ကိုဗစ်ကန့်သတ်ချက်တွေကြောင့် တရုတ်နဲ့ နယ်စပ်ကုန်သွယ်ရေးမှာ မြန်မာဘက်က အထိနာနေဆဲ


(Unicode)⤵⤵⤵
ကိုဗစ်ကာလ ကန့်သတ်ချက်တွေ ရှိနေဆဲဖြစ်တာကြောင့် တရုတ်နိုင်ငံနဲ့ နယ်စပ်ကုပ်သွယ်ရေးမှာ အကြီးအကျယ် ထိခိုက်နေတဲ့အကြောင်း ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မအိမ့်သန္တာထွန်းက တင်ပြပေးထားပါတယ်။

မြန်မာနဲ့ တရုတ်နိုင်ငံကြား အဓိက နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းဖြစ်တဲ့ မူဆယ်ဂိတ်ကို ပြန်ဖွင့်ပေးထားပေမဲ့ ကန့်သတ်ချက်တွေ ရှိနေဆဲ ဖြစ်တာကြောင့် ကုန်စည်စီးဆင်းမှုတွေ ကြန့်ကြာမှုတွေနဲ့ နစ်နာဆုံးရှုံးမှုတွေ ရှိနေတယ်လို့ ကုန်သည်တွေက ပြောပါတယ်။

နယ်စပ်ဖြတ်ကျော်တဲ့ ကုန်ကားတွေကို သက်ဆိုင်ရာနိုင်ငံက ယာဉ်မောင်းတွေနဲ့သာ ဝင်ရောက်ခွင့် ပြုထားတာကြောင့် တရုတ်နိုင်ငံဘက်ကို ကုန်ပစ္စည်းတင်ပို့ရာမှာ အစားထိုးယာဉ်မောင်းရဖို့ သီတင်းတပတ်လောက်အထိ ကြာမြင့်တတ်ပြီး၊ နစ်နာဆုံးရှုံးမှုတွေ ကြုံနေရတယ်လို့ မူဆယ်မြို့ ရွှေနဂါးကုန်စည်ဒိုင်က ဦးကျော်ဇေယျက ပြောပါတယ်။

“တရုတ်ထဲကို ဝင်မယ့် ကြယ်ခေါင် မန်ဝင်းပေါက်အရောက်ဆိုလို့ရှိရင် အနည်းဆုံး ၆ ရက်၊ ၇ ရက်လောက် ကားရပ်ရတယ်။ အဲ့ဒုက္ခတော့ ရှိတာပေ့ါ။ ကားငှားခဆိုရင် နဂိုပေးရတဲ့ ပေါက်ဈေးထက် ၂ ဆပေါ့ပေးရတယ်။ နဂိုဆိုရင် ရန်ကုန်ကို ၁၀ သိန်းလောက်ပေးရတာကို ခုဆိုရင် သိန်း ၂၀ လောက်ပေးရတယ်။ အဲ့လိုမျိုးအပိုင်းတွေလည်း ရှိတာပေါ့။ လုပ်သားခတွေကလည်း တက်လာတယ်။ လုပ်သားတွေကလည်း အထဲထဲထိ ဝင်လို့မရတော့ လုပ်သား စရိတ်တွေကလည်း အကုန်တက်ကုန်တာပေ့ါ။ ဆုံးရှုံးမှုကတော့ ကျနော်တို့ ထင်သလောက်ကတော့ ရာခိုင်နှုန်း ၆၀ လောက်တော့ ရှိမယ်။ ရာခိုင်နှုန်း ၆၀ ဆိုတာက ကျနော်တို့ နဂို ကားအစီး ၁၀၀ ထွက်နိုင်တယ်ဆိုရင် ခုဆိုရင် ကားအစီး ၃၀၊ ၄၀ လောက်ပဲ ထွက်နိုင်တော့တယ်။ ကျွမ်းကျင်လုပ်သား မရှိတာရယ်။ တန်စာခ ဈေးမြင့်တဲ့အပိုင်းရယ်၊ လုပ်သားခေါ်လို့ မရတဲ့အပိုင်းတွေ အဲ့လိုတွေပါတာပေါ့။”

တရုတ်နိုင်ငံကနေ စတင်ပျံ့နှံ့လာတဲ့ ကပ်ရောဂါကို ထိန်းချုပ်ဖို့ ပိတ်ထားခဲ့တဲ့ မူဆယ်ကုန်သွယ်ရေးဂိတ်ကိုတော့ ဖေဖော်ဝါရီ ၂၃ ရက်နေ့မှာပဲ ပြန်ဖွင့်ပေးလိုက်တာပါ။ ဒါပေမဲ့လည်း ကန့်သတ်ချက်တွေ ရှိနေဆဲဖြစ်နေတဲ့အတွက် ကုန်စည်စီးဆင်းမှုတွေမှာ ကြန့်ကြာမှုတွေ ကြုံနေရပြီး ကုန်သွယ်မှုတွေဟာလည်း သိသိသာသာ ကျဆင်းနေတယ်လို့ မူဆယ်-နမ့်ခမ်း နယ်စပ်ကုန်သွယ်ရေး ကုန်သည်များအသင်း တွဲဖက်အတွင်းရေးမှူး ဦးစိုင်းထွန်းကိုကိုက ပြောပါတယ်။

“တကယ့်တကယ်ပြောရရင်တော့ ကုန်သွယ်မှုကတော့ တစ်ဝက်လောက်တော့ ကျတယ်ဗျ၊ တာဝန်ရှိတဲ့သူတွေကတော့ ၃ ပုံ ၁ ပုံကျတယ်လို့တော့ ပြောတယ်၊ အမှန်တော့ ကုန်သွယ်မှုက ပုံမှန်ကုန်သွယ်မှုထက်တော့ အများကြီးကျတယ်ဗျ။”

မူဆယ် နယ်စပ်ကုန်သွယ်မှုပမာဏဟာ အခြားကုန်သွယ်ရေးစခန်တွေနဲ့ ယှဉ်ရင် အများဆုံးဖြစ်ပြီးတော့ မြန်မာနိုင်ငံ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနရဲ့ တရားဝင်ကိန်းဂဏန်းတွေအရ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်မှာ အမေရိကန်ဒေါ်လာ သန်း ၅,၀၀၀ နီးပါးရှိပါတယ်။

အိမ့်သန္တာထွန်း  / ဗွီအိုအေ ( မြန်မာပိုင်း)
--------------------------------------------
(Zawgyi)⤵⤵⤵
ကိုဗစ္ကန႔္သတ္ခ်က္ေတြေၾကာင့္ တ႐ုတ္နဲ႔ နယ္စပ္ကုန္သြယ္ေရးမွာ ျမန္မာဘက္က အထိနာေနဆဲ

ကိုဗစ္ကာလ ကန႔္သတ္ခ်က္ေတြ ရွိေနဆဲျဖစ္တာေၾကာင့္ တ႐ုတ္ႏိုင္ငံနဲ႔ နယ္စပ္ကုပ္သြယ္ေရးမွာ အႀကီးအက်ယ္ ထိခိုက္ေနတဲ့အေၾကာင္း ေျပာျပပါမယ္။ ဗြီအိုေအျမန္မာပိုင္း သတင္းေထာက္ မအိမ့္သႏၲာထြန္းက တင္ျပေပးထားပါတယ္။

ျမန္မာနဲ႔ တ႐ုတ္ႏိုင္ငံၾကား အဓိက နယ္စပ္ကုန္သြယ္ေရး လမ္းေၾကာင္းျဖစ္တဲ့ မူဆယ္ဂိတ္ကို ျပန္ဖြင့္ေပးထားေပမဲ့ ကန႔္သတ္ခ်က္ေတြ ရွိေနဆဲ ျဖစ္တာေၾကာင့္ ကုန္စည္စီးဆင္းမႈေတြ ၾကန႔္ၾကာမႈေတြနဲ႔ နစ္နာဆုံးရႈံးမႈေတြ ရွိေနတယ္လို႔ ကုန္သည္ေတြက ေျပာပါတယ္။

နယ္စပ္ျဖတ္ေက်ာ္တဲ့ ကုန္ကားေတြကို သက္ဆိုင္ရာႏိုင္ငံက ယာဥ္ေမာင္းေတြနဲ႔သာ ဝင္ေရာက္ခြင့္ ျပဳထားတာေၾကာင့္ တ႐ုတ္ႏိုင္ငံဘက္ကို ကုန္ပစၥည္းတင္ပို႔ရာမွာ အစားထိုးယာဥ္ေမာင္းရဖို႔ သီတင္းတပတ္ေလာက္အထိ ၾကာျမင့္တတ္ၿပီး၊ နစ္နာဆုံးရႈံးမႈေတြ ႀကဳံေနရတယ္လို႔ မူဆယ္ၿမိဳ႕ ေ႐ႊနဂါးကုန္စည္ဒိုင္က ဦးေက်ာ္ေဇယ်က ေျပာပါတယ္။

“တ႐ုတ္ထဲကို ဝင္မယ့္ ၾကယ္ေခါင္ မန္ဝင္းေပါက္အေရာက္ဆိုလို႔ရွိရင္ အနည္းဆုံး ၆ ရက္၊ ၇ ရက္ေလာက္ ကားရပ္ရတယ္။ အဲ့ဒုကၡေတာ့ ရွိတာေပ့ါ။ ကားငွားခဆိုရင္ နဂိုေပးရတဲ့ ေပါက္ေဈးထက္ ၂ ဆေပါ့ေပးရတယ္။ နဂိုဆိုရင္ ရန္ကုန္ကို ၁၀ သိန္းေလာက္ေပးရတာကို ခုဆိုရင္ သိန္း ၂၀ ေလာက္ေပးရတယ္။ အဲ့လိုမ်ိဳးအပိုင္းေတြလည္း ရွိတာေပါ့။ လုပ္သားခေတြကလည္း တက္လာတယ္။ လုပ္သားေတြကလည္း အထဲထဲထိ ဝင္လို႔မရေတာ့ လုပ္သား စရိတ္ေတြကလည္း အကုန္တက္ကုန္တာေပ့ါ။ ဆုံးရႈံးမႈကေတာ့ က်ေနာ္တို႔ ထင္သေလာက္ကေတာ့ ရာခိုင္ႏႈန္း ၆၀ ေလာက္ေတာ့ ရွိမယ္။ ရာခိုင္ႏႈန္း ၆၀ ဆိုတာက က်ေနာ္တို႔ နဂို ကားအစီး ၁၀၀ ထြက္ႏိုင္တယ္ဆိုရင္ ခုဆိုရင္ ကားအစီး ၃၀၊ ၄၀ ေလာက္ပဲ ထြက္ႏိုင္ေတာ့တယ္။ ကြၽမ္းက်င္လုပ္သား မရွိတာရယ္။ တန္စာခ ေဈးျမင့္တဲ့အပိုင္းရယ္၊ လုပ္သားေခၚလို႔ မရတဲ့အပိုင္းေတြ အဲ့လိုေတြပါတာေပါ့။”

တ႐ုတ္ႏိုင္ငံကေန စတင္ပ်ံ႕ႏွံ႔လာတဲ့ ကပ္ေရာဂါကို ထိန္းခ်ဳပ္ဖို႔ ပိတ္ထားခဲ့တဲ့ မူဆယ္ကုန္သြယ္ေရးဂိတ္ကိုေတာ့ ေဖေဖာ္ဝါရီ ၂၃ ရက္ေန႔မွာပဲ ျပန္ဖြင့္ေပးလိုက္တာပါ။ ဒါေပမဲ့လည္း ကန႔္သတ္ခ်က္ေတြ ရွိေနဆဲျဖစ္ေနတဲ့အတြက္ ကုန္စည္စီးဆင္းမႈေတြမွာ ၾကန႔္ၾကာမႈေတြ ႀကဳံေနရၿပီး ကုန္သြယ္မႈေတြဟာလည္း သိသိသာသာ က်ဆင္းေနတယ္လို႔ မူဆယ္-နမ့္ခမ္း နယ္စပ္ကုန္သြယ္ေရး ကုန္သည္မ်ားအသင္း တြဲဖက္အတြင္းေရးမႉး ဦးစိုင္းထြန္းကိုကိုက ေျပာပါတယ္။

“တကယ့္တကယ္ေျပာရရင္ေတာ့ ကုန္သြယ္မႈကေတာ့ တစ္ဝက္ေလာက္ေတာ့ က်တယ္ဗ်၊ တာဝန္ရွိတဲ့သူေတြကေတာ့ ၃ ပုံ ၁ ပုံက်တယ္လို႔ေတာ့ ေျပာတယ္၊ အမွန္ေတာ့ ကုန္သြယ္မႈက ပုံမွန္ကုန္သြယ္မႈထက္ေတာ့ အမ်ားႀကီးက်တယ္ဗ်။”

မူဆယ္ နယ္စပ္ကုန္သြယ္မႈပမာဏဟာ အျခားကုန္သြယ္ေရးစခန္ေတြနဲ႔ ယွဥ္ရင္ အမ်ားဆုံးျဖစ္ၿပီးေတာ့ ျမန္မာႏိုင္ငံ ကူးသန္းေရာင္းဝယ္ေရး ဝန္ႀကီးဌာနရဲ႕ တရားဝင္ကိန္းဂဏန္းေတြအရ ၂၀၁၈-၂၀၁၉ ဘ႑ာႏွစ္မွာ အေမရိကန္ေဒၚလာ သန္း ၅,၀၀၀ နီးပါးရွိပါတယ္။

အိမ့္သႏၲာထြန္း  / ဗြီအိုေအ ( ျမန္မာပိုင္း)
https://burmese.voanews.com/a/muse-myanmar-china-border/5491603.html
ကိုဗစ်ကန့်သတ်ချက်တွေကြောင့် တရုတ်နဲ့ နယ်စပ်ကုန်သွယ်ရေးမှာ မြန်မာဘက်က အထိနာနေဆဲ ကိုဗစ်ကန့်သတ်ချက်တွေကြောင့် တရုတ်နဲ့ နယ်စပ်ကုန်သွယ်ရေးမှာ မြန်မာဘက်က အထိနာနေဆဲ Reviewed by THITHTOOLWIN on 07:35 Rating: 5
Powered by Blogger.