အိန္ဒိယ ကိုဗစ်ကူးစက်မှု ကမ္ဘာ့တတိယအများဆုံးနိုင်ငံဖြစ်လာ

အိန္ဒိယနိုင်ငံ Mumbai မြို့မှာ COVID 19 လူနာကို သယ်ဆောင်နေတဲ့ မြင်ကွင်း။ (မေ ၂၈ ၊၂၀၂၀)
(Unicode)⤵⤵⤵
India နိုင်ငံမှာ တနင်္လာနေ့မှာ COVID-19 ရောဂါ ဓါတ်ခွဲအတည်ပြုသူ ၂၃,၀၀၀ ကျော် အသစ်ရှိလာပြီး ရောဂါရှိသူပေါင်း ၇၀၀,၀၀၀ နီးပါးဖြစ်လာတဲ့အတွက် စုစုပေါင်း အတည်ပြုလူနာ ကမ္ဘာမှာ တတိယအများဆုံး နိုင်ငံဖြစ်သွားပါတယ်။ အရင်က ရုရှားက တတိယနေရာမှာ ရှိနေတာပါ။ ဒုတိယကတော့ Brazil နိုင်ငံဖြစ်ပါတယ်။

India ရဲ့လူဦးရေ အထူထပ်ဆုံး Uttar Pradesh ပြည်နယ်ထဲက Agra မြို့မှာ Taj Mahal ဂူဗိမ္မာန်အပါအဝင် အထင်ကရ အဆောက်ဦးတွေ၊ နေရာတွေ၊ စီးပွားရေးလုပ်ငန်းတွေ ပိတ်ထားဖို့ကန့်သတ်ချက်ကို ဆက်ပြီး သက်တမ်းတိုးလိုက်ပါတယ်။ Taj Mahal အပါအဝင် ကမ္ဘာလှည့်ဧည့်သည်တွေ အသွားများတဲ့ နေရာတွေကို မတ်လထဲက ပိတ်ထားတာဖြစ်ပါတယ်။

တချိန်ထဲမှာပဲ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO အနေနဲ့ လေထဲကနေ ကူးစက်နိုင်တဲ့ ရောဂါနဲ့ပါတ်သက်လို့ လမ်းညွှန်ချက်တွေကို နောက်ဆုံးအခြေအနေနဲ့အညီ ပြင်ဆင်ဖို့ နိုင်ငံပေါင်း ၃၂ နိုင်ငံက သိပ္ပံပညာရှင် ၂၄၀ နီးပါးက တောင်းဆိုလိုက်ကြပါတယ်။ COVID-19 ရောဂါပိုးက လေထဲမှာ အချိန်ကြာကြာ ပျံ့လွင့်နိုင်ပြီး အဲဒီသေးငယ်တဲ့ အမှုန်အမွှားလေးတွေက လူတွေကို ကူးစက်နိုင်တဲ့ အထောက်အထားတွေ တွေ့ရတယ်လို့ သိပ္ပံပညာရှင် ၂၃၉ ယောက်က ပြောပါတယ်။

ဗွီအိုအေ ( မြန်မာပိုင်း)
---------------------------------
(Zawgyi)⤵⤵⤵
အိႏၵိယ ကိုဗစ္ကူးစက္မႈ ကမာၻ႔တတိယအမ်ားဆုံးႏိုင္ငံျဖစ္လာ

India ႏိုင္ငံမွာ တနလၤာေန႔မွာ COVID-19 ေရာဂါ ဓါတ္ခြဲအတည္ျပဳသူ ၂၃,၀၀၀ ေက်ာ္ အသစ္ရွိလာၿပီး ေရာဂါရွိသူေပါင္း ၇၀၀,၀၀၀ နီးပါးျဖစ္လာတဲ့အတြက္ စုစုေပါင္း အတည္ျပဳလူနာ ကမာၻမွာ တတိယအမ်ားဆုံး ႏိုင္ငံျဖစ္သြားပါတယ္။ အရင္က ႐ုရွားက တတိယေနရာမွာ ရွိေနတာပါ။ ဒုတိယကေတာ့ Brazil ႏိုင္ငံျဖစ္ပါတယ္။

India ရဲ႕လူဦးေရ အထူထပ္ဆုံး Uttar Pradesh ျပည္နယ္ထဲက Agra ၿမိဳ႕မွာ Taj Mahal ဂူဗိမၼာန္အပါအဝင္ အထင္ကရ အေဆာက္ဦးေတြ၊ ေနရာေတြ၊ စီးပြားေရးလုပ္ငန္းေတြ ပိတ္ထားဖို႔ကန႔္သတ္ခ်က္ကို ဆက္ၿပီး သက္တမ္းတိုးလိုက္ပါတယ္။ Taj Mahal အပါအဝင္ ကမာၻလွည့္ဧည့္သည္ေတြ အသြားမ်ားတဲ့ ေနရာေတြကို မတ္လထဲက ပိတ္ထားတာျဖစ္ပါတယ္။

တခ်ိန္ထဲမွာပဲ ကမာၻ႔က်န္းမာေရးအဖြဲ႕ WHO အေနနဲ႔ ေလထဲကေန ကူးစက္ႏိုင္တဲ့ ေရာဂါနဲ႔ပါတ္သက္လို႔ လမ္းၫႊန္ခ်က္ေတြကို ေနာက္ဆုံးအေျခအေနနဲ႔အညီ ျပင္ဆင္ဖို႔ ႏိုင္ငံေပါင္း ၃၂ ႏိုင္ငံက သိပၸံပညာရွင္ ၂၄၀ နီးပါးက ေတာင္းဆိုလိုက္ၾကပါတယ္။ COVID-19 ေရာဂါပိုးက ေလထဲမွာ အခ်ိန္ၾကာၾကာ ပ်ံ႕လြင့္ႏိုင္ၿပီး အဲဒီေသးငယ္တဲ့ အမႈန္အမႊားေလးေတြက လူေတြကို ကူးစက္ႏိုင္တဲ့ အေထာက္အထားေတြ ေတြ႕ရတယ္လို႔ သိပၸံပညာရွင္ ၂၃၉ ေယာက္က ေျပာပါတယ္။

ဗြီအိုေအ ( ျမန္မာပိုင္း)
https://burmese.voanews.com/a/india-covid/5491372.html
အိန္ဒိယ ကိုဗစ်ကူးစက်မှု ကမ္ဘာ့တတိယအများဆုံးနိုင်ငံဖြစ်လာ အိန္ဒိယ ကိုဗစ်ကူးစက်မှု ကမ္ဘာ့တတိယအများဆုံးနိုင်ငံဖြစ်လာ Reviewed by THITHTOOLWIN on 21:01 Rating: 5
Powered by Blogger.