အင်းစိန်ဆေးရုံကြီးတွင် မွေးကင်းစကလေး ခိုးမှုကျူးလွန်သူတစ်ဦးအား ဖမ်းဆီးရမိ


ရန်ကုန်  ဇူလိုင်  ၁၅

အင်းစိန်မြို့နယ် စော်ဘွားကြီးကုန်း ရပ်ကွက် ထန်းပင်ကုန်းအုပ်စု  စံပယ် လမ်းနေ   တရားလို ဒေါ်- - - သည်  မီးဖွားရက်နီး၍   ဇူလိုင် ၉ ရက်တွင်       အင်းစိန်ဆေးရုံကြီးသို့   တက်ရောက် ကုသခဲ့ကြောင်း၊    ဇူလိုင်  ၁၀ ရက်   ည  ၁၂  နာရီ  ၄ မိနစ်တွင်  သမီးလေး မွေးဖွားခဲ့ကြောင်း၊     ကလေးမွေး ပြီးနောက်     အသက် (၅၀ နှစ်)ခန့်ရှိ    အမျိုးသမီးတစ်ဦးက     ၎င်းအား   ဝေယျာဝစ္စများ ဝိုင်းဝန်းကူညီလုပ်ပေး ခဲ့ကြောင်း၊    ဇူလိုင်   ၁၁  ရက်   နံနက်  ၆  နာရီတွင်   အဆိုပါ    အမျိုးသမီးက ကလေးအား   ကာကွယ်ဆေးထိုး ရမည်ဟု  ပြောဆို၍ ခေါ်ဆောင်သွား ပြီး      ပြန်လည်ရောက်ရှိလာခြင်း မရှိဘဲ ပျောက်ဆုံးသွားသောကြောင့်   ကလေးငယ်  ခိုးယူသွားသူ အမျိုးသမီး ကို   စုံစမ်းဖော်ထုတ်  အရေးယူပေး ပါရန်  ဇူလိုင် ၁၄ ရက်တွင် အင်းစိန် မြို့မရဲစခန်း၌   အမှုဖွင့်   တိုင်တန်း ခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ မှူးက  သတင်းရလျှင်ရချင်း ထူးခြား ဖြစ်စဉ်ဖြစ်၍      ပြစ်မှုကျူးလွန်သူ နှင့်  ပျောက်ဆုံးကလေး   အမြန်စုံစမ်း ရှာဖွေရန်    လမ်းညွှန်ချက်နှင့်အညီ မြောက်ပိုင်းခရိုင်      ရဲတပ်ဖွဲ့မှူးက အနီးကပ်ကြီးကြပ်၍     ခရိုင်မှုခင်း နှိမ်နင်းရေးဌာနစုမှ တပ်ဖွဲ့ဝင်များနှင့် အင်းစိန်မြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင် များက   လိုက်လံစုံစမ်း     ရှာဖွေရာ ယင်းနေ့  ည ၁၁ နာရီခန့်တွင်  မှော်ဘီ မြို့နယ်   ဝါးနက်ချောင်းအုပ်စု  ဝါးဖြူ တောကျေးရွာ     လေထီးလမ်းနေ ဒေါ်စန်းစန်းမိုးကို   ၎င်း၏   နေအိမ်၌ ခိုးယူသွားသည့်    ကလေးနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

ဖမ်းဆီးရမိသူ   ဒေါ်စန်းစန်းမိုး အား စစ်ဆေးရာ  ၎င်းသည် ခင်ပွန်း ဦး- - - နှင့်အတူ လက်ထပ်ပေါင်းသင်း ခဲ့ပြီး ကလေးရရှိခြင်း မရှိသောကြောင့် လင်မယားချင်း    နေ့စဉ်စကားများ နေခဲ့ရကြောင်း၊   ဇူလိုင်  ၉ ရက်တွင်  နေအိမ်မှ     ထွက်ခဲ့ပြီး    အင်းစိန် အမျိုးသမီး   သားဖွားမီးယပ်ဆောင် သို့        သွားရောက်ခဲ့ကာ     ဇူလိုင်  ၁၁ ရက်တွင်   အဆိုပါ   ကလေးခိုးမှု ကို     ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း       စစ်ဆေးပေါ်ပေါက်သဖြင့်  ၎င်းအား    ဥပဒေနှင့်အညီ   အမြန်တရားစွဲတင်ပို့ နိုင်ရေး  ဆောင်ရွက်လျက်ရှိကြောင်း  သတင်းရရှိသည်။   
               
ရဲပြန်ကြား / Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
အင်းစိန်ဆေးရုံကြီးတွင် မွေးကင်းစကလေး ခိုးမှုကျူးလွန်သူတစ်ဦးအား ဖမ်းဆီးရမိ အင်းစိန်ဆေးရုံကြီးတွင် မွေးကင်းစကလေး ခိုးမှုကျူးလွန်သူတစ်ဦးအား ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 20:37 Rating: 5
Powered by Blogger.