နေပြည်တော် ပျဉ်းမနားမြို့က အဂါရဝဖြစ်စေတဲ့ ဆင်းတုတွေကို ဖယ်ရှား

အဲဒီဆင်းတုတွေကို မဖယ်ရှားရင်တော့ သံဃာ့စည်းမျဉ်းတွေနဲ့ ငြိစွန်းတာကြောင့် အရေးယူမယ်လို့ ဆိုပေမယ့် ဘယ်လိုဥပဒေနဲ့ အရေးယူဖို့ရှိတယ်ဆိုတာကိုတော့ မသိရသေးပါဘူး
(Unicode)⤵⤵⤵
နေပြည်တော် ပျဉ်းမနားမြို့က အဂါရဝဖြစ်စေတဲ့ ဆင်းတုတွေကို ဖယ်ရှားဖို့ရှိပြီး လိုက်နာမှုမရှိရင် အရေးယူမှုတွေကို ဆက်လုပ်မှာလို့ သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယ အမြဲတန်းအတွင်းဝန် ဦးဇာနည်ဝင်းက ဘီဘီစီကို ပြောပါတယ်။

အဂါရဝဖြစ်စေတဲ့ ဆင်းတုတွေကို အရေးယူနိုင်ဖို့ဆိုတာက တိုင်ကြားသူ၊ ထောက်ပြသူ၊ ဝေဖန်သူတွေရဲ့ အစိတ်အပိုင်းတစ်ရပ်လည်းလိုပြီး သွားရောက်စစ်ဆေးတဲ့ အနေအထားမှာလည်း စစ်ဆေးနိုင်ဖို့ အခွင့်အလမ်း လည်းလိုတာကြောင့် အခုချိန်မှသာ စစ်ဆေးနိုင်တာဖြစ်ပြီး ၊ ဖျက်သိမ်းနိုင်ဖို့ သာသနာရေးက အခွင့်အလမ်းရလို့ လုပ်ဆောင်တာ ဖြစ်တယ်လို့လည်း သာသာနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယ အမြဲတန်းအတွင်းဝန် ဦးဇာနည်ဝင်းက ပြောပါတယ်။

" လိုက်နာမှုမရှိရင်တော့ လုပ်ထုံးလုပ်နည်းအရ သံဃာ့အဖွဲ့ အစည်းဆိုင်ရာ အခြေခံစည်းမျဉ်းနဲ့ ငြိစွန်းတဲ့အတွက် ဒါတွေကို အရေးယူမှုတွေ လုပ်ရမှာဖြစ်ပါတယ်" လို့ သူကပြောပါတယ်။

အောက်ခြေကို ဆင်းပြီး စစ်ဆေးမှုတွေကို သက်ဆိုင်ရာ တိုင်းသံဃနာယကအဖွဲ့ရဲ့ ဆောင်ရွက်ပြီးစီးမှုတွေ အပြီး ဝန်ကြီးဌာနကို ပြန်လည်လျှောက်ထားပြီးနောက်ပိုင်းမှာ လုပ်ရမှာဖြစ်တယ်လို့ သာသနာရေး ဦးစီးဌာန ကသိရပါတယ်။

အဲဒီဘုန်းကြီးကျောင်းဘုရားဝန်းကိုရောက်နေကြသူ သတင်းထောက်အချို့နဲ့ ဆက်သွယ်မှုရရှိတဲ့ ဇူလိုင်လ ၇ရက် မနက်ပိုင်းအထိတော့ ဆင်းတုတွေကို ပြန်လည်ပြင်ဆင်ဖို့အတွက် မန္တလေးကို ပို့လိုက် တယ်လို့ ဘီဘီစီက သိရပါတယ်။
ဇူလိုင်လ ၇ရက်မှာ ဆင်းတုတွေကို ပြန်လည်ပြင်ဆင်ဖို့အတွက် မန္တလေးကို ပို့လိုက် တယ်လို့ အဲဒီဘုန်းကြီးကျောင်းဘုရားဝန်းကိုရောက်နေကြသူ သတင်းထောက်အချို့ ကပြော
နေပြည်တော် ပျဉ်းမနားမြို့ ရွာကောက်ရပ်ကွက်၊ ပန်းခင်း ၃လမ်းက စိန္တာမုနိကျောင်း၊ စိန္တာမုနိမင်းဝင်တောင် ဘုရားဝန်းအတွင်းက စေတီတွေပတ်လည်နဲ့ ညောင်ပင်ပတ်လည် တို့မှာ ထုလုပ်ထားရှိတဲ့ ကျောက်ဆင်းတု ၆၇ ခုဟာ ဆင်းတုတော်တွေရဲ့ မုဒြာများနဲ့ မတူညီတာ၊ အဂါရဝတရား ဖြစ်စေတာကြောင့် ဇူလိုင်လ ၆ရက် ညနေ ၄နာရီမှာ ဖယ်ရှား ရှင်းလင်းဖို့အတွက် သက်ဆိုင်ရာ ဘုန်းတော်ကြီးကို နိုင်ငံတော် သံဃမဟာနာယက အဖွဲ့က ဇူလိုင်လ ၁ရက်နေ့မှာ ညွှန်ကြားခဲ့တာပါ။

ဒါပေမဲ့ အဲဒီဘုန်းကြီးကျောင်းနဲ့ ဘုရားဝန်းကိုရောက်နေကြသူ သတင်းထောက်အချို့ ပြောတာကတော့ ဇူလိုင် ၇ ရက်နေ့မှာ ဆင်းတုတွေကို ပြန်လည်ပြင်ဆင်ဖို့အတွက် မန္တလေးကို ပို့လိုက်တယ်လို့ ဘီဘီစီက သိရပါတယ်။

ဆင်းတုတွေရဲ့ နောက်ဘက်မှာ ကဗ္ဗည်းတင်ရေးသားထားတဲ့ အလှူရှင်တွေနာမည်တွေကိုလည်း ဖယ်ရှားထား တယ်လို့ သိရပါတယ်။
အခုလိုဆင်းတုတွေက အဂါရဝတရားဖြစ်စေတာရယ်၊ သာသနာကိုညှိးနွမ်းမှု ဖြစ်စေတယ်လို့ ဝေဖန်ပြော ဆိုမှုတွေလည်း ရှိနေပါတယ်။
ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေအပါအဝင် စစ်အစိုးရအဖွဲ့ဝင်ဟောင်းတွေ၊ ဦးသိန်းစိန် လက်ထက် ဝန်ကြီးဟောင်းတွေ၊ အရာရှိကြီးတွေ၊ အခုအစိုးရလက်ထက် အဂတိလိုက်စားမှုနဲ့ အရေးယူခံထားရတဲ့ အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဦးစီးဌာနက ညွှန်ကြားရေးမှူးချုပ်တို့ နာမည်တွေ အပါအဝင် အစိုးရ အရာရှိအဟောင်း၊ အသစ် အစရှိသူ ကုသိုလ်ရှင်နာမည်တွေတပ်ကာ လှူဒါန်းထားကြတဲ့ ဆင်းတုတော် တွေ အများစုဖြစ်ပါတယ်။

အခုလိုဆင်းတုတွေက အဂါရဝတရားဖြစ်စေတာရယ်၊ သာသနာကိုညှိးနွမ်းမှု ဖြစ်စေတယ်လို့ ဝေဖန်ပြော ဆိုမှုတွေလည်း ရှိနေပါတယ်။

အဲဒီဆင်းတုတွေကို မဖယ်ရှားရင်တော့ သံဃာ့စည်းမျဉ်းတွေနဲ့ ညှိစွန်းတာကြောင့် အရေးယူမယ်လို့ ဆိုပေမယ့် ဘယ်လိုဥပဒေနဲ့ အရေးယူဖို့ရှိတယ်ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးဘူး။

BBC Burmese
----------------------------------
(Zawgyi)⤵⤵⤵
ေနျပည္ေတာ္ ပ်ဥ္းမနားၿမိဳ႕က အဂါရဝျဖစ္ေစတဲ့ ဆင္းတုေတြကို ဖယ္ရွား

ေနျပည္ေတာ္ ပ်ဥ္းမနားၿမိဳ႕က အဂါရဝျဖစ္ေစတဲ့ ဆင္းတုေတြကို ဖယ္ရွားဖို႔ရွိၿပီး လိုက္နာမႈမရွိရင္ အေရးယူမႈေတြကို ဆက္လုပ္မွာလို႔ သာသနာေရးနဲ႔ ယဥ္ေက်းမႈဝန္ႀကီးဌာန ဒုတိယ အၿမဲတန္းအတြင္းဝန္ ဦးဇာနည္ဝင္းက ဘီဘီစီကို ေျပာပါတယ္။

အဂါရဝျဖစ္ေစတဲ့ ဆင္းတုေတြကို အေရးယူႏိုင္ဖို႔ဆိုတာက တိုင္ၾကားသူ၊ ေထာက္ျပသူ၊ ေဝဖန္သူေတြရဲ႕ အစိတ္အပိုင္းတစ္ရပ္လည္းလိုၿပီး သြားေရာက္စစ္ေဆးတဲ့ အေနအထားမွာလည္း စစ္ေဆးႏိုင္ဖို႔ အခြင့္အလမ္း လည္းလိုတာေၾကာင့္ အခုခ်ိန္မွသာ စစ္ေဆးႏိုင္တာျဖစ္ၿပီး ၊ ဖ်က္သိမ္းႏိုင္ဖို႔ သာသနာေရးက အခြင့္အလမ္းရလို႔ လုပ္ေဆာင္တာ ျဖစ္တယ္လို႔လည္း သာသာနာေရးနဲ႔ ယဥ္ေက်းမႈဝန္ႀကီးဌာန ဒုတိယ အၿမဲတန္းအတြင္းဝန္ ဦးဇာနည္ဝင္းက ေျပာပါတယ္။

" လိုက္နာမႈမရွိရင္ေတာ့ လုပ္ထုံးလုပ္နည္းအရ သံဃာ့အဖြဲ႕ အစည္းဆိုင္ရာ အေျခခံစည္းမ်ဥ္းနဲ႔ ၿငိစြန္းတဲ့အတြက္ ဒါေတြကို အေရးယူမႈေတြ လုပ္ရမွာျဖစ္ပါတယ္" လို႔ သူကေျပာပါတယ္။

ေအာက္ေျခကို ဆင္းၿပီး စစ္ေဆးမႈေတြကို သက္ဆိုင္ရာ တိုင္းသံဃနာယကအဖြဲ႕ရဲ႕ ေဆာင္႐ြက္ၿပီးစီးမႈေတြ အၿပီး ဝန္ႀကီးဌာနကို ျပန္လည္ေလွ်ာက္ထားၿပီးေနာက္ပိုင္းမွာ လုပ္ရမွာျဖစ္တယ္လို႔ သာသနာေရး ဦးစီးဌာန ကသိရပါတယ္။
အဲဒီဘုန္းႀကီးေက်ာင္းဘုရားဝန္းကိုေရာက္ေနၾကသူ သတင္းေထာက္အခ်ိဳ႕နဲ႔ ဆက္သြယ္မႈရရွိတဲ့ ဇူလိုင္လ ၇ရက္ မနက္ပိုင္းအထိေတာ့ ဆင္းတုေတြကို ျပန္လည္ျပင္ဆင္ဖို႔အတြက္ မႏၲေလးကို ပို႔လိုက္ တယ္လို႔ ဘီဘီစီက သိရပါတယ္။

ေနျပည္ေတာ္ ပ်ဥ္းမနားၿမိဳ႕ ႐ြာေကာက္ရပ္ကြက္၊ ပန္းခင္း ၃လမ္းက စိႏၲာမုနိေက်ာင္း၊ စိႏၲာမုနိမင္းဝင္ေတာင္ ဘုရားဝန္းအတြင္းက ေစတီေတြပတ္လည္နဲ႔ ေညာင္ပင္ပတ္လည္ တို႔မွာ ထုလုပ္ထားရွိတဲ့ ေက်ာက္ဆင္းတု ၆၇ ခုဟာ ဆင္းတုေတာ္ေတြရဲ႕ မုျဒာမ်ားနဲ႔ မတူညီတာ၊ အဂါရဝတရား ျဖစ္ေစတာေၾကာင့္ ဇူလိုင္လ ၆ရက္ ညေန ၄နာရီမွာ ဖယ္ရွား ရွင္းလင္းဖို႔အတြက္ သက္ဆိုင္ရာ ဘုန္းေတာ္ႀကီးကို ႏိုင္ငံေတာ္ သံဃမဟာနာယက အဖြဲ႕က ဇူလိုင္လ ၁ရက္ေန႔မွာ ၫႊန္ၾကားခဲ့တာပါ။

ဒါေပမဲ့ အဲဒီဘုန္းႀကီးေက်ာင္းနဲ႔ ဘုရားဝန္းကိုေရာက္ေနၾကသူ သတင္းေထာက္အခ်ိဳ႕ ေျပာတာကေတာ့ ဇူလိုင္ ၇ ရက္ေန႔မွာ ဆင္းတုေတြကို ျပန္လည္ျပင္ဆင္ဖို႔အတြက္ မႏၲေလးကို ပို႔လိုက္တယ္လို႔ ဘီဘီစီက သိရပါတယ္။

ဆင္းတုေတြရဲ႕ ေနာက္ဘက္မွာ ကဗၺည္းတင္ေရးသားထားတဲ့ အလႉရွင္ေတြနာမည္ေတြကိုလည္း ဖယ္ရွားထား တယ္လို႔ သိရပါတယ္။

ဗိုလ္ခ်ဳပ္မႉးႀကီးေဟာင္း ဦးသန္းေ႐ႊအပါအဝင္ စစ္အစိုးရအဖြဲ႕ဝင္ေဟာင္းေတြ၊ ဦးသိန္းစိန္ လက္ထက္ ဝန္ႀကီးေဟာင္းေတြ၊ အရာရွိႀကီးေတြ၊ အခုအစိုးရလက္ထက္ အဂတိလိုက္စားမႈနဲ႔ အေရးယူခံထားရတဲ့ အစားအေသာက္နဲ႔ ေဆးဝါးကြပ္ကဲေရးဦးစီးဌာနက ၫႊန္ၾကားေရးမႉးခ်ဳပ္တို႔ နာမည္ေတြ အပါအဝင္ အစိုးရ အရာရွိအေဟာင္း၊ အသစ္ အစရွိသူ ကုသိုလ္ရွင္နာမည္ေတြတပ္ကာ လႉဒါန္းထားၾကတဲ့ ဆင္းတုေတာ္ ေတြ အမ်ားစုျဖစ္ပါတယ္။

အခုလိုဆင္းတုေတြက အဂါရဝတရားျဖစ္ေစတာရယ္၊ သာသနာကိုညႇိးႏြမ္းမႈ ျဖစ္ေစတယ္လို႔ ေဝဖန္ေျပာ ဆိုမႈေတြလည္း ရွိေနပါတယ္။

အဲဒီဆင္းတုေတြကို မဖယ္ရွားရင္ေတာ့ သံဃာ့စည္းမ်ဥ္းေတြနဲ႔ ညႇိစြန္းတာေၾကာင့္ အေရးယူမယ္လို႔ ဆိုေပမယ့္ ဘယ္လိုဥပေဒနဲ႔ အေရးယူဖို႔ရွိတယ္ဆိုတာကိုေတာ့ ရွင္းရွင္းလင္းလင္း မသိရေသးဘူး။

BBC Burmese
https://www.bbc.com/burmese/burma-53319015
နေပြည်တော် ပျဉ်းမနားမြို့က အဂါရဝဖြစ်စေတဲ့ ဆင်းတုတွေကို ဖယ်ရှား နေပြည်တော် ပျဉ်းမနားမြို့က အဂါရဝဖြစ်စေတဲ့ ဆင်းတုတွေကို ဖယ်ရှား Reviewed by THITHTOOLWIN on 20:55 Rating: 5
Powered by Blogger.