှိလို့ဖြစ်နေတာလို့မြင်တယ်။

ဒီတခေါက်သေဆုံးမှုဟာ ၂၀၁၅ ခုနှစ်က လူ ၁၀၀ ကျော်သေဆုံးတဲ့ မြေပြိုမှု ရဲ့နောက်ပိုင်းမှာ သေဆုံးသူ အများဆုံး ကြုံရတဲ့ မြေပြိုမှု ဖြစ်ပါတယ်။

ပြိုကျသွားတဲ့ကမ်းပါးဟာ အနည်းဆုံး ပေ ၅၀၀ ကျော်လောက်ရှိကြောင်းနဲ့ ကမ်းပါးပြိုကျတဲ့ မြေစာတွေဟာ အောက်က ရေကန်ထဲကျရောက်ပြီး ရေကန်ထဲမှာ ပေ ၅၀ ကျော်လှိုင်းလုံးဖြစ်ပေါ်ခဲ့တာကြောင့် ရေကန်ဘေးမှာ အလုပ်လုပ်နေသူတွေကို တိုက်စားသွားတာဖြစ်ကြောင်း ပြောပါတယ်။

ဖားကန့်ကျောက်စိမ်းတွင်း ဒေသမှာ အခုလို လူအသေအပျောက်တွေ မကြာခဏ ဖြစ်ရတာဟာ ကျောက်စိမ်းကုမ္ပဏီတွေက စက်ယန္တရားတွေ အသုံးပြုပြီး အလွန်အကျွံ တူးဖော်တာနဲ့ မြေစာတွေကို စနစ်တကျ စွန့်ပစ်မှု မရှိတာကြောင့်လို့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့တွေက ဝေဖန်ထောက်ပြကြပါတယ်။

လက်ရှိ ဖြစ်ပျက်နေတဲ့အခြေအနေကို ထိန်းသိမ်းဖို့ဆိုရင် တိကျတဲ့ ဥပဒေပြဌာန်းပြီး ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းဖို့ လိုအပ်ကြောင်း ပြောပါတယ်ရှင်။

မေခ  / ဗွီအိုအေ ( မြန်မာပိုင်း)
----------------------------------------
(Zawgyi)⤵⤵⤵
ဖားကန႔္ျဖစ္ရပ္ အေျခခံျပည္သူေတြ စားဝတ္ေနေရးခက္ခဲမႈနဲ႔ပတ္သက္ - ေဒၚေအာင္ဆန္းစုၾကည္

ကခ်င္ျပည္နယ္၊ ဖားကန႔္ေဒသ၊ ေဝွခါေက်ာက္စိမ္းလုပ္ကြက္ ေျမၿပိဳက်မႈနဲ႔ လူ ၂၀၀ နီးပါး ေသဆုံးမႈဟာ ေျမယာစီမံခန႔္ခြဲနဲ႔ဆိုင္တဲ့ ဥပေဒေတြ စနစ္တက် ခ်မွတ္ကိုင္တြယ္မႈအားနည္းတာေၾကာင့္လို႔ သဘာဝပတ္ဝန္းက်င္ပညာရွင္ေတြက ေထာက္ျပၾကပါတယ္။ ဗြီအိုေအျမန္မာပိုင္း သတင္းေထာက္ မေမခက တင္ျပေပးမွာပါ။

ကခ်င္ျပည္နယ္၊ ဖားကန႔္ေဒသ၊ ေဝွခါေက်ာက္စိမ္းလုပ္ကြက္ေတြအတြင္း ဇူလိုင္ ၂ ရက္ မနက္က ေျမစာပုံေတြ ၿပိဳက်မႈေၾကာင့္ ေသဆုံးသူဟာ အေယာက္ ၂၀၀ နီးပါးရွိခဲ့ပါတယ္။ ခုခ်ိန္ထိလည္း ကူညီကယ္ဆယ္ရွာေဖြေရးေတြ လုပ္ေနရဆဲပါ။

ႏိုင္ငံေတာ္အတိုင္ပင္ခံ ေဒၚေအာင္ဆန္းစုၾကည္ကေတာ့ အခုလို ေျမၿပိဳမႈေၾကာင့္ လူေသဆုံးရတာနဲ႔ ပတ္သတ္လို႔ ဒီကေန႔ လူမႈကြန္ယက္ကေန လုပ္တဲ့ လူထုေတြ႕ဆုံပြဲမွာ ဒီျဖစ္စဥ္နဲ႔ ပတ္သက္ၿပီး အစိုးရအေနနဲ႔ ဝမ္းနည္းရသလို အလုပ္အကိုင္ရရွိဖို႔ ခက္ခဲတာေတြအတြက္ အစိုးရဘက္က ေသခ်ာကိုင္တြယ္မယ္လို႔ ဆိုပါတယ္။

"ပထမဆုံးကေတာ့ က်မတို႔ႏိုင္ငံအတြက္ ဝမ္းနည္းစရာ ကိစၥျဖစ္တယ္။ ဒါ အေျခခံျပည္သူေတြရဲ႕ စားဝတ္ေနေရး ခက္ခဲမႈနဲ႔ ပတ္သက္ေနတဲ့ ကိစၥတခု ျဖစ္တယ္။ ျပည္သူမ်ားေပါ့ေနာ္ ... တရားဝင္အလုပ္အကိုင္ ရရွိေရးကို သိပ္ၿပီးေတာ့ အေလးထားတာပါ။"

ဒီဖားကန႔္ေဒသဟာ ဥပေဒစိုးမိုးမႈ ကင္းမဲ့ေနတာေၾကာင့္ အဲဒီေဒသတြင္းမွာ ေနသူေတြဟာ မ်ားျပားလွတဲ့ လက္နက္ကိုင္သူေတြရဲ႕ ခ်ယ္လွယ္မႈကို ခံစားေနရသလို ႏွစ္စဥ္ေဒၚလာ သန္းေထာင္ခ်ီ ရရွိေနတဲ့ တရားမဝင္ေက်ာက္စိမ္းတူးေဖာ္မႈေတြ ရွိေနတာသိေပမဲ့ မ်က္ကြယ္ျပဳ ေနၾကရပါတယ္။ ဒီေက်ာက္စိမ္းတူးေဖာ္ေရးလုပ္ငန္းေတြကို စစ္တပ္နဲ႔ဆက္ ႏြယ္ေနတဲ့ လုပ္ငန္းေတြ၊ လက္နက္ကိုင္အဖြဲ႕ေတြက လုပ္ကိုင္ေနၾကတာျဖစ္လို႔ တိုင္ၾကားမႈေတြ လုပ္ေဆာင္ရင္လည္း အသက္ေဘးစိုးရိမ္ရတဲ့အေျခအေနမွာလည္း ရွိေနရတဲ့ ေဒသတခုျဖစ္ပါတယ္။

ဒီလိုအေျခအေနမွာ တိက်တဲ့ ဥပေဒနဲ႔ အာဏာသက္ေရာက္မႈ အားနည္းေနတာ၊ တာဝန္မဲ့ ေက်ာက္စိမ္း တူးေဖာ္မႈေတြကို ေဖာ္ထုတ္အေရးယူဖို႔ အစိုးရပ်က္ကြက္တာေတြေၾကာင့္ မျဖစ္သင့္တဲ့ ေဘးဆိုးေတြ ဆက္တိုက္ျဖစ္ေနရတာပါ။

အခုတေခါက္ ေျမၿပိဳမႈက အႀကီးမားဆုံးထိခိုက္ေသဆုံးမႈ တခုျဖစ္သလို ကမာၻ႔ႏိုင္ငံအသီးသီးကပါ ဒီျဖစ္ရပ္အတြက္ ဝမ္းနည္းေၾကာင္း သတင္းေပးပို႔ရတဲ့ အထိ တုန္လႈပ္ေစခဲ့တာပါ။ ေသဆုံးသူအေရအတြက္ကလည္း အေယာက္ ၂၀၀ နီးပါးရွိေနသလို ဒဏ္ရာရသူ ၅၀ ေက်ာ္ရွိပါတယ္။

သဘာဝပတ္ဝန္းက်င္ ထိန္းသိမ္းေရးပညာရွင္ ဦးဝင္းမ်ိဳးသူက အခုလို ေက်ာက္စိမ္းတူးလုပ္ကြက္ေတြမွာ ေျမၿပိဳက်တာဟာ တာဝန္မဲ့ေက်ာက္စိမ္း တူးေဖာ္ေရးလုပ္ငန္းေတြကို အေရးယူဖို႔ အစိုးရရဲ႕ ပ်က္ကြက္မႈကို သတိေပးလိုက္တာျဖစ္ၿပီး ဒါကို သတိလက္လြတ္မေနဘဲ ေသခ်ာကိုင္တြယ္ဖို႔ အစိုးရကို တိုက္တြန္းသြားပါတယ္။

"ေက်ာက္စိမ္းအတြက္ကို ပတ္ဝန္းက်င္ဆိုင္ရာ စနစ္တက်ကိုင္တြယ္မႈအတြက္ စီမံခ်က္ေတြလုပ္တာပဲ။ အဲမွာေႏွာင့္ေႏွးေနတာ အမ်ားႀကီးပဲ။ ကုမၸဏီေတြပါလာဖို႔လည္း လုပ္ႏိုင္တာဝန္ႀကီးဌာနဘက္က မလုပ္ႏိုင္ဘူး။ ႏိုင္ငံေတာ္အဆင့္ကေန ေသခ်ာကိုင္တြယ္လုပ္ရမယ္။ တကယ့္ကို သတၳဳတုူးတာသပ္သပ္၊ လူေနတာ သပ္သပ္၊ သယ္တာ သပ္သပ္ အဲ့လို လုပ္ပစ္မွရမယ္။ အေကာင္အထည္ေဖာ္လည္း အကုန္ရပ္ပစ္မွ ရမယ္ အကုန္ပါမွရမယ္။ ဝန္ႀကီးဌာနတခုထဲက မရဘူး၊ အဲမွာရွိတဲ့ တပ္တို႔ ျပည္တဲေရးတို႔ပါ ပါလာဖို႔ လိုတယ္။"

အဂတိလိုက္စားမႈေတြကို တိုက္ဖ်က္မယ္လို႔ ေႂကြးေၾကာ္ထားတဲ့ NLD အစိုးရတက္လာတာ ၅ ႏွစ္ၾကာၿပီျဖစ္ေပမဲ့ အဂတိလိုက္စားမႈ အမ်ားဆုံးက႑ တခုျဖစ္ေနတဲ့ သယံဇာတတူးေဖာ္ေရးက႑ကို အခုခ်ိန္ထိ ေသခ်ာမကိုင္တြယ္ႏိုင္ခဲ့ေသးတာနဲ႔ ပတ္သတ္လို႔ သဘာဝပတ္ဝန္းက်င္ ထိန္းသိမ္းေရးလုပ္ေဆာင္ေနသူေတြက ေထာက္ျပေနၾကပါတယ္။

အင္မတန္လိုအပ္ေနတဲ့ ျပဳျပင္ေျပာင္းလဲမႈေတြကို မလုပ္တဲ့အတြက္ ေက်ာက္မ်က္တြင္းေတြမွာ ေသဆုံးမႈေတြ ဆက္ျဖစ္ေနသလို ေက်ာက္စိမ္းတြင္းေတြမွာ အလုပ္လုပ္ေနၾကတဲ့ အႏၲရာယ္မ်ားတဲ့ လုပ္သားေတြရဲ႕ အသက္ေတြ စေတးခံရသလို ျဖစ္ေနတယ္လို႔ ႏိုင္ငံတကာ အဖြဲ႕အစည္းတခုျဖစ္တဲ့ Global Witness အဖြဲ႕ရဲ႕ ထုတ္ျပန္ခ်က္မွာ ေထာက္ျပထားပါတယ္။

လႊတ္ေတာ္က ၂၀၁၉ ခုႏွစ္မွာ အတည္ျပဳထားတဲ့ ေက်ာက္မ်က္တူးေဖာ္ေရးဥပေဒနဲ႔ ႏွစ္ေတာ္ေတာ္ၾကာထဲက ထုတ္ျပန္ဖို႔ႀကိဳးစားေနတဲ့ ေက်ာက္မ်က္ဆိုင္ရာ မူဝါဒေတြအတိုင္း ခုခ်ိန္ထိ မေဖာ္ေဆာင္ႏိုင္ေသးတဲ့အေပၚမွာလည္း သဘာဝပတ္ဝန္းက်င္ ပညာရွင္ေတြဘက္ကေထာက္ျပေနၾကပါတယ္။

ေက်ာက္မ်က္တူးေဖာ္ေရးလုပ္ငန္းေတြမွာ တရားမဝင္လုပ္ေဆာင္မႈေတြကို အစိုးရဘက္ကလည္း ဆက္ၿပီး မသိက်ိဳးကြၽံျပဳထားဆဲလို႔ အဲဒီအဖြဲ႕က ေထာက္ျပထားပါတယ္။

ႏွစ္စဥ္ေဒၚလာသန္းေထာင္ခ်ီ ရရွိေနတဲ့ ေက်ာက္စိမ္းတူးေဖာ္ေရးလုပ္ငန္းေတြကို စစ္တပ္နဲ႔ဆက္ႏြယ္ေနတဲ့ လုပ္ငန္းေတြ၊ လက္နက္ကိုင္အဖြဲ႕ေတြက လုပ္ကိုင္ေနၾကတာျဖစ္လို႔ ဌာနဆိုင္ရာ တခုထဲက ကိုင္တြယ္ႏိုင္ဖို႔ ခက္ခဲတယ္လို႔ ေထာက္ျပလာသူကေတာ့ ဖားကန႔္ဆိပ္မႈ ေက်း႐ြာက ေဒသခံ ဦးေ႐ႊသိန္းပါ။

"ဒီနယ္ေျမက အစိုးရအာဏာ သက္ေရာက္တာခက္ခဲတယ္။ ဒီလိုတရားဥပေဒ စိုးမိုးတာနည္းေတာ့ ေလာဘသမားေတြဘက္က လုပ္ခ်င္ရာလုပ္တဲ့ သေဘာျဖစ္ေနတယ္။ ေငြနဲ႔ အရာရာလုပ္ခ်င္သလို လုပ္ေနတာ။ ကခ်င္အစိုးရပဲျဖစ္ျဖစ္ ဗဟိုကပဲကိုင္ကိုင္ ဘယ္လိုမွ အဆင္မေျပဘူး။ လက္နက္ကိုင္ေတြကလည္း ရွိေတာ့ ဒီအခ်ိန္မွာ ကိုင္တြယ္မႈ ခက္တယ္။ ဥပေဒစိုးမိုးမႈ မရွိလို႔ျဖစ္ေနတာလို႔ျမင္တယ္။

ဒီတေခါက္ေသဆုံးမႈဟာ ၂၀၁၅ ခုႏွစ္က လူ ၁၀၀ ေက်ာ္ေသဆုံးတဲ့ ေျမၿပိဳမႈ ရဲ႕ေနာက္ပိုင္းမွာ ေသဆုံးသူ အမ်ားဆုံး ႀကဳံရတဲ့ ေျမၿပိဳမႈ ျဖစ္ပါတယ္။

ၿပိဳက်သြားတဲ့ကမ္းပါးဟာ အနည္းဆုံး ေပ ၅၀၀ ေက်ာ္ေလာက္ရွိေၾကာင္းနဲ႔ ကမ္းပါးၿပိဳက်တဲ့ ေျမစာေတြဟာ ေအာက္က ေရကန္ထဲက်ေရာက္ၿပီး ေရကန္ထဲမွာ ေပ ၅၀ ေက်ာ္လႈိင္းလုံးျဖစ္ေပၚခဲ့တာေၾကာင့္ ေရကန္ေဘးမွာ အလုပ္လုပ္ေနသူေတြကို တိုက္စားသြားတာျဖစ္ေၾကာင္း ေျပာပါတယ္။

ဖားကန႔္ေက်ာက္စိမ္းတြင္း ေဒသမွာ အခုလို လူအေသအေပ်ာက္ေတြ မၾကာခဏ ျဖစ္ရတာဟာ ေက်ာက္စိမ္းကုမၸဏီေတြက စက္ယႏၲရားေတြ အသုံးျပဳၿပီး အလြန္အကြၽံ တူးေဖာ္တာနဲ႔ ေျမစာေတြကို စနစ္တက် စြန႔္ပစ္မႈ မရွိတာေၾကာင့္လို႔ သဘာဝပတ္ဝန္းက်င္ ထိန္းသိမ္းေရးအဖြဲ႕ေတြက ေဝဖန္ေထာက္ျပၾကပါတယ္။

လက္ရွိ ျဖစ္ပ်က္ေနတဲ့အေျခအေနကို ထိန္းသိမ္းဖို႔ဆိုရင္ တိက်တဲ့ ဥပေဒျပဌာန္းၿပီး ထိထိေရာက္ေရာက္ ကိုင္တြယ္ေျဖရွင္းဖို႔ လိုအပ္ေၾကာင္း ေျပာပါတယ္ရွင္။

ေမခ  / ဗြီအိုေအ ( ျမန္မာပိုင္း)
https://burmese.voanews.com/a/phakant-landslide-assk/5487749.html
ဖားကန့်ဖြစ်ရပ် အခြေခံပြည်သူတွေ စားဝတ်နေရေးခက်ခဲမှုနဲ့ပတ်သက် - ဒေါ်အောင်ဆန်းစုကြည် ဖားကန့်ဖြစ်ရပ် အခြေခံပြည်သူတွေ စားဝတ်နေရေးခက်ခဲမှုနဲ့ပတ်သက် - ဒေါ်အောင်ဆန်းစုကြည် Reviewed by THITHTOOLWIN on 23:16 Rating: 5
Powered by Blogger.