လေးနှစ်အတွင်း ရခိုင်စစ်တိုင်းမှူး လေးဦးပြောင်း


ရခိုင်ပြည်နယ်အခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) တိုင်းမှူး ဗိုလ်ချုပ်ဖုန်းမြတ်ကို နယ်စပ်ရေးရာ ဝန်ကြီးဌာန ဒုတိယ ဝန်ကြီးအဖြစ် ခန့်အပ်လိုက်တဲ့အတွက် လေးနှစ်တာကာလအတွင်း ရခိုင်စစ်တိုင်းမှူး လေး ဦးထိပြောင်းလဲလာတာတွေ့ရပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခာတွေကြောင့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) တိုင်းမှူး ဗိုလ်ချုပ်မောင်မောင်စိုးကို ၂၀၁၇ ခုနှစ်မှာ တိုင်းမှူးရာထူးက ဖယ်ရှားကာ ဗိုလ်ချုပ်စိုးတင့်နိုင်ကို အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ)  တိုင်းမှုး အဖြစ် ခန့်အပ်ခဲ့ပါတယ်။

အဲဒီနောက် ၂၀၁၉ ခုနှစ် မေလဆန်းမှာ ရခိုင် စစ်တိုင်းမှူး ဗိုလ်ချုပ် စိုးတင့်နိုင်ကို အနောက်မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူးအဖြစ် ပြောင်းလဲခန့်အပ်ခဲ့ပြီး ဗိုလ်ချုပ်ဖုန်းမြတ်ကို အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး အဖြစ် ခန့်အပ်ခဲ့ပါတယ်။

ဗိုလ်ချုပ်ဖုန်းမြတ်ကို အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူးတာဝန်ယူပြီး တစ်နှစ်ကျော်ကျော်မှာ ပဲ နယ်စပ်ရေးရာ ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး အဖြစ် ပြောင်းလဲခန့်အပ်ခဲ့ပြီး သူနေရာကို နောက်ထပ် စစ်တိုင်းမှူးတစ်ဦးခန့်အပ် လိုက်တဲ့အတွက် လေးနှစ် တာ ကာလအတွင်း ရခိုင်ပြည်နယ် အခြေစိုက် စစ်တိုင်းမှူး လေး ဦးထိပြောင်းလဲ ခန့်အပ်လာတာဖြစ်ပါတယ်။

ဗိုလ်ချုပ်ဖုန်းမြတ်ကို နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယ ဝန်ကြီးအဖြစ် ခန့်အပ်ကြောင်း နိုင်ငံတော်သမ္မတက ဇူလိုင်လ ၂၇ ကအမိန့်ထုတ်ပြန်ခဲ့ပါတယ်။

အသက် ၆၀ မပြည့်သေးတဲ့ ဗိုလ်ချုပ်ဖုန်းမြတ်ဟာ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး မတိုင်ခင် ရှမ်းပြည်နယ် မြောက်ပိုင်း လားရှိုးမြို့ အခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနဲ့မုံရွာမြို့ အခြေစိုက် အနောက် မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူးတာဝန်တွေကို ထမ်းဆောင်ခဲ့သူပါ။

ရခိုင်ပြည်နယ်မှာ တပ်မတော်နဲ့အေအေ ရက္ခိုင့်တပ်တော်တို့ကြား တိုက်ပွဲတွေ ဖြစ်ပွားခဲ့တဲ့ အချိန်က စလို့ရခိုင်ပြည်နယ် အတွင်းစစ်တိုင်းမှူးတွေ ပြောင်းလဲခန့်အပ်လာတာကို တွေ့လာရတာလည်း ဖြစ်ပါတယ်။

ဘီဘီစီမြန်မာပိုင်း / BBC Burmese
https://www.facebook.com/BBCnewsBurmese
လေးနှစ်အတွင်း ရခိုင်စစ်တိုင်းမှူး လေးဦးပြောင်း လေးနှစ်အတွင်း ရခိုင်စစ်တိုင်းမှူး လေးဦးပြောင်း Reviewed by THITHTOOLWIN on 21:27 Rating: 5
Powered by Blogger.