ကိုရိုနာဗိုင်းရပ်စ် လေထဲကနေ ကူးစက်နိုင်


(Unicode)⤵⤵⤵
ကိုရိုနာဗိုင်းရပ်စ်ဟာ လေထဲမှာ အသက်ရှင် ပျံနှံ့နေနိုင်ပြီး၊ လေထဲကနေတဆင့် ကူးစက်နိုင်တဲ့ အခြေအနေတွေကို လေ့လာ တွေ့ရှိထားတယ်လို့ ပညာရှင်တွေက သတိပေးလိုက်ပါတယ်။

ကမ္ဘာ့နိုင်ငံ ၃၂ နိုင်ငံက သိပ္ပံပညာရှင် ၂၃၉ ယောက် ပါဝင်တဲ့ လေ့လာရေးအဖွဲ့တစ်ဖွဲ့ကတွေ့ရှိတာပါ။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO အနေနဲ့  ဒီတွေ့ရှိချက်အသစ်ကို လူတွေကို အမြန်ဆုံးအသိပေးဖို့ အဲ့ဒီသိပ္ပံပညာရှင်တွေက အိတ်ဖွင့်ပေးစာပေးပို့ပြီး ဒီကနေ့ တောင်းဆိုလိုက်ပါတယ်။

တရုတ်နိုင်ငံ ဝူဟန်မြို့က စတင်ဖြစ်ပွားခဲ့တဲ့ ဒီဗိုင်းရပ်စ်ဟာ လေထဲကနေတဆင့် ကူးစက်နိုင်တဲ့ အလားအလာရှိကြောင်း သိပ္ပံပညာရှင် တချို့က ဒီနှစ်အစောပိုင်းကတည်းက သတိပေးခဲ့ပါတယ်။

ဒါပေမယ့် WHO ကတော့ နှာစေး ချောင်းဆိုးတာကထွက်တဲ့ အမှုန်အမွှားတွေက တဆင့်သာ လူအချင်းချင်း ကူးစက်တတ်တာဖြစ်ပြီး ဒီအမှုန်အမွှားလေးတွေဟာ အလွန်သေးတာကြောင့် လေထဲမှာ ကြာကြာမနေနိုင်ဘူးလို့  လက်ခံထားခဲ့တာပါ။

အခုဆိုရင် တစ်ကမ္ဘာလုံးမှာ ဒီဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၅ သိန်း လေးသောင်းနီးပါး ရှိသွားပြီဖြစ်ပြီး လူပေါင်း ၁၁ သန်းခွဲလောက် ရောဂါကူးစက်ခံထားရပါတယ်။

မြန်မာနိုင်ငံမှာတော့ ဒီကနေ့အထိ သေဆုံးသူ ၆ ယောက်နဲ့ ရောဂါ ကူးစက်ခံထားရသူ ၃၁၃ ယောက်ရှိတဲ့အထဲက ၂၄၁ ယောက်က ရောဂါ ပျောက်ကင်းသွားပြီ ဖြစ်ပါတယ်။

RFA Burmese
----------------------------------
(Zawgyi)⤵⤵⤵
ကို႐ိုနာဗိုင္းရပ္စ္ ေလထဲကေန ကူးစက္ႏိုင္

ကို႐ိုနာဗိုင္းရပ္စ္ဟာ ေလထဲမွာ အသက္ရွင္ ပ်ံႏွံ႔ေနႏိုင္ၿပီး၊ ေလထဲကေနတဆင့္ ကူးစက္ႏိုင္တဲ့ အေျခအေနေတြကို ေလ့လာ ေတြ႕ရွိထားတယ္လို႔ ပညာရွင္ေတြက သတိေပးလိုက္ပါတယ္။

ကမာၻ႔ႏိုင္ငံ ၃၂ ႏိုင္ငံက သိပၸံပညာရွင္ ၂၃၉ ေယာက္ ပါဝင္တဲ့ ေလ့လာေရးအဖြဲ႕တစ္ဖြဲ႕ကေတြ႕ရွိတာပါ။

ကမာၻ႔က်န္းမာေရးအဖြဲ႕ WHO အေနနဲ႔  ဒီေတြ႕ရွိခ်က္အသစ္ကို လူေတြကို အျမန္ဆုံးအသိေပးဖို႔ အဲ့ဒီသိပၸံပညာရွင္ေတြက အိတ္ဖြင့္ေပးစာေပးပို႔ၿပီး ဒီကေန႔ ေတာင္းဆိုလိုက္ပါတယ္။

တ႐ုတ္ႏိုင္ငံ ဝူဟန္ၿမိဳ႕က စတင္ျဖစ္ပြားခဲ့တဲ့ ဒီဗိုင္းရပ္စ္ဟာ ေလထဲကေနတဆင့္ ကူးစက္ႏိုင္တဲ့ အလားအလာရွိေၾကာင္း သိပၸံပညာရွင္ တခ်ိဳ႕က ဒီႏွစ္အေစာပိုင္းကတည္းက သတိေပးခဲ့ပါတယ္။

ဒါေပမယ့္ WHO ကေတာ့ ႏွာေစး ေခ်ာင္းဆိုးတာကထြက္တဲ့ အမႈန္အမႊားေတြက တဆင့္သာ လူအခ်င္းခ်င္း ကူးစက္တတ္တာျဖစ္ၿပီး ဒီအမႈန္အမႊားေလးေတြဟာ အလြန္ေသးတာေၾကာင့္ ေလထဲမွာ ၾကာၾကာမေနႏိုင္ဘူးလို႔  လက္ခံထားခဲ့တာပါ။

အခုဆိုရင္ တစ္ကမာၻလုံးမွာ ဒီဗိုင္းရပ္စ္ေၾကာင့္ ေသဆုံးသူ ၅ သိန္း ေလးေသာင္းနီးပါး ရွိသြားၿပီျဖစ္ၿပီး လူေပါင္း ၁၁ သန္းခြဲေလာက္ ေရာဂါကူးစက္ခံထားရပါတယ္။

ျမန္မာႏိုင္ငံမွာေတာ့ ဒီကေန႔အထိ ေသဆုံးသူ ၆ ေယာက္နဲ႔ ေရာဂါ ကူးစက္ခံထားရသူ ၃၁၃ ေယာက္ရွိတဲ့အထဲက ၂၄၁ ေယာက္က ေရာဂါ ေပ်ာက္ကင္းသြားၿပီ ျဖစ္ပါတယ္။

RFA Burmese
https://www.facebook.com/rfaburmese
ကိုရိုနာဗိုင်းရပ်စ် လေထဲကနေ ကူးစက်နိုင် ကိုရိုနာဗိုင်းရပ်စ် လေထဲကနေ ကူးစက်နိုင် Reviewed by THITHTOOLWIN on 20:39 Rating: 5
Powered by Blogger.