ရွေးကောက်ပွဲ နိုဝင်ဘာ (၈) ရက်နေ့ ကျင်းပမည်


(Unicode)⤵⤵⤵
လွှတ်တော်အသီးသီးအတွက် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို  နိုဝင်ဘာ (၈) ရက်မှာ ကျင်းပပြုလုပ်မှာ ဖြစ်တယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာချက်အမှတ် ( ၁၁၅ / ၂၀၂၀) နဲ့ ဒီကနေ့ ကြေညာလိုက်ပါတယ်။

ဒါအပြင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ကြေညာချက်အမှတ် ( ၁၁၆ / ၂၀၂၀) နဲ့ လွှတ်တော်အသီးသီးအတွက် လွှတ်တော်ကိုယ်စားလှယ်လောင်းများ အမည်စာရင်း စတင်တင်သွင်းနိုင်မယ့် ရက်နဲ့ နောက်ဆုံးရက်၊ ကိုယ်စားလှယ်လောင်း ရုပ်သိမ်းနိုင်တဲ့ရက် နဲ့ ကိုယ်စားလှယ်လောင်း စိစစ်မယ့် နေ့ရက်တွေလည်း ကြေညာခဲ့ပါတယ်။


ဆက်လက်ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ကြေညာချက်အမှတ် ( ၁၁၇ / ၂၀၂၀) နဲ့ ရွေးကောက်ပွဲဆိုင်ရာ ပါတီစည်းရုံးရေး လုပ်ငန်းများ၊ နယ်မြေစည်းရုံးရေးလုပ်ငန်းများ၊ စုဝေးဟောပြောခြင်းနဲ့ မဲဆွယ်စည်းရုံးခွင့်များနဲ့ ပါတ်သတ်ပြီးတော့လည်း အသိပေးချက် ထုတ်ပြန်ကြေညာခဲ့ပါတယ်။

သစ်ထူးလွင်
------------------------------------
(Zawgyi)⤵⤵⤵




သစ်ထူးလွင်

ရွေးကောက်ပွဲ နိုဝင်ဘာ (၈) ရက်နေ့ ကျင်းပမည် ရွေးကောက်ပွဲ နိုဝင်ဘာ (၈) ရက်နေ့ ကျင်းပမည် Reviewed by THITHTOOLWIN on 21:00 Rating: 5
Powered by Blogger.