စစ်ကိုင်းမြို့နယ်တွင် မီးလောင်မှုကြောင့်နေအိမ်(၁၅)လုံးဆုံးရှုံး


စစ်ကိုင်း    ဇူလိုင်     ၂၅

စစ်ကိုင်းမြို့နယ် ရေတွင်းကောင်းကျေးရွာအုပ်စု ညောင်ကုန်း ကျေးရွာတွင် ဇူလိုင် (၂၄)ရက် ည(၁၁) နာရီ(၁၅) မိနစ်က ဦးထွန်းတင်၏ နေအိမ် နွားတင်းကုတ်၌ ခြင်ဆေးခွေထွန်းထားရာမှ မီးလောင်မှု ဖြစ်ပွားပြီး နေအိမ် ၁၅ လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်း  ခရိုင်မီးသတ် ဦးစီးဌာနမှ သိရသည်။

မီးလောင်မှုဖြစ်ပွားရာသို့ စစ်ကိုင်းခရိုင်မီးသတ်ဦးစီးမှူး ဦးကျော်ကျော်နိုင် နှင့် သန္ဓေ မီးသတ်တပ်ဖွဲ့ဝင်(၂၅)ဦး၊ အရန်မီးသတ် တပ်ဖွဲ့ဝင်(၃၀)ဦး၊ ဒေသခံပြည်သူတို့သည် ခရိုင်မီးသတ် မှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ရေသယ်ယာဉ်(၁)စီး၊ မြို့နယ်မီးသတ်မှ ရေသယ်ယာဉ်(၁)စီး၊ အုန်းတောနယ်မြေမှ ရေသယ်ယာဉ်(၁)စီး၊ ဆားတောင်နယ်မြေမှ ရေသယ်ယာဉ်(၁)စီး၊ ကျော်ဇေ ယျာအရန် မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သုခကာရီကျန်းမာရေးနှင့် လူမှုကူညီရေး အသင်းမှ ရေသယ်ယာဉ်(၁)စီးတို့ဖြင့် သွားရောက် ငြှိမ်းသတ်ခဲ့ကြရာ ဇူလိုင်(၂၅)ရက် နံနက်(၁)နာရီ(၄၀)မိနစ်ခန့်တွင် မီးငြှိမ်း သတ်နိုင်ခဲ့သည်။

မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဌနှင့် တာဝန်ရှိသူများက မီးဘေးသင့်အိမ်ထောင်စု (၁၅)စုအား အဆိုပါကျေးရွာရှိ မိုးကောင်းဘုန်းတော်ကြီးကျောင်းသို့ ပြောင်းရွှေ့ပေးထားခဲ့ကြပြီး ဖြစ်စဉ်နှင့်ပတ်သက်၍ မီးကိုပေါ့ဆစွာ အသုံးပြုသည့် ဦးထွန်းတင်အား စစ်ကိုင်းမြို့မရဲစခန်းက အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

မျိုးဝင်း (ပြန်/ဆက်) / Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
စစ်ကိုင်းမြို့နယ်တွင် မီးလောင်မှုကြောင့်နေအိမ်(၁၅)လုံးဆုံးရှုံး စစ်ကိုင်းမြို့နယ်တွင် မီးလောင်မှုကြောင့်နေအိမ်(၁၅)လုံးဆုံးရှုံး Reviewed by THITHTOOLWIN on 21:36 Rating: 5
Powered by Blogger.