အင်းတော်မြို့နယ်တွင် ၈တန်းနှင့် ၁၀တန်းကျောင်းသူ ညီအစ်မနှစ်ဦး အသတ်ခံရ

အင်းတော်မြို့နယ်တွင် ၈တန်းနှင့် ၁၀တန်းကျောင်းသူ ညီအစ်မနှစ်ဦး အသတ်ခံရ
စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ နတ်မဟုတ်ကလေး ကျေးရွာအနီး တောစပ်တွင် ၈တန်းနှင့် ၁၀တန်းကျောင်းသူ ညီအစ်မနှစ်ဦး အသတ်ခံရကြောင်း သိရပါသည်။
ဖြစ်စဥ်မှာ ဇူလိုင် ၁၃ ရက် မွန်းလွဲ ၃ နာရီ ခန့်တွင် အင်းတော်မြို့မ ရဲစခန်းမှ ခေတ္တစခန်းမှူး ဒုရဲမှူးစိန်ရဦးစီးသောအဖွဲ့သည် လူသတ်မှု တစ်ခုဖြစ်ပွားကြောင်း သတင်းအရ အခင်းဖြစ်နေရာသို့ သက်သေများနှင့်အတူ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပါသည်။
 |
ညီအစ်မနှစ်ဦး အသတ်ခံရ။ ။ ဓါတ်ပုံ - မောင်ချစ်လင်း (အင်းတော်) |
အင်းတော်မြို့နယ်၊ နတ်မဟုတ် ကလေးကျေးရွာနေ ၁၀တန်းကျောင်းသူ အသက် ၁၇ နှစ်အရွယ် မနီလာစိုး နှင့် ၈ တန်းကျောင်းသူ အသက် ၁၄ နှစ်အရွယ် မသွယ်သွယ်ဟိန်း တို့ ညီအစ်မနှစ်ယောက်သည် ဇူလိုင် ၁၃ ရက် မွန်းလွဲပိုင်းက မိခင်မှလယ်တောရှိ နွားများ လှန်ရန်မှာထားသဖြင့် သွားရောက်စဥ် ရွာနှင့်၄ဖာလုံခန့်အကွာ လမ်းဘေးတောစပ်နေရာတွင် ညီအစ်မနှစ်ယောက်မှာ ထိုးသွင်းဒဏ်ရာများဖြင့် သေဆုံးနေကြောင်း စစ်ဆေးတွေ့ရှိ ရသည်။
 |
ညီအစ်မနှစ်ဦး အသတ်ခံရ။ ။ ဓါတ်ပုံ - မောင်ချစ်လင်း (အင်းတော်) |
အဆိုပါ လူသတ်မှုအား အင်းတော်မြို့မရဲစခန်းက အရေးယူဆောင်ရွက်ထားပြီး ပြစ်မှုကျူးလွန်သူအား ဖမ်းဆီးမိရေးအတွက် ကျေးရွာအုပ်ချုပ်ရေးမှုးများနှင့် ပူးပေါင်းဆောင်ရွက်ထားကြောင်း မြန်မာ့အလင်း အင်တာနက်သတင်းမှာ ဖော်ပြထားပါသည်။
သစ်ထူးလွင်

အင်းတော်မြို့နယ်တွင် ၈တန်းနှင့် ၁၀တန်းကျောင်းသူ ညီအစ်မနှစ်ဦး အသတ်ခံရ
မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။