နမ့်စန်မြို့နယ် အမျိုးသမီးတဦး ကားပေါ် သေနတ်ဒဏ်ရာဖြင့်သေဆုံး


သျှမ်းပြည်တောင်ပိုင်း နမ့်စန်မြို့နယ် တွင် အမျိုးသမီးတစ်ဦးသည် အိမ်စီးကားပေါ်၌ သေနတ်ဒဏ်ရာ ဖြင့် သေဆုံးနေကြောင်း သတင်းရရှိသည်။

ယမန်နေ့ (ဇူလိုင် ၂၃ ) ည ၁၁ နာရီ အချိန်ခန့်တွင် ဖြစ်ပွားခဲ့ကြောင်း သက်ဆိုင်ရာ ရဲတပ်ဖွဲ့ မှ စုံစမ်းသိရသည်။

နမ့်စန်မြို့နယ် တပ်ဖွဲ့မှူး ရဲမှူး မင်းအောင် က ဖြစ်စဉ် နှင့် ပတ်သက်ပြီး မေးမြန်းရာ “ မနေ့ည က အမျိုးသမီး ကားပေါ်မှာ သေနတ်ဒဏ်ရာနဲ့သေဆုံးတာ ဟုတ်ပါတယ်” ဟု ပြောသည်။

၎င်း အမျိုးသမီး သေဆုံးရာ နေရာသည် နမ့်စန်မြို့၏ အထွက် ခိုလမ်သွားသည့်လမ်း ၆ မိုင်အကွာတွင် ရှိကြောင်း နမ့်စန်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် အမတ် (၁)ဦးလင်းအောင်ရွှေ က ပြောသည်။

“ဘယ်လိုဖြစ်တာလဲ ဆိုတာ လောလောလတ်လတ်တော့ မပြောနိုင်ဘူးပေါ့နော်။ ကားကတော့ Mitsubishi ကားအဖြူပဲ။ ဘယ်လိုဖြစ်သလဲတော့ မသိဘူး။ ထင်ချက်တွေတော့ အမျိုးမျိုးပြောနေကြတယ်။ ပတ်သက်မှု တစ်ခုခုတော့ ရှိမှာပေါ့” ဟု ဦးလင်းအောင်ရွှေ က ဆိုသည်။

ထိုအမျိုးသမီး သေဆုံးမှုနှင့်ပတ်သက်ပြီး အသေးစိတ် အချက်အလက်ကို မသိရှိရသေးကြောင်း၊ နမ့်စန်မြို့နယ် ရဲစခန်း သေမှုသေခင်း နှင့် စုံစမ်း စစ်ဆေးနေကြောင်း သိရသည်။

နန်းဆိုင်ဖူး - သျှမ်းသံတော်ဆင့်
https://burmese.shannews.org/archives/17698
နမ့်စန်မြို့နယ် အမျိုးသမီးတဦး ကားပေါ် သေနတ်ဒဏ်ရာဖြင့်သေဆုံး နမ့်စန်မြို့နယ် အမျိုးသမီးတဦး ကားပေါ် သေနတ်ဒဏ်ရာဖြင့်သေဆုံး Reviewed by THITHTOOLWIN on 08:30 Rating: 5
Powered by Blogger.