ကောလင်းမြို့ စက်ရုံလယ်ပြင်ရပ်ကွက်တွင် လူသတ်မှု ဖြစ်ပွား


(Unicode)⤵⤵⤵
ကောလင်းမြို့ စက်ရုံလယ်ပြင်ရပ်ကွက်တွင် လူသတ်မှု ဖြစ်ပွားရာ လူသတ်တရားခံအားနာရီပိုင်းအတွင်းဖမ်းမိ

စစ်ကိုင်း  ဇူလိုင်   ၂

စစ်ကိုင်းတိုင်းဒေသကြီး ကောလင်းမြို့ စက်ရုံလယ်ပြင်ရပ်ကွက်တွင် လူသတ်မှုတစ်ခုဖြစ်ပွားရာ လူသတ်တရားခံအား နာရီပိုင်းအတွင်း ဖမ်းမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဇူလိုင်  ၁ ရက် ညနေ ၆ နာရီ ခန့်တွင် ကောလင်းမြို့၊ စက်ရုံလယ်ပြင်ရပ်နေကိုရေကြီး(ခ)ကိုကျော်ငြိမ်းထွန်းသည် နေအိမ်တွင် အပေါင်းအသင်းများနှင့် အရက်သောက်နေစဉ် ယခင်ကရန်ငြိုးရှိသူ တစ်ရပ်ကွက်တည်းနေ မြင့်စိုးရောက်ရှိလာပြီး အရိုးအသွား(၁၀) လက်မခန့်ရှိ ဓားမြောင်ဖြင့် ထိုးလိုက်ရာ ဒဏ်ရာရရှိသွားသဖြင့် ကောလင်းမြို့ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူနေစဉ် ဇူလိုင် ၂ ရက် နံနက်၁း၁၅ အချိန်တွင် သေဆုံးသွားကြောင်း သိရသည်။

အဆိုပါအမှုမှလူသတ်တရားခံအား အလျင်အမြန်ဖမ်းမိရေးအတွက် ကောလင်းမြို့မရဲစခန်းမှူးဒုရဲမှူးမျိုးသူ ဦးစီးသောအဖွဲ့သည်မြို့ပေါ် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ခုနှစ်စဉ်ကြယ် မူး/တားအဖွဲ့တို့ဖြင့် ပူးပေါင်းရှာဖွေခဲ့ရာ အခင်းဖြစ်စဉ်ည  ၇ နာရီ  ၅၅ မိနစ်ခန့်တွင်
မြင့်စိုးအား လူသတ်ရာတွင် အသုံးပြုသော သက်သေခံပစ္စည်းနှင့် အတူဖမ်းဆီးရမိသဖြင့် ကောလင်းမြို့မရဲစခန်းမှ ဥပဒေအရ အရေးယူဆောင်ရွက်ထားကြောင်းသိရသည်။

လူအောင်(ကသာ) / Myanmaalinn
-------------------------------------------
(Zawgyi)⤵⤵⤵


စစ်ကိုင်း  ဇူလိုင်   ၂




https://www.facebook.com/MYANMAALINNNEWS
ကောလင်းမြို့ စက်ရုံလယ်ပြင်ရပ်ကွက်တွင် လူသတ်မှု ဖြစ်ပွား ကောလင်းမြို့ စက်ရုံလယ်ပြင်ရပ်ကွက်တွင် လူသတ်မှု ဖြစ်ပွား Reviewed by THITHTOOLWIN on 21:08 Rating: 5
Powered by Blogger.