တရားဟောဆရာ ဒေးဗစ်လားနှင့် ဦးဝေထွန်းတို့ကို ထောင်ဒဏ်သုံးနှစ်ချမှတ်နိုင်သည့်ပုဒ်မဖြင့် စွဲချက်တင်


(Unicode)⤵⤵⤵
တရားစွဲဆိုခံနေရတဲ့ တရားဟောဆရာဒေးဗစ်လားနဲ့ ဦးဝေထွန်းတို့နှစ်ဦးကို ဒီကနေ့မနက်ရုံးချိန်းမှာ စွဲချက်တင်အမိန့်ချမှတ်ခဲ့ပါတယ်။ စွဲချက်တင်ပြီးနောက် စွဲချက်တင်ခံရတဲ့သူတွေဘက်က ပြန်ခေါ်သက်သေတစ်ဦးကိုစစ်ဆေးပေးဖို့ တင်ပြခဲ့ပါတယ်။ 

အခုအမှုမှာ တရားလိုဘက်က တင်ပြထားတဲ့ သက်သေ(၁၂)ဦးကို စစ်ဆေးပြီးစီးခဲ့ပြီ ဖြစ်ပါတယ်။

လာမယ့်ရုံးချိန်းကို ဇူလိုင် (၇) ရက်နေ့ ချိန်းဆိုခဲ့ပါတယ်။

အမှုကတော့ COVID-19 ကာလအတွင်း နိုင်ငံတော်က ချမှတ်ခဲ့တဲ့ လမ်းညွှန်ချက်ကို ဖောက်ဖျက်ကာ ဘာသာရေးပွဲ ပြုလုပ်ခဲ့တယ်ဆိုပြီး တရားဟောဆရာ ဒေးဗစ်လားနဲ့ နဝရတ်တေးသံသွင်းက ဦးဝေထွန်းတို့ကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅ နဲ့ မရမ်းကုန်းမြို့နယ်တရားရုံးမှာ တရားစွဲဆိုခဲ့တာပါ။

ဒေးဗစ်လားနဲ့ ဦးဝေထွန်းတို့ကို တရားစွဲဆိုထားတဲ့ ပုဒ်မဟာ ပြစ်မှုထင်ရှားရင် သုံးနှစ်ထက် မပိုတဲ့ ထောင်ဒဏ်ချမှတ်နိုင်တဲ့အပြင် ငွေဒဏ်လည်းချမှတ်နိုင်တယ်လို့ ဥပဒေမှာပြဋ္ဌာန်းထားပါတယ်။

သတင်း- ဝေယံထက်ဝင်း / One News Myanmar
-----------------------------------
(Zawgyi)⤵⤵⤵
တရားေဟာဆရာ ေဒးဗစ္လားႏွင့္ ဦးေဝထြန္းတို႔ကို ေထာင္ဒဏ္သုံးႏွစ္ခ်မွတ္ႏိုင္သည့္ပုဒ္မျဖင့္ စြဲခ်က္တင္

တရားစြဲဆိုခံေနရတဲ့ တရားေဟာဆရာေဒးဗစ္လားနဲ႔ ဦးေဝထြန္းတို႔ႏွစ္ဦးကို ဒီကေန႔မနက္႐ုံးခ်ိန္းမွာ စြဲခ်က္တင္အမိန္႔ခ်မွတ္ခဲ့ပါတယ္။ စြဲခ်က္တင္ၿပီးေနာက္ စြဲခ်က္တင္ခံရတဲ့သူေတြဘက္က ျပန္ေခၚသက္ေသတစ္ဦးကိုစစ္ေဆးေပးဖို႔ တင္ျပခဲ့ပါတယ္။ 

အခုအမႈမွာ တရားလိုဘက္က တင္ျပထားတဲ့ သက္ေသ(၁၂)ဦးကို စစ္ေဆးၿပီးစီးခဲ့ၿပီ ျဖစ္ပါတယ္။

လာမယ့္႐ုံးခ်ိန္းကို ဇူလိုင္ (၇) ရက္ေန႔ ခ်ိန္းဆိုခဲ့ပါတယ္။

အမႈကေတာ့ COVID-19 ကာလအတြင္း ႏိုင္ငံေတာ္က ခ်မွတ္ခဲ့တဲ့ လမ္းၫႊန္ခ်က္ကို ေဖာက္ဖ်က္ကာ ဘာသာေရးပြဲ ျပဳလုပ္ခဲ့တယ္ဆိုၿပီး တရားေဟာဆရာ ေဒးဗစ္လားနဲ႔ နဝရတ္ေတးသံသြင္းက ဦးေဝထြန္းတို႔ကို သဘာဝေဘးအႏၲရာယ္ဆိုင္ရာ စီမံခန႔္ခြဲမႈ ဥပေဒပုဒ္မ ၂၅ နဲ႔ မရမ္းကုန္းၿမိဳ႕နယ္တရား႐ုံးမွာ တရားစြဲဆိုခဲ့တာပါ။

ေဒးဗစ္လားနဲ႔ ဦးေဝထြန္းတို႔ကို တရားစြဲဆိုထားတဲ့ ပုဒ္မဟာ ျပစ္မႈထင္ရွားရင္ သုံးႏွစ္ထက္ မပိုတဲ့ ေထာင္ဒဏ္ခ်မွတ္ႏိုင္တဲ့အျပင္ ေငြဒဏ္လည္းခ်မွတ္ႏိုင္တယ္လို႔ ဥပေဒမွာျပ႒ာန္းထားပါတယ္။

သတင္း- ေဝယံထက္ဝင္း / One News Myanmar
https://www.facebook.com/onenewsmyan
တရားဟောဆရာ ဒေးဗစ်လားနှင့် ဦးဝေထွန်းတို့ကို ထောင်ဒဏ်သုံးနှစ်ချမှတ်နိုင်သည့်ပုဒ်မဖြင့် စွဲချက်တင် တရားဟောဆရာ ဒေးဗစ်လားနှင့် ဦးဝေထွန်းတို့ကို ထောင်ဒဏ်သုံးနှစ်ချမှတ်နိုင်သည့်ပုဒ်မဖြင့် စွဲချက်တင် Reviewed by THITHTOOLWIN on 21:20 Rating: 5
Powered by Blogger.